20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ျမန္မာ ယူ-၂၃အသင္းကေတာ့ မတ္လထဲမွာ အာရွ ယူ-၂၃ ေျခစစ္ပြဲအျဖစ္ ဂ်ပန္၊မကာအို၊အေရွ႕တီေမာ အသင္းတို႔နဲ႔ ကစားရဖို႔ ရွိေနပါေသးတယ္။ ျမန္မာ့ လက္ေရြးစင္ ယူ-၂၃အသင္းကေတာ့ မတ္လထဲမွာ အာရွ ယူ-၂၃ ေျခစစ္ပြဲ ကစားဖို႔ ရွိေနေပမယ့္ လာမယ့္ ႏွစ္ကုန္ပိုင္းေလာက္မွာ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ကို ပါ၀င္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

မတ္လ ၁၇ ရက္ေန႔က ကေမၻာဒီးယားႏိုင္ငံမွာ က်င္းပခဲ့တဲ့ အာဆီယံ ေဘာလုံးအ ဖြဲ႕ခ်ဳပ္ ကြန္ဂရက္ႏွင့္ အာဆီယံ ေကာင္စီမွာ အစည္းအေ၀း ဆုံးျဖတ္ခ်က္အရ ျမန္မာ့လက္ေရြးစင္ ယူ-၂၃ အသင္းအေနနဲ႔ လာမယ့္ ဇြန္လမွာ ဗီယက္နမ္ ယူ-၂၃ အသင္းနဲ႔ ေျခစမ္း ကစားဖို႔ ရွိတယ္လို႔ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ သတင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။



ေျခစမ္း ကစားမယ့္ ရက္အတိအက်နဲ႔ ေနရာကိုေတာ့ ထုတ္ျပန္ေပးထားျခင္း မရွိေသးပဲ အဆိုပါ ေျခစမ္းပြဲၿပီးရင္ လည္း ျမန္မာ ယူ-၂၃ အသင္းအေနနဲ႔ ကိုရီး ယား တကၠသိုလ္မ်ား ၿပိဳင္ပြဲကို ဆက္လက္ ပါ၀င္ ကစားဦးမယ္လို႔ သိရပါတယ္။

ျမန္မာနဲ႔ ဗီယက္နမ္အသင္းကေတာ့ ၂၀၁၈ ဆူဇူကီးဖလားတုန္းက ေနာက္ ဆုံးေတြ႕ဆုံထားၿပီး အဆိုပါ စီနီယာ အသင္းအဆင့္မွာေတာ့ ဂိုးမရွိ သေရပြဲ ျဖစ္ေပၚထားပါတယ္။

ျမန္မာ ယူ-၂၃ အသင္းကို နည္းျပခ်ဳပ္အျဖစ္ ဘူေဂးရီးယား လူမ်ိဳး နည္းျပ ဗီလီဇာ ပိုေပါ့က တာ၀န္ယူေနၿပီး မတ္လ ၂၂ ရက္ေန႔ကေန ၂၆ ရက္ေန႔အထိ အာရွ ယူ- ၂၃ ေျခစစ္ပြဲစဥ္မ်ားအျဖစ္ ဂ်ပန္၊မကာအို၊အေရွ႕တီေမာ အသင္းတို႔နဲ႔ ကစားရဖို႔ ရွိေနပါတယ္။



ဒီပြဲစဥ္ေတြကိုေတာ့ ရန္ကုန္ၿမိဳ႕မွာ အိမ္ရွင္အျဖစ္ လက္ခံ က်င္းပသြားမွာ ျဖစ္ၿပီး အုပ္စု ထိပ္ဆုံးက အသင္းကေတာ့ ေျခစစ္ပြဲကို တိုက္ရို္ကေအာင္ျမင္မွာ ျဖစ္ေပ မယ့္ အုပ္စု ဒုတိယေနရာရခဲ့ရင္ေတာ့ အေကာင္းဆုံး အုပ္စု ဒုတိယရအသင္း မ်ားထဲမွာ ေရြးခ်ယ္ခံရရင္ေတာ့ ေျခစစ္ပြဲ ေအာင္ႏိုင္ပါတယ္။

