ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 ျမန္မာ့လူအဖြဲ႕အစည္းအတြင္း လူဦးေရ တိုးတက္လာမႈႏွင့္အတူ လူတစ္ဦးခ်င္း ဆီစားသံုးမႈသည္လည္း ႏွစ္စဥ္ တိုးတက္လာလ်က္ရွိရာ သန္႔ရွင္းေသာ၊ က်န္းမာေရးႏွင့္  ညီညြတ္ေသာ စားသံုးဆီဖူလံုေရးသည္  အေရးႀကီးေသာ အခန္းက႑မွ ပါ၀င္လာေပသည္။ ျပည္တြင္း၌ လူတစ္ဦး တစ္ႏွစ္လွ်င္  စားသံုးဆီ ေျခာက္ပိႆာခန္႔ ပ်မ္းမွ်သံုးစြဲလ်က္ရွိရာ  လူဦးေရသန္း ၅၀ ေက်ာ္အတြက္ တစ္ႏွစ္လွ်င္ စားသုံးဆီ တန္ခ်ိန္ အနည္းဆံုး ၅ ဒသမ ၆သိန္း လိုအပ္လ်က္ ရွိေနသည္။

သို႔ေသာ္ လက္ေတြ႕တြင္ ျပည္တြင္း ထုတ္လုပ္ႏုိင္မႈမွာ တစ္ႏွစ္လွ်င္ စားသုံးဆီ တန္ခ်ိန္ေလးသိန္း ၀န္းက်င္သာ ထုတ္လုပ္ႏုိင္ျခင္းေၾကာင့္ ဆီထြက္သီးႏွံဖူလံုေရးဆိုသည္မွာ  မ်ားစြာႀကိဳးပမ္းရမည့္ အေျခအေနပင္။ ထိုသို႔ ျပည္တြင္းစားသံုးရန္ လိုအပ္ခ်က္ ျမင့္မားမႈကို ျဖည့္ဆည္းႏုိင္ေရးအတြက္ ျပည္ပမွ ႏွစ္စဥ္တန္ခ်ိန္ေျခာက္သိန္းခန္႔ (အေမရိကန္ေဒၚလာသန္း ၅၀၀ မွ သန္း ၇၀၀ ခန္႔) ကုန္က်ခံ တင္သြင္းေနရေသာ္လည္း အမ်ားဆံုးတင္သြင္းကုန္မွာ စားအုန္းဆီသာျဖစ္ေန၍ သန္႔ရွင္းေသာ က်န္းမာေရးႏွင့္ညီၫြတ္သည့္ဆီမ်ား စားသံုးႏုိင္ ေရးသည္ ျမန္မာလူထုအတြက္ ၿခိမ္းေျခာက္မႈ တစ္ခုျဖစ္ေနသည္။ ျမန္မာႏုိင္ငံသည္ လယ္ယာ စိုက္ပ်ဳိးေရး အဓိက အားထားသည့္ ႏိုင္ငံတစ္ခုျဖစ္ေသာ္လည္း စားသံုးဆီ (ဆီထြက္သီးႏွံ) ဖူလံုေရးသည္ အိပ္မက္တစ္ခုအျဖစ္သာရွိေန ေသးေၾကာင္း ကုန္သည္မ်ားက ေျပာသည္။

ဆီထြက္သီးႏွံ ဧကေပါင္းမ်ားစြာ ကိုယ္တုိင္  စိုက္ပ်ဳိးေနသည့္ ေတာင္သူမ်ားပင္လွ်င္ “အိုးသည္ အိုးေကာင္းမသံုးရ” ဆိုသည့္ စကားပံုအတုိင္း မိမိလယ္မွထြက္ရွိသည့္ ဆီထြက္သီးႏွံတို႔ ေရာင္းခ်၍ ေစ်းကြက္အတြင္းမွ မသန္႔စင္ေသာ ဆီမ်ားကို ျပန္လည္၀ယ္ယူသံုးစြဲေန ရသည္။ ျမန္မာ့လယ္ယာေျမမွ ထြက္ရွိသည့္ ဆီထြက္သီးႏွံတို႔မွာ ျပည္ပသို႔ ကုန္ၾကမ္း အတုိင္းသြားေနကာ ျပည္ပမွ ျပန္လည္ေရာေႏွာ ႀကိတ္ခြဲတင္သြင္းလုိက္ေသာ စားသံုးဆီမ်ားကိုသာ ျပန္လည္ ၀ယ္ယူစားသံုး ေနရသည့္ အေနအထားေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရးကို ထိခိုက္လာလ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးခင္စိုးက ေျပာသည္။“ျမန္မာႏိုင္ငံမွာ သန္႔စင္တဲ့ စားသံုးဆီကို လက္လွမ္းမမီတဲ့လူဦးေရ ၉၀ ရာခိုင္ႏႈန္းေက်ာ္ရွိေနတယ္။ ေစ်းကြက္ထဲမွာ ရွိေနတဲ့ ဆီအမ်ားစုဟာ ဓာတုအနံေပးထား တဲ့ မသန္႔စင္တဲ့ေရာေႏွာဆီေတြသာ ျဖစ္ေနတယ္။ ဒါေတြကို အခုကတည္းက ၾကပ္မတ္ေဆာင္ရြက္ျခင္းမလုပ္ႏိုင္ရင္
လူဦးေရ ၈၀ ရာခိုင္ႏႈန္းရွာထားတဲ့ ပိုက္ဆံေတြဟာ ေဆး႐ုံ၊ ေဆးခန္းမွာဘဲ ျပန္ကုန္ရေတာ့မယ့္ အေျခအေနပါ”ဟု ၎က ေျပာသည္။

လက္ရွိ ျမန္မာျပည္သူတို႔ စားသံုးေနရသည့္ ျပည္ပမွတင္သြင္းလာသည့္ ဆီ အမ်ဳိးမ်ဳိးမွာ ဓာတုအနံ႔ေပးထားသည့္ ဆီမ်ားသာျဖစ္ေၾကာင္း၊ ျပည္တြင္းတြင္ ပဲဆီ၊ ႏွမ္းဆီသန္႔သန္႔ စားသံုးႏုိင္မႈမွာ လူဦးေရ၏ ငါးရာခိုင္ႏႈန္းေအာက္သာ ရွိေနျခင္းေၾကာင့္ ေရရွည္တြင္က်န္းမာေရးထိခုိက္လာကာ ျပည္သူ႔က်န္းမာေရးကို မ်ားစြာၿခိမ္းေျခာက္လာႏုိင္ေၾကာင္း ကြ်မ္းက်င္သူမ်ားက ေျပာသည္။

