အဆိုေတာ္ အိမ့္ခ်စ္က ေမြးေန႕မွာ အေမနဲ႕ေရာ အေဖနဲ႕ပါ အတူတူ ရွိခြင့္ရခဲ့တဲ့အတြက္ ေပ်ာ္လို႕ေနပါတယ္။ဒီႏွ္စ္ေမြးေန႕ေလးက သူမအတြက္ ကံေကာင္းတဲ့ ေန႕ေလးျဖစ္တယ္တဲ့။

ဒီေန႕(မတ္လ၃၁ရက္)က အဆုိေတာ္ အိမ့္ခ်စ္ရဲ႕ေမြးေန႕ေလးျဖစ္ပါတယ္။ ဒီႏွစ္ေမြးေန႕ေလးက သူမအတြက္ ကံေကာင္းတဲ့ ေမြးေန႕ေလးျဖစ္တယ္လို႕ ဆိုပါတယ္။

“ဒီေန႔ ကံေကာင္းတဲ့ေမြးေန႔ေလးပါပဲ အေမေရာ အေဖေရာနဲ႔ တစ္ၿမိဳ႕ထဲမွာပြဲတူလို႔ တူတူရွိခြင့္ရတယ္ အရမ္းေပ်ာ္တယ္” ဆုိၿပီး မတ္လ(၃၁) ရက္ေန႕က အိမ့္ခ်စ္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

အိမ့္ခ်စ္ဟာ မိခင္နဲ႕အတူ ရိုက္ထားတဲ့ ပံုေလးနဲ႕ ဖခင္ဦးခ်စ္ေကာင္းနဲ႕အတူတြဲရိုက္ထားတဲ့ ပံုေလးေတြကိုလည္း သူမကေဖ့စ္ဘြတ္မွာ တင္ခဲ့ပါေသးတယ္။

အိမ့္ခ်စ္ဟာ ဒီႏွစ္ သူမရဲ႕ ေမြးေန႕အမွတ္တရအေနနဲ႕ မိဘမဲ့ကေလးေလးေတြကို ကေလးကြင္းလိုက္ပို႕ေပးတဲ့အစီအစဥ္ကိုလည္း သၾကၤန္ၿပီးရင္ အေကာင္အထည္ေဖာ္သြားမယ္လို႕ သိရပါတယ္။

“ဒီႏွစ္အတြက္ မိဘမဲ့ကေလးေတြကို ကစားကြင္းပို႔မယ့္ အစီအစဥ္က April လထဲမွ ျဖစ္ပါေတာ့မယ္။ သႀကၤန္အၿပီးေလးေပါ့ အလွဴထဲမွာအားလံုးပါဝင္လို႔ရေအာင္လဲ စီစဥ္ေပးပါမယ္။ အေသးစိတ္ကိုျပန္ေျပာေပးမယ္ေနာ္” ဆိုၿပီး အိမ့္ခ်စ္ရဲ႕ ေဖ့စ္ဘြတ္မွာ မတ္လ(၈) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။

အိမ့္ခ်စ္ဟာ ေမြးေန႕တိုင္းမွာ ေမြးေန႔ပြဲ မလုပ္ျဖစ္ေပမယ့္ ေမြးေန႕အလွဴကိုေတာ့ ႏွစ္တိုင္းဆိုသလို လုပ္ေလ့႐ွိပါတယ္။ မိဘမဲ့ကေလးေက်ာင္းေတြ၊ စိတၱဇေဆးရံုမွာ လွဴဒါန္းတာမ်ိဳးေတြ လုပ္ခဲ့သူလည္း ျဖစ္ပါတယ္။



