iMyanmarHouse.com - Best Property Website for Myanmar
×

ေနာက္ဆုံးပို႔ေဆာင္ဖို႔ လာႀကိဳသည့္သူႏွင့္အတူ..မိန္းကေလးတစ္ေယာက္ေသဆုံးသြားသည္။

သူ … ဒါကို သတိထားမိတဲ့အခ်ိန္ ေသမင္းဟုယူဆရသည့္ ဝတ္႐ုံနက္ျခဳံထားေသာလူႀကီးက သူ႔ေဘးေရာက္ႏွင့္ေနၿပီ။

လက္ထဲမွာလည္း တစ္ဖက္က သူကိုင္ေနက် တူရႊင္းအရွည္ႀကီးႏွင့္။ေနာက္တစ္ဖက္မွာ လက္ဆြဲေသတၱာေလးတစ္ခုႏွင့္။

ေသမင္းက …ထိုမိန္းကေလးကိုေျပာသည္၊”လာ … ကေလးမေလး သြားဖို႔အခ်ိ္န္တန္ၿပီ”

မိန္းကေလး …..”ဟင္ … ျမန္လိုက္တာ … သမီးမွာ လုပ္စရာ အစီအစဥ္ေတြ အမ်ားႀကီးက်န္ေသးတယ္”

ေသမင္း – “တကယ္စိတ္မေကာင္းပါဘူး။ အခ်ိန္မရွိေတာ့လို႔ပါ …”

မိန္းကေလး – “ဦးလက္ထဲက ေသတၱာထဲမွာ …ဘာေတြထည့္ထားတာလဲ?”

ေသမင္း – “မင္းနဲ႔ ဆိုင္တဲ့ ဥစၥာေတြ”

မိန္းကေလး – “သမီးနဲ႔ ဆိုင္တဲ့ ဥစၥာေတြ ဟုတ္လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ္အစားေတြ၊ ေရႊေတြ ေငြေတြကိုလား …”

ေသမင္း – “အဲဒီဥစၥာေတြက မင္းနဲ႔ အစကတည္းက မဆိုင္ခဲ့ဘူး … အဲဒါေတြက ကမၻာႀကီးနဲ႔ပဲဆိုင္တာ”

မိန္းကေလး – “ဒါဆို သမီးရဲ့ မွတ္ဉာဏ္ေတြလား”

ေသမင္း – “မွတ္ဉာဏ္က …အခ်ိန္နဲ႔ပဲဆိုင္တာ”

မိန္းကေလး – “ဒါဆို သမီးရဲ့ ပညာလား”

ေသမင္း – “ပညာက…ပတ္ဝန္းက်င္နဲ႔ပဲ ဆိုင္ခဲ့တာ”

မိန္းကေလး – “ဒါဆို သမီးရဲ့ မိတ္ေဆြေတြလား”

ေသမင္း – “မဟုတ္ဘူး… မိတ္ေဆြေတြက မင္းျဖတ္သန္းလာခဲ့တဲ့ဘဝရဲ့ဧည့္သည္ေတြ”

မိန္းကေလး – “ဒါဆို သမီးရဲ့ ခ်စ္သူ လား”

ေသမင္း – “မဟုတ္ဘူး … သူက မင္းရဲ့ အေတြးနဲ႔ပဲဆိုင္ခဲ့တာ”

မိန္းကေလး – “ဒါဆို က်ိန္းေသၿပီ၊ အထဲထဲမွာ သမီးရဲ့ ခႏၶာကိုယ္ပဲျဖစ္ရမယ္”

ေသမင္း -“ဟင့္အင္း … ခႏၶာကိုယ္က ေျမမႈန္နဲ႔ပဲဆိုင္တာ”

မိန္းကေလး – “ဒါဆို ေနာက္ဆုံးျဖစ္တဲ့ သမီးရဲ့ဝိညဥ္လား”

ေသမင္း – “သနားစရာေကာင္းတဲ့ မိန္းကေလးရယ္ … မင္းရဲ့ ဝိညဥ္က ငါနဲ႔ပဲဆိုင္တာ”

မိန္းကေလး မ်က္ႏွာမွာ အေၾကာက္တရားေတြနဲ႔ ျပည့္လာေနခဲ့ၿပီးေဇာေခၽြးျပန္လာသည္။

သူ မေစာင့္နိုင္ေတာ့ဘဲ ေသမင္းလက္ထဲက ေသတၱာေလးက္ိုဆြဲယူဖြင့္လိုက္သည္။

အထဲမွာ ဘာမွ မပါ၊ ဗလာနတၱိျဖစ္ေနသည္။

သူ အသည္းကြဲသြားသည္။မ်က္ရည္အျပည့္နဲ႔ ေသမင္းကို ေမးလိုက္သည္။

မိန္းကေလး – “သမီး ဘယ္တုန္းကမွ …ဘာမွ မပိုင္ဆိုင္ခဲ့ဘူးေပါ့ေလ ဟုတ္သလား …”