ဆီထြက္သီးႏွံ  ကုန္ၾကမ္းေစ်းတက္ ျခင္း၊ ေရာေႏွာဆီႏွင့္ စားအုန္းဆီမ်ား ျပည္ပမွ တရားမ၀င္ ၀င္ေရာက္ေနျခင္းတို႔ေၾကာင့္ ျပည္တြင္းဆီစက္လုပ္ငန္း ၉၀ ရာခိုင္ႏႈန္းခန္႔သည္ အ႐ံႈးႏွင့္ရင္ဆိုင္ေနရၿပီး လုပ္ငန္းမ်ား ရပ္ဆိုင္းရလ်က္ရွိေၾကာင္း ဆီစက္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။ ျမန္မာတစ္ႏိုင္ငံလံုးတြင္ ယခင္က ဆီစက္႐ံုအလံုးေပါင္း ၃၀၀၀ ေက်ာ္ရွိေသာ္လည္း ၂၀၁၇ ခုႏွစ္အတြင္း လုပ္ငန္းမ်ား ပိုမို အ႐ံႈးေပၚလာၾကေသာေၾကာင့္ လက္ရွိတြင္ ဆီစက္အလံုးေပါင္း ၃၀၀ ခန္႔သာ လုပ္ငန္း လည္ပတ္ႏိုင္ေတာ့ေၾကာင္း ျမန္မာႏိုင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္း၊ အတြင္းေရးမႉး ဦးေအာင္ေက်ာ္ေက်ာ္က ေျပာသည္။ “ဆီစက္လုပ္ငန္းေတြ ၂၀၁၆ ခုႏွစ္ကတည္းက စတင္ရပ္ဆိုင္းလာတာပါ။  ဒါေပမယ့္ ၂၀၁၇ ခုႏွစ္က်မွ ပိုၿပီး ဆိုးဆိုးရြားရြားျဖစ္လာတာ။ လုပ္ငန္းလည္ပတ္ႏိုင္တဲ့ ၁၀ရာခိုင္ႏႈန္းမွာေတာင္ ပဲဆီက ၇ ရာခိုင္ႏႈန္း၊ ႏွမ္းဆီက သံုးရာခိုင္ႏႈန္းေလာက္ဘဲ ရွိေတာ့တယ္။ ေစ်းကြက္မွာ တရားေသာယွဥ္ၿပိဳင္ ေရာင္းခ်ႏိုင္မႈမရွိတဲ့အတြက္ ေရာင္းအားက် သြားၿပီးေတာ့ ထုတ္လုပ္မႈေတြ ရပ္ဆိုင္းေနရတာပါ” ဟု ၎က ေျပာသည္။ ထုိကဲ့သို႔ တရားမ၀င္ ၀င္ေရာက္မႈမ်ားႏွင့္ေရာေႏွာ ဆီလုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ အေရးယူရန္အတြက္ စားသံုးသူ အကာအကြယ္ေပးေရး ဥပေဒ ထြက္ရွိၿပီး ျဖစ္ေသာ္လည္း ေစ်းကြက္အတြင္းရွိ ထိန္းသိမ္းမႈႏွင့္ အေရးယူမႈမ်ားကို ထိေရာက္စြာ မေဆာင္ရြက္ႏိုင္ ေသးေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ၏ အဓိက ဆီထြက္သီးႏွံမ်ားမွာ ႏွမ္းမ်ဳိးစံု၊ ေျမပဲမ်ဳိးစံုႏွင့္ ေနၾကာတို႔ျဖစ္ၿပီး  ျပည္တြင္းစိုက္ပ်ဳိးေျမ၏ ၁၆ ရာခိုင္ႏႈန္းကို ဆီထြက္သီးႏွံမ်ား စိုက္ပ်ဳိးေနျခင္းျဖစ္သည္။ ဆီထြက္သီးႏွံထဲမွ ႏွမ္းမ်ဳိးစံု စိုက္ပ်ဳိးမႈမွာ တစ္ႏွစ္လွ်င္ ဧက တစ္သန္းေက်ာ္စိုက္ကာ တန္ခ်ိန္ ၁၀ သိန္းေက်ာ္ ထြက္ရွိေၾကာင္း သိရသည္။ ႏွမ္းသည္ ဆီထြက္သီးႏွံ စုစုေပါင္း စိုက္ဧက ၏ ၅၁ ဒသမ ၃ ရာခိုင္ႏႈန္း ရွိေနသည္။ ႏွမ္းကို ျပည္ပႏိုင္ငံေပါင္း ၁၂ ခုသို႔ ႏွစ္စဥ္တင္ပို႔လ်က္ရွိေနၿပီး ေစ်းကြက္ေ၀စုတြင္ လည္း ၁၀ ရာခိုင္ႏႈန္းေက်ာ္ ရရိွထားၿပီး တ႐ုတ္၊ ဂ်ပန္၊ ဥေရာပႏုိင္ငံမ်ားသို႔ အဓိကထား တင္ပို႔ေနသည္။ ထိုသို႔ ျပည္ပကို ကုန္ၾကမ္းတိုင္း တင္ပို႔မႈ ျမင့္တက္လာျခင္းေၾကာင့္ ျပည္တြင္းရွိ ေမြးျမဴေရး အစာကုန္ၾကမ္းမ်ားအတြက္ အခက္အခဲ ျဖစ္လာေၾကာင္း ျမန္မာႏိုင္ငံ ငါး၊ ပုစြန္အစာ ထုတ္လုပ္ေရာင္းခ်သူမ်ားအသင္း ဥကၠ႒၊ ေဒါက္တာသက္မႉးက ေျပာၾကား သည္။ “တစ္ႏိုင္ငံလံုးမွာ ဆီထြက္ႏိုင္တဲ့အားက ၁၀ ရာခိုင္ႏႈန္းဘဲ ရွိေတာ့တယ္။ အဲ့ဒါေၾကာင့္ ေမြးျမဴေရးအစာ ကုန္ၾကမ္း ျဖစ္တဲ့ ပဲဖက္၊ ႏွမ္းဖက္ေတြကိုလည္း ဆီစက္ေတြက မႀကိတ္ႏိုင္ေတာ့ဘူး။ ျပည္ပကေန ေစ်းႀကီးေပး၀ယ္ေနရတယ္။
ပဲဖက္၊ ႏွမ္းဖက္ေစ်းကေတာ့ ထပ္တက္ဖို႔ဘဲ ရွိေတာ့တယ္”ဟု ၎က ေျပာသည္။ ထို႔အတူ ဆီထြက္သီးႏွံထဲမွ ေျမပဲ စိုက္ဧကမွာ ၂၆ ရာခိုင္ႏႈန္းရွိေနၿပီး မႏၲေလးတုိင္း ေဒသႀကီးတြင္ တစ္ႏုိင္ငံလံုးစိုက္ဧက၏ ၂၀ ရာခိုင္ႏႈန္းခန္႔ရွိေနသည္။

