ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနတာေၾကာင့္ ရန္ကုန္က စက္႐ုံ ေတြမွာ အလုပ္ သြားလုပ္တဲ့ ရခိုင္က လူငယ္ေတြကို သူတို႔ရဲ့ မိဘေတြက ျပန္လာဖို႔ ေခၚေနတာေၾကာင့္ ရခိုင္ကို ျပန္တဲ့ လူငယ္ေတြ ဒီရက္ပိုင္း ထဲမွာ မ်ား ေနတယ္လို႔ ရန္ကုန္ကေန ရခိုင္ကို ျပန္လာတဲ့ လူငယ္ေတြက ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးထဲမွာ ရွိတဲ့ လွိုင္သာယာ၊ ေရႊျပည္သာ စတဲ့ စက္႐ုံ၊ အလုပ္႐ုံ ေတြမွာ အလုပ္ လာလုပ္ၾကတဲ့ ရခိုင္လူငယ္ေတြ အထူးသျဖင့္ အမ်ိဳးသမီးေတြဟာ ရခိုင္ျပည္နယ္မွာ ရွိတဲ့ သူတို႔ရဲ့ ေနအိမ္ေတြကို ျပန္ေနၾကတာ ျဖစ္ပါ တယ္။

ရခိုင္ျပည္နယ္ကို မၾကာခင္က ျပန္လာတဲ့ ေပါက္ေတာၿမိဳ႕နယ္ သဝင္ေခ်ာင္း ေက်းရြာက အသက္ ၁၉ ႏွစ္ အမ်ိဳးသမီးက သူနဲ႔ သူငယ္ခ်င္း ၄ ေယာက္က ရခိုင္မွာ စစ္ျဖစ္ေနလို႔ မိဘေတြက ျပန္ေခၚလို႔ ျပန္လာၾကတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ ၃ခုမွာ တိုက္ပြဲေတြ ျပင္းထန္စက္႐ုံမွာရွိတဲ့ ရခိုင္ျပည္နယ္ ကေန လာ အလုပ္လုပ္တဲ့ သက္တူရြယ္တူေတြလည္း အိမ္ကို ျပန္ေနၾကတယ္လို႔ သူက ဆိုပါ တယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္ ဒိုးေဝရြာက အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ မခင္ခင္ဝင္းက ရခိုင္မွာ စစ္ျဖစ္လို႔ မတည္ၿငိမ္ျဖစ္ေနတဲ့ အတြက္ ရန္ကုန္မွာလည္း အလားတူ ျဖစ္လာမွာကို မိဘေတြက စိုးရိမ္လို႔ ျပန္ေခၚတာေၾကာင့္ သူနဲ႔ အတူ ရြာက အမ်ိဳး သမီးငယ္ ၈ ဦး အတူျပန္လာတယ္လို႔ ေျပာပါတယ္။ဒီလို ျပန္ေနၾကတဲ့ အတြက္ ကားလက္မွတ္ေတြ ေရာင္းမေလာက္ ျဖစ္ေနတယ္လို႔ ရခိုင္ကို ေျပးဆြဲေနတဲ့ အေဝးေျပး ကားဂိတ္ေတြက ေျပာပါတယ္။

ရခိုင္မွာ စစ္ျဖစ္လို႔ မတည္ၿငိမ္ျဖစ္ေနတဲ့အတြက္ ရန္ကုန္မွာလည္း အလားတူ ျဖစ္လာမွာ မိဘေတြက စိုးရိမ္လို႔ ျပန္ေခၚေအာင္ျပည့္စုံ ကားဂိတ္က တာဝန္ရွိသူ တဦးက အမ်ိဳးသမီးငယ္ အမ်ားစု ျပန္ေနၾကၿပီး တေန႔ကို ကားႏွစ္စီး ရခိုင္ကို ေျပးဆြဲ ေနရာမွာ အခု ရက္ပိုင္း ကားလက္မွတ္ေတြ ေရာင္းကုန္ၿပီလို႔ ေျပာပါတယ္။

အလားတူ ရခိုင္ကို ေျပးဆြဲေနတဲ့ ႀကံတိုင္းေအာင္ ကားဂိတ္ကို ဆက္သြယ္ၾကည့္ရာ မွာေတာ့ တေန႔ကို ဘတ္စကား ၂ စီး ခရီးသည္ ၉၀ စာ ကားလက္မွတ္ေတြဟာ မတ္လ ၁၈ ရက္ေန႔ အထိ ေရာင္းကုန္ေနၿပီလို႔ ေျပာပါတယ္။

