iMyanmarHouse.com - Best Property Website for Myanmar
×

 အခုလက္ရွိမွာ Miss ျပိဳင္ပြဲကိစၥအရႈပ္အရွင္းေတြနဲ႔တရားရင္ဆိုင္ေနရတဲ့ ေရႊအိမ္စည္ဟာဆိုရင္ တစ္ဖက္မွာလည္းအလုပ္ေတြကိုဇယ္ဆက္သလိုလုပ္ေနျပီးအနုပညာလမ္းေၾကာင္းေပၚမွာအရွိန္ေကာင္းေကာင္းနဲ႔ ဆက္လက္ေလွ်ာက္လွမ္းေနဆဲျဖစ္ပါတယ္။ ေရႊအိမ္စည္က မၾကာေသးမီက မီဒီယာေတြနဲ႔အင္္တာဗ်ဴးမွာ တရားရင္ဆိုင္ေနရတာနဲ႔ပတ္သက္ျပီး ရင္ဖြင့့္ေျဖၾကားသြားခဲ့ပါတယ္။

ေရႊအိမ္စည္က လက္ရွိတရားရင္ဆိုင္ေနတဲ့အေျခအေနကုိ “ရံုးခ်ိန္းေတြကေတာ့ နည္းနည္းေလာက္ၾကာဦးမယ္။အခုကေတာ့ အေကာင္းဆံုးျဖစ္ေအာင္လုပ္ေနတာေပါ့။အေကာင္းဆံုးျဖစ္ေအာင္ အိမ္စည့္ရဲ႕ေရွ႕ေနေတြေရာ အားလံုးေပါင္းျပီးေတာ့ ဒီကိစၥကုိ အိမ္စည့္ရဲ႕အလုပ္ကုိ မထိခိုက္ေအာင္ အေကာင္းဆံုးလုပ္ေနတာျဖစ္္တဲ့အတြက္ အိမ္စည္မထိခိုက္ဘူး”လို႔ ေျပာျပထားပါတယ္။

တရားရင္ဆိုင္ေနတာေတာင္္အိမ္စည္က ရဲရဲဝံ့ဝ့ံပဲ ေအးေဆးပဲလို႔ ေဝဖန္ေနၾကတာနဲ႔ပတ္သက္ျပီး အိမ္စည္က “ရင္မဆိုင္လို႔မွမရတာဟာၾကီးကုိ ကုိယ့္ကိုတရားစြဲထားတာ။ အိမ္မွာအိပ္ေနလို႔မရတာ ။ ကုိယ့္ကုိတရားစြဲထားတာဆိုေတာ့ ကုိယ္သြားရမယ္။ တရားဥပေဒကုိေလးစားရမယ္။ ေရွာင္လႊဲလို႔ရတဲ့ကိိစၥဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။ ငါ ရံုးခ်ိန္းမလာလို႔ သူတို႔ငါ့ကုိ ေမ့သြားမလားဆိုရင္ေတာ့တစ္မ်ိဳးေပါ့ အဲ့လိုမ်ိဳးလည္းမဟုတ္ဘူးဆိုေတာ့”လို႔ ရယ္ရယ္ေမာေမာေျဖၾကားသြားပါတယ္။

အိမ္စည္က ဒုကၡမေရာက္ခ်င္ေသးဘူးလို႔လည္း “အိမ္စည္မကြိဳင္ခ်င္ေသးဘူး။ အိမ္စည္ ဒုကၡမေရာက္ခ်င္ေသးဘူး။ အိမ္စည္ ဘဝကုိ ေအးေအးေဆးေဆးပဲျဖတ္သန္းခ်င္တယ္။ ကုိယ္မွားမွားမွန္မွန္ေလ ကုိယ့္ကုိတရားစြဲထားလို႔ရွိရင္ေတာ့ ကိုယ္ေျဖရွင္းရမယ္။ ေကာင္းေတာ့မေကာင္္းဘူးေပါ့။ အခ်ိန္ေတာ့ေပးရတာေပါ့။ ဒါေပမယ့္လုပ္ရမယ္ေလ”လို႔ ျပံဳးျပံဳးေလးနဲ႔ ေျပာသြားခဲ့ပါတယ္။