ျမန္မာႏိုင္ငံသည္ ေျမပဲစိုက္ပ်ဳိးထုတ္လုပ္မႈ ဆ႒မေျမာက္ ႏုိင္ငံျဖစ္လာၿပီး ျပည္ပႏိုင္ငံမ်ားသို႔ တင္ပို႔ ေနသည္။ “ဆီထြက္သီးႏွံေတြအ တြက္ ေတာင္သူေတြ အဓိက လုိအပ္ေနတာက အရည္အေသြးမီမ်ဳိးေစ့ ရရွိႏုိင္ဖို႔ ျဖစ္တယ္။ အထြက္ႏႈန္းေကာင္းတဲ့မ်ဳိးေတြ စိုက္ႏုိင္မွ စိုက္ကုန္က်စရိတ္ေတြ ကာမိေစၿပီးေတာ့ စီးပြားျဖစ္စိုက္လာႏုိင္မွာျဖစ္သလို တစ္ဘက္မွာလည္း ျပည္တြင္းဆီစားသံုးမႈနဲ႔ ျပည္ပတိုးတက္ တင္ပို႔ဖို႔ အေထာက္အကူျပဳလာမွာျဖစ္တယ္”ဟု မႏၲေလး တုိင္းေဒသႀကီးမွ ေျမပဲႏွင့္ ပဲမ်ဳိးစံုကုန္သည္ ဦးေအာင္ႏိုင္က ေျပာသည္။

ေျမပဲ အမ်ားဆံုးစိုက္ပ်ဳိးရာ တိုင္းေဒသႀကီးမ်ားတြင္ ေတာင္သူမ်ားမွ  စံျပစုိက္ႏွင့္  ကန္ထ႐ုိက္စနစ္ျဖင့္ စိုက္ပ်ဳိးလိုပါက ျမန္မာႏုိင္ငံ ဆီစက္ပိုင္ရွင္မ်ားအသင္းသို႔ ဆက္သြယ္ အကူအညီေတာင္းႏုိင္ေၾကာင္း အသင္းမွ ေၾကညာထားသည္။ ထိုသို႔ ျမန္မာႏုိင္ငံ၏ ဆီထြက္သီးႏွံအလိုက္ စိုက္ပ်ဳိးမႈ၊ ထြက္ရွိမႈ ျပည္ပ တင္ပို႔မႈအလိုက္ စာရင္းမ်ားအရ ျပည္တြင္းစားသံုးမႈ လံုေလာက္ေစႏုိင္ေသာ စိုက္ပ်ဳိးႏုိင္သည့္ ေျမဧရိယာပမာဏရွိသည္ကို ေတြ႕ရေသာ္လည္း လက္ေတြ႕တြင္ စားသံုးဆီ မလံုေလာက္ေသာ အေျခအေနမ်ားေၾကာင့္ ျပည္ပမွ တင္သြင္းလာသည့္ ဆီမ်ားကို အားထားစားသံုးေနရမႈက စိုက္ပ်ဳိးႏုိင္ငံ တစ္ခုျဖင့္ ရပ္တည္ေနသည့္ ႏုိင္ငံတစ္ခုအေနျဖင့္ ျပန္လည္သံုး သပ္ရန္ လိုအပ္ေနၿပီး ဆီထြက္သီးႏွံစီမံကိန္းမ်ား အဆင့္ဆင့္ ပုံေဖာ္၍ ျပည္သူတို႔ သန္႔ရွင္းေသာ၊ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ျပည္တြင္း ထုတ္စားသံုးဆီမ်ား ဖူလံုလာေစရန္ အထူးအေရးေပး ပံုေဖာ္သင့္ေၾကာင္း ဆီထြက္သီးႏွံကုန္သည္မ်ားက ေျပာသည္။

ျမန္မာႏုိင္ငံ၏ ဆီစားသံုးမႈတြက္ ခ်က္စာရင္းမ်ားအရ ႏွစ္အလုိက္ ကြာျခားမႈ အျဖစ္ ၁၉၇၅ ခုႏွစ္တြင္ လူတစ္ဦးခ်င္း ဆီစားသံုးမႈႏႈန္း သံုးပိႆာႏွင့္ ၈၀ က်ပ္သား ျဖစ္လာကာ ထို႔ေနာက္ ၂၀၁၂ ခုႏွစ္ေနာက္ပိုင္းမွစ၍ လူတစ္ဦးခ်င္း ဆီစားသံုးမႈႏႈန္း ၅ ဒသမ ၆ ပိႆာျဖစ္ၿပီး စားသံုးဆီေျခာက္သိန္းႏွင့္ အစားအေသာက္ႏွင့္ စက္မႈ လုပ္ငန္းသံုး ေပါင္းလုိက္ပါက တန္ခ်ိန္တစ္သန္းခန္႔ လိုအပ္ေၾကာင္း သိရသည္။ ျပည္တြင္းမွ ပဲဆီထုတ္လုပ္ႏုိင္မႈသည္ တန္ခ်ိန္ သံုးသိန္းခန္႔၊ နွမ္းဆီ၊ ေနၾကာဆီ အပါအ၀င္ အျခားဆီထုတ္လုပ္ႏုိင္မႈသည္ တန္ခ်ိန္ တစ္သိန္း၊ စုစုေပါင္း တန္ခ်ိန္ ေလးသိန္းခန္႔သာ ထုတ္လုပ္ႏုိင္၍ ျပည္ပမွ နွစ္စဥ္ တန္ခ်ိန္ ေျခာက္သိန္းခန္႔ တင္သြင္းေနရျခင္းျဖစ္သည္။ လက္ရွိ တြင္လည္း စားအုန္းဆီသည္ ျပည္တြင္းဆီ ေစ်းကြက္၏ ၉၀ ရာခိုင္ႏႈန္းနီးပါးကို ရယူထားသည္။

