20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တခ်ိဳ႕အလုပ္ေတြကေတာ႔ မနက္ (၉) ည (၅) တင္မကပါဘူး။ ညဘက္ေတြပါဆက္လုပ္ေပးရတဲ႔အလုပ္ေတြရွိပါတယ္။ ညဘက္ေတြ အလုပ္ဆက္လုပ္ဖန္မ်ားလာတဲ႔အခါ၊ လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြ မ်ားလာတဲ႔အခါ အိပ္ေရးပ်က္ေရာဂါ စြဲကပ္လာပါလိမ္႔မယ္။ အိပ္ေရးပ်က္ေရာဂါဆိုတာ အိပ္ခ်င္ေနပါလ်က္နဲ႔၊ လူကလည္း ပ်ိဳင္းေနပါလ်က္နဲ႔ အိပ္မေပ်ာ္တဲ႔ေရာဂါပါပဲ။ ညဘက္အိပ္ခ်ိန္လည္း ေကာင္းေကာင္း အိပ္လို႔မရေတာ႔ ေနာက္ေန႔အလုပ္မွာလည္း အဆင္မေျပျဖစ္ၿပီး လုပ္ငန္းခြင္စိတ္ဖိစီးမႈေတြက ပိုမ်ားလာရပါတယ္။

အဲဒီလုိလူေတြအတြက္ အေကာင္းဆံုးေျဖရွင္းနည္းေလးတစ္ခုရွိပါတယ္။ သူတို႔အတြက္ အိပ္ယာေပၚမွာလူးလိွမ္႔ရင္း မနက္မိုးလင္း သြားတဲ႔ညေတြ၊ သိုးေလးေတြကို ေရတြက္ရင္းမိုးလင္းသြားတဲ႔ညေတြကို ေက်ာ္ျဖတ္ႏိုင္ေစမယ္႔ နည္းလမ္းေလးပါ။ မိနစ္ပိုင္းအတြင္း အိပ္ေမာက်သြားေစရမယ္လို႔ ကြ်မ္းက်င္သူေတြကိုယ္တိုင္ အတည္ျပဳထားတဲ႔ နည္းလမ္းေလးလည္း ျဖစ္ပါတယ္။

အိပ္ေရးပ်က္ေရာဂါသည္ေတြအတြက္ အိပ္ေမာက်ေစမယ္႔နည္းလမ္း

ဒီနည္းလမ္းေလးရဲ႕နာမည္ကေတာ႔ "၄-၇-၈ နည္းလမ္္း" ျဖစ္ပါတယ္။ နာမည္ေလးက ရိုးရွင္းသလို ျပဳလုပ္ရမယ္႔ အခ်က္ေတြကလည္း ရိုးရွင္းပါတယ္။ အရင္္ဆံုး အိပ္ယာေပၚမွာ သက္ေတာင္႔သက္သာရွိမယ္႔ ပံုစံနဲ႔ လွဲေလ်ာင္းေနလိုက္ပါ။ (အေကာင္းဆံုးကေတာ႔ ပက္လက္လွန္အိပ္တာပါပဲ။) ၿပီးရင္ ႏွာေခါင္းဝကေန ေလးစကၠန္႔ေလာက္ၾကာေအာင္ အသက္ရွဴသြင္းလိုက္ပါ။ ေလးစကၠန္႕ၾကာေအာင္ ေလရွဴသြင္းၿပီးရင္ အသက္ကို (၇) စကၠန္႕ေလာက္ၾကာေအာင္ ေအာင္႔ထားလိုက္ပါ။ ၿပီးရင္ ပါးစပ္ေပါက္ကေနၿပီး ေအာင္႔ထားတဲ႔ ေလေတြကို (၈) စကၠန္႕ေလာက္ၾကာေအာင္ ျဖည္းညွင္းစြာျပန္ရွဴထုတ္လိုက္ပါ။ ဒီနည္းလမ္းအတိုင္း ခင္ဗ်ားအိပ္ေမာက်သြားသည္ အထိ ဆက္လုပ္ေပးပါ။

