20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ခံတြင္းသန္႔ရွင္းေရးဆိုဆိုတာ လူသားတိုင္းအတြက္ အေရးၾကီးပါတယ္။ ခံတြင္းသန္႔ရွင္းမွ ပါးစပ္အတြင္းမွာ အနံ႔အသက္ဆိုးေတြ၊ ဘက္တီးရီးယားေတြ ကင္းစင္ျပီး သြားေလးေတြ ျဖဴစင္သန္႔ရွင္းေနမွာေနာ္။

ဒါေၾကာင့္ တစ္ေန႔ ၂ၾကိမ္ သြားကို စနစ္တက်တိုက္ေပးဖို႔ လိုအပ္တဲ့အျပင္ လွ်ာကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။ လွ်ာကို သန္႔ရွင္းဖို႔ ေမ့တဲ့အခါ အရိအခၽြဲေတြ ကပ္ျငိျပီး အနံ႔အသက္ဆိုးေတြအျပင္ ခံတြင္းနဲ႔ သက္ဆိုင္တ့ဲ ေရာဂါေတြ ျဖစ္လာႏိုင္ပါတယ္။

ဒီေန႔ ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ အနံ႔အသက္ကင္းစင္ျပီး က်န္းမာတဲ့ ခံတြင္းအတြက္ လွ်ာသန္႔ရွင္းေရးနဲ႔ ပတ္သက္ျပီး ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေလးေတြပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ လွ်ာကို ဘယ္လိုဂရုစိုက္ေပးသင့္လဲ ဆိုတာကို အုပ္စု ၃စု ခြဲျပီး ေျပာျပေပးခ်င္ပါတယ္။
လွ်ာကို ေသခ်ာသန္႔ရွင္းေပးျခင္း

၁။ ခံတြင္းသန္႔ရွင္းမႈအတြက္ ဂရုစိုက္တဲ့အခါ တစ္ေန႔ ၂ၾကိမ္ မွန္ကန္တဲ့ နည္းစနစ္နဲ႔ ပံုမွန္သြားတိုက္ေပးဖို႔ လိုအပ္ပါတယ္။

၂။ တစ္ေန႔ကို အနည္းဆံုး တစ္ၾကိမ္ျဖစ္ေစ သြားပြတ္ၾကိဳးအသံုးျပဳျပီး သြားၾကားထဲ ညွပ္ေနတဲ့ စားၾကြင္းစားက်န္ေတြကို ဖယ္ရွားေပးပါ။

၃။ လွ်ာေပၚမွာ ရွိတဲ့ ဘက္တီးရီးယားပိုးေတြနဲ႔ အနံ႔ဆိုးေတြကို ဖယ္ရွားဖို႔ သြားတိုက္တဲ့အခါ လွ်ာကိုပါတိုက္ေပးပါ။ အစပိုင္းမွာ ပ်ိဳ႕အန္ခ်င္သလို ျဖစ္ေစႏိုင္ေပမယ့္ အက်င့္ျဖစ္သြားတဲ့အခါ အဆင္ေျပသြားမွာပါ။

၄။ ေဆးဆိုင္ေတြမွာ အလြယ္တကူ ၀ယ္လို႔ရတဲ့ ပလစ္စတစ္ လွ်ာျခစ္တံအေပ်ာ့စားေလးနဲ႔ လွ်ာေပၚက အရိအခၽြဲေတြကို တစ္ေန႔ တစ္ၾကိမ္ ျခစ္ခ်ေပးပါ။ လွ်ာရဲ႕ အေနာက္ကေန အေရွ႕ဘက္ကို ျဖည္းညင္းစြာ ျခစ္ခ်ပါ။ ျပီးသြားရင္ ပလုတ္က်င္းေပးပါ။ လွ်ာ၊ ခံတြင္းမွာ အနာျဖစ္ေနတဲ့အခါ လွ်ာမျခစ္ပါနဲ႔။

၅။ တစ္ႏွစ္ကို ၁ၾကိမ္ သို႔မဟုတ္ ၂ၾကိမ္ သြားဆရာ၀န္ဆီမွာ ေသခ်ာျပသျပီး ကိုယ့္သြားနဲ႔ ခံတြင္းအေျခအေနကို စစ္ေဆးဖို႔ အေရးၾကီးပါတယ္။
လွ်ာကို က်န္းမာသန္႔ရွင္းေစတဲ့ အေလ့အက်င့္ေတြ

