သရဲ ေတြ မေကာင္းဆုိး၀ါး ေတြ ဟာ ဘယ္အခ်ိန္မွာ ပိုျပီး ေျခာက္လွန္႔တတ္သလဲ
ေတာ္ေတာ္ မ်ားမ်ား ကေတာ့ သရဲ ဆုိတာကို နဖူးေတြ႕ဒူးေတြ႕ ေတြ႕ဖူး မွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ အမ်ားအားျဖင့္ သိထား ၾကမွာကေတာ့ သရဲဆုိတာ ညဘက္မွာ ပုိေျခာက္တတ္ တယ္ဆုိတဲ့ စကားကုိပါ။
တကယ္လည္း သရဲေတြက ညဘက္ ပုိၿပီး လႈပ္ရွားတတ္ၾကတာလား …?
ဒါမွမဟုတ္ ေန႔ခင္းဘက္ အလင္းေရာင္ေၾကာင့္ သရဲေတြကို မျမင္ရတာလား .. သရဲေတြက အလင္းေရာင္ကို ေၾကာက္သလား … စသျဖင့္ ေမးခြန္းေတြက မ်ားစြာရွိလာပါတယ္။အခုေဆာင္းပါးရွင္ Ashley Strong ရဲ႕အဆုိအရေတာ့ အားလုံးနဲ႔ သေဘာထား တုိက္ဆုိင္ခ်င္မွ တုိက္ဆုိင္မွာပါ။ သရဲေတြဟာ ညဘက္ဆုိတာထက္ ေမွာင္ရီပ်ိဴးစအခ်ိန္၊ သုိ႔မဟုတ္ ညီအစ္ကို မသိတသိ အခ်ိန္ေတြမွာ ပုိၿပီးလႈပ္ရွားတတ္တယ္လုိ႔ Strong က ဆုိပါတယ္။
ေနာက္ၿပီး သရဲေတြဟာ အလင္းေရာင္ေတြ ဘာေတြကုိ မေၾကာက္ပါဘူး။ အလင္းေရာင္ကို ေၾကာက္တာက ေသြးစုပ္ဖုတ္ေကာင္ေတြသာ ရွိတယ္လုိ႔ သူက ေျပာပါတယ္။
ဒီလုိပဲ သရဲေတြဟာ လင္းႏုိ႔တုိ႔ ဇီးကြက္တုိ႔လုိ အေမွာင္ႀကိဳက္ ပရေလာကသားေတြျဖစ္လုိ႔၊ သူတုိ႔ကို ေမွာင္ရီပ်ိဳးစအခ်ိန္နဲ႔ ညဥ့္နက္ပုိင္းေတြမွာ ေတြ႕ရတတ္တာလုိ႔ ဆုိပါတယ္။ဒီလုိပဲ သရဲေတြ႕တဲ့လူတုိင္းကိုလည္း သရဲက ေျခာက္ခ်င္ လွန္႔ခ်င္လုိ႔ရယ္လုိ႔ မဟုတ္ပါဘူး။ ဆုိရရင္ တစ္ခါတေလ ထင္မွတ္မထားဘဲ ဆုံမိလုိ႔ သူ႕လန္႔ကိုယ္လန္႔ အေျခအေနမ်ိဳးေတာင္ ရွိႏုိင္ပါတယ္တဲ့။
ဒီလုိပဲ တစ္ခါတေလက်ေတာ့လည္း အစားအစာေၾကာင့္ ေျခာက္လွန္႔တာ ျဖစ္သလုိ၊ ခင္လုိ႔ က်ီစယ္တာလည္း ျဖစ္ႏုိင္ပါတယ္။ တစ္ခါတေလက်ေတာ့လည္း ခရီးသြားဟန္လြဲ ေတြ႕ရတာမ်ိဳးေပါ့။
ဒါေပမယ့္ ေန႔ခင္းေၾကာင္ေတာင္ ေျခာက္တဲ့ သရဲမ်ိဳးလည္း မၾကာခဏ သင္တုိ႔ ၾကားဖူးပါလိမ့္မယ္။ တကယ္ေတာ့ အဲဒါကလည္း ေစာေစာကေျပာလို သူတုိ႔ပုံမွန္လႈပ္ရွားတဲ့ အခ်ိန္မဟုတ္ေသာ္လည္း၊ အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ သူတုိ႔နဲ႔ တုိက္႐ိုက္ ေတြ႕မိတာမ်ိဳးျဖစ္တယ္လုိ႔ Strong က ဆုိထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:tawthu
#Unicode Version# ျဖင့္ဖတ္ပါ ။
သရဲ တွေ မကောင်းဆိုးဝါး တွေ ဟာ ဘယ်အချိန်မှာ ပိုပြီး ခြောက်လှန့်တတ်သလဲ
တော်တော် များများ ကတော့ သရဲ ဆိုတာကို နဖူးတွေ့ဒူးတွေ့ တွေ့ဖူး မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အများအားဖြင့် သိထား ကြမှာကတော့ သရဲဆိုတာ ညဘက်မှာ ပိုခြောက်တတ် တယ်ဆိုတဲ့ စကားကိုပါ။
တကယ်လည်း သရဲတွေက ညဘက် ပိုပြီး လှုပ်ရှားတတ်ကြတာလား …?
