iMyanmarHouse.com - Best Property Website for Myanmar
×


 ပရိသတ္ေတြနဲ႔ အႏုပညာေလာက ၾကား ဂရက္ထသြားခဲ့တဲ့ ဥပါယ္တံမ်ဥ္ကေနစၿပီး ပရိတ္သတ္ေတြရဲ႕ တခဲနက္ အားေပးမႈေတြရ႐ွိထားတဲ့ ပရိသတ္ေတြ အရမ္းခ်စ္ခင္ၾကရတဲ့ ဒါ႐ိုက္တာ ခရစၥတီးနားခီရဲ႕ အကယ္ဒမီေပးပြဲ တက္ျဖစ္ဖို႔ ဘယ္လိုေတြ ျပင္ဆင္ထား လဲဆိုတာရယ္ လက္႐ွိ႐ိုက္ေနတဲ့ထာဝရေႏွာင္ႀကိဳး႐ုပ္႐ွင္ဇာတ္ကားကေရာ ဘယ္လိုပံု စံေတြျဖစ္မလဲဆိုတာ ေျပာျပသြားမွာပဲ ျဖစ္ပါတယ္။

အကယ္ဒမီေပးပြဲတက္ေရာက္ဖို႔နဲ႔ ပတ္သက္ၿပီး သူမအေနနဲ႔ “တစ္ခ်ဳိ့ အခ်ိန္ေလးေတြကို ညမပါတဲ့ဟာေတြကို ကဲ ည႐ိုက္ၾကဆိုၿပီး အဲ့ေန႔ေလးအားဖို႔ အတြက္ကို အခု Dayရယ္ Nightရယ္ ခြဲထားေပးမယ့္ ႏွစ္ခုလံုးဝင္လိုက္ေတာ့ေပါ့ ဆိုၿပီး စီစဥ္လိုက္ရတယ္ အစကေတာ့ အမက မဝင္သင့္တဲ့ေန႔ဆို အမေပးမဝင္ခ်င္ဘူး အရမ္းပင္ပန္းတယ္ ပင္ပန္းတဲ့အခါ emotion အစစ္ထြက္ဖို႔က မလြယ္ဘူး ဘာပဲျဖစ္ျဖစ္ အကုန္လံုးလည္း ပါဝင္ပတ္သက္လို႔ရမယ္ ညီ မေလး ပိုင္ၿဖိဳးသုေရာ ႐ွိ႐ွိသမ်ွမင္းသားေတြ မင္းသမီးေတြလည္း ပါဝင္ပတ္သက္ရမယ့္ ပြဲေလးျဖစ္ေနတဲ့ အတြက္ေၾကာင့္မလို႔ အမတို႔ scheduleကိုပဲ အကုန္႐ွင္းထုတ္ေနပါ တယ္”လို႔ အကယ္ဒမီပြဲရက္နဲ႔ ဇာတ္ကား႐ိုက္ရက္နဲ႔တိုက္ေနတဲ့ အတြက္ အခ်ိန္ေတြ ညႇိေနရတဲ့အေၾကာင္းကို ေျပာျပသြားပါတယ္။



ဥပါယ္တံမ်ဥ္၊ မုျဒာေခၚသံ ဇာတ္ကားေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြက အကယ္ဒမီအ တြက္ ရင္ခုန္ေပးၾကတဲ့ အေပၚ သူမအေနနဲ႔ “ပရိသတ္က ရင္ခုန္ေပးတာ ေမ်ွာ္လင့္ေပးၾက တာကေတာ့ အရမ္းေက်းဇူးတင္ပါတယ္။

ဒါကလည္း သူတို႔ တကယ္ႀကိဳက္လို႔ ေမ်ွာ္မွန္းေပးတဲ့ပံုဆိုေတာ့ေလ တကယ္ဝမ္းသာရပါ တယ္ ဘာလို႔လဲဆိုေတာ့ အမတို႔အတြက္က ဒီလိုဇာတ္ကားေတြကို ႀကိဳက္ေပးမယ့္သူမ႐ွိရင္ ေနာက္တစ္ကားဆိုတာ ႐ိုက္လို႔ မလြယ္ဘူးေလ အမကက်ေတာ့လည္း တစ္ႏွစ္မွာ အမ်ားႀကီးလည္း မ႐ိုက္ႏိုင္ဘူး။

 ေနာက္တစ္ကားအတြက္ကို သူတို႔ လာၾကည့္ပါ့မလားဆိုတာ အခုထဲက ရင္ပူေနတယ္ ဆိုေတာ့ေလ သူတို႔ မွန္းေပးတာနဲ႔တင္ အရမ္းဝမ္းသာေနရပါၿပီ”လို႔ ေနာက္တင္မယ့္ ဇာတ္ကားေတြ အတြက္ ပရိတ္သတ္ေတြ သေဘာမက်မွာ စိတ္ပူေနရတာကိုလည္းေျပာျပ သြားပါတယ္။