“ျမန္မာႏုိင္ငံမွာ ဆီထြက္သီးႏွံ က႑က အေရးပါပါတယ္။ ဘာ့ေၾကာင့္လဲဆုိေတာ့ ဆီစားသံုးမႈ အင္မတန္မ်ားတဲ့ႏုိင္ငံ ျဖစ္လို႔ပါဘဲ။ ျပည္တြင္းဖူလုံေအာင္ဆိုၿပီးေတာ့ ဆီထြက္သီးႏွံတင္ပို႔မႈကို ပိတ္လိုက္တယ္။ အဲ့ဒီေတာ့ ဘာျဖစ္သြား လဲဆိုေတာ့ စုိက္ကို မစုိက္ၾကေတာ့ဘူး။ အဲ့ဒီေတာ့ အဲ့ဒီနည္းလမ္းဟာ လည္း မဟန္ဘူးေပါ့။ အခု ျပန္ဖြင့္ေပးတယ္။ ဆီထြက္သီးႏွံ ထုတ္လုပ္မႈ တိုးတက္လာရင္ အမ်ားႀကီး အက်ဳိးေက်းဇူးရွိပါတယ္။ ေစ်းကြက္ကလည္း ရွိၿပီးသားပါ။ အလုပ္အကိုင္အခြင့္အလမ္းေတြ တိုးတက္မယ္။ ႏုိင္ငံျခားေငြယိုေပါက္ကိုလည္းေလွ်ာ့ခ်ႏုိင္မွာျဖစ္ပါ တယ္”ဟု စီးပြားကူးသန္းမွ ကုန္သြယ္မႈ ျမႇင့္တင္ေရးအဖြဲ႕ၫႊန္ၾကားေရးမႉး ဦးမ်ဳိးသူက ေျပာသည္။

ျမန္မာ့ ဆီထြက္သီးႏွံ ထုတ္ကုန္မ်ား တင္ပို႔ႏုိင္ေရးအတြက္ အားနည္းခ်က္မ်ားသည္ ဆီအုန္းကဲ့သို႔  ထုတ္လုပ္မႈပမာဏမ်ားျပားေသာ သီးႏွံမ ဟုတ္ျခင္း၊ စုိက္ပ်ဳိးစနစ္၊ နည္းပညာႏွင့္ အျခားရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား မထည့္သြင္းႏုိင္ျခင္းတုိ႔ေၾကာင့္ အထြက္ႏႈန္းနည္းျခင္း၊ ထြက္ရွိေသာ သီးႏွံမ်ားကိုေလလြင့္မႈမရွိ ေအာင္ ထိန္းသိမ္းႏုိင္မည့္ နည္းစနစ္ႏွင့္ သုိေလွာင္႐ုံမရွိျခင္း၊ ေစ်းေကာင္း ရရွိေစရန္ အစားအစာအႏၲရာယ္ကင္းေစသည့္ နည္းစနစ္ မ်ား က်င့္သံုးမႈ အားနည္းျခင္း၊ ကုန္ေခ်ာထက္ ကုန္ၾကမ္းတင္ပို႔မႈ သာ မ်ားျပားသည့္ အခ်က္မ်ား ျဖစ္ေနသည္။ ထိုအေျခအေနမ်ားကို အတန္အသင့္ ေက်ာ္လႊားႏုိင္ရန္ႏွင့္ စားသံုးဆီဖူလံုေရး အတြက္  ပုဂၢလိကလုပ္ငန္းရွင္မ်ား ပါ၀င္သည့္ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းႏွင့္  ဆီစက္ပိုင္ရွင္မ်ားအသင္းမွ ဦးေဆာင္၍ ဆီထြက္သီးႏွံစီမံကိန္းမ်ား စတင္ေဖာ္ေဆာင္ကာ ေတာင္သူမ်ားႏွင့္ ကန္ထ႐ုိက္စနစ္ျဖင့္ စတင္အေကာင္အထည္ ေဖာ္ေနၿပီးျဖစ္ကာ ဆီထြက္သီးႏွံက႑  ဖြံ႕ၿဖိဳးေစရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဆီစက္လုပ္ငန္း လုပ္ရာတြင္ ကုန္ၾကမ္းခ၊ စက္လည္ရန္အတြက္ မီတာခ၊ အလုပ္သမားခ စသည္ျဖင့္ ကုန္က်စရိတ္မ်ား ရိွေၾကာင္း၊ အနံ႔ထည့္ပဲဆီေစ်းကြက္ ႀကီးထြားလာၿပီးေနာက္ မွန္မွန္ကန္ကန္ ထုတ္လုပ္ေရာင္းခ်သူမ်ား တြက္ေျခ မကိုက္ေတာ့၍ လုပ္ငန္းရပ္ဆိုင္းလ်က္ရွိေၾကာင္း သိရသည္။ ဆီကုန္သည္၊ ဆီလုပ္ငန္းရွင္မ်ား အသင္းႏွင့္ ဆီစက္ ပိုင္ရွင္မ်ား အသင္းမွ ဦးေဆာင္၍ ျပည္တြင္းစားသံုးမႈႏွင့္ ျပည္ပပို႔ကုန္အတြက္ပါ ဆီထြက္သီးႏွံလံုေလာက္ေအာင္ စိုက္ပ်ဳိးႏိုင္ေရး၊ စားသံုးဆီထုတ္ကုန္ၾကမ္းမ်ားရရွိႏိုင္ေရးတြင္ အေစ့လိုက္၊ အဆံလိုက္ ႏိုင္ငံျခားသို႔ တင္ပို႔ေနသူမ်ားႏွင့္ ဆီစက္လုပ္ငန္းရွင္မ်ား အေနျဖင့္ အၿပိဳင္၀ယ္ယူႏိုင္စြမ္းရွိလာေရး သိုေလွာင္ျခင္း၊ အေျခာက္ခံျခင္း၊ ႀကိတ္ခြဲျခင္းတို႔တြင္ စက္ပစၥည္း အားနည္းၿပီး ေစ်းကြက္တြင္းရွိ စားသံုးဆီအတုမ်ားႏွင့္ မယွဥ္ႏိုင္သျဖင့္ ဆီစက္ ထုတ္လုပ္ငန္း လုပ္လိုသူမ်ား နည္းပါးေန၍ အားေပးႏိုင္ေရး၊ ေျမပဲ၊ ႏွမ္း စသည့္ ကုန္ၾကမ္းမ်ားေပၚခ်ိန္တြင္ ေစ်းအဆမတန္က်ျခင္းအား ထိန္းခ်ဳပ္ႏိုင္ေရးတို႔ကို ေဆာင္ရြက္သြားမည္ဟု သိရသည္။ ဆီထြက္သီးႏွံ ေစ်းကြက္သာမက ျပည္ပေစ်းကြက္ထိေအာင္ ထိုးေဖာက္ႏိုင္ရန္၊ စားသုံးသူမ်ား ေစ်းႏႈန္း တည္ၿငိမ္ၿပီး အရည္အေသြးမီ စားသုံးဆီမ်ား စားသုံးရန္၊  ဆီစက္မ်ား၏ ေဘးထြက္ပစၥည္း ပဲဖက္၊ ႏွမ္းဖက္ စသည္မ်ားမွ ေမြးျမဴေရး က႑ဆက္စပ္ ဖြံ႕ၿဖိဳးလာေစရန္ ပံုေဖာ္ပုဂၢလိက လုပ္ငန္းရွင္မ်ား ႏွင့္ အစိုးရဌာနမ်ား ပံုေဖာ္လုပ္ေဆာင္ေနေၾကာင္း  သိရသည္။