ဒါေလးပါပဲ။ နည္းလမ္းက ဘာမွခက္ခက္ခဲခဲႀကီးမဟုတ္သလို ရိုးရိုးရွင္းရွင္းေလးပါပဲ။ ရိုးရိုးရွင္းရွင္းနည္းလမ္းေလးဆိုၿပီး အထင္ေတာ႔ မေသးလိုက္ပါနဲ႔။ အိႏၵိယႏိုင္ငံက ေယာဂီတရားထိုင္နည္းကေန ဆင္႔ပြားၿပီး ဒီနည္းလမ္းကိုတီထြင္ထားတဲ႔ ဟားဗတ္တကၠသိုလ္ဘြဲ႕ရ ေဒါက္တာ အန္ဒရူးဝီးလ္က ခုလိုဆိုပါတယ္။ "ဒီနည္းလမ္းက ညသန္းေခါင္ႀကီးရုတ္တရက္လန္႔ႏိုးလာၿပီး ျပန္အိပ္မရေတာ႔တဲ႔သူေတြ၊ အိပ္ေရးပ်က္ေရာဂါေၾကာင္႔ အိပ္မေပ်ာ္တဲ႔သူေတြအတြက္ေတာ႔ အျမန္ဆံုးအိပ္ေပ်ာ္သြားေစဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းပါပဲ။" လက္ခ်ာတစ္ခုမွာ သူကခုလိုဆိုပါတယ္။

ေယာဂီေတြကေတာ႔ ဒီနည္းလမ္းကို စိတ္ကိုတည္ျငိမ္ေအးခ်မ္းေစဖို႔၊ စိတ္ဖိစီးမႈနဲ႔ ေသာကေတြကိုတိုက္ဖ်က္ဖို႔အတြက္ အသံုးျပဳၾကပါတယ္။ ခင္ဗ်ားရဲ႕အသက္ရွဴျခင္းလုပ္ငန္းစဥ္ကို ေႏွးေကြးေအာင္ ေလွ်ာ႔ခ်လိုက္ျခင္းျဖင္႔ ႏွလံုးခုန္ႏႈန္းဟာလည္း လိုက္လံေႏွးေကြးလာပါလိမ္႔မယ္။ ဒီလိုနည္းနဲ႔ ခႏၶာကိုယ္ကလည္း တင္းမာေနမႈေတြ ျဖည္းျဖည္းခ်င္း ေျပေလ်ာ႔လာပါလိမ္႔မယ္။ တနည္းအားျဖင္႔ေျပာရရင္ ဒီနည္းလမ္းေလးက စိတ္နဲ႔ ခႏၶာကိုယ္အတြက္ စိတ္ျငိမ္ေဆးတစ္မ်ိဳးပါပဲ။

"ေနာက္ကြယ္ကသီအိုရီကေတာ႔ အသက္ရွဴျခင္းေပၚမွာ စည္းခ်က္က်ေအာင္သတ္မွတ္ေပးလိုက္ျခင္းျဖင္႔ မသိစိတ္ထဲမွာပါ စည္းဝါးက်သြားေအာင္ ျပဳလုပ္လိုက္တာပါပဲ။ ျဖည္းျဖည္းခ်င္းနဲ႔ အာရံုေၾကာစနစ္ထဲမွာပါ စည္းဝါးက်သြားမွာပါ" လို႔ ေဒါက္္တာ အန္ဒရူးက ဆိုပါတယ္။ "ဒါေပမယ္႔အခ်ိန္တစ္ခုေတာ႔လိုအပ္ပါတယ္။ ဒီနည္းလမ္းေလးအတိုင္း ရက္သတၱပတ္အနည္းငယ္ၾကာေအာင္၊ လေတြ၊ ႏွစ္ေတြၾကာေအာင္ ပံုမွန္လုပ္ေပးမယ္ဆိုရင္ ခင္ဗ်ားလိုခ်င္တဲ႔ေျပာင္းလဲမႈကိုရရွိလာမွာပါ" လို႔လည္း ေျပာပါတယ္။

