ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


အိႏၵိယႏိုင္ငံ ဥတာပရာဒက္ရွ္ျပည္နယ္က ဘာစာနာၿမိဳငံက အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက တုတ္ေတြနဲ႔ ႐ိုက္တဲ့ လက္ရွ္မားဟိုလီ Lathmar Holi ပြဲေတာ္ကို က်င္းပေနပါတယ္။

ဒီပြဲေတာ္မွာဆိုရင္ ကာဒိုင္းကို ေခါင္းေပၚမွာ ကာထားတဲ့ အမ်ိဳးသားေတြကို အမ်ိဳးသမီးေတြက တုတ္ေခ်ာင္းေတြနဲ႔ အားကုန္လႊဲ႐ိုက္ၾကတာပါ။ ပြဲေတာ္အ တြင္းပါဝင္သူေတြ အားလုံလိုလိုဟာလည္း ေရာင္စုံေဆးမႈန႔္ေတြ ေပက်ံလ်က္ရွိ တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဘာေၾကာင့္လည္းဆိုေတာ့ လက္ရွ္မားဟိုလီ ပြဲေတာ္ဟာ အိႏၵိယသၾကၤန္လို႔ ဆိုရမယ့္ ေရာင္စုံေဆးမႈန္႔္ေတြနဲ႔ တစ္ဦးကို တစ္ဦး ပက္ဖ်န္းၾကတဲ့ ဟိုလီပြဲေတာ္ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္လို႔ပါပဲ။

ဟိႏၵဴေႏြဦးပြဲေတာ္ျဖစ္တဲ့ အဲဒီ ဟိုလီပြဲေတာ္ မတိုင္ခင္မွာ လက္ရွ္မားဟိုလီပြဲေတာ္ ကို ဥတာပရာဒက္ရ္ျပည္နယ္ ဘာစာနာ၊ နန္ဂြန္နဲ႔ မတ္သူရာၿမိဳ႕ေတြမွာ က်င္းပေလ့ ရွိၾကပါတယ္။

ဒ႑ာရီပုံျပင္ေတြအရ ရွင္ဘုရင္ႀကီး ကရီရွားနားဟာ သူ႔ရဲ႕ ခ်စ္ခင္ျမတ္ႏိုးရတဲ့ မိဖုရား ရက္ဟာရဲ႕ ေမြးရပ္ေျမ ဘာစာနာ႐ြာကို ခုလို ေန႔ရက္ကာလမွာ လာေရာက္လည္ပတ္ခဲ့တယ္ ဆိုပါတယ္။

ဘုရင္ႀကီးဟာ သူ႔ မိဖုရားနဲ႔ ရံေ႐ႊေတာ္ေတြကို စေနာက္က်ီစယ္ရာမွာ မခံႏိုင္ၾကတဲ့ မိဖုရားနဲ႔ ရံေ႐ႊေတာ္ေတြက ဘုရင္ႀကီးကို ၀ိုင္းဝန္း ေမာင္းထုတ္ခဲ့ၾကပါတယ္။
ဒီ ဒ႑ာရီကို ယူၿပီး နန္ဂြန္ၿမိဳ႕က အမ်ိဳးသားေတြဟာ ဘာစာနာၿမိဳ႕ဆီ ႏွစ္စဥ္ႏွစ္ တိုင္း အမ်ိဳးသမီးေတြရဲ႕ ႐ိုက္ႏွက္တာကို လာေရာက္ခံယူၾကရာကေန အစဥ္အလာ ပြဲေတာ္တစ္ခုျဖစ္လာခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်က ဘာစာနာမြိုငံက အမျိုးသားတွေကို အမျိုးသမီးတွေက တုတ်တွေနဲ့ ရိုက်တဲ့ လက်ရှ်မားဟိုလီ Lathmar Holi ပွဲတော်ကို ကျင်းပနေပါတယ်။

ဒီပွဲတော်မှာဆိုရင် ကာဒိုင်းကို ခေါင်းပေါ်မှာ ကာထားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက တုတ်ချောင်းတွေနဲ့ အားကုန်လွှဲရိုက်ကြတာပါ။ ပွဲတော်အ တွင်းပါဝင်သူတွေ အားလုံလိုလိုဟာလည်း ရောင်စုံဆေးမှုန့်တွေ ပေကျံလျက်ရှိ တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ လက်ရှ်မားဟိုလီ ပွဲတော်ဟာ အိန္ဒိယသြင်္ကန်လို့ ဆိုရမယ့် ရောင်စုံဆေးမှုန့်တွေနဲ့ တစ်ဦးကို တစ်ဦး ပက်ဖျန်းကြတဲ့ ဟိုလီပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လို့ပါပဲ။

ဟိန္ဒူနွေဦးပွဲတော်ဖြစ်တဲ့ အဲဒီ ဟိုလီပွဲတော် မတိုင်ခင်မှာ လက်ရှ်မားဟိုလီပွဲတော် ကို ဥတာပရာဒက်ရ်ပြည်နယ် ဘာစာနာ၊ နန်ဂွန်နဲ့ မတ်သူရာမြို့တွေမှာ ကျင်းပလေ့ ရှိကြပါတယ်။

ဒဏ္ဍာရီပုံပြင်တွေအရ ရှင်ဘုရင်ကြီး ကရီရှားနားဟာ သူ့ရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရား ရက်ဟာရဲ့ မွေးရပ်မြေ ဘာစာနာရွာကို ခုလို နေ့ရက်ကာလမှာ လာရောက်လည်ပတ်ခဲ့တယ် ဆိုပါတယ်။

ဘုရင်ကြီးဟာ သူ့ မိဖုရားနဲ့ ရံရွှေတော်တွေကို စနောက်ကျီစယ်ရာမှာ မခံနိုင်ကြတဲ့ မိဖုရားနဲ့ ရံရွှေတော်တွေက ဘုရင်ကြီးကို ဝိုင်းဝန်း မောင်းထုတ်ခဲ့ကြပါတယ်။
ဒီ ဒဏ္ဍာရီကို ယူပြီး နန်ဂွန်မြို့က အမျိုးသားတွေဟာ ဘာစာနာမြို့ဆီ နှစ်စဉ်နှစ် တိုင်း အမျိုးသမီးတွေရဲ့ ရိုက်နှက်တာကို လာရောက်ခံယူကြရာကနေ အစဉ်အလာ ပွဲတော်တစ်ခုဖြစ်လာခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top