20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×



ဒီဇုိင္နာမ်ိဳးမင္းစုိးဟာဆုိရင္ ျမန္မာနိုင္ငံရဲ႕ထိပ္တန္းဒီဇုိင္နာေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္သလုိ ထိပ္တန္းမင္းသားမင္းသမီးေတြရဲ႕လက္စြဲဒီဇုိင္နာအျဖစ္လည္း လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္မႈရေနတဲ့ ဒီဇိုင္နာတစ္ဦးျဖစ္ပါတယ္။ ဒီဇုိင္နာမ်ိဳးမင္းစုိးလက္ထြက္ဒီဇိုင္းေတြဟာဆိုရင္အရွိန္အဝါတစ္ခုနဲ႔ေတာက္ပေနေလ့ရွိတာေၾကာင့္လည္းလူၾကိဳက္မ်ားျပီးအမ်ားက ေလးစားရတဲ့ ဒီဇုိ္င္နာတစ္ဦးအျဖစ္ နွစ္ေတြအၾကာၾကီးရပ္တည္လာခဲ့တာျဖစ္ပါတယ္။ ဒီဇုိင္နာမ်ိဳးမင္းစုိးက မၾကာေသးမီက အင္တာဗ်ဴးမွာ သူ႔ရဲ႕ပုိက္ဆံစုတဲ့ အေလ့အထအေၾကာင္းကုိအားက်ဖြယ္ရာေျပာျပသြားပါတယ္။

ဒီဇုိင္နာမ်ိဳးမင္းစုိးက အကယ္ဒမီေပးပြဲအတြက္ ဒီဇုိင္းေတြဖန္တီးပံုကုိ “ဒီနွစ္မွာဆုိရင္ေတာ့ နန္းဆုကုိ လံုးဝမထင္ထားတဲ့ ပံုစံေလးေပါ့။ အဲဒါေလး ဖန္တီးထားပါတယ္။အရင္ကေတာ့ ပန္းခ်ီေတြလည္းအရမ္းမ်ားျပီး ေရႊခ်ည္ထိုးေတြလည္းအရမ္းမ်ားျပီ နန္းဆန္ဆန္ေတြလည္းအရမ္းမ်ားျပီဆိုေတာ့ ဒီနွစ္မွာေတာ့ beauty ျဖစ္တဲ့ပံုစံေလးနဲ႔ Attraction ရွိတဲ့ပံုစံေလးေတြဖန္တီးမွာပါ”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ေတြအားက်ေနၾကတဲ့ ပိုက္ဆံစုတဲ့အေလ့အထအေၾကာင္းကုိေတာ့ ကုိမ်ိဳးမင္းစုိးက “အဲဒါက ေန႔တိုင္းစုျပီးေတာ့ နာမည္ေလးေတြရိုက္ထားပါတယ္။ တစ္ရာ့ရွစ္ပါးရွင္ျပဳရန္ေပါ့။ အရင္ကေတာ့ ျပဳျပီးျပီ ထပ္ျပဳမွာပါ။ အဲ့လိုမ်ိဳးေလးေတြကပ္ျပီးေတာ့ ထည့္လိုက္တာေပါ့ေနာ္။ ထည့္ျပီးေတာ့မွ ေဖာက္ျပီးေတာ့ ျပန္ခဲြျပီးေတာ့လွဴတာ။ ပိုက္ဆံစုတာက ငယ္ငယ္ကတည္းက စုတာ။ငယ္ငယ္တုန္းကေတာ့ လွဴဖို႔မဟုတ္ဘူးေပါ့။ အဝတ္အစားဝတ္ဖုိ႔ဆိုင္ကယ္ဝယ္ဖုိ႔ဆိုျပီး ဗူးေလးေတြနဲ႔စုတတ္တယ္။ အဲ့အက်င့္ငယ္ငယ္ကတည္းက ပါလာတာ”လို႔ ေျပာျပထားပါတယ္။

