အေဖာ္ဆိုတာဘယ္လုိမ်ိဳးကုိေခၚပါသလဲ ?

ကုိယ္စိတ္ထဲမွာဘာေတြျဖစ္ေနသလဲ ဘာေတြခံစားေနရတယ္ဆိုတာကုိ
သိတ့ဲသူ ကုိယ့္ကုိကုိယ္ခ်င္းစာနာနိုင္တ့ဲသူ ကုိယ္ကုိနားလည္တဲ႔သူ

နားလည္တယ္ဆိုရာမွာကုိယ့္ရဲ႕အေကာင္း အဆိုးအားနည္းခ်က္ေတြကုိ
အကုန္လုံးကုိနားလည္ေပးနိုင္တ့ဲသူကုိအေဖာ္လုိ႔ေခၚပါတယ္

ကုိယ့္မွာခ်ိဳ႕ယြင္းခ်က္ေတြရွိေနရင္ေတာင္မွအဲဒါကုိ ကုိယ္ခ်င္းစာျပီး နားလည္ဖို႔ၾကိဳး စားေပးတ့ဲသူ ငါသာသူ႔ေနရာမွာဆိုရင္ ဘယ့္ႏွယ္မ်ားေနမလဲလုိ႔ ကုိယ္ခ်င္းစာတတ္ တ့ဲသူ

ျပီးမွ အဲဒီခ်ိဳ႕ယြင္းခ်က္ကုိ ေမတၱာ ေစတနာအျပည့္နဲ႔ေျပာျပတတ္တ့ဲ ကုိယ့္စကားကုိ ေသေသခ်ာခ်ာနားေထာာင္ျပီး အေကာင္းအဆိုး မ်ွေဝေပးနိင္တ့ဲသူ
ဒါဟာ အေဖာ္ေကာင္းပါ

မိတ္ေဆြမေပါင္းအသင္းျဖစ္ဖို႔ဆိုရာမွာလုိအပ္တ့ဲ အဂၤါရပ္ေတြကေတာ့
ေတာ္ေတာ္မ်ားပါတယ္ေနာ္ကုိယ့္အနားမွာထိုင္ေနရံုနဲ႔ အေဖာ္လုိ႔ ေျပာလုိ႔မရ နိုင္ပါဘူး

ကုိယ္ေျပာတ့ဲစကားကုိမွန္မွန္ကန္ကန္နဲ႔ကုိယ္ဆိုလုိတ့ဲ အတိုင္းအဓိ ပၸာယ္အတိုင္းနားလည္ေပးနိုင္မွသာသူနဲ႔ကုိယ္နဲ႔ အေဖာ္ေကာင္းျဖစ္နိုင္မယ္ေနာ္

နားလည္တယ္ဆိုတ့ဲကိစၥဟာလည္းရာခိုင္ႏႈန္းအျပည့္ေတာ့ဘယ္ရွိနိုင္ပါ့မလဲ
နားလည္ခ်င္စိတ္ရွိတယ္နားလည္ဖို႔ၾကိဳးစားတယ္ဆိုရင္ကုိပဲ
အင္မတန္ ေတာ္လွေနပါျပီ

အဲဒီေလာက္နားလည္မႈရွိေနျပီဆိုရင္လည္းအဲဒီလူႏွစ္ေယာက္ကအေဖာ္လုပ္လုိ႔ ရေနပါျပီ

တစ္အိမ္တည္းမွာအတူတူေနရေသာ္လည္းတစ္ေယာက္ကုိတစ္ေယာက္
အဓိပၸာယ္ေကာက္ေတြလြဲေနတယ္။ စကားကုိဆုံးေအာင္နားမေထာင္ ဘူး ကုိယ္ခ်င္မစာဘူး။ နားမလည္ဘူး။

ခႏၶာကုိယ္ခ်င္းထိျပီးထိုင္ေနေပမ့ဲလည္း စိတ္ခ်င္းတစ္ေယာက္ကုိ တစ္ေယာက္
မသိဘူးလုိ႔ ေျပာလုိ႔ရတယ္ေနာ္

သူ႕လည္း ငါမသိ ၊ငါ့လည္း သူမသိ တ့ဲလူႏွစ္ေယာက္ကအေဖာ္ မျဖစ္နိုင္ပါဘူး။ တခ်ိဳ႕လုပ္ခ့ဲတဲ႔ ကိစၥေတြထဲမွာ ကုိယ့္ဟာကုိယ္ပဲ ျပန္ျပီးေတာ့ ရွက္ရတ့ဲ ကိစၥ မ်ိဳးေတြ ရွိခ်င္ရွိမယ္

မေအာင္ျမင္ခ့ဲတ့ဲကိစၥမ်ိဳးလည္း ရွိခ်င္ ရွိမွာေပါ့။ အဲဒီလုိ ကုိယ့္စိတ္ထဲမွာ
ရွက္တာ ေၾကာက္တာ အားငယ္တာ စုိးရိမ္တာ ဝမ္းနည္းတာေတြကုိ
ဖြင့္ေျပာခ့ဲေပမ့ဲ ကုိယ့္အေပၚကုိ မသိတ့ဲသူ နားမလည္နိုင္တ့ဲသူ ကုိယ္ ခ်င္းမစာနိုင္တ့ဲသူျဖစ္ေနမယ္ဆိုရင္လည္း အေဖာ္ေကာင္း မျဖစ္နိုင္ပါဘူး

အေပၚရံ ဟန္လုပ္ျပီးဆက္ဆံေနမွ ျဖစ္တ့ဲသူဟာဘယ္လုိမွ မိတ္ေဆြအေဖာ္ ေကာင္း မျဖစ္နိုင္ပါဘူး

ငါ့ကုိ သိမွ ငါနဲ႔ အေဖာ္ျဖစ္မယ္ငါဘယ္လုိခံစားေနရတယ္ဆိုတာကုိ သိပါမွ
ငါနဲ႔ အေဖာ္ျဖစ္မယ္ေနာ္...။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Nge Nge Myat Aung
# Unicode Version # ျဖင့္ ဖတ္ပါ #


 အဖော်ဆိုတာဘယ်လိုမျိုးကိုခေါ်ပါသလဲ ?

