အခုဆုိရင္ေတာ့ Malta ျမိဳ႕မွာေနထိုင္တဲ့သူေတြဟာ မုန္တုိင္းရဲ႕ အင္အားၾကီးမားတဲ့လိႈင္းလံုးေတြနဲ႕ေလေပြၾကီးေတြေၾကာင့္ ပင္လယ္စာအခမဲ့စားသံုးေနရျပီျဖစ္ပါတယ္ ။မုန္တုိင္းဟာ အင္အားၾကီးမားတဲ့ေလေပြၾကီးေတြကုိျဖစ္ေစျပီး ပင္လယ္ထဲမွ ငါးေတြကုိစုပ္ယူလုိက္တဲ့အတြက္ အခုလိုငါးမိုးရြာရတာပဲျဖစ္ပါတယ္။မုန္တုိင္းေၾကာင့္ ေျမထဲပင္လယ္ကြ်န္းေပၚ နဲ႕ ကမ္းေျခတစ္ေလ်ာက္မွာ အပ်က္အဆီးမ်ားခဲ့တယ္လုိ႕လည္သိထားရပါတယ္ ။

ဒီမုန္တုိင္းဟာ အလြန္အင္အားၾကီးတဲ့အတြက္ အသက္အိုးအိမ္စည္းစိမ္ဆံုးရွံဳးရႏုိင္တဲ့အေၾကာင္းအစုိးရကသတိေပးခ်က္ထုတ္ျပန္ထားပါတယ္။ Malta ေျမာက္ပိုင္း St.Paul’s ကမ္းရိုးတန္းဘက္မွာဆုိရင္ ပင္လယ္ေရေတြနဲ႕ ငါးေတြ ကုန္းေျမျပင္ေပၚ အေျမာက္အမ်ားက်ေရာက္ေနတာကုိေတြ႕ႏုိင္ပါတယ္ ။ေဒသခံေတြကေတာ့ အသက္အႏၱရာယ္စိုးရိမ္ရမယ့္အစား ျခင္းတစ္လံုးယူျပီး ငါးေတြကိုလိုက္ေကာက္ေနၾကပါတယ္ ။

“ငါးကန္ေတြထဲကတစ္ကန္ ပ်က္ဆီးသြားတာျဖစ္မယ္ ။ ဒါေၾကာင့္မို႕ေထာင္ခ်ီေသာင္းခ်ီတဲ့ငါးေတြ အခုလုိကုန္းေပၚေရာက္ေနၾကတာ ။ဒီကလူေတြကေတာ့ လမ္းလည္ေခါင္မွာ ငါးေတြကိုလုိက္ေကာက္ေနၾကတာပါပဲ ။ေလာေလာဆယ္ေတာ့ အျပင္မထြက္ပဲ Land Rover ေလးထဲမွာပဲျငိမ့္ေနသင့္ေသးတယ္” လုိ႕ ေဒသခံတစ္ေယာက္က ေနာက္ေနာက္ေျပာင္ေျပာင္နဲ႕ေျဖၾကားသြားခဲ့ပါတယ္ ။

မုန္တုိင္းအေျခအေနက အလြန္ျပင္းထန္ေနတဲ့အတြက္ လမ္းမအေတာ္မ်ားမ်ားပိတ္ထားျပီး ခရီးသည္တင္ယာဥ္ေတြလည္း ေျပးဆြဲျခင္းရပ္တန္႕ထားပါတယ္ ။ မုန္တိုုင္းၾကားမွာ သြားလာမယ္ဆုိရင္ အသက္အႏၱရာယ္မ်ားလြန္းတဲ့အတြက္အိမ္ထဲမွာေနထုိင္ဖုိ႕ အစိုးရကိုယ္တုိင္က အၾကံေပးခ်က္ထုတ္ျပန္ထားပါတယ္ ။ ယခုခ်ိန္ထိ Malta မွ အကူအညီေတာင္းခံတဲ့ဖုန္းအၾကိမ္ေရ ၃၀၀ ေက်ာ္လက္ခံရရွိျပီးျဖစ္ေပမယ့္လည္း ျပင္းျပင္းထန္ထန္ထိခိုက္တဲ့အေျခအေနမ်ိဳးေတာ့မရွိေသးဘူးလုိ႕သိရပါတယ္ ။

