20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ကိုယ္ပိုင္ စီးပြားေရး လုပ္ေတာ့မယ္ ဆိုရင္

ကြၽန္ေတာ့္ကို သင္တန္းမႇာေရာ၊ အြန္လိုင္းမႇာပါ လူငယ္ေတြက ကိုယ္ပိုင္စီးပြားေရးလုပ္ ငန္းေလးလုပ္ခ်င္ပါတယ္။ ဘာလုပ္ရင္ ေကာင္းမလဲ၊ ဘယ္လို လုပ္ရမလဲ စသျဖင့္ ေမး ခြန္းေတြ ေမးၾကပါတယ္။ အလ်ဥ္းသင့္သလို ဖတ္ခဲ့ဖူးတဲ့ စာေတြနဲ႕ကိုယ့္ရဲ႕ အေတြ႕ အႀကံဳေတြကို အေျခခံၿပီး ေျပာျပျဖစ္ပါတယ္။

ဒီေနရာမႇာႀကိဳတင္ ၀န္ခံခ်င္တာက ကြၽန္ေတာ္က စီးပြားေရး ပညာရႇင္တစ္ေယာက္ မဟုတ္ ပါ။ ၂၀၀၂ ခုႏႇစ္မႇာ ရန္ကုန္ကို စေရာက္ၿပီးေတာ့ အရင္းအႏွီး ဘာမႇမရွိတဲ့ အေျခအေနကေန ၂၀၁၃ ခုႏႇစ္မႇာ စီးပြားေရးလုပ္ငန္းတစ္ခု မလုပ္ခင္ ႀကိဳတင္ စဥ္းစားဖို႕လိုပါတယ္။ ဘာေတြ စဥ္းစားဖို႕လိုအပ္သလဲ။ အနည္းဆံုးေတာ့ အခ်က္ေလးခ်က္ကို မျဖစ္မေန စဥ္းစားဖို႕လိုပါတယ္။ အဲဒါေတြက-

၁။ Types of Business
၂။ Market Area
၃။ Investments Types
၄။ Break Even Point

နံပါတ္ (၁)အခ်က္ျဖစ္တဲ့ – Types of Business စီးပြားေရး လုပ္ငန္းအမ်ဳိးအစားကို စတင္စဥ္းစားဖို႕လိုပါလိမ့္မယ္။ ကုန္ထုတ္ လုပ္မႈ (Production)၊ ၀န္ေဆာင္မႈ (Service) ၊ ေရာင္း၀ယ္ေရး (Trading) စသျဖင့္ ကိုယ္လုပ္ခ်င္တဲ့ စီးပြားေရးလုပ္ငန္း အမ်ဳိးအစားကို စတင္စဥ္းစားပါ။

အဲဒီလိုစဥ္းစားတဲ့အခါ ကိုယ္၀ါသနာပါတဲ့၊ ကိုယ္လုပ္ခ်င္တဲ့ လုပ္ငန္း အမ်ဳိးအစားကိုသာ ေရြးခ်ယ္ပါ။ ပတ္၀န္းက်င္မွာ လႊမ္းမိုးမႈမ်ားေနတဲ့ လုပ္ငန္းတိုင္းကို မ်က္စိမက်ပါနဲ႕။

Business-Insurance
ဆိုလိုတာက သူမ်ားေတြ ဖုန္းဆိုင္ဖြင့္လို႕လိုက္ဖြင့္တာမ်ဳိး၊ (Car Showroom ) ဖြင့္လို႕လိုက္ဖြင့္တာမ်ဳိး မလုပ္ဖို႕ေျပာခ်င္တာပါ။ ေခတ္ကာလ အေနအထားအရ စားသံုးသူရဲ႕လိုအပ္ခ်က္ (Customer Need) ကိုထည့္သြင္း စဥ္းစားရမႇာ ျဖစ္ေပမဲ့ ကိုယ္မလုပ္ခ်င္တဲ့ လုပ္ငန္းခြင္ဆို (Creative Thinking ) ေတြ၊ ( Creative Idea ) ေတြ အားနည္းတတ္တဲ့ အတြက္ ကိုယ့္ရဲ႕ စားသံုးသူကို ေက်နပ္ေအာင္ လုပ္ေဆာင္တဲ့ ေနရာမႇာ အားနည္းတတ္ပါတယ္။