အိမ့္ခ်စ္(Eint Chit) ဟာ ငယ္စဥ္ကတည္းက ဂီတနဲ႕ မစိမ္းသလို ဖခင္ ဦးခ်စ္ေကာင္းနဲ႕အတူ စတိတ္စင္ေပၚမွာ ေဖ်ာ္ ေျဖလာ သူ တစ္ဦး လည္း ျဖစ္ပါတယ္။အိမ့္ခ်စ္ဟာ အတြဲေခြမ်ားစြာမွာ ပါဝင္သီဆိုဖူးခဲ့သလို "ကိုယ္တိုင္ေရး ပံုတူပန္းခ်ီီ" ၊ အခ်စ္ေရးစတဲ့ ေတးသီခ်င္း ေခြမ်ားနဲ႕ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ဦးခ်စ္ေကာင္းနဲ႕အတူ "၅၂၈" ေဖ်ာ္ေျဖ ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏုိင္ခဲ့တဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ သူမဟာ မိဘ၊ဆရာသမားေတြသာမက ဘာသာေရးကို ကိုင္းရိႈင္းၿပီး ကိုယ့္လုပ္တဲ့အလုပ္တစ္ခု ကို အၿမဲတမ္း အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားတတ္တဲ့ သူျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈကို ရရွိထားႏုိင္တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


အဆိုတော် အိမ့်ချစ်က မွေးနေ့မှာ အမေနဲ့ရော အဖေနဲ့ပါ အတူတူ ရှိခွင့်ရခဲ့တဲ့အတွက် ပျော်လို့နေပါတယ်။ဒီနှ်စ်မွေးနေ့လေးက သူမအတွက် ကံကောင်းတဲ့ နေ့လေးဖြစ်တယ်တဲ့။

ဒီနေ့(မတ်လ၃၁ရက်)က အဆိုတော် အိမ့်ချစ်ရဲ့မွေးနေ့လေးဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးက သူမအတွက် ကံကောင်းတဲ့ မွေးနေ့လေးဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီနေ့ ကံကောင်းတဲ့မွေးနေ့လေးပါပဲ အမေရော အဖေရောနဲ့ တစ်မြို့ထဲမှာပွဲတူလို့ တူတူရှိခွင့်ရတယ် အရမ်းပျော်တယ်” ဆိုပြီး မတ်လ(၃၁) ရက်နေ့က အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

အိမ့်ချစ်ဟာ မိခင်နဲ့အတူ ရိုက်ထားတဲ့ ပုံလေးနဲ့ ဖခင်ဦးချစ်ကောင်းနဲ့အတူတွဲရိုက်ထားတဲ့ ပုံလေးတွေကိုလည်း သူမကဖေ့စ်ဘွတ်မှာ တင်ခဲ့ပါသေးတယ်။

အိမ့်ချစ်ဟာ ဒီနှစ် သူမရဲ့ မွေးနေ့အမှတ်တရအနေနဲ့ မိဘမဲ့ကလေးလေးတွေကို ကလေးကွင်းလိုက်ပို့ပေးတဲ့အစီအစဉ်ကိုလည်း သြင်္ကန်ပြီးရင် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

“ဒီနှစ်အတွက် မိဘမဲ့ကလေးတွေကို ကစားကွင်းပို့မယ့် အစီအစဉ်က April လထဲမှ ဖြစ်ပါတော့မယ်။ သြင်္ကန်အပြီးလေးပေါ့ အလှူထဲမှာအားလုံးပါဝင်လို့ရအောင်လဲ စီစဉ်ပေးပါမယ်။ အသေးစိတ်ကိုပြန်ပြောပေးမယ်နော်” ဆိုပြီး အိမ့်ချစ်ရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၈) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

အိမ့်ချစ်ဟာ မွေးနေ့တိုင်းမှာ မွေးနေ့ပွဲ မလုပ်ဖြစ်ပေမယ့် မွေးနေ့အလှူကိုတော့ နှစ်တိုင်းဆိုသလို လုပ်လေ့ရှိပါတယ်။ မိဘမဲ့ကလေးကျောင်းတွေ၊ စိတ္တဇဆေးရုံမှာ လှူဒါန်းတာမျိုးတွေ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top