iMyanmarHouse.com - Best Property Website for Myanmar
×

ယခင္အစိုးရလက္ထက္က လူေနထိုင္ရန္ ခ်ထားေပးခဲ့သည့္ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းက ပါမစ္ေျမမ်ားကို စိစစ္ၿပီး ဥပေဒႏွင့္အညီ ေျမငွားဂရန္မ်ား လုပ္ေဆာင္ေပးသြားမည္ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္က မတ္လ ၁ ရက္တြင္ ေျပာသည္။

 "လူေနထိုင္ရန္ ခ်ထားေပးခဲ့တဲ့ ပါမစ္ေျမေတြကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စိစစ္ၿပီး ဥပေဒလုပ္ထုံး လုပ္နည္းနဲ႔ အညီ ေဆာင္႐ြက္ေပးသြားပါမယ္။"ဟု ေဒါက္တာရဲလြင္က ေျပာသည္။

ခ်မ္းျမသာစည္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္ ၁၊ ၂ ၊ ၃၊ ၄၊ ၅ ရပ္ကြက္၊ ကန္သာယာရပ္ကြက္၊ ထြန္တုံးရပ္ကြက္၊ ျမရည္နႏၵာရပ္ကြက္၊ ေအာင္သာယာရပ္ကြက္ႏွင့္ ေအာင္ပင္လယ္ရပ္ကြက္မ်ားမွ လူေနထိုင္ရန္ ခ်ထားေပးခဲ့သည့္ ပါမစ္ေျမမ်ားကို ဥပေဒလုပ္ထုံး လုပ္နည္းႏွင့္အညီ စီစစ္ၿပီး ေျမငွားဂရန္ လုပ္ေဆာင္ ေပးသြားမည္လည္း ျဖစ္သည္။

 "ေျမငွားဂရန္လည္း ထုတ္ေပးသင့္ပါတယ္။ ဘယ္လိုထုတ္ေပးသင့္သလဲဆိုတာ စဥ္းစားရပါမယ္။ ပါျမစ္ ဆိုတဲ့ေျမေတြကို ဂရန္ ဘယ္လိုထုတ္ေပးမလဲဆိုတာ စဥ္းစားရမယ္။"ဟု မဲဆႏၵနယ္ အမွတ္(၁)မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္က ေျပာသည္။

ထိုသို႔ ေျမငွားဂရန္ ထုတ္ေပးလိုက္ျခင္းေၾကာင့္ အခြန္ေငြမ်ားရရွိလာမည္ျဖစ္ၿပီး ပါမစ္ေျမစလစ္ျဖင့္ ေနထိုင္ သူမ်ားလည္း ပိုင္ဆိုင္ခြင့္ရရွိသြားမည္ဟု ဦးတင္ေအာင္က ဆိုသည္။

"ကြၽန္ေတာ္က တဆင့္ဝယ္တာ ဒီေျမစလစ္နဲ႔ပဲ။ ဒီဘက္မွာေနတာအမ်ားစုကေတာ့ ဒါပဲရွိၾကတယ္။ အရင္ရတဲ့ သူက ေရာင္းခဲ့ၾကတာပဲ။ အခုက တဆင့္ပိုင္ေပါ့။ ဂရန္လုပ္ေပးမယ္ဆိုေတာ့ ပိုင္ဆိုင္ခြင့္ မာသြားတာေပါ့။"ဟု ပါမစ္ေျမစလစ္ျဖင့္ ေနထိုင္သူ ဦးေအးေက်ာ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #


 ယခင်အစိုးရလက်ထက်က လူနေထိုင်ရန် ချထားပေးခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းက ပါမစ်မြေများကို စိစစ်ပြီး ဥပဒေနှင့်အညီ မြေငှားဂရန်များ လုပ်ဆောင်ပေးသွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က မတ်လ ၁ ရက်တွင် ပြောသည်။

 "လူနေထိုင်ရန် ချထားပေးခဲ့တဲ့ ပါမစ်မြေတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ပြီး ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ အညီ ဆောင်ရွက်ပေးသွားပါမယ်။"ဟု ဒေါက်တာရဲလွင်က ပြောသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြို့သစ် ၁၊ ၂ ၊ ၃၊ ၄၊ ၅ ရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ထွန်တုံးရပ်ကွက်၊ မြရည်နန္ဒာရပ်ကွက်၊ အောင်သာယာရပ်ကွက်နှင့် အောင်ပင်လယ်ရပ်ကွက်များမှ လူနေထိုင်ရန် ချထားပေးခဲ့သည့် ပါမစ်မြေများကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ စီစစ်ပြီး မြေငှားဂရန် လုပ်ဆောင် ပေးသွားမည်လည်း ဖြစ်သည်။

 "မြေငှားဂရန်လည်း ထုတ်ပေးသင့်ပါတယ်။ ဘယ်လိုထုတ်ပေးသင့်သလဲဆိုတာ စဉ်းစားရပါမယ်။ ပါမြစ် ဆိုတဲ့မြေတွေကို ဂရန် ဘယ်လိုထုတ်ပေးမလဲဆိုတာ စဉ်းစားရမယ်။"ဟု မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

ထိုသို့ မြေငှားဂရန် ထုတ်ပေးလိုက်ခြင်းကြောင့် အခွန်ငွေများရရှိလာမည်ဖြစ်ပြီး ပါမစ်မြေစလစ်ဖြင့် နေထိုင် သူများလည်း ပိုင်ဆိုင်ခွင့်ရရှိသွားမည်ဟု ဦးတင်အောင်က ဆိုသည်။

"ကျွန်တော်က တဆင့်ဝယ်တာ ဒီမြေစလစ်နဲ့ပဲ။ ဒီဘက်မှာနေတာအများစုကတော့ ဒါပဲရှိကြတယ်။ အရင်ရတဲ့ သူက ရောင်းခဲ့ကြတာပဲ။ အခုက တဆင့်ပိုင်ပေါ့။ ဂရန်လုပ်ပေးမယ်ဆိုတော့ ပိုင်ဆိုင်ခွင့် မာသွားတာပေါ့။"ဟု ပါမစ်မြေစလစ်ဖြင့် နေထိုင်သူ ဦးအေးကျော်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top