တစ္နည္းေျပာရရင္ (Customer Satisfaction) ကိုလုပ္ေဆာင္ေပးႏိုင္စြမ္း အားနည္း တတ္ပါတယ္။

နံပါတ္ (၂)ကေတာ့ – Market Area ကိုထည့္သြင္းစဥ္းစား ရပါမယ္။ ကိုယ့္ရဲ႕လုပ္ငန္းကို (Regional ၊ Local ၊International) စသျဖင့္ ဘယ္အတုိင္းအတာ အထိရည္ရြယ္ထားလဲ။ စီးပြားေရး လုပ္ငန္းအမ်ဳိးအစား (Types of Business) နဲ႕ ေစ်းကြက္ (Market Area) ဟာ တိုက္႐ိုက္ ဆက္စပ္ေနပါတယ္။ ဆိုလိုတာက အိမ္ ဆိုင္ေလးေလာက္ ဖြင့္မယ့္သူက ကိုယ့္ရဲ႕ (Market Area ) က ကိုယ့္ ရပ္ကြက္ေလာက္ပဲျဖစ္မႇာပါ။

 ေရသန္႕စက္႐ံု တစ္ခုလုပ္ခ်င္တယ္ ဆိုရင္ေတာ့ ကိုယ့္ၿမိဳ႕နယ္သာမက တစ္ႏိုင္ငံလံုး အေနအထားအထိ စဥ္းစားလို႕ရပါတယ္။ မီဒီယာ လုပ္ငန္းဆိုရင္ေတာ့ ကိုယ့္ႏိုင္ငံသာ မက အင္တာေနရႇင္နယ္ အထိစဥ္းစားလို့ရပါတယ္။

(Market Area) ကို စဥ္းစားၿပီးရင္ေတာ့ ကိုယ့္ရဲ႕လုပ္ငန္းက ေစ်းကြက္အသစ္လား၊ ေစ်း ကြက္အေဟာင္းလား ဒါကို စဥ္းစားဖို႕ လိုပါတယ္။ ေစ်းကြက္ အသစ္တစ္ခုဆိုရင္လည္း ကိုယ့္ရဲ႕လုပ္ငန္း၊ ကိုယ့္ရဲ႕ကုန္ပစၥည္းကို (Customer) နဲ႕ ရင္းႏႇီးကြၽမ္း၀င္ေအာင္ လုပ္ေပးရ မႇာျဖစ္သလို ေစ်းကြက္ေဟာင္း ဆိုရင္လည္း လက္ရွိ ေစ်းကြက္ထဲမႇာ မားကက္ရွယ္ယာ အ မ်ားဆံုးရထားတဲ့ လုပ္ငန္းေတြကို ရာခိုင္ႏႈန္း ဘယ္ေလာက္အထိ ရထားလဲ၊ ကိုယ္ကဘယ္ ေလာက္ ရႏိုင္လဲဆိုတာကို စဥ္းစားတြက္ခ်က္ဖို႕လိုပါတယ္။ အဲဒီလိုမားကက္ကို ကိုယ္က ရွယ္ယာျပန္ယူရမယ့္ အေနအထားဆိုရင္ေတာ့ သူမ်ားရဲ႕မားကက္ရႇယ္ယာကို ကိုယ့္ဘက္ ပါေအာင္ လုပ္မလား၊ ဒါမႇမဟုတ္ လံုး၀မသံုးဖူးေသးတဲ့ (Non User) ေတြကို ဆြဲေဆာင္မလား။ ဒါေတြကို ထည့္သြင္းစဥ္းစားဖို႕လုိ ပါတယ္။

