20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


၂၀၁၉ ခုႏွစ္၊ မတ္လ (၁၁)ရက္ေန႔ (၉)နာရီဝန္းက်င္ကရွ မ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ညပိုင္းပိတ္ဆို႔စစ္ေဆးသည့္ ရဲတပ္ဖြဲ႕ဝင္ကို ကားျဖင့္တုိက္ရန္ႀကိဳးစားၿပီး ထြက္ေျပးသြားသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့ ျဖစ္ရပ္မွာ ကားေမာင္းလာသူဟာ ေသနတ္ဒဏ္ရာ၇ကာ ကားေမာင္းထြက္ေျပးေျမာက္သြားခဲ့ပါတယ္။

အဆိုပါဒဏ္ရာရရိွသူမွာ ထုိင္းႏုိင္ငံသား မွာ ပစ္ခတ္တားဆီးခံရသျဖင့္ ရရိွသြားသည့္ ေသနတ္ဒဏ္ရာကို ေဆးကုသမႈခံရန္ တာခ်ီလိတ္ၿမိဳ႕ရိွ သူငယ္ခ်င္း အမ်ိဳးသမီးတစ္ဦးႏွင့္အတူ ျပင္ပေဆးခန္းမ်ား လုိက္ရွာရာမေတြ႕တဲ့အဆံုး ခရိုင္ျပည္သူ႔ေဆးရံုႀကီးသို႔ ေရာက္လာစဥ္ ေဆးရံု၀န္ထမ္းေတြက ရဲကိုအေၾကာင္းၾကားခဲ့လို ့ ရဲတပ္ဖြဲ႕က ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရပါတယ္။ေသနတ္ဒဏ္ရာ ႏွစ္ခ်က္ ရထားတဲ့ တရားခံ မာရြတ္မာတူရင္ (ကေလြ ့) စာ ဆိုလို (မန္ထုမက္) မူးယစ္ဂိုဏ္းက အဓိက ဂိုဏ္း၀င္ငါးဦးမွာ တစ္ဦးအပါ၀င္ျဖစ္ပါတယ္။

တရားခံ မာရြတ္မာတူရင္ ဟာ လြန္ခဲ့သည့္(၈)လခန္႔က ထုိင္းႏိုင္ငံ၊ ဖိက်စ္ ခရိုင္တရားရံုးမွ မူးယစ္ေဆးဝါးမႈနဲ ့ ဖမ္းဝရမ္းထုတ္ထားသူျဖစ္ပါတယ္။Gulay (ခ) စိုင္းဖတ္ မာရြတ္မာတူရင္ (ခ) ကေလြ႔သည္ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ မတ္လ(၆)ရက္ေန႔က မယ္ဆုိင္ေခ်ာင္းျဖတ္ကာ ဝင္ေရာက္လာၿပီးေနာက္ ဟိုတယ္တစ္ခုတြင္ တည္းခိုေနထုိင္ၿပီး သူငယ္ခ်င္းျဖစ္သူထံမွ ငွားရမ္းထားသည့္ ကားျဖင့္ မတ္လ(၁၁)ရက္ေန႔က ေဟာင္လိတ္မီးပိြဳင့္ဘက္ ထြက္လာစဥ္ ရဲတပ္ဖြဲ႕ကိုျမင္သျဖင့္ ေရွာင္လွည့္ေမာင္းေျပးခဲ့တာပါ။

သူနဲ ့အတူ မန္ထုဂိုဏ္း ေခါင္ေဆာင္ ပန္န၀စ္ ပထုန္ (ဂိုဏ္းေခါင္းေဆာင္၊)နိုင္၀ီရ ေ၀က်ဒါ တို ့ နဲ ့အတူ ထိုင္းနိုင္ငံကေန ျမန္မာနိုင္ငံ၀ လူမ်ိဳးစု လက္နက္ကိုင္ေတြထိမ္းခ်ဳပ္ထားတဲ ့နယ္ေျမမွာ ထြက္ေျပးခိုလံွဳေနၾကတာျဖစ္ပါတယ္။

မိထားတဲ့တရားခံ မာရြတ္မာတူရင္ ထိုိင္းလူ၀င္မွုၾကီၾကပ္ေရး အဖြဲ ့ အၾကီးအကဲ ရဲခ်ဳပ္ ဆူရေခ် ့ဟတ္ဖန္ရဲ ့ ညႊန္ၾကားခ်က္နဲ ့ အမွတ္ (၅) ေဒသ ရဲတပ္ဖြဲ ့၀င္ေတြဟာ တာခ်ိလိတ္ေဆးရံုကို သြားေရာက္ စစ္ေဆးခဲ့ျပီး တရားခံကို ျမန္မာနိုင္ဆိုင္ရာ တရာဥပေဒအရ အေရးယူျပီးပါက ထိုင္းနိုင္ငံကိုျပန္လည္လြဲေျပာင္းေပးဖို ့ ေတာင္းဆိုထားေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: SAW