ကဲ... ဘာကိုေစာင္႔ေနၾကဦးမွာလဲ။ အိပ္မေပ်ာ္တဲ႔သူေတြ၊ ညႀကီးသန္းေခါင္မ်က္စိေၾကာင္ေနတဲ႔သူေတြ ဒီနည္းလမ္းေလးသံုးၿပီး ပိုမိုေကာင္းမြန္တဲ႔ အိပ္စက္ျခင္းကိုရယူႏိုင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mingalarbarmorning

#Unicode Version# ျဖင့္ဖတ္ပါ ။

တချို့အလုပ်တွေကတော့ မနက် (၉) ည (၅) တင်မကပါဘူး။ ညဘက်တွေပါဆက်လုပ်ပေးရတဲ့အလုပ်တွေရှိပါတယ်။ ညဘက်တွေ အလုပ်ဆက်လုပ်ဖန်များလာတဲ့အခါ၊ လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အိပ်ရေးပျက်ရောဂါ စွဲကပ်လာပါလိမ့်မယ်။ အိပ်ရေးပျက်ရောဂါဆိုတာ အိပ်ချင်နေပါလျက်နဲ့၊ လူကလည်း ပျိုင်းနေပါလျက်နဲ့ အိပ်မပျော်တဲ့ရောဂါပါပဲ။ ညဘက်အိပ်ချိန်လည်း ကောင်းကောင်း အိပ်လို့မရတော့ နောက်နေ့အလုပ်မှာလည်း အဆင်မပြေဖြစ်ပြီး လုပ်ငန်းခွင်စိတ်ဖိစီးမှုတွေက ပိုများလာရပါတယ်။

အဲဒီလိုလူတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းလေးတစ်ခုရှိပါတယ်။ သူတို့အတွက် အိပ်ယာပေါ်မှာလူးလှိမ့်ရင်း မနက်မိုးလင်း သွားတဲ့ညတွေ၊ သိုးလေးတွေကို ရေတွက်ရင်းမိုးလင်းသွားတဲ့ညတွေကို ကျော်ဖြတ်နိုင်စေမယ့် နည်းလမ်းလေးပါ။ မိနစ်ပိုင်းအတွင်း အိပ်မောကျသွားစေရမယ်လို့ ကျွမ်းကျင်သူတွေကိုယ်တိုင် အတည်ပြုထားတဲ့ နည်းလမ်းလေးလည်း ဖြစ်ပါတယ်။

အိပ်ရေးပျက်ရောဂါသည်တွေအတွက် အိပ်မောကျစေမယ့်နည်းလမ်း

ဒီနည်းလမ်းလေးရဲ့နာမည်ကတော့ "၄-၇-၈ နည်းလမ်း" ဖြစ်ပါတယ်။ နာမည်လေးက ရိုးရှင်းသလို ပြုလုပ်ရမယ့် အချက်တွေကလည်း ရိုးရှင်းပါတယ်။ အရင်ဆုံး အိပ်ယာပေါ်မှာ သက်တောင့်သက်သာရှိမယ့် ပုံစံနဲ့ လှဲလျောင်းနေလိုက်ပါ။ (အကောင်းဆုံးကတော့ ပက်လက်လှန်အိပ်တာပါပဲ။) ပြီးရင် နှာခေါင်းဝကနေ လေးစက္ကန့်လောက်ကြာအောင် အသက်ရှူသွင်းလိုက်ပါ။ လေးစက္ကန့်ကြာအောင် လေရှူသွင်းပြီးရင် အသက်ကို (၇) စက္ကန့်လောက်ကြာအောင် အောင့်ထားလိုက်ပါ။ ပြီးရင် ပါးစပ်ပေါက်ကနေပြီး အောင့်ထားတဲ့ လေတွေကို (၈) စက္ကန့်လောက်ကြာအောင် ဖြည်းညှင်းစွာပြန်ရှူထုတ်လိုက်ပါ။ ဒီနည်းလမ်းအတိုင်း ခင်ဗျားအိပ်မောကျသွားသည် အထိ ဆက်လုပ်ပေးပါ။