နံပါတ္ (၃) ျဖစ္တဲ့ – Investment Types ကေတာ့ ကိုယ့္မွာရွိတဲ့ အရင္းအႏႇီးနဲ႕ပဲလုပ္ မလား၊ လိုခ်င္တာကို သူမ်ားဆီက ေခ်းၿပီးလုပ္မႇာလား၊ သူမ်ားနဲ႕စပ္တူလုပ္မလား ဒါကို စဥ္းစားဖို႕လိုပါ တယ္။ ဒီအခ်က္ဟာလည္း လုပ္ငန္းအမ်ဳိးအစားနဲ႕သက္ဆိုင္ပါ တယ္။

ကိုယ္ေရြးခ်ယ္ထားတဲ့ လုပ္ငန္းကႀကီးၿပီးေတာ့ ကိုယ့္မႇာက အရင္းအႏႇီး နည္းတယ္ဆိုရင္ ဒုတိယႏႇစ္မ်ဳိးထဲကတစ္မ်ဳိးကိုေရြးခ်ယ္ရပါမယ္။ အဲဒါဆိုရင္ ေသခ်ာခိုင္မာတဲ့ (Business Plan) ေတာ့ ရႇိဖို႕လိုပါတယ္။ (Possibility Percentage) ကို အနီးစပ္ဆံုးတြက္ ခ်က္ထား ဖို႕လိုပါတယ္။ ေနာက္တစ္ခုက (Risk) အတြက္ အရံေငြ ခ်န္ထားဖို႕လည္း လိုပါတယ္။

သိန္းတစ္ရာရွိရင္ အားလံုးကိုတစ္ၿပိဳင္တည္း ရင္းႏႇီးျမႇဳပ္ႏႇံလိုက္လို့ မျဖစ္ပါဘူး။ လုပ္ငန္းတစ္ခုက အ႐ံႈး အျမတ္ရရႇိႏိုင္ပါတယ္။ အဲဒီအတြက္ တစ္ခုခုျဖစ္ခဲ့ရင္ ေနာက္က လုိက္ႏုိင္ဖို႕လည္းလိုပါတယ္။

နံပါတ္ (၄) ျဖစ္တဲ့ – Break Even Point ဆိုတာက အရင္း ေက်အမႇတ္ပါ။ ကိုယ္က (Investment Types) က ကိုယ္ပိုင္ေငြ တစ္ခုတည္းနဲ႕လုပ္တာဆိုရင္ေတာ့ အရင္းေက်ကာလကို အရမ္း ႀကီးထည့္မစဥ္းစားရင္လည္း ေနာက္ႏႇစ္မ်ဳိးကို ေရြးခ်ယ္ထားသူေတြ အတြက္ကေတာ့ အရင္းေက်အမႇတ္ကို အထူးထည့္သြင္း တြက္ခ်က္ ရပါမယ္။ (ကိုယ္ပိုင္ေငြနဲ႕လုပ္သူေတြလည္း တကယ္ေတာ့ အရင္း ေက်အမႇတ္ကိုထည့္သြင္းစဥ္းစားရပါမယ္)။

အဲဒီအခါ သူမ်ားဆီက ျဖစ္ျဖစ္၊ ဘဏ္ကပဲျဖစ္ျဖစ္ ေငြယူၿပီးေတာ့ လုပ္တယ္ဆိုရင္ သူ႕အတြက္ ထပ္တက္လာမယ့္ အတိုးႏႈန္းေတြက ကိုယ့္ရဲ႕ (Profit & Loss) ကို လာပတ္ သက္ေနတဲ့ အတြက္ အဲဒါကို အျမန္ဆံုးရွင္းႏိုင္ဖို႕စဥ္းစားရပါမယ္။ (One Unit) မႇာ အျမတ္ ဘယ္ေလာက္ရေအာင္ လုပ္ၿပီး တစ္ႏႇစ္မႇာ ဘယ္ေလာက္ရရင္ ဘယ္ႏႇႏႇစ္အတြင္း အရင္း ေက်မယ္ဆိုတာကို မျဖစ္မေန ထည့္သြင္း တြက္ခ်က္ရပါမယ္။

