20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ဆိုင္ကယ္ stand နယ္ေက်ာ္မႈအေပၚ တရုတ္က ျမန္မာဘက္လာေရာက္ကန္႔ကြက္

ရွမ္းျပည္နယ္ေျမာက္ပိုင္းမူဆယ္ၿမိဳ႕နယ္တြင္ ဆိုင္ကယ္စတန္းနယ္ေက်ာ္သြားမႈႏွင့္ပတ္သက္၍ တရုတ္ဘက္က ျမန္မာဘက္ကိုလာေရာက္ကန္႔ကြက္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

မူဆယ္ၿမိဳ႕ ဆင္ျဖဴေပါက္အနီးရွိ ဆင္ျဖဴေစ်းဆိုင္ကယ္စတန္းတြင္စီထားေသာ ဆိုင္ကယ္အခ်ိဳ႕မွာ တရုတ္ပိုင္နက္အတြင္းသို႔ ၀င္ေရာက္တန္းစီမႈျဖစ္ပြားခဲ့သည့္ကိစၥအေပၚ ယေန႔တြင္ တရုတ္၏နယ္ျခားေစာင့္ၾကည့္ေရးအဖြဲ႕က လာေရာက္ကန္႔ကြက္မႈျဖစ္ပြားခဲ့ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္း ထံမွသိရသည္။

“ၿပီးခဲ့တဲ့ တစ္လခြဲ ၂ လေလာက္က ႏွစ္နုိင္ငံနယ္စပ္မ်ဥ္းကို သူတို႔တုိင္းသြားတယ္ေပါ့ဗ်ာ။ တိုင္းသြားေတာ့ ေခ်ာင္းရဲ႕ဒီဘက္အျခမ္းဘက္မွာ သူတို႔ရဲ႕ေျမနည္းနည္းေတာ့ရွိတယ္ဗ်။ အဲဒီေခ်ာင္းေလးက သူတို႔ဘက္အျခမ္းမွာရွိတယ္။ ဒီဘက္အျခမ္းမွာက ေရႊလီ၊ ၾကယ္ေခါင္ထဲ ၀င္တဲ့အခ်ိန္မွာ စည္ပင္ကေန ဆိုင္ကယ္စတန္းေတြေပးထားတာရွိတယ္ဗ်။ ဒီဆုိင္ကယ္စတန္းကေန ကန္ထရိုက္ရတဲ့သူေတြက အစြန္ဆံုးအထိကို ေခ်ာင္းစပ္အထိကိုသြားၿပီးေတာ့ ဆိုင္ကယ္ထားတယ္ေပါ့ဗ်ာ။ ဒါကို သူတို႔ဘက္ကၾကည့္ေတာ့ သူတုိ႔ေျမက်ဴးေက်ာ္တယ္ေပါ့ဗ်ာ။ အလံစုိက္တာေတာ့မဟုတ္ဘူး။ နယ္စပ္ေစာင့္ၾကည့္ေရးအဖြဲ႕ကဒါကိုလာလုပ္တဲ့အခ်ိန္မွာအလံေတာ့ကိုင္လာတယ္။ အဲ့ဒီတုန္းက နယ္စပ္ကိုစိုက္တဲ့အခ်ိန္တုန္းက ျပီးခဲ့တဲ့တစ္လခြဲ ၂ လတုန္းက ဒါကိုျပန္တိုင္းတဲ့အခ်ိန္တုန္းက အဲ့ဒီတစ္ေလွ်ာက္ကို နယ္ျခားမွတ္တိုင္အေနနဲ႔က ၆တိုင္စိုက္ခဲ့တယ္ ကၽြန္ေတာ္တို႔ ျမန္မာနုိင္ငံဘက္အျခမ္းက ၃ တိုင္စိုက္တယ္။ သူတို႔ဘက္က ၃ တိုင္စိုက္တယ္။ စိုက္တဲ့အထဲမွာ ဆုိင္ကယ္စတန္းေတြက အဲဒီတုိင္ရဲ႕ဟိုဘက္အျခမ္းကို သြားၿပီးထိုးၾကတာ။ ထုိးၾကေတာ့ သူတို႔ဘက္ကိုက်ဴးေက်ာ္တယ္ဆိုၿပီးလာကန္႔ကြက္တာ။ ႀကီးႀကီးက်ယ္က်ယ္ႀကီးေတာ့မဟုတ္ပါဘူး။ ေကာင္းေကာင္းမြန္မြန္လာေျပာပါတယ္” ဟု မူဆယ္ၿမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းက ေျပာသည္။