အခုလက္႐ွိ႐ိုက္ေနတဲ့ ထာဝရေႏွာင္ႀကိဳး႐ုပ္႐ွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္ၿပီး “ထာဝ ရေႏွာင္ႀကိဳးက ဥပါယ္တံမ်ဥ္လိုပဲ ႀကိဳက္ႏွစ္သက္လိမ့္မယ္လို႔ ထင္ပါတယ္ မုျဒာရဲ႕ေခၚသံေရာ ဥပါယ္တံမ်ဥ္ေရာ အမတို႔ကေတာ့ ခုနက အမေျပာသလိုေပါ့ေနာ္ ေစတနာသည္ ကံဆိုတဲ့ အတိုင္း ေစတနာက လံုးဝအျပည့္ပဲ ကိုယ့္မွာ႐ွိတဲ့ အစြမ္းအကုန္ကိုထည့္တယ္ ။



ဘာလို႔လဲဆိုေတာ့ လာၾကည့္တဲ့ ပရိသတ္ေတြရဲ႕ ကုန္က်စရိတ္ကိုလည္း နားလည္တယ္ အခ်ိန္ေပးရတာကိုလည္း နားလည္တယ္ ဒါေၾကာင့္မို႔လို႔ အတတ္ႏိုင္ဆံုးေတာ့ အမွား နည္းေအာင္ ကိုယ္စြမ္းဥာဏ္စြမ္း႐ွိသမွ် ႀကိဳးစားေနပါတယ္ ကမာၻေက်ာ္ႂကီးေတြေ ေလာက္ေတာ့ မေတာ္ဘူးဆိုတာသိပါတယ္။ ဒါေပမယ့္လည္း တကယ္ကိုျဖစ္လည္း ျဖစ္ခ်င္ပါတယ္ ႀကိဳးလည္း ႀကိဳးစားေနပါတယ္”လို႔ ေျပာၾကားသြားခဲ့ပါတယ္။

အခုလက္႐ွိမွာေတာ့ ထာဝရေႏွာင္ႀကိဳး(Now and Ever)႐ုပ္႐ွင္ဇာတ္ကားႀကီးကို ဒါ႐ိုက္တာ ခရစၥတီးနားခီ မင္းသား ဇာဏ္ခီ မင္းသမီး ပိုင္ၿဖိဳးသုတို႔နဲ႔ အတူ မ်ားစြာေသာ သ႐ုပ္ေဆာင္ အသစ္ေတြနဲ႔ ဘယ္လိုထူးျခားတဲ့ ဇာတ္႐ုပ္ေတြနဲ႔ ဘယ္လို စိတ္ဝင္စားစရာေကာင္းမယ့္ ဇာတ္လမ္းျဖစ္မလဲဆိုတာကိုေတာ့ ပရိသတ္ေတြလည္း အခုထဲက ရင္ခုန္ေနရေလာက္ၿပီလို႔ ထင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahuthuta
# Unicode Version # ျဖင့္ ဖတ္ပါ #


ပရိသတ်တွေနဲ့ အနုပညာလောက ကြား ဂရက်ထသွားခဲ့တဲ့ ဥပါယ်တံမျဉ်ကနေစပြီး ပရိတ်သတ်တွေရဲ့ တခဲနက် အားပေးမှုတွေရရှိထားတဲ့ ပရိသတ်တွေ အရမ်းချစ်ခင်ကြရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အကယ်ဒမီပေးပွဲ တက်ဖြစ်ဖို့ ဘယ်လိုတွေ ပြင်ဆင်ထား လဲဆိုတာရယ် လက်ရှိရိုက်နေတဲ့ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကရော ဘယ်လိုပုံ စံတွေဖြစ်မလဲဆိုတာ ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲတက်ရောက်ဖို့နဲ့ ပတ်သက်ပြီး သူမအနေနဲ့ “တစ်ချို့ အချိန်လေးတွေကို ညမပါတဲ့ဟာတွေကို ကဲ ညရိုက်ကြဆိုပြီး အဲ့နေ့လေးအားဖို့ အတွက်ကို အခု Dayရယ် Nightရယ် ခွဲထားပေးမယ့် နှစ်ခုလုံးဝင်လိုက်တော့ပေါ့ ဆိုပြီး စီစဉ်လိုက်ရတယ် အစကတော့ အမက မဝင်သင့်တဲ့နေ့ဆို အမပေးမဝင်ချင်ဘူး အရမ်းပင်ပန်းတယ် ပင်ပန်းတဲ့အခါ emotion အစစ်ထွက်ဖို့က မလွယ်ဘူး ဘာပဲဖြစ်ဖြစ် အကုန်လုံးလည်း ပါဝင်ပတ်သက်လို့ရမယ် ညီ မလေး ပိုင်ဖြိုးသုရော ရှိရှိသမျှမင်းသားတွေ မင်းသမီးတွေလည်း ပါဝင်ပတ်သက်ရမယ့် ပွဲလေးဖြစ်နေတဲ့ အတွက်ကြောင့်မလို့ အမတို့ scheduleကိုပဲ အကုန်ရှင်းထုတ်နေပါ တယ်”လို့ အကယ်ဒမီပွဲရက်နဲ့ ဇာတ်ကားရိုက်ရက်နဲ့တိုက်နေတဲ့ အတွက် အချိန်တွေ ညှိနေရတဲ့အကြောင်းကို ပြောပြသွားပါတယ်။

ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက အကယ်ဒမီအ တွက် ရင်ခုန်ပေးကြတဲ့ အပေါ် သူမအနေနဲ့ “ပရိသတ်က ရင်ခုန်ပေးတာ မျှော်လင့်ပေးကြ တာကတော့ အရမ်းကျေးဇူးတင်ပါတယ်။

ဒါကလည်း သူတို့ တကယ်ကြိုက်လို့ မျှော်မှန်းပေးတဲ့ပုံဆိုတော့လေ တကယ်ဝမ်းသာရပါ တယ် ဘာလို့လဲဆိုတော့ အမတို့အတွက်က ဒီလိုဇာတ်ကားတွေကို ကြိုက်ပေးမယ့်သူမရှိရင် နောက်တစ်ကားဆိုတာ ရိုက်လို့ မလွယ်ဘူးလေ အမကကျတော့လည်း တစ်နှစ်မှာ အများကြီးလည်း မရိုက်နိုင်ဘူး။

 နောက်တစ်ကားအတွက်ကို သူတို့ လာကြည့်ပါ့မလားဆိုတာ အခုထဲက ရင်ပူနေတယ် ဆိုတော့လေ သူတို့ မှန်းပေးတာနဲ့တင် အရမ်းဝမ်းသာနေရပါပြီ”လို့ နောက်တင်မယ့် ဇာတ်ကားတွေ အတွက် ပရိတ်သတ်တွေ သဘောမကျမှာ စိတ်ပူနေရတာကိုလည်းပြောပြ သွားပါတယ်။

အခုလက်ရှိရိုက်နေတဲ့ ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး “ထာဝ ရနှောင်ကြိုးက ဥပါယ်တံမျဉ်လိုပဲ ကြိုက်နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ် မုဒြာရဲ့ခေါ်သံရော ဥပါယ်တံမျဉ်ရော အမတို့ကတော့ ခုနက အမပြောသလိုပေါ့နော် စေတနာသည် ကံဆိုတဲ့ အတိုင်း စေတနာက လုံးဝအပြည့်ပဲ ကိုယ့်မှာရှိတဲ့ အစွမ်းအကုန်ကိုထည့်တယ် ။

ဘာလို့လဲဆိုတော့ လာကြည့်တဲ့ ပရိသတ်တွေရဲ့ ကုန်ကျစရိတ်ကိုလည်း နားလည်တယ် အချိန်ပေးရတာကိုလည်း နားလည်တယ် ဒါကြောင့်မို့လို့ အတတ်နိုင်ဆုံးတော့ အမှား နည်းအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားနေပါတယ် ကမ္ဘာကျော်ကြီးတွေေ လောက်တော့ မတော်ဘူးဆိုတာသိပါတယ်။ ဒါပေမယ့်လည်း တကယ်ကိုဖြစ်လည်း ဖြစ်ချင်ပါတယ် ကြိုးလည်း ကြိုးစားနေပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ထာဝရနှောင်ကြိုး(Now and Ever)ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခရစ္စတီးနားခီ မင်းသား ဇာဏ်ခီ မင်းသမီး ပိုင်ဖြိုးသုတို့နဲ့ အတူ များစွာသော သရုပ်ဆောင် အသစ်တွေနဲ့ ဘယ်လိုထူးခြားတဲ့ ဇာတ်ရုပ်တွေနဲ့ ဘယ်လို စိတ်ဝင်စားစရာကောင်းမယ့် ဇာတ်လမ်းဖြစ်မလဲဆိုတာကိုတော့ ပရိသတ်တွေလည်း အခုထဲက ရင်ခုန်နေရလောက်ပြီလို့ ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top