20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

သ႐ုပ္ေဆာင္စည္ၿဖိဳး ရဲ႕ အေဒၚျဖစ္သူ အၾကားျမင္ဆရာမ ေဒၚေဆြေဆြဝင္း (အီးတီ) ကေတာ့ မၾကာေသးမီကမွ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္ ။ အေဒၚျဖစ္သူ ေဒၚေဆြေဆြဝင္း(အီးတီ) မွာလည္း အႏုပညာေလာကတြင္ မသိသူ ရွားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္ ။ စည္ၿဖိဳးရဲ႕မိခင္ျဖစ္သူ ေဒၚသီသီဝင္းက လြန္ခဲ့တဲ့ ဧၿပီလက နင္တို႔ညီအစ္မကို ၅၇ ႏွစ္နဲ႔ ၃ လမွာ လာေခၚမယ္လို႔ အိပ္မက္မက္ခဲ့တယ္လို႔ ဆိုပါတယ္ ။

သူမက အလႉအတန္းေတြ အရမ္းလုပ္ၿပီး မေဆြကေတာ့ ၅၇ႏွစ္နဲ႔ ၃လမွာ ဆုံးသြားတယ္လို႔ ေျပာျပခဲ့ပါတယ္ ။ သူအေနနဲ႔လည္း ၅၇ႏွစ္နဲ႔ ၃လ ေရာက္မွာကို စိတ္ပူခဲ့ေပမယ့္ ေသရမွာကိုမေၾကာက္ပါဘူးတဲ့ ။ သူမဟာ ေကာင္းမႈကုသိုလ္ အၿမဲလုပ္ၿပီး ၇ရက္သားသမီးကိုကယ္တယ္ မိအိုဖအိုႀကီးေတြကို ေစာင့္ေရွာက္ တယ္ မေဆြရဲ႕တာဝန္ေတြအကုန္လုံးကို ယူခဲ့တယ္လို႔သိရပါတယ္ ။

သူမအေနနဲ႔ ေသရမွာမေၾကာက္ေပမယ့္ သူမေနာက္မွာ မွီေနတဲ့ ဝန္ထမ္းေတြ အမ်ားႀကီးရွိတဲ့ အျပင္ ဘုန္းႀကီးေတြရဲ႕ေဆးဝါးေဝယ်ာဝစၥေတြ အကုန္လုံးကို တာဝန္ယူ ထားရတာ ျဖစ္ၿပီး ဘာသာေရး ၊ သာသနာေရး ၊ မိသားစုအေရး အကုန္လုံးဟာ သူမ ဦးေဆာင္ေနရတယ္အတြက္ သူတို႔ေတြ ၿပိဳလဲသြားမွာပဲ ေၾကာက္တယ္လို႔ေျပာျပ ခဲ့ပါတယ္ ။ အခုေဒၚသီသီဝင္းဟာ အသက္ ၅၇ ႏွစ္ျပည့္ၿပီျဖစ္ၿပီး ၅၇ႏွစ္နဲ႔ ၃လျပည့္ဖို႔ေနာက္ ၃လသာ လိုေတာ့တာျဖစ္လို႔ ေသရမွာမေၾကာက္ေပမယ့္ အလႉအတန္းေတြေတာ့ အမ်ားႀကီးလုပ္ျဖစ္ေနတယ္လို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္ ။
 
ဖိုးသူေတာ္(www.phothutaw.com)
Credit:CELEGABAR
#Unicode Version#
သရုပ်ဆောင်စည်ဖြိုး ရဲ့ အဒေါ်ဖြစ်သူ အကြားမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း (အီးတီ) ကတော့ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ် ။ အဒေါ်ဖြစ်သူ ဒေါ်ဆွေဆွေဝင်း(အီးတီ) မှာလည်း အနုပညာလောကတွင် မသိသူ ရှားတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ စည်ဖြိုးရဲ့မိခင်ဖြစ်သူ ဒေါ်သီသီဝင်းက လွန်ခဲ့တဲ့ ဧပြီလက နင်တို့ညီအစ်မကို ၅၇ နှစ်နဲ့ ၃ လမှာ လာခေါ်မယ်လို့ အိပ်မက်မက်ခဲ့တယ်လို့ ဆိုပါတယ် ။

သူမက အလှူအတန်းတွေ အရမ်းလုပ်ပြီး မဆွေကတော့ ၅၇နှစ်နဲ့ ၃လမှာ ဆုံးသွားတယ်လို့ ပြောပြခဲ့ပါတယ် ။ သူအနေနဲ့လည်း ၅၇နှစ်နဲ့ ၃လ ရောက်မှာကို စိတ်ပူခဲ့ပေမယ့် သေရမှာကိုမကြောက်ပါဘူးတဲ့ ။ သူမဟာ ကောင်းမှုကုသိုလ် အမြဲလုပ်ပြီး ၇ရက်သားသမီးကိုကယ်တယ် မိအိုဖအိုကြီးတွေကို စောင့်ရှောက် တယ် မဆွေရဲ့တာဝန်တွေအကုန်လုံးကို ယူခဲ့တယ်လို့သိရပါတယ် ။

သူမအနေနဲ့ သေရမှာမကြောက်ပေမယ့် သူမနောက်မှာ မှီနေတဲ့ ဝန်ထမ်းတွေ အများကြီးရှိတဲ့ အပြင် ဘုန်းကြီးတွေရဲ့ဆေးဝါးဝေယျာဝစ္စတွေ အကုန်လုံးကို တာဝန်ယူ ထားရတာ ဖြစ်ပြီး ဘာသာရေး ၊ သာသနာရေး ၊ မိသားစုအရေး အကုန်လုံးဟာ သူမ ဦးဆောင်နေရတယ်အတွက် သူတို့တွေ ပြိုလဲသွားမှာပဲ ကြောက်တယ်လို့ပြောပြ ခဲ့ပါတယ် ။ အခုဒေါ်သီသီဝင်းဟာ အသက် ၅၇ နှစ်ပြည့်ပြီဖြစ်ပြီး ၅၇နှစ်နဲ့ ၃လပြည့်ဖို့နောက် ၃လသာ လိုတော့တာဖြစ်လို့ သေရမှာမကြောက်ပေမယ့် အလှူအတန်းတွေတော့ အများကြီးလုပ်ဖြစ်နေတယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ် ။



ဖိုးသူတော်(www.phothutaw.com)
Credit:CELEGABAR
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top