၁။ ေရကို တစ္ေန႔လွ်င္ အနည္းဆံုး ၃လီတာခန္႔ ေသာက္ေပးပါ။ ေရေသာက္တဲ့အခါမွာလည္း နည္းနည္းစီ ေသာက္မယ့္အစား ေရတစ္ဖန္ခြက္ အျပည့္ေသာက္ေပးပါ။

၂။ ေဆးလိပ္ေသာက္ျခင္းဟာ ႏႈတ္ခမ္းနဲ႔ ခံတြင္းကို ေျခာက္ေသြ႔ေစျပီး အေရာင္မွိန္လာေစတယ္။ ခံတြင္းအနံ႔ဆိုး ျဖစ္လာေစတယ္။ တံေတြးအထြက္နည္းေစျပီး ခံတြင္းကို ေျခာက္ေသြ႔ေစတယ္။ ခံတြင္းေျခာက္တဲ့အခါ ဘက္တီးရီးယားေတြ ပိုမိုေပါက္ဖြားလာႏိုင္တာေၾကာင့္ ခံတြင္းက်န္းမာေရးအတြက္ ေဆးလိပ္ျဖတ္လိုက္တာ အေကာင္းဆံုးပါပဲ။

၃။ သၾကားလံုးေတြ၊ အခ်ိဳေတြဟာ သြားပိုးစားေစတဲ့အျပင္ အေပၚယံေၾကြသြားလႊာ ပ်က္စီးဖို႔ လြယ္ကူေစတာေၾကာင့္ ေလွ်ာ့စားေပးပါ။ သၾကားလံုးေတြအစား သၾကားမပါ၀င္တဲ့ ပီေက၀ါးေပးမယ္ဆိုရင္ ပါးစပ္အတြင္းမွာ တံေတြးပိုမိုထြက္ေစတာေၾကာင့္ လွ်ာေျခာက္ေသြ႔တာေတြ မျဖစ္ေစပါဘူး။

၄။ ကဖင္းဓာတ္ ပါ၀င္တဲ့ အေအးေတြ၊ ေဖ်ာ္ရည္ေတြ၊ အရက္ေတြ ေသာက္သံုးတာမ်ိဳး ဆင္ျခင္သင့္ပါတယ္။ ကဖင္းဓာတ္မ်ားတဲ့ အရည္ေတြဟာ ခႏၶာကိုယ္တြင္း ေရဓာတ္ခမ္းေျခာက္ေစတယ္။ ခံတြင္းေျခာက္ျပီး ၾကာလာတဲ့အခါ ဘက္တီးရီးယားပိုး ေပါက္ဖြားဖို႔ လြယ္ကူလာတယ္။ ဆိုဒါ၊ ေကာ္ဖီ၊ ကဖင္းဓာတ္မ်ားတဲ့ ေရေႏြးၾကမ္း၊ လက္ဖက္ရည္၊ ၀ိုင္၊ အရက္၊ ဘီယာေတြကို ေလွ်ာ့ေသာက္ေပးႏိုင္ရင္ အေကာင္းဆံုးပါပဲ။
အျဖစ္မ်ားတဲ့ ျပႆနာေတြကို ေျဖရွင္းျခင္း

၁။ ခံတြင္းေျခာက္ေနတဲ့ အခ်ိန္္မ်ိဳးမွာ ပိုျပီး ယားယံေစမယ့္ ခံတြင္းသန္႔စင္ပစၥည္းေတြ အသံုးျပဳတာ၊ ပူစပ္ျပီး ဆီမ်ားတဲ့ အစားအစာေတြ စားတာ၊ ပူရွိန္းရွိန္းျဖစ္ေစမယ့္ သၾကားလံုး၊ သြားတိုက္ေဆး အသံုးျပဳတာ ေရွာင္သင့္ပါတယ္။

၂။ လွ်ာကိုက္မိတာ၊ လွ်ာေျခာက္ျပီး အနာျဖစ္တာ၊ ပူလြန္းတဲ့ အစာတစ္ခုခုစားမိလို႔ လွ်ာက်က္သြားတာ၊ ခံတြင္းမွာ အနာေပါက္တာေတြအတြက္ သြားတိုက္ျပီးတဲ့အခါတိုင္း ဆားငန္ရည္နဲ႔ ပလုတ္က်င္းေပးပါ။

