iMyanmarHouse.com - Best Property Website for Myanmar
×


ဒံေပါက္ဆိုတဲ့ အသံၾကားတာနဲ႔ လူေတာ္ေတာ္မ်ားမ်ား ပါးစပ္ကေန သြားရည္ေတြ က်လာတာ ေတြ႔ဖူးၾကမွာပါ။ အိႏၵိယ ရိုးရာ အစားအစာတစ္မ်ိဳးျဖစ္ျပီး အနံ႔ေရာ၊ အရသာနဲ႔ အေရာင္အဆင္းအေနနဲ႔ပါ လူတိုင္းကို စားခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္ တယ္။ ဒံေပါက္ကို အိႏၵိယလူမ်ိဳးေတြအျပင္ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြေရာ တစ္ကမာၻလံုးက လူေတြကပါ ၾကိဳက္ႏွစ္သက္ၾကပါတယ္။

ဒီေတာ့ ဒံေပါက္ဆိုတာ က်န္းမာေရးအတြက္ ေကာင္းတဲ့ အစားအစာဟုတ္သလား၊ ဒီလိုေႏြရာသီမ်ိဳးမွာေရာ ဒံေပါက္စားေပးသင့္လား၊ အျမဲစားရင္ က်န္းမာေရးထိ ခိုက္ႏိုင္လား ဆိုျပီး ေမးစရာေမးခြန္းေတြ ျဖစ္လာပါတယ္။

ကိုယ္တိုင္က ဒံေပါက္ကို အရမ္းၾကိဳက္တတ္တဲ့သူတစ္ေယာက္ဆိုုရင္ ဒီေဆာင္းပါးေလးက သင့္အတြက္ ဗဟုသုတရေစမွာပါ။

ဒံေပါက္မွာ ဘာေတြ ပါ၀င္လဲ။ ဘယ္လိုအာဟာရဓာတ္ေတြ ရႏိုင္လဲ။

အဓိကပါ၀င္ပစၥည္းေတြကေတာ့ ထမင္းနဲ႔ ၾကက္သားျဖစ္ျပီး ဆီ၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ ငရုတ္သီးမႈန္႔၊ ငရုတ္ေကာင္းမႈန္႔၊ နႏြင္းမႈန္႔၊ ဇီရာေစ့၊ ခရမ္းခ်ဥ္သီး၊ ဒိန္ခ်ဥ္၊ ဒံေပါက္မဆလာ၊ ဖာလာေစ့၊ နာနတ္ပြင့္၊ သစ္ဂ်ပိုးေခါက္၊ ကရေ၀းရြက္၊ အာလူး၊ သီဟိုရ္ေစ့၊ ၾကက္သြန္နီအစရွိသျဖင့္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ျဖစ္ေစတဲ့ အရာေတြကို ေပါင္းစပ္ခ်က္လုပ္ထားတာ ျဖစ္ပါတယ္။

ဒံေပါက္ကို ထမင္း၊ ၾကက္သားနဲ႔ အဓိကခ်က္ထားတာျဖစ္တဲ့အတြက္ ပရိုတင္း ဓာတ္၊ ကစီဓာတ္ေပါၾကြယ္၀တယ္။ ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျပန္ လည္ျဖည့္တင္းေပးတယ္။ အမွ်င္ဓာတ္လည္း ပါ၀င္လို႔ အစာေၾကလြယ္ေစျပီး ၀မ္းခ်ဳပ္တာေတြ မျဖစ္ေစပါဘူး။

 ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးႏိုင္တယ္။ ကိုယ္ခံအားစနစ္ကို ေကာင္း မြန္ေစတယ္။ ၾကီးထြားဖြံ႕ျဖိဳးမႈနဲ႔ ခႏၶာကိုယ္အတြက္ မရွိမျဖစ္ အသားဓာတ္အျပင္ ဗီတာမင္ ဘီ-၃၊ အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစတဲ့ ဆလီနီယမ္ (Selenium)ေတြလည္း ပါ၀င္ပါတယ္။