အဆုိပါဆင္ျဖဴေစ်းတစ္၀ိႈက္ရွိလူမ်ားမွာလည္း ေဒသခံမ်ားမဟုတ္ဘဲ ေရႊ႕ေျပာင္း migrant မ်ားျဖစ္သည့္အတြက္ အမႈိက္မ်ားကိုအဆုိပါေခ်ာင္းနံေဘးတြင္သြားပစ္မႈမ်ားရွိေၾကာင္း၊ ယင္းအမႈိက္မ်ားမွာ ေခ်ာင္းအတြင္းက်သည့္အတြက္ ယခုကဲ့သို႔လာေရာက္ကန္႔ကြက္ျခင္းျဖစ္ေၾကာင္း ဦးစိုင္းေက်ာ္သိန္း ကထပ္ေလာင္းဆိုသည္။

“ရံုးအေနနဲ႔ သံတမန္နည္းနဲ႔ေျဖရွင္းဖို႔၊ လူအင္အားႀကီးနဲ႔ရုန္းရုန္းရုန္းရုန္းလုပ္တာက လူႀကီးလူေကာင္းမဆန္ဘူးဆိုတဲ့အေနအထားနဲ႔ေတာ့ စာပို႔ထားတာရွိတယ္။ ၿမိဳ႕နယ္ရံုးကပို႔တာပါဗ်ာ ” ဟု ဦးစိုင္းေက်ာ္သိန္း က ဆိုသည္။
ၿပီးခဲ့သည့္ ဇန္န၀ါရီ ၂၉ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ ကိုးကန္႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ခ်င္းေရႊေဟာ္ၿမိဳ႕ အမွတ္ ၂ ရပ္ကြက္ နယ္နမိတ္ေက်ာက္တိုင္အမွတ္ BP-144/3 နဲ႔ BP-144/4 အၾကား ႏွစ္နုိင္ငံနယ္နမိတ္မ်ဥ္း ႏွင့္ ၅ မီတာခန္႔ေလာက္တြင္ စိုက္ထူထားေသာ ျမန္မာနုိ္င္ငံေတာ္အလံ ေနရာကို တရုတ္နယ္ျခားေစာင့္တပ္မွ လက္နက္ကိုင္ ၂၂ ဦးပါ၀င္ေသာအဖြဲ႕ လာေရာက္ျပီး အလံတုိင္ေျခရွိအုတ္ခံုကို ျဖိဳဖ်က္ခဲ့ကာ အလံတုိင္ကို သံျဖတ္လႊျဖင့္ျဖတ္ယူသြားမႈျဖစ္ပြားခဲ့သည္။

အလားတူ ၂၀၁၈ ေအာက္တိုဘာ ၁၇ ရက္ေန႔ ကလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ ဆင္ျဖဴေစ်းအနီးေစာက္လုပ္ထားေသာ ေစ်းေကာ္မတီရံုးသည္ တရုတ္ပိုင္နက္အတြင္းက်ေရာက္ေနသည္ဟုဆိုကာ တရုတ္လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕က လာေရာက္ကန္႔ကြက္မႈျဖစ္ပြားခဲ့ေသးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch

#Unicode Version# ျဖင့္ဖတ္ပါ ။

ဆိုင်ကယ် stand နယ်ကျော်မှုအပေါ် တရုတ်က မြန်မာဘက်လာရောက်ကန့်ကွက်

ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့နယ်တွင် ဆိုင်ကယ်စတန်းနယ်ကျော်သွားမှုနှင့်ပတ်သက်၍ တရုတ်ဘက်က မြန်မာဘက်ကိုလာရောက်ကန့်ကွက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ ဆင်ဖြူဈေးဆိုင်ကယ်စတန်းတွင်စီထားသော ဆိုင်ကယ်အချို့မှာ တရုတ်ပိုင်နက်အတွင်းသို့ ဝင်ရောက်တန်းစီမှုဖြစ်ပွားခဲ့သည့်ကိစ္စအပေါ် ယနေ့တွင် တရုတ်၏နယ်ခြားစောင့်ကြည့်ရေးအဖွဲ့က လာရောက်ကန့်ကွက်မှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း ထံမှသိရသည်။