“ကန္ထ႐ုိက္စနစ္နဲ႔ ဆီထြက္သီးႏွံ ျဖစ္တဲ့ ေျမပဲကိုဘဲ ဦးစားေပးစိုက္တာ ေတြ႕ရပါတယ္။ က်န္တဲ့ ႏွမ္းနဲ႔ ေနၾကာစိုက္တာ နည္းတယ္။ ႏွမ္းေပၚခ်ိန္တုန္းကလည္း ေစ်းေကာင္းမရေတာ့ ေတာင္သူေတြ ဆံုး႐ႈံးရေတာ့ ကန္ထ႐ုိက္စနစ္ ပံုေဖာ္လာဖို႔ လိုအပ္တယ္။ ဆီထြက္ သီးႏွံစိုက္တဲ့ ေတာင္သူကအစ ထြက္ရွိလာတာကို ေရာင္းစားတယ္။ မႀကိတ္စားၾကေတာ့ဘဲ ေစ်းကဘဲ ၀ယ္သံုးလုိက္ၾကတယ္”ဟု ေနျပည္ေတာ္၊ လယ္ေ၀းၿမိဳ႕နယ္ ဆီထြက္သီးႏွံစိုက္ေတာင္သူ ဦးမင္းစိုးက ေျပာသည္။ လက္ရွိ ဆီထြက္သီးႏွံ ပင္ရင္းစိုက္ပ်ဳိးသည့္ ေတာင္သူလယ္သမားမ်ား ကိုယ္တုိင္ထြက္ရွိလာသည့္ ႏွမ္း၊ ေျမပဲႏွင့္ ေနၾကာတို႔ကိို ႀကိတ္ခြဲအသံုးျပဳမၾကေတာ့ဘဲ ေရာင္းခ်ကာ ေစ်းကြက္ထဲမွ သင့္ရာ  ေရာေႏွာဆီမ်ားကို ျပန္လည္၀ယ္ယူစားသံုးမႈမ်ားသာ ျပဳလုပ္ေနၾက၍ ျမန္မာျပည္သူ တစ္ရပ္လံုးသန္႔ရွင္းေသာ၊ အရည္အေသြးျပည့္မီေသာ ေဘးအႏၲရာယ္ကင္းေသာ စားသံုးဆီမ်ား အသံုးျပဳႏုိင္ရန္အတြက္ ဆီထြက္သီးႏွံ စီမံကိန္းမ်ား ထိထိေရာက္
ေရာက္ အေကာင္အထည္ေဖာ္ကာ ျပည္တြင္းစားသံုးမႈ ဖူလံုေရးကို ဦးတည္ခ်က္ထားေဆာင္ရြက္သင့္ပါေၾကာင္း ေရးသားတုိက္တြန္း
အပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နီနီေအာင္

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာ့လူအဖွဲ့အစည်းအတွင်း လူဦးရေ တိုးတက်လာမှုနှင့်အတူ လူတစ်ဦးချင်း ဆီစားသုံးမှုသည်လည်း နှစ်စဉ် တိုးတက်လာလျက်ရှိရာ သန့်ရှင်းသော၊ ကျန်းမာရေးနှင့်  ညီညွတ်သော စားသုံးဆီဖူလုံရေးသည်  အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပေသည်။ ပြည်တွင်း၌ လူတစ်ဦး တစ်နှစ်လျှင်  စားသုံးဆီ ခြောက်ပိဿာခန့် ပျမ်းမျှသုံးစွဲလျက်ရှိရာ  လူဦးရေသန်း ၅၀ ကျော်အတွက် တစ်နှစ်လျှင် စားသုံးဆီ တန်ချိန် အနည်းဆုံး ၅ ဒသမ ၆သိန်း လိုအပ်လျက် ရှိနေသည်။

သို့သော် လက်တွေ့တွင် ပြည်တွင်း ထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် စားသုံးဆီ တန်ချိန်လေးသိန်း ဝန်းကျင်သာ ထုတ်လုပ်နိုင်ခြင်းကြောင့် ဆီထွက်သီးနှံဖူလုံရေးဆိုသည်မှာ  များစွာကြိုးပမ်းရမည့် အခြေအနေပင်။ ထိုသို့ ပြည်တွင်းစားသုံးရန် လိုအပ်ချက် မြင့်မားမှုကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပမှ နှစ်စဉ်တန်ချိန်ခြောက်သိန်းခန့် (အမေရိကန်ဒေါ်လာသန်း ၅၀၀ မှ သန်း ၇၀၀ ခန့်) ကုန်ကျခံ တင်သွင်းနေရသော်လည်း အများဆုံးတင်သွင်းကုန်မှာ စားအုန်းဆီသာဖြစ်နေ၍ သန့်ရှင်းသော ကျန်းမာရေးနှင့်ညီညွတ်သည့်ဆီများ စားသုံးနိုင် ရေးသည် မြန်မာလူထုအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်။ မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေး အဓိက အားထားသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စားသုံးဆီ (ဆီထွက်သီးနှံ) ဖူလုံရေးသည် အိပ်မက်တစ်ခုအဖြစ်သာရှိနေ သေးကြောင်း ကုန်သည်များက ပြောသည်။