ဒါဆိုရင္ ဒံေပါက္ဟာ က်န္းမာေရးနဲ႔ ညီညြတ္လား။

က်န္းမာေရးအတြက္ ေကာင္းက်ိဳးမ်ားစြာ ရွိေစတဲ့ အရာေတြကို ေပါင္းစပ္ျပီး ဒံေပါက္ကို ခ်က္ထားတာျဖစ္ေပမဲ့ ခ်က္ပံုခ်က္နည္း၊ ပါ၀င္ပစၥည္းနဲ႔ သန္႔ရွင္းသပ္ရပ္ မႈေပၚမူတည္ျပီး ဒံေပါက္ဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

အျပင္မွာ ေရာင္းတဲ့ဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားက မသန္႔ရွင္းတဲ့ ဆီေတြကို အသံုးျပဳတာ၊ စားအုန္းဆီလို ျပည့္၀ဆီေတြနဲ႔ ဒံေပါက္ထမင္းခ်က္တာ၊ ခ်က္ျပီး သားဆီကို အၾကိမ္ၾကိမ္ ျပန္အသံုးျပဳတာေၾကာင့္ အျမဲစားေပးေနရင္ေတာ့ က်န္းမာေရးကို ထိခိုက္လာေစမွာ အေသအခ်ာပါပဲ။

ဒါေၾကာင့္ ကိုယ္က ဒံေပါက္ၾကိဳက္တဲ့သူဆိုရင္ ကိုယ့္အိမ္မွာ ဆီေကာင္းဆီသန္႔နဲ႔ ေသခ်ာသန္႔ရွင္းလတ္ဆတ္စြာ ခ်က္ျပီး ပူပူေႏြးေႏြးစားတာ အေကာင္းဆံုးပါပဲ။
ေႏြရာသီမွာ ဒံေပါက္စားေပးသင့္လား။

ဒံေပါက္မွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ပရိုတင္းဓာတ္ေတြအျပင္ ကစီဓာတ္၊ အဆီဓာတ္ေတြ အမ်ားအျပားပါ၀င္လို႔ ေႏြရာသီလို ရာသီဥတုပူျပင္းတဲ့ အခ်ိန္မွာ စားရင္ေတာ့ ေခါင္းမူးေခါင္းကိုက္ျပီး ကိုယ္လက္မအီမသာျဖစ္တာ၊ ပ်ိဳ႕အန္ခ်င္ တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

ဒါ့အျပင္ ဆီမ်ားလြန္းတာ၊ မသန္႔ရွင္းတဲ့ ဆီေတြ သံုးထားရင္လည္း ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ ရွိတဲ့သူေတြအေနနဲ႔ေတာ့ မ်ားမ်ားစားလိုက္ရင္ ေသြးတက္တာ၊ ဦးေႏွာက္နဲ႔ ႏွလံုးေသြးေၾကာထိခိုက္ႏိုင္ပါတယ္။ ကယ္လိုရီပါ၀င္မႈမ်ားတဲ့အတြက္ အသည္းအဆီဖံုးတာ၊ ကိုယ္အေလးခ်ိန္တက္ျပီး အ၀လြန္တာေတြပါ ျဖစ္လာႏိုင္ပါတယ္။

ဒံေပါက္ကို ဘယ္လိုဆင္ျခင္ျပီး စားႏိုင္ရင္ အေကာင္းဆံုးလဲ။

အစားအစာတိုင္းမွာေတာ့ တန္ေဆး၊ လြန္ေဘးဆိုတာ ရွိပါတယ္။ ဒါေၾကာင့္ ကိုယ္က အစားအစာတစ္မ်ိဳးကို ဘယ္ေလာက္ပဲ ၾကိဳက္ၾကိဳက္ ဒါပဲ အျမဲစားေနမယ္ ဆိုရင္ေတာ့ က်န္းမာေရးမွာ ျပႆနာျဖစ္လာမွာပါ။ ဒါေၾကာင့္ ဒံေပါက္ကိုလည္း အျမဲစားတာထက္ တစ္လ ၂ၾကိမ္၊ ၃ၾကိမ္ေလာက္ပဲ စားေပးမယ္ဆိုရင္ အ ဆင္ေျပပါတယ္။