၃။ လည္ေခ်ာင္းနာေနတဲ့အခ်ိန္မ်ိိဳးမွာ ဆားငန္ရည္နဲ႔ အာေခါင္ထိေအာင္ ပလုတ္က်င္းေပးပါ။ ဆားငန္ရည္ မျမိဳခ်မိေစဖို႔ ေသခ်ာဂရုစိုက္ပါ။ ပလုတ္က်င္းျပီးတာနဲ႔ ေထြးထုတ္လိုက္ပါ။

၄။ လွ်ာက အေရာင္ေျပာင္းေနတယ္လို႔ ထင္ရျပီဆိုရင္ သြားဆရာ၀န္နဲ႔ အျမန္ဆံုး ျပသဖို႔ လိုအပ္ပါတယ္။ ဗီတာမင္နဲ႔ သတၱဳဓာတ္ ခ်ိဳ႕တဲ့ျခင္းေၾကာင့္၊ အပူအစပ္ စားျခင္းေၾကာင့္၊ ေဆးလိပ္ေသာက္ျခင္းေၾကာင့္၊ ငုပ္ေနတဲ့ ေရာဂါတစ္ခုခု ရွိေနတာေၾကာင့္ လွ်ာအေရာင္ေျပာင္းႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ခံတွင်းသန့်ရှင်းရေးဆိုဆိုတာ လူသားတိုင်းအတွက် အရေးကြီးပါတယ်။ ခံတွင်းသန့်ရှင်းမှ ပါးစပ်အတွင်းမှာ အနံ့အသက်ဆိုးတွေ၊ ဘက်တီးရီးယားတွေ ကင်းစင်ပြီး သွားလေးတွေ ဖြူစင်သန့်ရှင်းနေမှာနော်။

ဒါကြောင့် တစ်နေ့ ၂ကြိမ် သွားကို စနစ်တကျတိုက်ပေးဖို့ လိုအပ်တဲ့အပြင် လျှာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ လျှာကို သန့်ရှင်းဖို့ မေ့တဲ့အခါ အရိအချွဲတွေ ကပ်ငြိပြီး အနံ့အသက်ဆိုးတွေအပြင် ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ အနံ့အသက်ကင်းစင်ပြီး ကျန်းမာတဲ့ ခံတွင်းအတွက် လျှာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လျှာကို ဘယ်လိုဂရုစိုက်ပေးသင့်လဲ ဆိုတာကို အုပ်စု ၃စု ခွဲပြီး ပြောပြပေးချင်ပါတယ်။
လျှာကို သေချာသန့်ရှင်းပေးခြင်း

၁။ ခံတွင်းသန့်ရှင်းမှုအတွက် ဂရုစိုက်တဲ့အခါ တစ်နေ့ ၂ကြိမ် မှန်ကန်တဲ့ နည်းစနစ်နဲ့ ပုံမှန်သွားတိုက်ပေးဖို့ လိုအပ်ပါတယ်။

၂။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်စေ သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးပါ။

၃။ လျှာပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေနဲ့ အနံ့ဆိုးတွေကို ဖယ်ရှားဖို့ သွားတိုက်တဲ့အခါ လျှာကိုပါတိုက်ပေးပါ။ အစပိုင်းမှာ ပျို့အန်ချင်သလို ဖြစ်စေနိုင်ပေမယ့် အကျင့်ဖြစ်သွားတဲ့အခါ အဆင်ပြေသွားမှာပါ။

၄။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပလစ်စတစ် လျှာခြစ်တံအပျော့စားလေးနဲ့ လျှာပေါ်က အရိအချွဲတွေကို တစ်နေ့ တစ်ကြိမ် ခြစ်ချပေးပါ။ လျှာရဲ့ အနောက်ကနေ အရှေ့ဘက်ကို ဖြည်းညင်းစွာ ခြစ်ချပါ။ ပြီးသွားရင် ပလုတ်ကျင်းပေးပါ။ လျှာ၊ ခံတွင်းမှာ အနာဖြစ်နေတဲ့အခါ လျှာမခြစ်ပါနဲ့။

၅။ တစ်နှစ်ကို ၁ကြိမ် သို့မဟုတ် ၂ကြိမ် သွားဆရာဝန်ဆီမှာ သေချာပြသပြီး ကိုယ့်သွားနဲ့ ခံတွင်းအခြေအနေကို စစ်ဆေးဖို့ အရေးကြီးပါတယ်။
လျှာကို ကျန်းမာသန့်ရှင်းစေတဲ့ အလေ့အကျင့်တွေ