(ဘယ္လိုတြက္ရတယ္ ဆိုတာကေတာ့ ပညာရပ္ဆိုင္ရာေတြျဖစ္ တဲ့အတြက္ အရမ္းရွည္ မႇာစိုးလို့ ခ်န္ထားခဲ့ပါတယ္)။ အခုေျပာျပခဲ့တဲ့ စီးပြားေရး လုပ္ငန္းတစ္ခု မစတင္ခင္ မျဖစ္ မေန စဥ္းစားရမယ့္ အေျခခံအခ်က္ေတြဟာ ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္း လုပ္ကိုင္ခ်င္တဲ့ လူငယ္ေတြအတြက္ အတိုင္းအတာ တစ္ခုအထိ အက်ဳိးရႇိမယ္လို႕ ေမ်ာ္လင့္ပါတယ္။ စီးပြားေရး လုပ္ငန္းနဲ႕ပတ္သက္တဲ့ ေနာက္ထပ္ အေၾကာင္းအရာေတြကိုလည္း ဆက္လက္ ေရးပါဦးမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုရင်

ကျွန်တော့်ကို သင်တန်းမှာရော၊ အွန်လိုင်းမှာပါ လူငယ်တွေက ကိုယ်ပိုင်စီးပွားရေးလုပ် ငန်းလေးလုပ်ချင်ပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လို လုပ်ရမလဲ စသဖြင့် မေး ခွန်းတွေ မေးကြပါတယ်။ အလျဉ်းသင့်သလို ဖတ်ခဲ့ဖူးတဲ့ စာတွေနဲ့ကိုယ့်ရဲ့ အတွေ့ အကြုံတွေကို အခြေခံပြီး ပြောပြဖြစ်ပါတယ်။

ဒီနေရာမှာကြိုတင် ဝန်ခံချင်တာက ကျွန်တော်က စီးပွားရေး ပညာရှင်တစ်ယောက် မဟုတ် ပါ။ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်ကို စရောက်ပြီးတော့ အရင်းအနှီး ဘာမှမရှိတဲ့ အခြေအနေကနေ ၂၀၁၃ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းတစ်ခု မလုပ်ခင် ကြိုတင် စဉ်းစားဖို့လိုပါတယ်။ ဘာတွေ စဉ်းစားဖို့လိုအပ်သလဲ။ အနည်းဆုံးတော့ အချက်လေးချက်ကို မဖြစ်မနေ စဉ်းစားဖို့လိုပါတယ်။ အဲဒါတွေက-

၁။ Types of Business
၂။ Market Area
၃။ Investments Types
၄။ Break Even Point

နံပါတ် (၁)အချက်ဖြစ်တဲ့ – Types of Business စီးပွားရေး လုပ်ငန်းအမျိုးအစားကို စတင်စဉ်းစားဖို့လိုပါလိမ့်မယ်။ ကုန်ထုတ် လုပ်မှု (Production)၊ ဝန်ဆောင်မှု (Service) ၊ ရောင်းဝယ်ရေး (Trading) စသဖြင့် ကိုယ်လုပ်ချင်တဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားကို စတင်စဉ်းစားပါ။

အဲဒီလိုစဉ်းစားတဲ့အခါ ကိုယ်ဝါသနာပါတဲ့၊ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း အမျိုးအစားကိုသာ ရွေးချယ်ပါ။ ပတ်ဝန်းကျင်မှာ လွှမ်းမိုးမှုများနေတဲ့ လုပ်ငန်းတိုင်းကို မျက်စိမကျပါနဲ့။