ဆီထွက်သီးနှံ ဧကပေါင်းများစွာ ကိုယ်တိုင်  စိုက်ပျိုးနေသည့် တောင်သူများပင်လျှင် “အိုးသည် အိုးကောင်းမသုံးရ” ဆိုသည့် စကားပုံအတိုင်း မိမိလယ်မှထွက်ရှိသည့် ဆီထွက်သီးနှံတို့ ရောင်းချ၍ ဈေးကွက်အတွင်းမှ မသန့်စင်သော ဆီများကို ပြန်လည်ဝယ်ယူသုံးစွဲနေ ရသည်။ မြန်မာ့လယ်ယာမြေမှ ထွက်ရှိသည့် ဆီထွက်သီးနှံတို့မှာ ပြည်ပသို့ ကုန်ကြမ်း အတိုင်းသွားနေကာ ပြည်ပမှ ပြန်လည်ရောနှော ကြိတ်ခွဲတင်သွင်းလိုက်သော စားသုံးဆီများကိုသာ ပြန်လည် ဝယ်ယူစားသုံး နေရသည့် အနေအထားကြောင့် နောက်ဆက်တွဲ ကျန်းမာရေးကို ထိခိုက်လာလျက်ရှိနေကြောင်း မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။“မြန်မာနိုင်ငံမှာ သန့်စင်တဲ့ စားသုံးဆီကို လက်လှမ်းမမီတဲ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိနေတယ်။ ဈေးကွက်ထဲမှာ ရှိနေတဲ့ ဆီအများစုဟာ ဓာတုအနံပေးထား တဲ့ မသန့်စင်တဲ့ရောနှောဆီတွေသာ ဖြစ်နေတယ်။ ဒါတွေကို အခုကတည်းက ကြပ်မတ်ဆောင်ရွက်ခြင်းမလုပ်နိုင်ရင်
လူဦးရေ ၈၀ ရာခိုင်နှုန်းရှာထားတဲ့ ပိုက်ဆံတွေဟာ ဆေးရုံ၊ ဆေးခန်းမှာဘဲ ပြန်ကုန်ရတော့မယ့် အခြေအနေပါ”ဟု ၎င်းက ပြောသည်။

လက်ရှိ မြန်မာပြည်သူတို့ စားသုံးနေရသည့် ပြည်ပမှတင်သွင်းလာသည့် ဆီ အမျိုးမျိုးမှာ ဓာတုအနံ့ပေးထားသည့် ဆီများသာဖြစ်ကြောင်း၊ ပြည်တွင်းတွင် ပဲဆီ၊ နှမ်းဆီသန့်သန့် စားသုံးနိုင်မှုမှာ လူဦးရေ၏ ငါးရာခိုင်နှုန်းအောက်သာ ရှိနေခြင်းကြောင့် ရေရှည်တွင်ကျန်းမာရေးထိခိုက်လာကာ ပြည်သူ့ကျန်းမာရေးကို များစွာခြိမ်းခြောက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဆီထွက်သီးနှံ  ကုန်ကြမ်းဈေးတက် ခြင်း၊ ရောနှောဆီနှင့် စားအုန်းဆီများ ပြည်ပမှ တရားမဝင် ဝင်ရောက်နေခြင်းတို့ကြောင့် ပြည်တွင်းဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းခန့်သည် အရှုံးနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းများ ရပ်ဆိုင်းရလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ယခင်က ဆီစက်ရုံအလုံးပေါင်း ၃၀၀၀ ကျော်ရှိသော်လည်း ၂၀၁၇ ခုနှစ်အတွင်း လုပ်ငန်းများ ပိုမို အရှုံးပေါ်လာကြသောကြောင့် လက်ရှိတွင် ဆီစက်အလုံးပေါင်း ၃၀၀ ခန့်သာ လုပ်ငန်း လည်ပတ်နိုင်တော့ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၊ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။ “ဆီစက်လုပ်ငန်းတွေ ၂၀၁၆ ခုနှစ်ကတည်းက စတင်ရပ်ဆိုင်းလာတာပါ။  ဒါပေမယ့် ၂၀၁၇ ခုနှစ်ကျမှ ပိုပြီး ဆိုးဆိုးရွားရွားဖြစ်လာတာ။ လုပ်ငန်းလည်ပတ်နိုင်တဲ့ ၁၀ရာခိုင်နှုန်းမှာတောင် ပဲဆီက ၇ ရာခိုင်နှုန်း၊ နှမ်းဆီက သုံးရာခိုင်နှုန်းလောက်ဘဲ ရှိတော့တယ်။ ဈေးကွက်မှာ တရားသောယှဉ်ပြိုင် ရောင်းချနိုင်မှုမရှိတဲ့အတွက် ရောင်းအားကျ သွားပြီးတော့ ထုတ်လုပ်မှုတွေ ရပ်ဆိုင်းနေရတာပါ” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ တရားမဝင် ဝင်ရောက်မှုများနှင့်ရောနှော ဆီလုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူရန်အတွက် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ထွက်ရှိပြီး ဖြစ်သော်လည်း ဈေးကွက်အတွင်းရှိ ထိန်းသိမ်းမှုနှင့် အရေးယူမှုများကို ထိရောက်စွာ မဆောင်ရွက်နိုင် သေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိက ဆီထွက်သီးနှံများမှာ နှမ်းမျိုးစုံ၊ မြေပဲမျိုးစုံနှင့် နေကြာတို့ဖြစ်ပြီး  ပြည်တွင်းစိုက်ပျိုးမြေ၏ ၁၆ ရာခိုင်နှုန်းကို ဆီထွက်သီးနှံများ စိုက်ပျိုးနေခြင်းဖြစ်သည်။ ဆီထွက်သီးနှံထဲမှ နှမ်းမျိုးစုံ စိုက်ပျိုးမှုမှာ တစ်နှစ်လျှင် ဧက တစ်သန်းကျော်စိုက်ကာ တန်ချိန် ၁၀ သိန်းကျော် ထွက်ရှိကြောင်း သိရသည်။ နှမ်းသည် ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက ၏ ၅၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေသည်။ နှမ်းကို ပြည်ပနိုင်ငံပေါင်း ၁၂ ခုသို့ နှစ်စဉ်တင်ပို့လျက်ရှိနေပြီး ဈေးကွက်ဝေစုတွင် လည်း ၁၀ ရာခိုင်နှုန်းကျော် ရရှိထားပြီး တရုတ်၊ ဂျပန်၊ ဥရောပနိုင်ငံများသို့ အဓိကထား တင်ပို့နေသည်။ ထိုသို့ ပြည်ပကို ကုန်ကြမ်းတိုင်း တင်ပို့မှု မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရှိ မွေးမြူရေး အစာကုန်ကြမ်းများအတွက် အခက်အခဲ ဖြစ်လာကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ ဒေါက်တာသက်မှူးက ပြောကြား သည်။ “တစ်နိုင်ငံလုံးမှာ ဆီထွက်နိုင်တဲ့အားက ၁၀ ရာခိုင်နှုန်းဘဲ ရှိတော့တယ်။ အဲ့ဒါကြောင့် မွေးမြူရေးအစာ ကုန်ကြမ်း ဖြစ်တဲ့ ပဲဖက်၊ နှမ်းဖက်တွေကိုလည်း ဆီစက်တွေက မကြိတ်နိုင်တော့ဘူး။ ပြည်ပကနေ ဈေးကြီးပေးဝယ်နေရတယ်။
ပဲဖက်၊ နှမ်းဖက်ဈေးကတော့ ထပ်တက်ဖို့ဘဲ ရှိတော့တယ်”ဟု ၎င်းက ပြောသည်။ ထို့အတူ ဆီထွက်သီးနှံထဲမှ မြေပဲ စိုက်ဧကမှာ ၂၆ ရာခိုင်နှုန်းရှိနေပြီး မန္တလေးတိုင်း ဒေသကြီးတွင် တစ်နိုင်ငံလုံးစိုက်ဧက၏ ၂၀ ရာခိုင်နှုန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံသည် မြေပဲစိုက်ပျိုးထုတ်လုပ်မှု ဆဋ္ဌမမြောက် နိုင်ငံဖြစ်လာပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ နေသည်။ “ဆီထွက်သီးနှံတွေအ တွက် တောင်သူတွေ အဓိက လိုအပ်နေတာက အရည်အသွေးမီမျိုးစေ့ ရရှိနိုင်ဖို့ ဖြစ်တယ်။ အထွက်နှုန်းကောင်းတဲ့မျိုးတွေ စိုက်နိုင်မှ စိုက်ကုန်ကျစရိတ်တွေ ကာမိစေပြီးတော့ စီးပွားဖြစ်စိုက်လာနိုင်မှာဖြစ်သလို တစ်ဘက်မှာလည်း ပြည်တွင်းဆီစားသုံးမှုနဲ့ ပြည်ပတိုးတက် တင်ပို့ဖို့ အထောက်အကူပြုလာမှာဖြစ်တယ်”ဟု မန္တလေး တိုင်းဒေသကြီးမှ မြေပဲနှင့် ပဲမျိုးစုံကုန်သည် ဦးအောင်နိုင်က ပြောသည်။