ဒံေပါက္ထဲမွာ ပါ၀င္တဲ့ ကိုလက္စထေရာေတြနဲ႔ မေကာင္းတဲ့ အဆီေတြကို ဖယ္ရွားေပးဖိုု႔ အစာစားျပီးတိုင္း ေရေႏြးၾကမ္းျဖစ္ျဖစ္၊ ေရေႏြးေႏြးေလး ျဖစ္ျဖစ္ ေသာက္ေပးသင့္ပါတယ္။

ဒံေပါက္ခ်က္လုပ္ရမွာ သမားရိုးက်အတိုင္း ခ်က္တာထက္ မုန္လာဥနီ၊ ေဂၚဖီထုပ္၊ ေဂၚဖီပန္းပြင့္၊ ကန္စြန္းရြက္ အစရွိတဲ့ အရြက္ေလးေတြ ေရာျပီး အသစ္အဆန္းပံုစံ မ်ိဳး ခ်က္ေပးႏိုင္ရင္လည္း ပိုေကာင္းပါတယ္။

သတိထားရမွာကေတာ့ စားအုန္းဆီကို အျမဲေရွာင္ဖို႔ပါပဲ။ ဒီလို မသန္႔ရွင္းတဲ့ ဆီေတြအစား ကိုယ္ခႏၶာအတြက္ အႏၱရာယ္မျဖစ္ေစတဲ့ မျပည့္၀ဆီ (သံလြင္ဆီ၊ ေျမပဲဆီ၊ ႏွမ္းဆီ၊ ဟင္းသီးဟင္းရြက္ဆီ) တို႔ကို အသံုးျပဳျပီး ခ်က္ေပးပါ။

ခ်က္ျပီးသားဆီေတြကို ျပန္ျပီး အသံုးျပဳတာမ်ိဳးလည္း မလုပ္သင့္ပါဘူး။ အေကာင္းဆံုးက ဆိုင္ေတြမွာ ၀ယ္စားတာထက္ ကိုယ့္အိမ္မွာ ကိုယ္တိုင္ ခ်က္ျပဳတ္ျပင္ဆင္ျပီး ဆီေကာင္းဆီသန္႔ကိုပဲ အသံုးျပဳေပးတာ ပိုေကာင္းပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင် တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။

ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိ ခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။

ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။

ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓာတ်တွေ ရနိုင်လဲ။

အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ ကြက်သားဖြစ်ပြီး ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ ဒံပေါက်မဆလာ၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ အာလူး၊ သီဟိုရ်စေ့၊ ကြက်သွန်နီအစရှိသဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အရာတွေကို ပေါင်းစပ်ချက်လုပ်ထားတာ ဖြစ်ပါတယ်။

ဒံပေါက်ကို ထမင်း၊ ကြက်သားနဲ့ အဓိကချက်ထားတာဖြစ်တဲ့အတွက် ပရိုတင်း ဓာတ်၊ ကစီဓာတ်ပေါကြွယ်ဝတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန် လည်ဖြည့်တင်းပေးတယ်။ အမျှင်ဓာတ်လည်း ပါဝင်လို့ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေ မဖြစ်စေပါဘူး။

 သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကို ကောင်း မွန်စေတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အသားဓာတ်အပြင် ဗီတာမင် ဘီ-၃၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ဆလီနီယမ် (Selenium)တွေလည်း ပါဝင်ပါတယ်။

ဒါဆိုရင် ဒံပေါက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်လား။

ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အရာတွေကို ပေါင်းစပ်ပြီး ဒံပေါက်ကို ချက်ထားတာဖြစ်ပေမဲ့ ချက်ပုံချက်နည်း၊ ပါဝင်ပစ္စည်းနဲ့ သန့်ရှင်းသပ်ရပ် မှုပေါ်မူတည်ပြီး ဒံပေါက်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အပြင်မှာ ရောင်းတဲ့ဆိုင်တွေ တော်တော်များများက မသန့်ရှင်းတဲ့ ဆီတွေကို အသုံးပြုတာ၊ စားအုန်းဆီလို ပြည့်ဝဆီတွေနဲ့ ဒံပေါက်ထမင်းချက်တာ၊ ချက်ပြီး သားဆီကို အကြိမ်ကြိမ် ပြန်အသုံးပြုတာကြောင့် အမြဲစားပေးနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာ အသေအချာပါပဲ။

