20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ ခ်ိဳခ်ိဳေမႊးေမႊး လူႀကိဳက္မ်ားတဲ့ နာနတ္သီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ အာဟာရဓာတ္ၾကြယ္ဝ

နာနတ္သီးက ကယ္လ္လိုရီပါဝင္မွုနည္းၿပီး အာဟာရဓာတ္ၾကြယ္ဝစြာပါဝင္ပါတယ္။

ပရိုတင္း၊ အမွ်င္ဓာတ္၊ ဗီတာမင္ စီ၊ မဂၢနစ္၊ ဗီတာမင္ B6၊ ေၾကးနီ၊ ေဖာလိတ္၊ ပိုတက္ဆီယမ္၊ မဂၢနီဆီယမ္၊ သံဓာတ္နဲ႔ တျခားအာဟာရဓာတ္ေတြပါဝင္ပါတယ္။

၂။ Antioxidant ပါဝင္

အုိမင္းရင့္ေရာ္မွုကို ကာကြယ္ေပးၿပီး၊ Radical ေတြေၾကာင့္ အသားအေရပ်က္စီးျခင္း၊ေရာင္ရမ္းျခင္းေတြကို သက္သာေစပါတယ္။

၃။ အစာေခ်စနစ္ေကာင္းမြန္

PineappleBromelain လို႔ေခၚတဲ့ အစာေခ်တဲ့ အင္ဇိုင္းပါဝင္ပါတယ္။ အစာေခ်စနစ္ကို အျမင့္ဆံုးျမင့္တင္ေပးႏိုင္တာေၾကာင့္ လူတိုင္းအတြက္ အသံုးဝင္ပါတယ္။

၄။ ကင္ဆာျဖစ္ပြားမွုကိုေလွ်ာ့ခ်ေပး

နာနတ္သီးမွာပါတဲ့ Bromelain အင္ဇိုင္းက ရင္သားကင္ဆာျဖစ္ပြားမွုကို ေလွ်ာ့ခ်ေပးႏိုင္သလို၊ အေရျပားကင္ဆာနဲ႔ တျခားကင္ဆာျဖစ္ပြားမွုကိုေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ ေရာင္ရမ္းမွုကိုသက္သာေစျခင္း

ေရာင္ရမ္းမွုကိုသက္သာေစႏိုင္တဲ့ဓာတ္ပါဝင္တာေၾကာင့္ အဆစ္အျမစ္ေရာင္ရမ္းျခင္းေတြကုိ ကာကြယ္ေပးပါတယ္။ သုေတသနာျပဳခ်က္ေတြအရ ၁၉၆၀ အေစာပိုင္းကာလေတြမွာ အဆစ္အျမစ္ေရာင္ရမ္းျခင္းကိုသက္သာဖို႔ နာနတ္သီးကိုအသံုးျပဳခဲ့ၾကတယ္လို႔ဆိုပါတယ္။

အလြယ္တကူနဲ႔ရွာလို႔ရၿပီး ကေလးေရာလူႀကီးပါႀကိဳက္ၾကတ့ဲနာနတ္သီးကို ထည့္သြင္းစားသံုးေပးမယ္ဆိုရင္ေတာ့ အရသာလည္းရွိ က်န္းမာေရးနဲ႔လည္းညီညြတ္ေနမွာေသခ်ာပါတယ္ေနာ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myfoodmyanmar
#Unicode Version#
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချိုချိုမွှေးမွှေး လူကြိုက်များတဲ့ နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အာဟာရဓာတ်ကြွယ်ဝ

နာနတ်သီးက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ မဂ္ဂနစ်၊ ဗီတာမင် B6၊ ကြေးနီ၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ တခြားအာဟာရဓာတ်တွေပါဝင်ပါတယ်။

၂။ Antioxidant ပါဝင်

အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပြီး၊ Radical တွေကြောင့် အသားအရေပျက်စီးခြင်း၊ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။

၃။ အစာချေစနစ်ကောင်းမွန်

PineappleBromelain လို့ခေါ်တဲ့ အစာချေတဲ့ အင်ဇိုင်းပါဝင်ပါတယ်။ အစာချေစနစ်ကို အမြင့်ဆုံးမြင့်တင်ပေးနိုင်တာကြောင့် လူတိုင်းအတွက် အသုံးဝင်ပါတယ်။

၄။ ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေး

နာနတ်သီးမှာပါတဲ့ Bromelain အင်ဇိုင်းက ရင်သားကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို၊ အရေပြားကင်ဆာနဲ့ တခြားကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။

၅။ ရောင်ရမ်းမှုကိုသက်သာစေခြင်း

ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဓာတ်ပါဝင်တာကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပါတယ်။ သုတေသနာပြုချက်တွေအရ ၁၉၆၀ အစောပိုင်းကာလတွေမှာ အဆစ်အမြစ်ရောင်ရမ်းခြင်းကိုသက်သာဖို့ နာနတ်သီးကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။

အလွယ်တကူနဲ့ရှာလို့ရပြီး ကလေးရောလူကြီးပါကြိုက်ကြတဲ့နာနတ်သီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင်တော့ အရသာလည်းရှိ ကျန်းမာရေးနဲ့လည်းညီညွတ်နေမှာသေချာပါတယ်နော်။


ဖိုးသူတော်(www.phothutaw.com)
Credit:Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top