Business-Insurance
ဆိုလိုတာက သူများတွေ ဖုန်းဆိုင်ဖွင့်လို့လိုက်ဖွင့်တာမျိုး၊ (Car Showroom ) ဖွင့်လို့လိုက်ဖွင့်တာမျိုး မလုပ်ဖို့ပြောချင်တာပါ။ ခေတ်ကာလ အနေအထားအရ စားသုံးသူရဲ့လိုအပ်ချက် (Customer Need) ကိုထည့်သွင်း စဉ်းစားရမှာ ဖြစ်ပေမဲ့ ကိုယ်မလုပ်ချင်တဲ့ လုပ်ငန်းခွင်ဆို (Creative Thinking ) တွေ၊ ( Creative Idea ) တွေ အားနည်းတတ်တဲ့ အတွက် ကိုယ့်ရဲ့ စားသုံးသူကို ကျေနပ်အောင် လုပ်ဆောင်တဲ့ နေရာမှာ အားနည်းတတ်ပါတယ်။

တစ်နည်းပြောရရင် (Customer Satisfaction) ကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်။

နံပါတ် (၂)ကတော့ – Market Area ကိုထည့်သွင်းစဉ်းစား ရပါမယ်။ ကိုယ့်ရဲ့လုပ်ငန်းကို (Regional ၊ Local ၊International) စသဖြင့် ဘယ်အတိုင်းအတာ အထိရည်ရွယ်ထားလဲ။ စီးပွားရေး လုပ်ငန်းအမျိုးအစား (Types of Business) နဲ့ ဈေးကွက် (Market Area) ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဆိုလိုတာက အိမ် ဆိုင်လေးလောက် ဖွင့်မယ့်သူက ကိုယ့်ရဲ့ (Market Area ) က ကိုယ့် ရပ်ကွက်လောက်ပဲဖြစ်မှာပါ။

 ရေသန့်စက်ရုံ တစ်ခုလုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ်သာမက တစ်နိုင်ငံလုံး အနေအထားအထိ စဉ်းစားလို့ရပါတယ်။ မီဒီယာ လုပ်ငန်းဆိုရင်တော့ ကိုယ့်နိုင်ငံသာ မက အင်တာနေရှင်နယ် အထိစဉ်းစားလို့ရပါတယ်။

(Market Area) ကို စဉ်းစားပြီးရင်တော့ ကိုယ့်ရဲ့လုပ်ငန်းက ဈေးကွက်အသစ်လား၊ ဈေး ကွက်အဟောင်းလား ဒါကို စဉ်းစားဖို့ လိုပါတယ်။ ဈေးကွက် အသစ်တစ်ခုဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုန်ပစ္စည်းကို (Customer) နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ပေးရ မှာဖြစ်သလို ဈေးကွက်ဟောင်း ဆိုရင်လည်း လက်ရှိ ဈေးကွက်ထဲမှာ မားကက်ရှယ်ယာ အ များဆုံးရထားတဲ့ လုပ်ငန်းတွေကို ရာခိုင်နှုန်း ဘယ်လောက်အထိ ရထားလဲ၊ ကိုယ်ကဘယ် လောက် ရနိုင်လဲဆိုတာကို စဉ်းစားတွက်ချက်ဖို့လိုပါတယ်။ အဲဒီလိုမားကက်ကို ကိုယ်က ရှယ်ယာပြန်ယူရမယ့် အနေအထားဆိုရင်တော့ သူများရဲ့မားကက်ရှယ်ယာကို ကိုယ့်ဘက် ပါအောင် လုပ်မလား၊ ဒါမှမဟုတ် လုံးဝမသုံးဖူးသေးတဲ့ (Non User) တွေကို ဆွဲဆောင်မလား။ ဒါတွေကို ထည့်သွင်းစဉ်းစားဖို့လို ပါတယ်။