မြေပဲ အများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးများတွင် တောင်သူများမှ  စံပြစိုက်နှင့်  ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလိုပါက မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းသို့ ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း အသင်းမှ ကြေညာထားသည်။ ထိုသို့ မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံအလိုက် စိုက်ပျိုးမှု၊ ထွက်ရှိမှု ပြည်ပ တင်ပို့မှုအလိုက် စာရင်းများအရ ပြည်တွင်းစားသုံးမှု လုံလောက်စေနိုင်သော စိုက်ပျိုးနိုင်သည့် မြေဧရိယာပမာဏရှိသည်ကို တွေ့ရသော်လည်း လက်တွေ့တွင် စားသုံးဆီ မလုံလောက်သော အခြေအနေများကြောင့် ပြည်ပမှ တင်သွင်းလာသည့် ဆီများကို အားထားစားသုံးနေရမှုက စိုက်ပျိုးနိုင်ငံ တစ်ခုဖြင့် ရပ်တည်နေသည့် နိုင်ငံတစ်ခုအနေဖြင့် ပြန်လည်သုံး သပ်ရန် လိုအပ်နေပြီး ဆီထွက်သီးနှံစီမံကိန်းများ အဆင့်ဆင့် ပုံဖော်၍ ပြည်သူတို့ သန့်ရှင်းသော၊ ကျန်းမာရေးနှင့် ညီညွတ်သော ပြည်တွင်း ထုတ်စားသုံးဆီများ ဖူလုံလာစေရန် အထူးအရေးပေး ပုံဖော်သင့်ကြောင်း ဆီထွက်သီးနှံကုန်သည်များက ပြောသည်။

မြန်မာနိုင်ငံ၏ ဆီစားသုံးမှုတွက် ချက်စာရင်းများအရ နှစ်အလိုက် ကွာခြားမှု အဖြစ် ၁၉၇၅ ခုနှစ်တွင် လူတစ်ဦးချင်း ဆီစားသုံးမှုနှုန်း သုံးပိဿာနှင့် ၈၀ ကျပ်သား ဖြစ်လာကာ ထို့နောက် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ လူတစ်ဦးချင်း ဆီစားသုံးမှုနှုန်း ၅ ဒသမ ၆ ပိဿာဖြစ်ပြီး စားသုံးဆီခြောက်သိန်းနှင့် အစားအသောက်နှင့် စက်မှု လုပ်ငန်းသုံး ပေါင်းလိုက်ပါက တန်ချိန်တစ်သန်းခန့် လိုအပ်ကြောင်း သိရသည်။ ပြည်တွင်းမှ ပဲဆီထုတ်လုပ်နိုင်မှုသည် တန်ချိန် သုံးသိန်းခန့်၊ နှမ်းဆီ၊ နေကြာဆီ အပါအဝင် အခြားဆီထုတ်လုပ်နိုင်မှုသည် တန်ချိန် တစ်သိန်း၊ စုစုပေါင်း တန်ချိန် လေးသိန်းခန့်သာ ထုတ်လုပ်နိုင်၍ ပြည်ပမှ နှစ်စဉ် တန်ချိန် ခြောက်သိန်းခန့် တင်သွင်းနေရခြင်းဖြစ်သည်။ လက်ရှိ တွင်လည်း စားအုန်းဆီသည် ပြည်တွင်းဆီ ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ရယူထားသည်။

“မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံ ကဏ္ဍက အရေးပါပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆီစားသုံးမှု အင်မတန်များတဲ့နိုင်ငံ ဖြစ်လို့ပါဘဲ။ ပြည်တွင်းဖူလုံအောင်ဆိုပြီးတော့ ဆီထွက်သီးနှံတင်ပို့မှုကို ပိတ်လိုက်တယ်။ အဲ့ဒီတော့ ဘာဖြစ်သွား လဲဆိုတော့ စိုက်ကို မစိုက်ကြတော့ဘူး။ အဲ့ဒီတော့ အဲ့ဒီနည်းလမ်းဟာ လည်း မဟန်ဘူးပေါ့။ အခု ပြန်ဖွင့်ပေးတယ်။ ဆီထွက်သီးနှံ ထုတ်လုပ်မှု တိုးတက်လာရင် အများကြီး အကျိုးကျေးဇူးရှိပါတယ်။ ဈေးကွက်ကလည်း ရှိပြီးသားပါ။ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်မယ်။ နိုင်ငံခြားငွေယိုပေါက်ကိုလည်းလျှော့ချနိုင်မှာဖြစ်ပါ တယ်”ဟု စီးပွားကူးသန်းမှ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။