ကုိမ်ိဳးမင္းစုိးက လွဴတာကိုအရမ္းဝါသနာပါတဲ့အေၾကာင္း “ လွဴတာကေတာ့ အျမဲလွဴေနတာပဲ မေၾကျငာျဖစ္တာပဲရွိတာ။ လွဴရတာကုိ အရမ္းဝါသနာပါတယ္။လွဴခ်င္တဲ့စိတ္ျဖစ္လာရင္ ျဖစ္လာတဲ့အထဲကုိထည့္လိုက္တယ္၊အဲ့လိုေပါ့ဘာပဲေျပာေျပာ ေပ်ာ္တာေပါ့”လို႔ ရင္ဖြင့္ထားျပီး စုဖို႔သတ္မွတ္ထားတာကုိေတာ့ “သတ္မွတ္ထားတာကေတာ့ တစ္ေန႔ကုိတစ္သိန္းထည့္တာ။ တကယ္တမ္းဆိုရင္ေတာ့ မေဖာက္ေသးပါဘူး။ဗူးကျပည့္သြားတဲ့အခါက်ေတာ့ ေဖာက္လိုက္တာ”လို႔ ေျပာျပထားပါတယ္။

ပိုက္ဆံစုတဲ့အလုပ္က ေကာင္းတဲ့အလုပ္ျဖစ္ျပီး ကုိယ့္ဟာကုိစုတာပဲေကာင္းတယ္လို႔ “ကြ်န္ေတာ္ကက်ေတာ့ မဲေတြဘာေတြစုတာထက္ ကုိယ့္ဟာကုိယ္ပဲစုတယ္။ ကုိယ့္ကုိယ္္ကုိယ္ပဲယံုတယ္သူမ်ားကုိလည္းသိပ္မယံုဘူး။ ကုိယ့္ဟာကုိယ္ပဲထည့္တယ္။ အဲဒါေၾကာင့္ဒီစုဗူးကုိ ဒီအလုပ္ခန္းအတြင္း ဒီေပၚမွာပဲတင္ထားတယ္။ အျမဲတမ္းျမင္ေနရေအာင္ဆုိျပီး ေကာင္မေလးေတြကုိလည္းသတိေပးျပီး ကုိယ္ခရီးထြက္ရင္ေတာင္မွ အဲ့လိုမ်ိဳးေလးပါတယ္။သံုးရက္စာဆိုလည္းသံုးရက္စာေပ့ါ။ လံုးဝမပ်က္ေအာင္လို႔သူတို႔ုကုိထည့္ခိုင္းတယ္”လို႔ ဖြင့္ဟထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဒီဇုိင္နာမ်ိဳးမင္းစုိးလိုပဲ ကုိယ္နုိင္သေလာက္ပုိက္ဆံေလးေတြစုျဖစ္ၾကလား။ ပုိက္ဆံကုိလွဴဖုိ႔ပဲျဖစ္ျဖစ္ စုမယ္ဆိုတဲ့အေတြးမ်ိဳးေရာ ဝင္ဖူးၾကလား။ စုဗူးနားကေန နိဗၺာန္အထိအတူတူသြားခ်င္တဲ့သူေတြရွိရင္လည္း Mention ေခၚျပီးျပလိုက္ပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒီဇိုင်နာမျိုးမင်းစိုးဟာဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းဒီဇိုင်နာတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်သလို ထိပ်တန်းမင်းသားမင်းသမီးတွေရဲ့လက်စွဲဒီဇိုင်နာအဖြစ်လည်း လျှမ်းလျှမ်းတောက်အောင်မြင်မှုရနေတဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးလက်ထွက်ဒီဇိုင်းတွေဟာဆိုရင်အရှိန်အဝါတစ်ခုနဲ့တောက်ပနေလေ့ရှိတာကြောင့်လည်းလူကြိုက်များပြီးအများက လေးစားရတဲ့ ဒီဇိုင်နာတစ်ဦးအဖြစ် နှစ်တွေအကြာကြီးရပ်တည်လာခဲ့တာဖြစ်ပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးက မကြာသေးမီက အင်တာဗျူးမှာ သူ့ရဲ့ပိုက်ဆံစုတဲ့ အလေ့အထအကြောင်းကိုအားကျဖွယ်ရာပြောပြသွားပါတယ်။

ဒီဇိုင်နာမျိုးမင်းစိုးက အကယ်ဒမီပေးပွဲအတွက် ဒီဇိုင်းတွေဖန်တီးပုံကို “ဒီနှစ်မှာဆိုရင်တော့ နန်းဆုကို လုံးဝမထင်ထားတဲ့ ပုံစံလေးပေါ့။ အဲဒါလေး ဖန်တီးထားပါတယ်။အရင်ကတော့ ပန်းချီတွေလည်းအရမ်းများပြီး ရွှေချည်ထိုးတွေလည်းအရမ်းများပြီ နန်းဆန်ဆန်တွေလည်းအရမ်းများပြီဆိုတော့ ဒီနှစ်မှာတော့ beauty ဖြစ်တဲ့ပုံစံလေးနဲ့ Attraction ရှိတဲ့ပုံစံလေးတွေဖန်တီးမှာပါ”လို့ ပြောပြထားပါတယ်။