နံပါတ် (၃) ဖြစ်တဲ့ – Investment Types ကတော့ ကိုယ့်မှာရှိတဲ့ အရင်းအနှီးနဲ့ပဲလုပ် မလား၊ လိုချင်တာကို သူများဆီက ချေးပြီးလုပ်မှာလား၊ သူများနဲ့စပ်တူလုပ်မလား ဒါကို စဉ်းစားဖို့လိုပါ တယ်။ ဒီအချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့သက်ဆိုင်ပါ တယ်။

ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းကကြီးပြီးတော့ ကိုယ့်မှာက အရင်းအနှီး နည်းတယ်ဆိုရင် ဒုတိယနှစ်မျိုးထဲကတစ်မျိုးကိုရွေးချယ်ရပါမယ်။ အဲဒါဆိုရင် သေချာခိုင်မာတဲ့ (Business Plan) တော့ ရှိဖို့လိုပါတယ်။ (Possibility Percentage) ကို အနီးစပ်ဆုံးတွက် ချက်ထား ဖို့လိုပါတယ်။ နောက်တစ်ခုက (Risk) အတွက် အရံငွေ ချန်ထားဖို့လည်း လိုပါတယ်။

သိန်းတစ်ရာရှိရင် အားလုံးကိုတစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံလိုက်လို့ မဖြစ်ပါဘူး။ လုပ်ငန်းတစ်ခုက အရှုံး အမြတ်ရရှိနိုင်ပါတယ်။ အဲဒီအတွက် တစ်ခုခုဖြစ်ခဲ့ရင် နောက်က လိုက်နိုင်ဖို့လည်းလိုပါတယ်။

နံပါတ် (၄) ဖြစ်တဲ့ – Break Even Point ဆိုတာက အရင်း ကျေအမှတ်ပါ။ ကိုယ်က (Investment Types) က ကိုယ်ပိုင်ငွေ တစ်ခုတည်းနဲ့လုပ်တာဆိုရင်တော့ အရင်းကျေကာလကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုးကို ရွေးချယ်ထားသူတွေ အတွက်ကတော့ အရင်းကျေအမှတ်ကို အထူးထည့်သွင်း တွက်ချက် ရပါမယ်။ (ကိုယ်ပိုင်ငွေနဲ့လုပ်သူတွေလည်း တကယ်တော့ အရင်း ကျေအမှတ်ကိုထည့်သွင်းစဉ်းစားရပါမယ်)။

အဲဒီအခါ သူများဆီက ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့ လုပ်တယ်ဆိုရင် သူ့အတွက် ထပ်တက်လာမယ့် အတိုးနှုန်းတွေက ကိုယ့်ရဲ့ (Profit & Loss) ကို လာပတ် သက်နေတဲ့ အတွက် အဲဒါကို အမြန်ဆုံးရှင်းနိုင်ဖို့စဉ်းစားရပါမယ်။ (One Unit) မှာ အမြတ် ဘယ်လောက်ရအောင် လုပ်ပြီး တစ်နှစ်မှာ ဘယ်လောက်ရရင် ဘယ်နှနှစ်အတွင်း အရင်း ကျေမယ်ဆိုတာကို မဖြစ်မနေ ထည့်သွင်း တွက်ချက်ရပါမယ်။

(ဘယ်လိုတွက်ရတယ် ဆိုတာကတော့ ပညာရပ်ဆိုင်ရာတွေဖြစ် တဲ့အတွက် အရမ်းရှည် မှာစိုးလို့ ချန်ထားခဲ့ပါတယ်)။ အခုပြောပြခဲ့တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု မစတင်ခင် မဖြစ် မနေ စဉ်းစားရမယ့် အခြေခံအချက်တွေဟာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ချင်တဲ့ လူငယ်တွေအတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမယ်လို့ မျော်လင့်ပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ နောက်ထပ် အကြောင်းအရာတွေကိုလည်း ဆက်လက် ရေးပါဦးမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top