ဒါမှမဟုတ် နေ့ခင်းဘက် အလင်းရောင်ကြောင့် သရဲတွေကို မမြင်ရတာလား .. သရဲတွေက အလင်းရောင်ကို ကြောက်သလား … စသဖြင့် မေးခွန်းတွေက များစွာရှိလာပါတယ်။အခုဆောင်းပါးရှင် Ashley Strong ရဲ့အဆိုအရတော့ အားလုံးနဲ့ သဘောထား တိုက်ဆိုင်ချင်မှ တိုက်ဆိုင်မှာပါ။ သရဲတွေဟာ ညဘက်ဆိုတာထက် မှောင်ရီပျိူးစအချိန်၊ သို့မဟုတ် ညီအစ်ကို မသိတသိ အချိန်တွေမှာ ပိုပြီးလှုပ်ရှားတတ်တယ်လို့ Strong က ဆိုပါတယ်။
နောက်ပြီး သရဲတွေဟာ အလင်းရောင်တွေ ဘာတွေကို မကြောက်ပါဘူး။ အလင်းရောင်ကို ကြောက်တာက သွေးစုပ်ဖုတ်ကောင်တွေသာ ရှိတယ်လို့ သူက ပြောပါတယ်။
ဒီလိုပဲ သရဲတွေဟာ လင်းနို့တို့ ဇီးကွက်တို့လို အမှောင်ကြိုက် ပရလောကသားတွေဖြစ်လို့၊ သူတို့ကို မှောင်ရီပျိုးစအချိန်နဲ့ ညဉ့်နက်ပိုင်းတွေမှာ တွေ့ရတတ်တာလို့ ဆိုပါတယ်။ဒီလိုပဲ သရဲတွေ့တဲ့လူတိုင်းကိုလည်း သရဲက ခြောက်ချင် လှန့်ချင်လို့ရယ်လို့ မဟုတ်ပါဘူး။ ဆိုရရင် တစ်ခါတလေ ထင်မှတ်မထားဘဲ ဆုံမိလို့ သူ့လန့်ကိုယ်လန့် အခြေအနေမျိုးတောင် ရှိနိုင်ပါတယ်တဲ့။
ဒီလိုပဲ တစ်ခါတလေကျတော့လည်း အစားအစာကြောင့် ခြောက်လှန့်တာ ဖြစ်သလို၊ ခင်လို့ ကျီစယ်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေကျတော့လည်း ခရီးသွားဟန်လွဲ တွေ့ရတာမျိုးပေါ့။
ဒါပေမယ့် နေ့ခင်းကြောင်တောင် ခြောက်တဲ့ သရဲမျိုးလည်း မကြာခဏ သင်တို့ ကြားဖူးပါလိမ့်မယ်။ တကယ်တော့ အဲဒါကလည်း စောစောကပြောလို သူတို့ပုံမှန်လှုပ်ရှားတဲ့ အချိန်မဟုတ်သော်လည်း၊ အကြောင်းကိစ္စတစ်ခုခုကြောင့် သူတို့နဲ့ တိုက်ရိုက် တွေ့မိတာမျိုးဖြစ်တယ်လို့ Strong က ဆိုထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:tawthu