iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္လို႔ရစ္တာ မခ်စ္ရင္ဂရုေတာင္မစိုက္ဘူးဆိုတဲ့စကားက မွန္ေပမယ့္လည္း အၿမဲရစ္ေနရင္ေတာ့ မေကာင္းပါဘူး။

ဘယ္ေလာက္ပဲသည္းခံႏိုင္တယ္ေျပာေျပာ ၾကာရင္စိတ္ကုန္သြားတတ္ပါတယ္။ ဒါေၾကာင့္ ခ်စ္သူအေပၚ အၿမဲဆိုးၿပီး ရစ္ေနရင္

ျဖစ္လာႏိုင္တဲ့ ေနာက္ဆက္တဲြရလဒ္ေတြကို ေျပာျပေပးလိုက္ပါတယ္။

ခဏခဏဆိုးၿပီးရစ္ေနတဲ့အခါ ႏွစ္ေယာက္ၾကားမွာ ျပႆနာေတြျဖစ္ၿပီး ခဏခဏရန္ျဖစ္လာပါလိမ့္မယ္။ အစပိုင္းကေတာ့

သူ႔ဘက္ကလည္း ခဏေလာက္ပဲစိတ္ဆိုးၿပီး သင့္ကိုျပန္ေခ်ာ့မွာပါ။ ဒါေပမယ့္ ၾကာလာတဲ့အခါမွာေတာ့ သင့္လုပ္ရပ္ေတြကို

စိတ္ကုန္လာပါလိမ့္မယ္။ စတဲြခါစမွာေတာ့ ကိုယ္ရစ္တာေလးေတြကို သူ႔အေနနဲ႔ စိတ္မဆိုးတဲ့အျပင္ ခ်စ္စရာေကာင္းတယ္လို႔ေတာင္

ျမင္ေနပါလိမ့္မယ္။ ဒါေပမယ့္ ကိုယ္က ခဏခဏရစ္ေနမယ္၊ အခ်ိန္ရွိတိုင္း ဘာမဟုတ္တဲ့ကိစၥေလးေတြကအစ အျပစ္မရွိအျပစ္ရွာၿပီး

ရစ္ေနမယ္ဆိုရင္ သူ႔အေနနဲ႔လည္း ဒီလိုရစ္တာေတြကို စိတ္ကုန္လာပါလိမ့္မယ္။

ခ်စ္သူသက္တမ္းၾကာလာတာနဲ႔အမွ် ကိုယ့္ဘက္ကလည္း ဒီပံုစံအတိုင္းပဲ တခ်ိန္လံုးလိုက္ရစ္ၿပီး ဆိုးေနမယ္ဆိုရင္ေတာ့

သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးဟာ ၾကာလာရင္အဆင္မေျပေတာ့ပါဘူး။ တဲြခဲ့တဲ့သံေယာဇဥ္နဲ႔ တစ္ေယာက္ကိုတစ္ေယာက္

ခ်စ္တဲ့အခ်စ္ေတြေၾကာင့္သာ မျပတ္ႏိုင္ပဲဆက္တဲြေနၾကေပမယ့္ ဒီအခ်စ္ေရးမွာ ေပ်ာ္ရႊင္မႈေတြက ေပ်ာက္ဆံုးသြားပါလိမ့္မယ္။

လူတိုင္းက ေက်ာပူသာခံႏိုင္မယ္ နားပူေတာ့မခံႏိုင္ၾကဘူးေလ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

ချစ်လို့ရစ်တာ မချစ်ရင်ဂရုတောင်မစိုက်ဘူးဆိုတဲ့စကားက မှန်ပေမယ့်လည်း အမြဲရစ်နေရင်တော့ မကောင်းပါဘူး။

ဘယ်လောက်ပဲသည်းခံနိုင်တယ်ပြောပြော ကြာရင်စိတ်ကုန်သွားတတ်ပါတယ်။ ဒါကြောင့် ချစ်သူအပေါ် အမြဲဆိုးပြီး ရစ်နေရင်

ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရလဒ်တွေကို ပြောပြပေးလိုက်ပါတယ်။

ခဏခဏဆိုးပြီးရစ်နေတဲ့အခါ နှစ်ယောက်ကြားမှာ ပြဿနာတွေဖြစ်ပြီး ခဏခဏရန်ဖြစ်လာပါလိမ့်မယ်။ အစပိုင်းကတော့

သူ့ဘက်ကလည်း ခဏလောက်ပဲစိတ်ဆိုးပြီး သင့်ကိုပြန်ချော့မှာပါ။ ဒါပေမယ့် ကြာလာတဲ့အခါမှာတော့ သင့်လုပ်ရပ်တွေကို

စိတ်ကုန်လာပါလိမ့်မယ်။ စတွဲခါစမှာတော့ ကိုယ်ရစ်တာလေးတွေကို သူ့အနေနဲ့ စိတ်မဆိုးတဲ့အပြင် ချစ်စရာကောင်းတယ်လို့တောင်

မြင်နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်က ခဏခဏရစ်နေမယ်၊ အချိန်ရှိတိုင်း ဘာမဟုတ်တဲ့ကိစ္စလေးတွေကအစ အပြစ်မရှိအပြစ်ရှာပြီး

ရစ်နေမယ်ဆိုရင် သူ့အနေနဲ့လည်း ဒီလိုရစ်တာတွေကို စိတ်ကုန်လာပါလိမ့်မယ်။

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ကိုယ့်ဘက်ကလည်း ဒီပုံစံအတိုင်းပဲ တချိန်လုံးလိုက်ရစ်ပြီး ဆိုးနေမယ်ဆိုရင်တော့

သင်တို့နှစ်ယောက်ရဲ့အချစ်ရေးဟာ ကြာလာရင်အဆင်မပြေတော့ပါဘူး။ တွဲခဲ့တဲ့သံယောဇဉ်နဲ့ တစ်ယောက်ကိုတစ်ယောက်

ချစ်တဲ့အချစ်တွေကြောင့်သာ မပြတ်နိုင်ပဲဆက်တွဲနေကြပေမယ့် ဒီအချစ်ရေးမှာ ပျော်ရွှင်မှုတွေက ပျောက်ဆုံးသွားပါလိမ့်မယ်။

လူတိုင်းက ကျောပူသာခံနိုင်မယ် နားပူတော့မခံနိုင်ကြဘူးလေ။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top