ဒါလေးပါပဲ။ နည်းလမ်းက ဘာမှခက်ခက်ခဲခဲကြီးမဟုတ်သလို ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရိုးရိုးရှင်းရှင်းနည်းလမ်းလေးဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ အိန္ဒိယနိုင်ငံက ယောဂီတရားထိုင်နည်းကနေ ဆင့်ပွားပြီး ဒီနည်းလမ်းကိုတီထွင်ထားတဲ့ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ဒေါက်တာ အန်ဒရူးဝီးလ်က ခုလိုဆိုပါတယ်။ "ဒီနည်းလမ်းက ညသန်းခေါင်ကြီးရုတ်တရက်လန့်နိုးလာပြီး ပြန်အိပ်မရတော့တဲ့သူတွေ၊ အိပ်ရေးပျက်ရောဂါကြောင့် အိပ်မပျော်တဲ့သူတွေအတွက်တော့ အမြန်ဆုံးအိပ်ပျော်သွားစေဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။" လက်ချာတစ်ခုမှာ သူကခုလိုဆိုပါတယ်။

ယောဂီတွေကတော့ ဒီနည်းလမ်းကို စိတ်ကိုတည်ငြိမ်အေးချမ်းစေဖို့၊ စိတ်ဖိစီးမှုနဲ့ သောကတွေကိုတိုက်ဖျက်ဖို့အတွက် အသုံးပြုကြပါတယ်။ ခင်ဗျားရဲ့အသက်ရှူခြင်းလုပ်ငန်းစဉ်ကို နှေးကွေးအောင် လျှော့ချလိုက်ခြင်းဖြင့် နှလုံးခုန်နှုန်းဟာလည်း လိုက်လံနှေးကွေးလာပါလိမ့်မယ်။ ဒီလိုနည်းနဲ့ ခန္ဓာကိုယ်ကလည်း တင်းမာနေမှုတွေ ဖြည်းဖြည်းချင်း ပြေလျော့လာပါလိမ့်မယ်။ တနည်းအားဖြင့်ပြောရရင် ဒီနည်းလမ်းလေးက စိတ်နဲ့ ခန္ဓာကိုယ်အတွက် စိတ်ငြိမ်ဆေးတစ်မျိုးပါပဲ။

"နောက်ကွယ်ကသီအိုရီကတော့ အသက်ရှူခြင်းပေါ်မှာ စည်းချက်ကျအောင်သတ်မှတ်ပေးလိုက်ခြင်းဖြင့် မသိစိတ်ထဲမှာပါ စည်းဝါးကျသွားအောင် ပြုလုပ်လိုက်တာပါပဲ။ ဖြည်းဖြည်းချင်းနဲ့ အာရုံကြောစနစ်ထဲမှာပါ စည်းဝါးကျသွားမှာပါ" လို့ ဒေါက်တာ အန်ဒရူးက ဆိုပါတယ်။ "ဒါပေမယ့်အချိန်တစ်ခုတော့လိုအပ်ပါတယ်။ ဒီနည်းလမ်းလေးအတိုင်း ရက်သတ္တပတ်အနည်းငယ်ကြာအောင်၊ လတွေ၊ နှစ်တွေကြာအောင် ပုံမှန်လုပ်ပေးမယ်ဆိုရင် ခင်ဗျားလိုချင်တဲ့ပြောင်းလဲမှုကိုရရှိလာမှာပါ" လို့လည်း ပြောပါတယ်။

ကဲ... ဘာကိုစောင့်နေကြဦးမှာလဲ။ အိပ်မပျော်တဲ့သူတွေ၊ ညကြီးသန်းခေါင်မျက်စိကြောင်နေတဲ့သူတွေ ဒီနည်းလမ်းလေးသုံးပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကိုရယူနိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top