ျမန္မာအသင္းကေတာ့ ပြဲစဥ္အားလုံးကို ညေန ၆ နာရီမွာ ကစားမွာ ျဖစ္ၿပီး အဖြင့္ပြဲမွာ အေရွ႕တီေမာ၊ဒုတိယပြဲ မွာ မကာအို၊ အုပ္စု ေနာက္ဆုံးပြဲအျဖစ္ ဂ်ပန္အသင္းတို႔နဲ႔ အသီးသီး ကစားမွာပါ။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာ ယူ-၂၃အသင်းကတော့ မတ်လထဲမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲအဖြစ် ဂျပန်၊မကာအို၊အရှေ့တီမော အသင်းတို့နဲ့ ကစားရဖို့ ရှိနေပါသေးတယ်။ မြန်မာ့ လက်ရွေးစင် ယူ-၂၃အသင်းကတော့ မတ်လထဲမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲ ကစားဖို့ ရှိနေပေမယ့် လာမယ့် နှစ်ကုန်ပိုင်းလောက်မှာ အရှေ့တောင်အာရှ အားကစားပွဲတော်ကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

မတ်လ ၁၇ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအ ဖွဲ့ချုပ် ကွန်ဂရက်နှင့် အာဆီယံ ကောင်စီမှာ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအနေနဲ့ လာမယ့် ဇွန်လမှာ ဗီယက်နမ် ယူ-၂၃ အသင်းနဲ့ ခြေစမ်း ကစားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ခြေစမ်း ကစားမယ့် ရက်အတိအကျနဲ့ နေရာကိုတော့ ထုတ်ပြန်ပေးထားခြင်း မရှိသေးပဲ အဆိုပါ ခြေစမ်းပွဲပြီးရင် လည်း မြန်မာ ယူ-၂၃ အသင်းအနေနဲ့ ကိုရီး ယား တက္ကသိုလ်များ ပြိုင်ပွဲကို ဆက်လက် ပါဝင် ကစားဦးမယ်လို့ သိရပါတယ်။

မြန်မာနဲ့ ဗီယက်နမ်အသင်းကတော့ ၂၀၁၈ ဆူဇူကီးဖလားတုန်းက နောက် ဆုံးတွေ့ဆုံထားပြီး အဆိုပါ စီနီယာ အသင်းအဆင့်မှာတော့ ဂိုးမရှိ သရေပွဲ ဖြစ်ပေါ်ထားပါတယ်။

မြန်မာ ယူ-၂၃ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယား လူမျိုး နည်းပြ ဗီလီဇာ ပိုပေါ့က တာဝန်ယူနေပြီး မတ်လ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ အာရှ ယူ- ၂၃ ခြေစစ်ပွဲစဉ်များအဖြစ် ဂျပန်၊မကာအို၊အရှေ့တီမော အသင်းတို့နဲ့ ကစားရဖို့ ရှိနေပါတယ်။

ဒီပွဲစဉ်တွေကိုတော့ ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမှာ ဖြစ်ပြီး အုပ်စု ထိပ်ဆုံးက အသင်းကတော့ ခြေစစ်ပွဲကို တိုက်ရိုကအောင်မြင်မှာ ဖြစ်ပေ မယ့် အုပ်စု ဒုတိယနေရာရခဲ့ရင်တော့ အကောင်းဆုံး အုပ်စု ဒုတိယရအသင်း များထဲမှာ ရွေးချယ်ခံရရင်တော့ ခြေစစ်ပွဲ အောင်နိုင်ပါတယ်။

မြန်မာအသင်းကတော့ ပွဲစဉ်အားလုံးကို ညနေ ၆ နာရီမှာ ကစားမှာ ဖြစ်ပြီး အဖွင့်ပွဲမှာ အရှေ့တီမော၊ဒုတိယပွဲ မှာ မကာအို၊ အုပ်စု နောက်ဆုံးပွဲအဖြစ် ဂျပန်အသင်းတို့နဲ့ အသီးသီး ကစားမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top