iMyanmarHouse.com - Best Property Website for Myanmar
×



နန္းဆုရတီစိုးက သူဘြဲ႕ယူခဲ့တဲ့ေက်ာင္းရဲ႕ ေက်ာင္းသၾကၤန္မွာ သီခ်င္းေတြဆိုရင္း ျပန္ျဖတ္ သန္းခြင့္ရတဲ့အတြက္ အရမ္းကိုေပ်ာ္ေနပါတယ္။ ေက်ာင္းသားေက်ာင္းသူေတြမသိေအာင္ Surprise လုပ္ခဲ့ပါေသးတယ္။

အဆုိေတာ္ နန္းဆုရတီစိုးက မတ္(၁၃) ရက္ေန႕က ျပဳလုပ္တဲ့ ဒဂံုတကၠသိုလ္ရဲ႕ေက်ာင္း သၾကၤန္မွာ ပါဝင္ေဖ်ာ္ေျဖခဲ့ရပါတယ္။ ဒဂံုတကၠသိုလ္ေက်ာင္းက ေက်ာင္းသားေက်ာင္းသူေတြ ကို သူမလာမယ္လို႕ မေျပာထားပဲ Surprise သြားလုပ္ခဲ့တာျဖစ္ၿပီး အဲ့လို ေဖ်ာ္ေျဖခြင့္ရတဲ့အ တြက္လည္း အရမ္းေပ်ာ္မိတယ္လို႕ နန္းဆုရတီစိုးက ဆုိပါတယ္။



“Du ေက်ာင္းသၾကၤန္ ကို Surprise သြား အရမ္းေပ်ာ္ကိုယ္ ဘြဲ႕ယူခဲ့တဲ့ေက်ာင္းမွာ အမွတ္ တရ သၾကၤန္က် အရမ္းအားေပးလို႔ အရမ္းခ်စ္” ဆိုၿပီး မတ္လ(၁၄) ရက္ေန႕က နန္းဆုရတီစိုး ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

ဒဂံုတကၠသိုလ္ေက်ာင္းသၾကၤန္မွာ နန္းဆုရတီစိုးနဲ႕အတူ G Fatt လည္း သီခ်င္းေတြနဲ႕ ပါဝင္ေဖ်ာ္ေျဖခဲ့ပါတယ္။ သူတို႕ႏွစ္ဦးရဲ႕ သံစဥ္ေတြၾကားထဲမွာ အားေပးလြန္းၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြအတြက္ သူတို႕ႏွစ္ဦး အရမ္းကို ေပ်ာ္ခဲ့ရတယ္လို႕ ဆုိပါတယ္။



နန္းဆုရတီစိုးဟာ လက္ရွိမွာ ေဖ်ာ္ေျဖပြဲေတြသြားေနရၿပီး G Fatt နဲ႕အတူ သီခ်င္းသစ္ေတြ ဖန္တီးျဖစ္ေနတယ္လို႕ သိရပါတယ္။နန္းဆုရတီစုိးကလည္း G-Fatt နဲ႔ လက္တြဲလာၿပီး တဲ့ေနာက္မွာေတာ့ ဂီတအလုပ္ေတြကုိ အရင္ကထက္  ပိုၿပီး ေသေသခ်ာခ်ာ လုပ္ႏုိင္ခဲ့တယ္ လုိ႔ သိရပါတယ္။ အရမ္းကုိ လုိက္ဖက္လြန္းလွတဲ့ သူတုိ႔ စုံတြဲေလးကုိလည္း အားမက်တဲ့ ပရိသတ္မရွိသေလာက္ပါပဲ။

G-Fatt နဲ႔ နန္းဆုရတီစိုးတို႔ရဲ႕ အခ်စ္ေရးကုိ ရူးေအာင္ခ်စ္ရသူ သီခ်င္းနဲ႕ ဆက္စပ္ၿပီး ပရိ သတ္ေတြစိတ္ဝင္စား ခဲ့တာျဖစ္ပါ တယ္။ နန္းဆုရတီ စိုး က လက္ရွိမွာ သီခ်င္းမ်ား ဖန္ တီးေနၿပီးသီခ်င္းေခြအသစ္ထြက္ဖို႕လည္း စီစဥ္ေနတယ္လို႕ သိရပါတယ္။ သူ႔ရဲ႕ ခ်စ္သူ G Fatt ကလည္း ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာ ရရွိထားသူတစ္ဦး ျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


နန်းဆုရတီစိုးက သူဘွဲ့ယူခဲ့တဲ့ကျောင်းရဲ့ ကျောင်းသြင်္ကန်မှာ သီချင်းတွေဆိုရင်း ပြန်ဖြတ် သန်းခွင့်ရတဲ့အတွက် အရမ်းကိုပျော်နေပါတယ်။ ကျောင်းသားကျောင်းသူတွေမသိအောင် Surprise လုပ်ခဲ့ပါသေးတယ်။

အဆိုတော် နန်းဆုရတီစိုးက မတ်(၁၃) ရက်နေ့က ပြုလုပ်တဲ့ ဒဂုံတက္ကသိုလ်ရဲ့ကျောင်း သြင်္ကန်မှာ ပါဝင်ဖျော်ဖြေခဲ့ရပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းက ကျောင်းသားကျောင်းသူတွေ ကို သူမလာမယ်လို့ မပြောထားပဲ Surprise သွားလုပ်ခဲ့တာဖြစ်ပြီး အဲ့လို ဖျော်ဖြေခွင့်ရတဲ့အ တွက်လည်း အရမ်းပျော်မိတယ်လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

“Du ကျောင်းသြင်္ကန် ကို Surprise သွား အရမ်းပျော်ကိုယ် ဘွဲ့ယူခဲ့တဲ့ကျောင်းမှာ အမှတ် တရ သြင်္ကန်ကျ အရမ်းအားပေးလို့ အရမ်းချစ်” ဆိုပြီး မတ်လ(၁၄) ရက်နေ့က နန်းဆုရတီစိုး ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသြင်္ကန်မှာ နန်းဆုရတီစိုးနဲ့အတူ G Fatt လည်း သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ သံစဉ်တွေကြားထဲမှာ အားပေးလွန်းကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သူတို့နှစ်ဦး အရမ်းကို ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

နန်းဆုရတီစိုးဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေသွားနေရပြီး G Fatt နဲ့အတူ သီချင်းသစ်တွေ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။နန်းဆုရတီစိုးကလည်း G-Fatt နဲ့ လက်တွဲလာပြီး တဲ့နောက်မှာတော့ ဂီတအလုပ်တွေကို အရင်ကထက်  ပိုပြီး သေသေချာချာ လုပ်နိုင်ခဲ့တယ် လို့ သိရပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိ သတ်တွေစိတ်ဝင်စား ခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန် တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top