ပရိသတ်တွေအားကျနေကြတဲ့ ပိုက်ဆံစုတဲ့အလေ့အထအကြောင်းကိုတော့ ကိုမျိုးမင်းစိုးက “အဲဒါက နေ့တိုင်းစုပြီးတော့ နာမည်လေးတွေရိုက်ထားပါတယ်။ တစ်ရာ့ရှစ်ပါးရှင်ပြုရန်ပေါ့။ အရင်ကတော့ ပြုပြီးပြီ ထပ်ပြုမှာပါ။ အဲ့လိုမျိုးလေးတွေကပ်ပြီးတော့ ထည့်လိုက်တာပေါ့နော်။ ထည့်ပြီးတော့မှ ဖောက်ပြီးတော့ ပြန်ခွဲပြီးတော့လှူတာ။ ပိုက်ဆံစုတာက ငယ်ငယ်ကတည်းက စုတာ။ငယ်ငယ်တုန်းကတော့ လှူဖို့မဟုတ်ဘူးပေါ့။ အဝတ်အစားဝတ်ဖို့ဆိုင်ကယ်ဝယ်ဖို့ဆိုပြီး ဗူးလေးတွေနဲ့စုတတ်တယ်။ အဲ့အကျင့်ငယ်ငယ်ကတည်းက ပါလာတာ”လို့ ပြောပြထားပါတယ်။

ကိုမျိုးမင်းစိုးက လှူတာကိုအရမ်းဝါသနာပါတဲ့အကြောင်း “ လှူတာကတော့ အမြဲလှူနေတာပဲ မကြေငြာဖြစ်တာပဲရှိတာ။ လှူရတာကို အရမ်းဝါသနာပါတယ်။လှူချင်တဲ့စိတ်ဖြစ်လာရင် ဖြစ်လာတဲ့အထဲကိုထည့်လိုက်တယ်၊အဲ့လိုပေါ့ဘာပဲပြောပြော ပျော်တာပေါ့”လို့ ရင်ဖွင့်ထားပြီး စုဖို့သတ်မှတ်ထားတာကိုတော့ “သတ်မှတ်ထားတာကတော့ တစ်နေ့ကိုတစ်သိန်းထည့်တာ။ တကယ်တမ်းဆိုရင်တော့ မဖောက်သေးပါဘူး။ဗူးကပြည့်သွားတဲ့အခါကျတော့ ဖောက်လိုက်တာ”လို့ ပြောပြထားပါတယ်။

ပိုက်ဆံစုတဲ့အလုပ်က ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ့်ဟာကိုစုတာပဲကောင်းတယ်လို့ “ကျွန်တော်ကကျတော့ မဲတွေဘာတွေစုတာထက် ကိုယ့်ဟာကိုယ်ပဲစုတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲယုံတယ်သူများကိုလည်းသိပ်မယုံဘူး။ ကိုယ့်ဟာကိုယ်ပဲထည့်တယ်။ အဲဒါကြောင့်ဒီစုဗူးကို ဒီအလုပ်ခန်းအတွင်း ဒီပေါ်မှာပဲတင်ထားတယ်။ အမြဲတမ်းမြင်နေရအောင်ဆိုပြီး ကောင်မလေးတွေကိုလည်းသတိပေးပြီး ကိုယ်ခရီးထွက်ရင်တောင်မှ အဲ့လိုမျိုးလေးပါတယ်။သုံးရက်စာဆိုလည်းသုံးရက်စာပေ့ါ။ လုံးဝမပျက်အောင်လို့သူတို့ကိုထည့်ခိုင်းတယ်”လို့ ဖွင့်ဟထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီဇိုင်နာမျိုးမင်းစိုးလိုပဲ ကိုယ်နိုင်သလောက်ပိုက်ဆံလေးတွေစုဖြစ်ကြလား။ ပိုက်ဆံကိုလှူဖို့ပဲဖြစ်ဖြစ် စုမယ်ဆိုတဲ့အတွေးမျိုးရော ဝင်ဖူးကြလား။ စုဗူးနားကနေ နိဗ္ဗာန်အထိအတူတူသွားချင်တဲ့သူတွေရှိရင်လည်း Mention ခေါ်ပြီးပြလိုက်ပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top