“ပြီးခဲ့တဲ့ တစ်လခွဲ ၂ လလောက်က နှစ်နိုင်ငံနယ်စပ်မျဉ်းကို သူတို့တိုင်းသွားတယ်ပေါ့ဗျာ။ တိုင်းသွားတော့ ချောင်းရဲ့ဒီဘက်အခြမ်းဘက်မှာ သူတို့ရဲ့မြေနည်းနည်းတော့ရှိတယ်ဗျ။ အဲဒီချောင်းလေးက သူတို့ဘက်အခြမ်းမှာရှိတယ်။ ဒီဘက်အခြမ်းမှာက ရွှေလီ၊ ကြယ်ခေါင်ထဲ ဝင်တဲ့အချိန်မှာ စည်ပင်ကနေ ဆိုင်ကယ်စတန်းတွေပေးထားတာရှိတယ်ဗျ။ ဒီဆိုင်ကယ်စတန်းကနေ ကန်ထရိုက်ရတဲ့သူတွေက အစွန်ဆုံးအထိကို ချောင်းစပ်အထိကိုသွားပြီးတော့ ဆိုင်ကယ်ထားတယ်ပေါ့ဗျာ။ ဒါကို သူတို့ဘက်ကကြည့်တော့ သူတို့မြေကျူးကျော်တယ်ပေါ့ဗျာ။ အလံစိုက်တာတော့မဟုတ်ဘူး။ နယ်စပ်စောင့်ကြည့်ရေးအဖွဲ့ကဒါကိုလာလုပ်တဲ့အချိန်မှာအလံတော့ကိုင်လာတယ်။ အဲ့ဒီတုန်းက နယ်စပ်ကိုစိုက်တဲ့အချိန်တုန်းက ပြီးခဲ့တဲ့တစ်လခွဲ ၂ လတုန်းက ဒါကိုပြန်တိုင်းတဲ့အချိန်တုန်းက အဲ့ဒီတစ်လျှောက်ကို နယ်ခြားမှတ်တိုင်အနေနဲ့က ၆တိုင်စိုက်ခဲ့တယ် ကျွန်တော်တို့ မြန်မာနိုင်ငံဘက်အခြမ်းက ၃ တိုင်စိုက်တယ်။ သူတို့ဘက်က ၃ တိုင်စိုက်တယ်။ စိုက်တဲ့အထဲမှာ ဆိုင်ကယ်စတန်းတွေက အဲဒီတိုင်ရဲ့ဟိုဘက်အခြမ်းကို သွားပြီးထိုးကြတာ။ ထိုးကြတော့ သူတို့ဘက်ကိုကျူးကျော်တယ်ဆိုပြီးလာကန့်ကွက်တာ။ ကြီးကြီးကျယ်ကျယ်ကြီးတော့မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်လာပြောပါတယ်” ဟု မူဆယ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။

အဆိုပါဆင်ဖြူဈေးတစ်ဝှိုက်ရှိလူများမှာလည်း ဒေသခံများမဟုတ်ဘဲ ရွှေ့ပြောင်း migrant များဖြစ်သည့်အတွက် အမှိုက်များကိုအဆိုပါချောင်းနံဘေးတွင်သွားပစ်မှုများရှိကြောင်း၊ ယင်းအမှိုက်များမှာ ချောင်းအတွင်းကျသည့်အတွက် ယခုကဲ့သို့လာရောက်ကန့်ကွက်ခြင်းဖြစ်ကြောင်း ဦးစိုင်းကျော်သိန်း ကထပ်လောင်းဆိုသည်။

“ရုံးအနေနဲ့ သံတမန်နည်းနဲ့ဖြေရှင်းဖို့၊ လူအင်အားကြီးနဲ့ရုန်းရုန်းရုန်းရုန်းလုပ်တာက လူကြီးလူကောင်းမဆန်ဘူးဆိုတဲ့အနေအထားနဲ့တော့ စာပို့ထားတာရှိတယ်။ မြို့နယ်ရုံးကပို့တာပါဗျာ ” ဟု ဦးစိုင်းကျော်သိန်း က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ် ၂ ရပ်ကွက် နယ်နမိတ်ကျောက်တိုင်အမှတ် BP-144/3 နဲ့ BP-144/4 အကြား နှစ်နိုင်ငံနယ်နမိတ်မျဉ်း နှင့် ၅ မီတာခန့်လောက်တွင် စိုက်ထူထားသော မြန်မာနိုင်ငံတော်အလံ နေရာကို တရုတ်နယ်ခြားစောင့်တပ်မှ လက်နက်ကိုင် ၂၂ ဦးပါဝင်သောအဖွဲ့ လာရောက်ပြီး အလံတိုင်ခြေရှိအုတ်ခုံကို ဖြိုဖျက်ခဲ့ကာ အလံတိုင်ကို သံဖြတ်လွှဖြင့်ဖြတ်ယူသွားမှုဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၁၈ အောက်တိုဘာ ၁၇ ရက်နေ့ ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဆင်ဖြူဈေးအနီးစောက်လုပ်ထားသော ဈေးကော်မတီရုံးသည် တရုတ်ပိုင်နက်အတွင်းကျရောက်နေသည်ဟုဆိုကာ တရုတ်လက်နက်ကိုင်အဖွဲ့အချို့က လာရောက်ကန့်ကွက်မှုဖြစ်ပွားခဲ့သေးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top