မေလးရွားႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ရရွိမည့္ အခြင့္အေရးႏွင့္ ကြာလာလမ္ပူၿမိဳ႕ရွိ Pavilion Damansara Heights ကြန္ဒိုအေရာင္းျပပြဲ
×


ကမာၻ႔လွည့္ခရီးသြားမ်ား သြားေရာက္ေလ့ရွိသည့္ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ အနီး၌ တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး အရပ္သား ထိခိုက္ဒဏ္ရာရရွိမႈမ်ား ရွိေနသည္ဟု ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က မဇၥ်ိမ သို႔ေျပာသည္။

“ေျမာက္ဦးမွာ လူေတြလည္း ေတာ္ေတာ္စိုးရိမ္ေနတယ္။ လက္ရွိအေျခအေနက အေပၚမွာေလယာဥ္က ဝဲေနတယ္။ ေအာက္မွာလည္း စစ္ေၾကာင္းေတြက ျဖတ္ေန တယ္။ အဲ့ေတာ့ျပည္သူလူထုက စိုးရိမ္ေနတယ္” ဟု ဦးထြန္းသာစိန္က မတ္လ ၁၆ ရက္ေန႔ ညေန ၆နာရီတြင္ မဇၥ်ိမ၏ ဆက္သြယ္ေမးျမန္းမႈကို ေျဖဆိုခဲ့သည္။

ယေန႔ မတ္လ ၁၆ ရက္၊ ေန႔လယ္ ၂ နာရီခန႔္တြင္လည္း ေျမာက္ဦးၿမိဳ႕နယ္ ေျမာက္ ဘက္အစြန္ ေတာင္ဦးအမည္ရွိ ေက်း႐ြာတြင္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး အရပ္သား မိန္းကေလးတစ္ဦး ေပါင္တြင္ က်ည္ထိမွန္ခဲ့ရေသာေၾကာင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပး ခဲ့သည္ဟု ၄င္းကဆိုသည္။

ယင္းအျပင္ ယမန္ေန႔ မတ္လ ၁၅ ရက္ေန႔ ညဦးပိုင္းတြင္လည္း ေျမာက္ဦးၿမိဳ႕ေပၚရွိ ရပ္ကြက္အခ်ိဳ႕ေပၚသို႔ က်ည္ဆံမ်ား က်ေရာက္ခဲ့ၿပီး အရပ္သား အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္။ ပစ္ခတ္မႈမ်ားေၾကာင့္ ေျမာက္ဦးၿမိဳ႕ေပၚရွိ ေရွးေဟာင္း ေစတီပုထိုးအခ်ိဳ႕လည္း က်ည္ထိမွန္ခဲ့သည္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ AA တို႔အၾကား တိုက္ပြဲမ်ားျဖစ္ ပြားေနၿပီး လက္ရွိတြင္ျပည္နယ္တစ္ခုလုံး၌ စစ္ေဘးေရွာင္ေဒသခံ တစ္ေသာင္းေက်ာ္ခန႔္ရွိေနခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ကမ္ဘာ့လှည့်ခရီးသွားများ သွားရောက်လေ့ရှိသည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အနီး၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္ဈိမ သို့ပြောသည်။

“မြောက်ဦးမှာ လူတွေလည်း တော်တော်စိုးရိမ်နေတယ်။ လက်ရှိအခြေအနေက အပေါ်မှာလေယာဉ်က ဝဲနေတယ်။ အောက်မှာလည်း စစ်ကြောင်းတွေက ဖြတ်နေ တယ်။ အဲ့တော့ပြည်သူလူထုက စိုးရိမ်နေတယ်” ဟု ဦးထွန်းသာစိန်က မတ်လ ၁၆ ရက်နေ့ ညနေ ၆နာရီတွင် မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။

ယနေ့ မတ်လ ၁၆ ရက်၊ နေ့လယ် ၂ နာရီခန့်တွင်လည်း မြောက်ဦးမြို့နယ် မြောက် ဘက်အစွန် တောင်ဦးအမည်ရှိ ကျေးရွာတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရပ်သား မိန်းကလေးတစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ရသောကြောင့် ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းအပြင် ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းတွင်လည်း မြောက်ဦးမြို့ပေါ်ရှိ ရပ်ကွက်အချို့ပေါ်သို့ ကျည်ဆံများ ကျရောက်ခဲ့ပြီး အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုများကြောင့် မြောက်ဦးမြို့ပေါ်ရှိ ရှေးဟောင်း စေတီပုထိုးအချို့လည်း ကျည်ထိမှန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် AA တို့အကြား တိုက်ပွဲများဖြစ် ပွားနေပြီး လက်ရှိတွင်ပြည်နယ်တစ်ခုလုံး၌ စစ်ဘေးရှောင်ဒေသခံ တစ်သောင်းကျော်ခန့်ရှိနေခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top