ေသမင္း – “ဟုတ္တယ္ … မင္း ဘယ္တုန္းကမွ ဘယ္အရာမွ မပိုင္ဆိုင္ခဲ့ဘူး”

မိန္းကေလး – “ဒါဆို ဘယ္အရာက …သမီးနဲ႔ ဆိုင္ခဲ့သလဲ …”

ေသမင္း – “မင္းရဲ့ စကၠန႔္တိုင္း၊ မိနစ္တိုင္း၊

မင္း အသက္ရွိစဥ္အခါက မင္းရဲ့ စကၠန႔္တိုင္း၊ မိနစ္တိုင္းကို မင္းပိုင္ဆိုင္ခဲ့တယ္….

လူဘဝဆိုတာ မ်က္ေတာင္ တစ္ခ်က္ခတ္တိုင္းမွာ ျဖစ္ပ်က္သြားၾကတာပဲေလ”တဲ့ …။

မွတ္ခ်က္ ။ ။ေသမင္းသည္ သင္တို႔ထင္ခဲ့သလို ေၾကာက္မက္ဖြယ္ရာ ေကာင္းေသာသူမဟုတ္ပါ။

သင့္ရဲ့ ေနာက္ဆုံးခရီးကိုလိုက္လံပို႔ေဆာင္ဖို႔ လာႀကိဳသည့္ သူသာပင္။

သင့္ရဲ့ …စကၠန႔္တိုင္း၊ မိနစ္တိုင္းကို ေကာင္းေကာင္း တန္ဖိုးထားပါ။

အသက္ကို တန္ဖိုးထားပါ။အသက္မွာ ေပ်ာ္ရႊင္ပါ။အသက္ကို ရွင္သန္ပါ။

ေသမင္းေသတၱာထဲမွာထည့္သြားနိုင္တဲ့ …ဒါန၊သီလ၊ဘာဝနာ မ်ားကို ျပဳပါ။

ေလးစားစြာျဖင့္………

ဖိုးသူေတာ္ (www.phothutaw.com)
Credit:…ေဇာ္လွိုင္းထက္{တေကာင္းသား}

#Unicode Version# ျဖင့္ဖတ္ပါ ။

နောက်ဆုံးပို့ဆောင်ဖို့ လာကြိုသည့်သူနှင့်အတူ..မိန်းကလေးတစ်ယောက်သေဆုံးသွားသည်။

သူ … ဒါကို သတိထားမိတဲ့အချိန် သေမင်းဟုယူဆရသည့် ဝတ်ရုံနက်ခြုံထားသောလူကြီးက သူ့ဘေးရောက်နှင့်နေပြီ။

လက်ထဲမှာလည်း တစ်ဖက်က သူကိုင်နေကျ တူရွှင်းအရှည်ကြီးနှင့်။နောက်တစ်ဖက်မှာ လက်ဆွဲသေတ္တာလေးတစ်ခုနှင့်။

သေမင်းက …ထိုမိန်းကလေးကိုပြောသည်၊”လာ … ကလေးမလေး သွားဖို့အချိန်တန်ပြီ”

မိန်းကလေး …..”ဟင် … မြန်လိုက်တာ … သမီးမှာ လုပ်စရာ အစီအစဉ်တွေ အများကြီးကျန်သေးတယ်”

သေမင်း – “တကယ်စိတ်မကောင်းပါဘူး။ အချိန်မရှိတော့လို့ပါ …”

မိန်းကလေး – “ဦးလက်ထဲက သေတ္တာထဲမှာ …ဘာတွေထည့်ထားတာလဲ?”