မြန်မာ့ ဆီထွက်သီးနှံ ထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက် အားနည်းချက်များသည် ဆီအုန်းကဲ့သို့  ထုတ်လုပ်မှုပမာဏများပြားသော သီးနှံမ ဟုတ်ခြင်း၊ စိုက်ပျိုးစနစ်၊ နည်းပညာနှင့် အခြားရင်းနှီး မြှုပ်နှံမှုများ မထည့်သွင်းနိုင်ခြင်းတို့ကြောင့် အထွက်နှုန်းနည်းခြင်း၊ ထွက်ရှိသော သီးနှံများကိုလေလွင့်မှုမရှိ အောင် ထိန်းသိမ်းနိုင်မည့် နည်းစနစ်နှင့် သိုလှောင်ရုံမရှိခြင်း၊ ဈေးကောင်း ရရှိစေရန် အစားအစာအန္တရာယ်ကင်းစေသည့် နည်းစနစ် များ ကျင့်သုံးမှု အားနည်းခြင်း၊ ကုန်ချောထက် ကုန်ကြမ်းတင်ပို့မှု သာ များပြားသည့် အချက်များ ဖြစ်နေသည်။ ထိုအခြေအနေများကို အတန်အသင့် ကျော်လွှားနိုင်ရန်နှင့် စားသုံးဆီဖူလုံရေး အတွက်  ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သည့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်  ဆီစက်ပိုင်ရှင်များအသင်းမှ ဦးဆောင်၍ ဆီထွက်သီးနှံစီမံကိန်းများ စတင်ဖော်ဆောင်ကာ တောင်သူများနှင့် ကန်ထရိုက်စနစ်ဖြင့် စတင်အကောင်အထည် ဖော်နေပြီးဖြစ်ကာ ဆီထွက်သီးနှံကဏ္ဍ  ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဆီစက်လုပ်ငန်း လုပ်ရာတွင် ကုန်ကြမ်းခ၊ စက်လည်ရန်အတွက် မီတာခ၊ အလုပ်သမားခ စသည်ဖြင့် ကုန်ကျစရိတ်များ ရှိကြောင်း၊ အနံ့ထည့်ပဲဆီဈေးကွက် ကြီးထွားလာပြီးနောက် မှန်မှန်ကန်ကန် ထုတ်လုပ်ရောင်းချသူများ တွက်ခြေ မကိုက်တော့၍ လုပ်ငန်းရပ်ဆိုင်းလျက်ရှိကြောင်း သိရသည်။ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် ဆီစက် ပိုင်ရှင်များ အသင်းမှ ဦးဆောင်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အတွက်ပါ ဆီထွက်သီးနှံလုံလောက်အောင် စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီထုတ်ကုန်ကြမ်းများရရှိနိုင်ရေးတွင် အစေ့လိုက်၊ အဆံလိုက် နိုင်ငံခြားသို့ တင်ပို့နေသူများနှင့် ဆီစက်လုပ်ငန်းရှင်များ အနေဖြင့် အပြိုင်ဝယ်ယူနိုင်စွမ်းရှိလာရေး သိုလှောင်ခြင်း၊ အခြောက်ခံခြင်း၊ ကြိတ်ခွဲခြင်းတို့တွင် စက်ပစ္စည်း အားနည်းပြီး ဈေးကွက်တွင်းရှိ စားသုံးဆီအတုများနှင့် မယှဉ်နိုင်သဖြင့် ဆီစက် ထုတ်လုပ်ငန်း လုပ်လိုသူများ နည်းပါးနေ၍ အားပေးနိုင်ရေး၊ မြေပဲ၊ နှမ်း စသည့် ကုန်ကြမ်းများပေါ်ချိန်တွင် ဈေးအဆမတန်ကျခြင်းအား ထိန်းချုပ်နိုင်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ ဆီထွက်သီးနှံ ဈေးကွက်သာမက ပြည်ပဈေးကွက်ထိအောင် ထိုးဖောက်နိုင်ရန်၊ စားသုံးသူများ ဈေးနှုန်း တည်ငြိမ်ပြီး အရည်အသွေးမီ စားသုံးဆီများ စားသုံးရန်၊  ဆီစက်များ၏ ဘေးထွက်ပစ္စည်း ပဲဖက်၊ နှမ်းဖက် စသည်များမှ မွေးမြူရေး ကဏ္ဍဆက်စပ် ဖွံ့ဖြိုးလာစေရန် ပုံဖော်ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့် အစိုးရဌာနများ ပုံဖော်လုပ်ဆောင်နေကြောင်း  သိရသည်။

“ကန်ထရိုက်စနစ်နဲ့ ဆီထွက်သီးနှံ ဖြစ်တဲ့ မြေပဲကိုဘဲ ဦးစားပေးစိုက်တာ တွေ့ရပါတယ်။ ကျန်တဲ့ နှမ်းနဲ့ နေကြာစိုက်တာ နည်းတယ်။ နှမ်းပေါ်ချိန်တုန်းကလည်း ဈေးကောင်းမရတော့ တောင်သူတွေ ဆုံးရှုံးရတော့ ကန်ထရိုက်စနစ် ပုံဖော်လာဖို့ လိုအပ်တယ်။ ဆီထွက် သီးနှံစိုက်တဲ့ တောင်သူကအစ ထွက်ရှိလာတာကို ရောင်းစားတယ်။ မကြိတ်စားကြတော့ဘဲ ဈေးကဘဲ ဝယ်သုံးလိုက်ကြတယ်”ဟု နေပြည်တော်၊ လယ်ဝေးမြို့နယ် ဆီထွက်သီးနှံစိုက်တောင်သူ ဦးမင်းစိုးက ပြောသည်။ လက်ရှိ ဆီထွက်သီးနှံ ပင်ရင်းစိုက်ပျိုးသည့် တောင်သူလယ်သမားများ ကိုယ်တိုင်ထွက်ရှိလာသည့် နှမ်း၊ မြေပဲနှင့် နေကြာတို့ကို ကြိတ်ခွဲအသုံးပြုမကြတော့ဘဲ ရောင်းချကာ ဈေးကွက်ထဲမှ သင့်ရာ  ရောနှောဆီများကို ပြန်လည်ဝယ်ယူစားသုံးမှုများသာ ပြုလုပ်နေကြ၍ မြန်မာပြည်သူ တစ်ရပ်လုံးသန့်ရှင်းသော၊ အရည်အသွေးပြည့်မီသော ဘေးအန္တရာယ်ကင်းသော စားသုံးဆီများ အသုံးပြုနိုင်ရန်အတွက် ဆီထွက်သီးနှံ စီမံကိန်းများ ထိထိရောက်
ရောက် အကောင်အထည်ဖော်ကာ ပြည်တွင်းစားသုံးမှု ဖူလုံရေးကို ဦးတည်ချက်ထားဆောင်ရွက်သင့်ပါကြောင်း ရေးသားတိုက်တွန်း
အပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နီနီအောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top