၁။ ရေကို တစ်နေ့လျှင် အနည်းဆုံး ၃လီတာခန့် သောက်ပေးပါ။ ရေသောက်တဲ့အခါမှာလည်း နည်းနည်းစီ သောက်မယ့်အစား ရေတစ်ဖန်ခွက် အပြည့်သောက်ပေးပါ။

၂။ ဆေးလိပ်သောက်ခြင်းဟာ နှုတ်ခမ်းနဲ့ ခံတွင်းကို ခြောက်သွေ့စေပြီး အရောင်မှိန်လာစေတယ်။ ခံတွင်းအနံ့ဆိုး ဖြစ်လာစေတယ်။ တံတွေးအထွက်နည်းစေပြီး ခံတွင်းကို ခြောက်သွေ့စေတယ်။ ခံတွင်းခြောက်တဲ့အခါ ဘက်တီးရီးယားတွေ ပိုမိုပေါက်ဖွားလာနိုင်တာကြောင့် ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

၃။ သကြားလုံးတွေ၊ အချိုတွေဟာ သွားပိုးစားစေတဲ့အပြင် အပေါ်ယံကြွေသွားလွှာ ပျက်စီးဖို့ လွယ်ကူစေတာကြောင့် လျှော့စားပေးပါ။ သကြားလုံးတွေအစား သကြားမပါဝင်တဲ့ ပီကေဝါးပေးမယ်ဆိုရင် ပါးစပ်အတွင်းမှာ တံတွေးပိုမိုထွက်စေတာကြောင့် လျှာခြောက်သွေ့တာတွေ မဖြစ်စေပါဘူး။

၄။ ကဖင်းဓာတ် ပါဝင်တဲ့ အအေးတွေ၊ ဖျော်ရည်တွေ၊ အရက်တွေ သောက်သုံးတာမျိုး ဆင်ခြင်သင့်ပါတယ်။ ကဖင်းဓာတ်များတဲ့ အရည်တွေဟာ ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်စေတယ်။ ခံတွင်းခြောက်ပြီး ကြာလာတဲ့အခါ ဘက်တီးရီးယားပိုး ပေါက်ဖွားဖို့ လွယ်ကူလာတယ်။ ဆိုဒါ၊ ကော်ဖီ၊ ကဖင်းဓာတ်များတဲ့ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ဝိုင်၊ အရက်၊ ဘီယာတွေကို လျှော့သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။
အဖြစ်များတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်း

၁။ ခံတွင်းခြောက်နေတဲ့ အချိန်မျိုးမှာ ပိုပြီး ယားယံစေမယ့် ခံတွင်းသန့်စင်ပစ္စည်းတွေ အသုံးပြုတာ၊ ပူစပ်ပြီး ဆီများတဲ့ အစားအစာတွေ စားတာ၊ ပူရှိန်းရှိန်းဖြစ်စေမယ့် သကြားလုံး၊ သွားတိုက်ဆေး အသုံးပြုတာ ရှောင်သင့်ပါတယ်။

၂။ လျှာကိုက်မိတာ၊ လျှာခြောက်ပြီး အနာဖြစ်တာ၊ ပူလွန်းတဲ့ အစာတစ်ခုခုစားမိလို့ လျှာကျက်သွားတာ၊ ခံတွင်းမှာ အနာပေါက်တာတွေအတွက် သွားတိုက်ပြီးတဲ့အခါတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။

၃။ လည်ချောင်းနာနေတဲ့အချိန်မျိုးမှာ ဆားငန်ရည်နဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ ဆားငန်ရည် မမြိုချမိစေဖို့ သေချာဂရုစိုက်ပါ။ ပလုတ်ကျင်းပြီးတာနဲ့ ထွေးထုတ်လိုက်ပါ။

၄။ လျှာက အရောင်ပြောင်းနေတယ်လို့ ထင်ရပြီဆိုရင် သွားဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ချို့တဲ့ခြင်းကြောင့်၊ အပူအစပ် စားခြင်းကြောင့်၊ ဆေးလိပ်သောက်ခြင်းကြောင့်၊ ငုပ်နေတဲ့ ရောဂါတစ်ခုခု ရှိနေတာကြောင့် လျှာအရောင်ပြောင်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top