သေမင်း – “မင်းနဲ့ ဆိုင်တဲ့ ဥစ္စာတွေ”

မိန်းကလေး – “သမီးနဲ့ ဆိုင်တဲ့ ဥစ္စာတွေ ဟုတ်လား ? ဦးဆိုလိုတာ သမီးရဲ့အဝတ်အစားတွေ၊ ရွှေတွေ ငွေတွေကိုလား …”

သေမင်း – “အဲဒီဥစ္စာတွေက မင်းနဲ့ အစကတည်းက မဆိုင်ခဲ့ဘူး … အဲဒါတွေက ကမ္ဘာကြီးနဲ့ပဲဆိုင်တာ”

မိန်းကလေး – “ဒါဆို သမီးရဲ့ မှတ်ဉာဏ်တွေလား”

သေမင်း – “မှတ်ဉာဏ်က …အချိန်နဲ့ပဲဆိုင်တာ”

မိန်းကလေး – “ဒါဆို သမီးရဲ့ ပညာလား”

သေမင်း – “ပညာက…ပတ်ဝန်းကျင်နဲ့ပဲ ဆိုင်ခဲ့တာ”

မိန်းကလေး – “ဒါဆို သမီးရဲ့ မိတ်ဆွေတွေလား”

သေမင်း – “မဟုတ်ဘူး… မိတ်ဆွေတွေက မင်းဖြတ်သန်းလာခဲ့တဲ့ဘဝရဲ့ဧည့်သည်တွေ”

မိန်းကလေး – “ဒါဆို သမီးရဲ့ ချစ်သူ လား”

သေမင်း – “မဟုတ်ဘူး … သူက မင်းရဲ့ အတွေးနဲ့ပဲဆိုင်ခဲ့တာ”

မိန်းကလေး – “ဒါဆို ကျိန်းသေပြီ၊ အထဲထဲမှာ သမီးရဲ့ ခန္ဓာကိုယ်ပဲဖြစ်ရမယ်”

သေမင်း -“ဟင့်အင်း … ခန္ဓာကိုယ်က မြေမှုန်နဲ့ပဲဆိုင်တာ”

မိန်းကလေး – “ဒါဆို နောက်ဆုံးဖြစ်တဲ့ သမီးရဲ့ဝိညဉ်လား”

သေမင်း – “သနားစရာကောင်းတဲ့ မိန်းကလေးရယ် … မင်းရဲ့ ဝိညဉ်က ငါနဲ့ပဲဆိုင်တာ”

မိန်းကလေး မျက်နှာမှာ အကြောက်တရားတွေနဲ့ ပြည့်လာနေခဲ့ပြီးဇောချွေးပြန်လာသည်။

သူ မစောင့်နိုင်တော့ဘဲ သေမင်းလက်ထဲက သေတ္တာလေးကိုဆွဲယူဖွင့်လိုက်သည်။

အထဲမှာ ဘာမှ မပါ၊ ဗလာနတ္တိဖြစ်နေသည်။

သူ အသည်းကွဲသွားသည်။မျက်ရည်အပြည့်နဲ့ သေမင်းကို မေးလိုက်သည်။

မိန်းကလေး – “သမီး ဘယ်တုန်းကမှ …ဘာမှ မပိုင်ဆိုင်ခဲ့ဘူးပေါ့လေ ဟုတ်သလား …”

သေမင်း – “ဟုတ်တယ် … မင်း ဘယ်တုန်းကမှ ဘယ်အရာမှ မပိုင်ဆိုင်ခဲ့ဘူး”

မိန်းကလေး – “ဒါဆို ဘယ်အရာက …သမီးနဲ့ ဆိုင်ခဲ့သလဲ …”

သေမင်း – “မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊

မင်း အသက်ရှိစဉ်အခါက မင်းရဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မင်းပိုင်ဆိုင်ခဲ့တယ်….

လူဘဝဆိုတာ မျက်တောင် တစ်ချက်ခတ်တိုင်းမှာ ဖြစ်ပျက်သွားကြတာပဲလေ”တဲ့ …။

မှတ်ချက် ။ ။သေမင်းသည် သင်တို့ထင်ခဲ့သလို ကြောက်မက်ဖွယ်ရာ ကောင်းသောသူမဟုတ်ပါ။

သင့်ရဲ့ နောက်ဆုံးခရီးကိုလိုက်လံပို့ဆောင်ဖို့ လာကြိုသည့် သူသာပင်။

သင့်ရဲ့ …စက္ကန့်တိုင်း၊ မိနစ်တိုင်းကို ကောင်းကောင်း တန်ဖိုးထားပါ။

အသက်ကို တန်ဖိုးထားပါ။အသက်မှာ ပျော်ရွှင်ပါ။အသက်ကို ရှင်သန်ပါ။

သေမင်းသေတ္တာထဲမှာထည့်သွားနိုင်တဲ့ …ဒါန၊သီလ၊ဘာဝနာ များကို ပြုပါ။

လေးစားစွာဖြင့်………

ဖိုးသူတော် (www.phothutaw.com)
Credit:…ဇော်လှိုင်းထက်{တကောင်းသား}
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top