ဒါကြောင့် ကိုယ်က ဒံပေါက်ကြိုက်တဲ့သူဆိုရင် ကိုယ့်အိမ်မှာ ဆီကောင်းဆီသန့်နဲ့ သေချာသန့်ရှင်းလတ်ဆတ်စွာ ချက်ပြီး ပူပူနွေးနွေးစားတာ အကောင်းဆုံးပါပဲ။
နွေရာသီမှာ ဒံပေါက်စားပေးသင့်လား။

ဒံပေါက်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေအပြင် ကစီဓာတ်၊ အဆီဓာတ်တွေ အများအပြားပါဝင်လို့ နွေရာသီလို ရာသီဥတုပူပြင်းတဲ့ အချိန်မှာ စားရင်တော့ ခေါင်းမူးခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်ချင် တာမျိုး ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဆီများလွန်းတာ၊ မသန့်ရှင်းတဲ့ ဆီတွေ သုံးထားရင်လည်း သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိတဲ့သူတွေအနေနဲ့တော့ များများစားလိုက်ရင် သွေးတက်တာ၊ ဦးနှောက်နဲ့ နှလုံးသွေးကြောထိခိုက်နိုင်ပါတယ်။ ကယ်လိုရီပါဝင်မှုများတဲ့အတွက် အသည်းအဆီဖုံးတာ၊ ကိုယ်အလေးချိန်တက်ပြီး အဝလွန်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒံပေါက်ကို ဘယ်လိုဆင်ခြင်ပြီး စားနိုင်ရင် အကောင်းဆုံးလဲ။

အစားအစာတိုင်းမှာတော့ တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ဒါကြောင့် ကိုယ်က အစားအစာတစ်မျိုးကို ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒါပဲ အမြဲစားနေမယ် ဆိုရင်တော့ ကျန်းမာရေးမှာ ပြဿနာဖြစ်လာမှာပါ။ ဒါကြောင့် ဒံပေါက်ကိုလည်း အမြဲစားတာထက် တစ်လ ၂ကြိမ်၊ ၃ကြိမ်လောက်ပဲ စားပေးမယ်ဆိုရင် အ ဆင်ပြေပါတယ်။

ဒံပေါက်ထဲမှာ ပါဝင်တဲ့ ကိုလက်စထရောတွေနဲ့ မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ အစာစားပြီးတိုင်း ရေနွေးကြမ်းဖြစ်ဖြစ်၊ ရေနွေးနွေးလေး ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။

ဒံပေါက်ချက်လုပ်ရမှာ သမားရိုးကျအတိုင်း ချက်တာထက် မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက် အစရှိတဲ့ အရွက်လေးတွေ ရောပြီး အသစ်အဆန်းပုံစံ မျိုး ချက်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

သတိထားရမှာကတော့ စားအုန်းဆီကို အမြဲရှောင်ဖို့ပါပဲ။ ဒီလို မသန့်ရှင်းတဲ့ ဆီတွေအစား ကိုယ်ခန္ဓာအတွက် အန္တရာယ်မဖြစ်စေတဲ့ မပြည့်ဝဆီ (သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ) တို့ကို အသုံးပြုပြီး ချက်ပေးပါ။

ချက်ပြီးသားဆီတွေကို ပြန်ပြီး အသုံးပြုတာမျိုးလည်း မလုပ်သင့်ပါဘူး။ အကောင်းဆုံးက ဆိုင်တွေမှာ ဝယ်စားတာထက် ကိုယ့်အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဆီကောင်းဆီသန့်ကိုပဲ အသုံးပြုပေးတာ ပိုကောင်းပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top