ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အိႏၵိယနိုင္ငံ မြမ္ဘိုင္းၿမိဳ႕က ရထားဘူတာနဲ႔ ကားလမ္းမကို ဆက္သြယ္ထားတဲ့ လမ္းကူးတံတားတစ္ခု ၾကာသပေတးေန႔ည ၇နာရီခြဲေလာက္က ျပိဳက်ခဲ့တာေၾကာင့္ လူ၅ဦးေသဆံုးကာ ၃၆ဦး ဒဏ္ရာရခဲ့ပါတယ္။

မ်က္ျမင္ေတြ ့ရွိသူေတြရဲ ့ေျပာျပခ်က္အရ တံတားရဲ႕ၾကမ္းခင္းက ရုတ္တ ရက္ၿပိဳက်လာၿပီး တံတားေအာက္က လမ္းျဖတ္ကူးေနသူေတြနဲ႔ တံတား ေအာက္က ျဖတ္ေမာင္းသြားတဲ့ ကားေပၚကိုိုပိက်ခဲ့တာျဖစ္ပါတယ္။

တာ၀န္ ရွိသူေတြကလည္း ဒီလမ္းကူးတံတားကိုအသံုးျပဳလာတာ ၃၉ႏွစ္ ရိွေနၿပီး ေန႔စဥ္လူေပါင္းေသာင္း ဂဏန္းေက်ာ္ ဒီတံတားေပၚကေန လမ္းျဖတ္ကူးၾကတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္လြန္ခဲ့တဲ့ႏွစ္ကမွ တံတားရဲ႕ၾကံ့ခိုင္ခံမႈကိုစစ္ေဆး မႈျပဳလုပ္ခဲ့ တာ လည္းျဖစ္တယ္လို႔ဆိုပါတယ္။ တံတား ေပၚကအနည္းငယ္ပ်က္စီးမႈကို ေတြ႕ရွိခဲ့ၾကေပမယ့္ ျပဳျပင္မြမ္းမံဖို႔ သက္ဆိုင္ရာကို လာေရာက္အသိေပးျခင္းမရိွလို႔ ေနာက္ဆံုးမေတာ့အခုလိုၿပိဳက်လာတာျဖစ္တယ္လို ့လည္း ဆိုပါတယ္။ အခုခ်ိန္မွာေတာ့ တံတားတည္ေဆာက္တဲ့ပံုစံကို ျပန္လည္စစ္ေဆးဖို ့ညႊန္ၾကားထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Tawthu
#Unicode Version#
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ရထားဘူတာနဲ့ ကားလမ်းမကို ဆက်သွယ်ထားတဲ့ လမ်းကူးတံတားတစ်ခု ကြာသပတေးနေ့ည ၇နာရီခွဲလောက်က ပြိုကျခဲ့တာကြောင့် လူ၅ဦးသေဆုံးကာ ၃၆ဦး ဒဏ်ရာရခဲ့ပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ တံတားရဲ့ကြမ်းခင်းက ရုတ်တ ရက်ပြိုကျလာပြီး တံတားအောက်က လမ်းဖြတ်ကူးနေသူတွေနဲ့ တံတား အောက်က ဖြတ်မောင်းသွားတဲ့ ကားပေါ်ကိုပိကျခဲ့တာဖြစ်ပါတယ်။

တာဝန် ရှိသူတွေကလည်း ဒီလမ်းကူးတံတားကိုအသုံးပြုလာတာ ၃၉နှစ် ရှိနေပြီး နေ့စဉ်လူပေါင်းသောင်း ဂဏန်းကျော် ဒီတံတားပေါ်ကနေ လမ်းဖြတ်ကူးကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင်လွန်ခဲ့တဲ့နှစ်ကမှ တံတားရဲ့ကြံ့ခိုင်ခံမှုကိုစစ်ဆေး မှုပြုလုပ်ခဲ့ တာ လည်းဖြစ်တယ်လို့ဆိုပါတယ်။ တံတား ပေါ်ကအနည်းငယ်ပျက်စီးမှုကို တွေ့ရှိခဲ့ကြပေမယ့် ပြုပြင်မွမ်းမံဖို့ သက်ဆိုင်ရာကို လာရောက်အသိပေးခြင်းမရှိလို့ နောက်ဆုံးမတော့အခုလိုပြိုကျလာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အခုချိန်မှာတော့ တံတားတည်ဆောက်တဲ့ပုံစံကို ပြန်လည်စစ်ဆေးဖို့ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Tawthu
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top