#Unicode Version# ျဖင့္ဖတ္ပါ ။

ထိုင်းမူးယစ်ဂိုဏ်းတရားခံ တစ်ဦးအား မြန်မာအာဏာပိုင်များက ပစ်ခတ်ဖမ်းဆီး

၂၀၁၉ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့ (၉)နာရီဝန်းကျင်ကရှ မ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ညပိုင်းပိတ်ဆို့စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်ကို ကားဖြင့်တိုက်ရန်ကြိုးစားပြီး ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ ဖြစ်ရပ်မှာ ကားမောင်းလာသူဟာ သေနတ်ဒဏ်ရာ၇ကာ ကားမောင်းထွက်ပြေးမြောက်သွားခဲ့ပါတယ်။

အဆိုပါဒဏ်ရာရရှိသူမှာ ထိုင်းနိုင်ငံသား မှာ ပစ်ခတ်တားဆီးခံရသဖြင့် ရရှိသွားသည့် သေနတ်ဒဏ်ရာကို ဆေးကုသမှုခံရန် တာချီလိတ်မြို့ရှိ သူငယ်ချင်း အမျိုးသမီးတစ်ဦးနှင့်အတူ ပြင်ပဆေးခန်းများ လိုက်ရှာရာမတွေ့တဲ့အဆုံး ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ရောက်လာစဉ် ဆေးရုံဝန်ထမ်းတွေက ရဲကိုအကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။သေနတ်ဒဏ်ရာ နှစ်ချက် ရထားတဲ့ တရားခံ မာရွတ်မာတူရင် (ကလွေ့) စာ ဆိုလို (မန်ထုမက်) မူးယစ်ဂိုဏ်းက အဓိက ဂိုဏ်းဝင်ငါးဦးမှာ တစ်ဦးအပါဝင်ဖြစ်ပါတယ်။

တရားခံ မာရွတ်မာတူရင် ဟာ လွန်ခဲ့သည့်(၈)လခန့်က ထိုင်းနိုင်ငံ၊ ဖိကျစ် ခရိုင်တရားရုံးမှ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဝရမ်းထုတ်ထားသူဖြစ်ပါတယ်။Gulay (ခ) စိုင်းဖတ် မာရွတ်မာတူရင် (ခ) ကလွေ့သည် တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ မတ်လ(၆)ရက်နေ့က မယ်ဆိုင်ချောင်းဖြတ်ကာ ဝင်ရောက်လာပြီးနောက် ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ပြီး သူငယ်ချင်းဖြစ်သူထံမှ ငှားရမ်းထားသည့် ကားဖြင့် မတ်လ(၁၁)ရက်နေ့က ဟောင်လိတ်မီးပွိုင့်ဘက် ထွက်လာစဉ် ရဲတပ်ဖွဲ့ကိုမြင်သဖြင့် ရှောင်လှည့်မောင်းပြေးခဲ့တာပါ။

သူနဲ့အတူ မန်ထုဂိုဏ်း ခေါင်ဆောင် ပန်နဝစ် ပထုန် (ဂိုဏ်းခေါင်းဆောင်၊)နိုင်ဝီရ ဝေကျဒါ တို့ နဲ့အတူ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ၀ လူမျိုးစု လက်နက်ကိုင်တွေထိမ်းချုပ်ထားတဲ့နယ်မြေမှာ ထွက်ပြေးခိုလံှုနေကြတာဖြစ်ပါတယ်။

မိထားတဲ့တရားခံ မာရွတ်မာတူရင် ထိုင်းလူဝင်မှုကြီကြပ်ရေး အဖွဲ့ အကြီးအကဲ ရဲချုပ် ဆူရချေ့ဟတ်ဖန်ရဲ့ ညွှန်ကြားချက်နဲ့ အမှတ် (၅) ဒေသ ရဲတပ်ဖွဲ့ဝင်တွေဟာ တာချိလိတ်ဆေးရုံကို သွားရောက် စစ်ဆေးခဲ့ပြီး တရားခံကို မြန်မာနိုင်ဆိုင်ရာ တရာဥပဒေအရ အရေးယူပြီးပါက ထိုင်းနိုင်ငံကိုပြန်လည်လွဲပြောင်းပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: SAW
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top