တစ္နာရီ ၁၀၁ ကီလုိမီတာႏႈန္းနဲ႕တုိက္ေနတဲ့ မုန္တိုင္းေၾကာင့္ ကြ်န္းေပၚကေနရာအခ်ိဳ႕မွာ လ်ပ္စစ္ဓါတ္ျပတ္ေတာက္မႈျဖစ္ေပၚေနပါတယ္ ။ ဒီေတာ့….ပင္လယ္ငါးကင္ ၾကိဳက္တဲ့သူေတြရွိလား ။ Malta မွာ တစ္ဝၾကီးသြားစားၾကရေအာင္ ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Daily Hot News
#Unicode Version#
အခုဆိုရင်တော့ Malta မြို့မှာနေထိုင်တဲ့သူတွေဟာ မုန်တိုင်းရဲ့ အင်အားကြီးမားတဲ့လှိုင်းလုံးတွေနဲ့လေပွေကြီးတွေကြောင့် ပင်လယ်စာအခမဲ့စားသုံးနေရပြီဖြစ်ပါတယ် ။မုန်တိုင်းဟာ အင်အားကြီးမားတဲ့လေပွေကြီးတွေကိုဖြစ်စေပြီး ပင်လယ်ထဲမှ ငါးတွေကိုစုပ်ယူလိုက်တဲ့အတွက် အခုလိုငါးမိုးရွာရတာပဲဖြစ်ပါတယ်။မုန်တိုင်းကြောင့် မြေထဲပင်လယ်ကျွန်းပေါ် နဲ့ ကမ်းခြေတစ်လျောက်မှာ အပျက်အဆီးများခဲ့တယ်လို့လည်သိထားရပါတယ် ။

ဒီမုန်တိုင်းဟာ အလွန်အင်အားကြီးတဲ့အတွက် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရနိုင်တဲ့အကြောင်းအစိုးရကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ Malta မြောက်ပိုင်း St.Paul’s ကမ်းရိုးတန်းဘက်မှာဆိုရင် ပင်လယ်ရေတွေနဲ့ ငါးတွေ ကုန်းမြေပြင်ပေါ် အမြောက်အများကျရောက်နေတာကိုတွေ့နိုင်ပါတယ် ။ဒေသခံတွေကတော့ အသက်အန္တရာယ်စိုးရိမ်ရမယ့်အစား ခြင်းတစ်လုံးယူပြီး ငါးတွေကိုလိုက်ကောက်နေကြပါတယ် ။

“ငါးကန်တွေထဲကတစ်ကန် ပျက်ဆီးသွားတာဖြစ်မယ် ။ ဒါကြောင့်မို့ထောင်ချီသောင်းချီတဲ့ငါးတွေ အခုလိုကုန်းပေါ်ရောက်နေကြတာ ။ဒီကလူတွေကတော့ လမ်းလည်ခေါင်မှာ ငါးတွေကိုလိုက်ကောက်နေကြတာပါပဲ ။လောလောဆယ်တော့ အပြင်မထွက်ပဲ Land Rover လေးထဲမှာပဲငြိမ့်နေသင့်သေးတယ်” လို့ ဒေသခံတစ်ယောက်က နောက်နောက်ပြောင်ပြောင်နဲ့ဖြေကြားသွားခဲ့ပါတယ် ။

မုန်တိုင်းအခြေအနေက အလွန်ပြင်းထန်နေတဲ့အတွက် လမ်းမအတော်များများပိတ်ထားပြီး ခရီးသည်တင်ယာဉ်တွေလည်း ပြေးဆွဲခြင်းရပ်တန့်ထားပါတယ် ။ မုန်တိုင်းကြားမှာ သွားလာမယ်ဆိုရင် အသက်အန္တရာယ်များလွန်းတဲ့အတွက်အိမ်ထဲမှာနေထိုင်ဖို့ အစိုးရကိုယ်တိုင်က အကြံပေးချက်ထုတ်ပြန်ထားပါတယ် ။ ယခုချိန်ထိ Malta မှ အကူအညီတောင်းခံတဲ့ဖုန်းအကြိမ်ရေ ၃၀၀ ကျော်လက်ခံရရှိပြီးဖြစ်ပေမယ့်လည်း ပြင်းပြင်းထန်ထန်ထိခိုက်တဲ့အခြေအနေမျိုးတော့မရှိသေးဘူးလို့သိရပါတယ် ။

တစ်နာရီ ၁၀၁ ကီလိုမီတာနှုန်းနဲ့တိုက်နေတဲ့ မုန်တိုင်းကြောင့် ကျွန်းပေါ်ကနေရာအချို့မှာ လျပ်စစ်ဓါတ်ပြတ်တောက်မှုဖြစ်ပေါ်နေပါတယ် ။ ဒီတော့….ပင်လယ်ငါးကင် ကြိုက်တဲ့သူတွေရှိလား ။ Malta မှာ တစ်ဝကြီးသွားစားကြရအောင် ။

ဖိုးသူတော်(www.phothutaw.com)
Credit: Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top