ကိုယ်စိတ်ထဲမှာဘာတွေဖြစ်နေသလဲ ဘာတွေခံစားနေရတယ်ဆိုတာကို
သိတဲ့သူ ကိုယ့်ကိုကိုယ်ချင်းစာနာနိုင်တဲ့သူ ကိုယ်ကိုနားလည်တဲ့သူ

နားလည်တယ်ဆိုရာမှာကိုယ့်ရဲ့အကောင်း အဆိုးအားနည်းချက်တွေကို
အကုန်လုံးကိုနားလည်ပေးနိုင်တဲ့သူကိုအဖော်လို့ခေါ်ပါတယ်

ကိုယ့်မှာချို့ယွင်းချက်တွေရှိနေရင်တောင်မှအဲဒါကို ကိုယ်ချင်းစာပြီး နားလည်ဖို့ကြိုး စားပေးတဲ့သူ ငါသာသူ့နေရာမှာဆိုရင် ဘယ့်နှယ်များနေမလဲလို့ ကိုယ်ချင်းစာတတ် တဲ့သူ

ပြီးမှ အဲဒီချို့ယွင်းချက်ကို မေတ္တာ စေတနာအပြည့်နဲ့ပြောပြတတ်တဲ့ ကိုယ့်စကားကို သေသေချာချာနားထောာင်ပြီး အကောင်းအဆိုး မျှဝေပေးနိင်တဲ့သူ
ဒါဟာ အဖော်ကောင်းပါ

မိတ်ဆွေမပေါင်းအသင်းဖြစ်ဖို့ဆိုရာမှာလိုအပ်တဲ့ အင်္ဂါရပ်တွေကတော့
တော်တော်များပါတယ်နော်ကိုယ့်အနားမှာထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရ နိုင်ပါဘူး

ကိုယ်ပြောတဲ့စကားကိုမှန်မှန်ကန်ကန်နဲ့ကိုယ်ဆိုလိုတဲ့ အတိုင်းအဓိ ပ္ပာယ်အတိုင်းနားလည်ပေးနိုင်မှသာသူနဲ့ကိုယ်နဲ့ အဖော်ကောင်းဖြစ်နိုင်မယ်နော်

နားလည်တယ်ဆိုတဲ့ကိစ္စဟာလည်းရာခိုင်နှုန်းအပြည့်တော့ဘယ်ရှိနိုင်ပါ့မလဲ
နားလည်ချင်စိတ်ရှိတယ်နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ
အင်မတန် တော်လှနေပါပြီ

အဲဒီလောက်နားလည်မှုရှိနေပြီဆိုရင်လည်းအဲဒီလူနှစ်ယောက်ကအဖော်လုပ်လို့ ရနေပါပြီ

တစ်အိမ်တည်းမှာအတူတူနေရသော်လည်းတစ်ယောက်ကိုတစ်ယောက်
အဓိပ္ပာယ်ကောက်တွေလွဲနေတယ်။ စကားကိုဆုံးအောင်နားမထောင် ဘူး ကိုယ်ချင်မစာဘူး။ နားမလည်ဘူး။

ခန္ဓာကိုယ်ချင်းထိပြီးထိုင်နေပေမဲ့လည်း စိတ်ချင်းတစ်ယောက်ကို တစ်ယောက်
မသိဘူးလို့ ပြောလို့ရတယ်နော်

သူ့လည်း ငါမသိ ၊ငါ့လည်း သူမသိ တဲ့လူနှစ်ယောက်ကအဖော် မဖြစ်နိုင်ပါဘူး။ တချို့လုပ်ခဲ့တဲ့ ကိစ္စတွေထဲမှာ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြီးတော့ ရှက်ရတဲ့ ကိစ္စ မျိုးတွေ ရှိချင်ရှိမယ်

မအောင်မြင်ခဲ့တဲ့ကိစ္စမျိုးလည်း ရှိချင် ရှိမှာပေါ့။ အဲဒီလို ကိုယ့်စိတ်ထဲမှာ
ရှက်တာ ကြောက်တာ အားငယ်တာ စိုးရိမ်တာ ဝမ်းနည်းတာတွေကို
ဖွင့်ပြောခဲ့ပေမဲ့ ကိုယ့်အပေါ်ကို မသိတဲ့သူ နားမလည်နိုင်တဲ့သူ ကိုယ် ချင်းမစာနိုင်တဲ့သူဖြစ်နေမယ်ဆိုရင်လည်း အဖော်ကောင်း မဖြစ်နိုင်ပါဘူး

အပေါ်ရံ ဟန်လုပ်ပြီးဆက်ဆံနေမှ ဖြစ်တဲ့သူဟာဘယ်လိုမှ မိတ်ဆွေအဖော် ကောင်း မဖြစ်နိုင်ပါဘူး

ငါ့ကို သိမှ ငါနဲ့ အဖော်ဖြစ်မယ်ငါဘယ်လိုခံစားနေရတယ်ဆိုတာကို သိပါမှ
ငါနဲ့ အဖော်ဖြစ်မယ်နော်...။

ဖိုးသူတော် (www.phothutaw.com)
Credit:Nge Nge Myat Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top