ေျပာခ်င္လြန္းလု႔ိပရိသတ္ၾကီးေရာ ေရႊအိမ္စည္ကုိ ခ်စ္ၾကလား။ ေရႊအိမ္စည္ရဲ႕တရားရင္ဆိုင္မႈမွာေရာ အိမ္စည့္ဘက္ကပဲလား။ အိမ္စည့္ရဲ႕ Naked Ghost ရုပ္ရွင္ကားၾကီးထြက္လာရင္္ေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

အခုလက်ရှိမှာ Miss ပြိုင်ပွဲကိစ္စအရှုပ်အရှင်းတွေနဲ့တရားရင်ဆိုင်နေရတဲ့ ရွှေအိမ်စည်ဟာဆိုရင် တစ်ဖက်မှာလည်းအလုပ်တွေကိုဇယ်ဆက်သလိုလုပ်နေပြီးအနုပညာလမ်းကြောင်းပေါ်မှာအရှိန်ကောင်းကောင်းနဲ့ ဆက်လက်လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။ ရွှေအိမ်စည်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ တရားရင်ဆိုင်နေရတာနဲ့ပတ်သက်ပြီး ရင်ဖွင့်ဖြေကြားသွားခဲ့ပါတယ်။

ရွှေအိမ်စည်က လက်ရှိတရားရင်ဆိုင်နေတဲ့အခြေအနေကို “ရုံးချိန်းတွေကတော့ နည်းနည်းလောက်ကြာဦးမယ်။အခုကတော့ အကောင်းဆုံးဖြစ်အောင်လုပ်နေတာပေါ့။အကောင်းဆုံးဖြစ်အောင် အိမ်စည့်ရဲ့ရှေ့နေတွေရော အားလုံးပေါင်းပြီးတော့ ဒီကိစ္စကို အိမ်စည့်ရဲ့အလုပ်ကို မထိခိုက်အောင် အကောင်းဆုံးလုပ်နေတာဖြစ်တဲ့အတွက် အိမ်စည်မထိခိုက်ဘူး”လို့ ပြောပြထားပါတယ်။

တရားရင်ဆိုင်နေတာတောင်အိမ်စည်က ရဲရဲဝံ့ဝံ့ပဲ အေးဆေးပဲလို့ ဝေဖန်နေကြတာနဲ့ပတ်သက်ပြီး အိမ်စည်က “ရင်မဆိုင်လို့မှမရတာဟာကြီးကို ကိုယ့်ကိုတရားစွဲထားတာ။ အိမ်မှာအိပ်နေလို့မရတာ ။ ကိုယ့်ကိုတရားစွဲထားတာဆိုတော့ ကိုယ်သွားရမယ်။ တရားဥပဒေကိုလေးစားရမယ်။ ရှောင်လွှဲလို့ရတဲ့ကိစ္စဆိုရင်တော့ တစ်မျိုးပေါ့။ ငါ ရုံးချိန်းမလာလို့ သူတို့ငါ့ကို မေ့သွားမလားဆိုရင်တော့တစ်မျိုးပေါ့ အဲ့လိုမျိုးလည်းမဟုတ်ဘူးဆိုတော့”လို့ ရယ်ရယ်မောမောဖြေကြားသွားပါတယ်။

အိမ်စည်က ဒုက္ခမရောက်ချင်သေးဘူးလို့လည်း “အိမ်စည်မကွိုင်ချင်သေးဘူး။ အိမ်စည် ဒုက္ခမရောက်ချင်သေးဘူး။ အိမ်စည် ဘဝကို အေးအေးဆေးဆေးပဲဖြတ်သန်းချင်တယ်။ ကိုယ်မှားမှားမှန်မှန်လေ ကိုယ့်ကိုတရားစွဲထားလို့ရှိရင်တော့ ကိုယ်ဖြေရှင်းရမယ်။ ကောင်းတော့မကောင်းဘူးပေါ့။ အချိန်တော့ပေးရတာပေါ့။ ဒါပေမယ့်လုပ်ရမယ်လေ”လို့ ပြုံးပြုံးလေးနဲ့ ပြောသွားခဲ့ပါတယ်။

ပြောချင်လွန်းလု့ိပရိသတ်ကြီးရော ရွှေအိမ်စည်ကို ချစ်ကြလား။ ရွှေအိမ်စည်ရဲ့တရားရင်ဆိုင်မှုမှာရော အိမ်စည့်ဘက်ကပဲလား။ အိမ်စည့်ရဲ့ Naked Ghost ရုပ်ရှင်ကားကြီးထွက်လာရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top