အခုလို ရခိုင္ကို အစုလိုက္ ျပန္ၾကတာဟာ ယခင္ႏွစ္ေတြက မရွိသလို သၾကၤန္ ကာလမွာေတာင္ အခုေလာက္ အိမ္ျပန္တဲ့ အေရ အတြက္ မမ်ားဘူးလို႔ ဆိုပါတယ္။ျပန္ေနၾကတဲ့သူေတြရဲ့ အေရအတြက္ကို ေသခ်ာမသိေပမယ့္ ေထာင္နဲ႔ခ်ီ ရွိနိုင္တယ္ဆိုၿပီး ခန႔္မွန္း ေျပာဆိုမႈေတြ ရွိေန ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရန်ကုန်က စက်ရုံ တွေမှာ အလုပ် သွားလုပ်တဲ့ ရခိုင်က လူငယ်တွေကို သူတို့ရဲ့ မိဘတွေက ပြန်လာဖို့ ခေါ်နေတာကြောင့် ရခိုင်ကို ပြန်တဲ့ လူငယ်တွေ ဒီရက်ပိုင်း ထဲမှာ များ နေတယ်လို့ ရန်ကုန်ကနေ ရခိုင်ကို ပြန်လာတဲ့ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ စက်ရုံ၊ အလုပ်ရုံ တွေမှာ အလုပ် လာလုပ်ကြတဲ့ ရခိုင်လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေဟာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကို ပြန်နေကြတာ ဖြစ်ပါ တယ်။

ရခိုင်ပြည်နယ်ကို မကြာခင်က ပြန်လာတဲ့ ပေါက်တောမြို့နယ် သဝင်ချောင်း ကျေးရွာက အသက် ၁၉ နှစ် အမျိုးသမီးက သူနဲ့ သူငယ်ချင်း ၄ ယောက်က ရခိုင်မှာ စစ်ဖြစ်နေလို့ မိဘတွေက ပြန်ခေါ်လို့ ပြန်လာကြတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်စက်ရုံမှာရှိတဲ့ ရခိုင်ပြည်နယ် ကနေ လာ အလုပ်လုပ်တဲ့ သက်တူရွယ်တူတွေလည်း အိမ်ကို ပြန်နေကြတယ်လို့ သူက ဆိုပါ တယ်။

ဘူးသီးတောင်မြို့နယ် ဒိုးဝေရွာက အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မခင်ခင်ဝင်းက ရခိုင်မှာ စစ်ဖြစ်လို့ မတည်ငြိမ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မှာလည်း အလားတူ ဖြစ်လာမှာကို မိဘတွေက စိုးရိမ်လို့ ပြန်ခေါ်တာကြောင့် သူနဲ့ အတူ ရွာက အမျိုး သမီးငယ် ၈ ဦး အတူပြန်လာတယ်လို့ ပြောပါတယ်။ဒီလို ပြန်နေကြတဲ့ အတွက် ကားလက်မှတ်တွေ ရောင်းမလောက် ဖြစ်နေတယ်လို့ ရခိုင်ကို ပြေးဆွဲနေတဲ့ အဝေးပြေး ကားဂိတ်တွေက ပြောပါတယ်။

ရခိုင်မှာ စစ်ဖြစ်လို့ မတည်ငြိမ်ဖြစ်နေတဲ့အတွက် ရန်ကုန်မှာလည်း အလားတူ ဖြစ်လာမှာ မိဘတွေက စိုးရိမ်လို့ ပြန်ခေါ်အောင်ပြည့်စုံ ကားဂိတ်က တာဝန်ရှိသူ တဦးက အမျိုးသမီးငယ် အများစု ပြန်နေကြပြီး တနေ့ကို ကားနှစ်စီး ရခိုင်ကို ပြေးဆွဲ နေရာမှာ အခု ရက်ပိုင်း ကားလက်မှတ်တွေ ရောင်းကုန်ပြီလို့ ပြောပါတယ်။

အလားတူ ရခိုင်ကို ပြေးဆွဲနေတဲ့ ကြံတိုင်းအောင် ကားဂိတ်ကို ဆက်သွယ်ကြည့်ရာ မှာတော့ တနေ့ကို ဘတ်စကား ၂ စီး ခရီးသည် ၉၀ စာ ကားလက်မှတ်တွေဟာ မတ်လ ၁၈ ရက်နေ့ အထိ ရောင်းကုန်နေပြီလို့ ပြောပါတယ်။

အခုလို ရခိုင်ကို အစုလိုက် ပြန်ကြတာဟာ ယခင်နှစ်တွေက မရှိသလို သြင်္ကန် ကာလမှာတောင် အခုလောက် အိမ်ပြန်တဲ့ အရေ အတွက် မများဘူးလို့ ဆိုပါတယ်။ပြန်နေကြတဲ့သူတွေရဲ့ အရေအတွက်ကို သေချာမသိပေမယ့် ထောင်နဲ့ချီ ရှိနိုင်တယ်ဆိုပြီး ခန့်မှန်း ပြောဆိုမှုတွေ ရှိနေ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top