ျမန္မာလူငယ္နည္းပညာစြန႔္ဦးတီထြင္ဖြ႔ံၿဖိဳးေရး အစီအစဥ္ကေန စြန္႔ဦးတီထြင္အသင္း ၃ သင္းကုိ ရင္းနွီးျမွဳပ္နွံဖုိ႔ မတ္လ ၁ ရက္ေန႕မွာ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။

သေဘာတူစာခ်ဴပ္ခ်ဴပ္ဆိုေနစဥ္

ျမန္မာလူငယ္နည္းပညာစြန္႔ဦးတီထြင္ဖြ႔ံၿဖိဳးေရးအစီအစဥ္ ၂၀၁၉ မွာ အႏုိင္ရရွိတဲ့အသင္း ၃ သင္းကုိ ရင္းနွီးျမွဳပ္နွံေငြ တစ္သင္းကုိ က်ပ္သိန္း ၈၀ ကို ကနဦးရင္းနွီးျမွဳပ္ႏွံေငြအျဖစ္န႔ဲေပးအပ္ခဲ့တဲ့အျပင္ Myanmar Computer Federation က နည္းပညာနဲ႔ စီးပြားေရးဆုိင္ရာဌာနတစ္ခုျဖစ္တဲ့ Kanaung Hub မွာ ၆ လအခမဲ့ ရုံးခန္းဖြင့္လွစ္အသုံးျပဳခြင့္ကုိပါ ရရွိမယ္လုိ႔ သိရပါတယ္။

“ တစ္ဖြဲ႕ကုိ သိန္းရွစ္ဆယ္ခ်ီးျမွင့္ထားတယ္။ကုမၸဏီမွတ္ပုံတင္တာကုိလည္း ဒီရက္ပိုင္းမွာလုပ္ၿပီးသြားၿပီ။သူတုိ႔က တရား၀င္ျဖစ္သြားၿပီ။သူတုိ႕ရဲ႕အုိင္ဒီယာကုိ ဆက္ေမြးဖြားဖုိ႔အတြက္ Kanaung Hub မွာ ေနရာေျခာက္လစာေပးမယ္။ သူတိ႔ုကုိလုိအပ္တဲ့နည္းပညာအေထာက္အပံ့ေတြလည္း ေပးသြားမွာျဖစ္ပါတယ္။” လုိ႔ Myanmar Computer Federation က အေထြေထြအတြင္းေရးမႈးျဖစ္သူ ဦးေသာင္းစုၿငိမ္းက ေျပာပါတယ္။

အႏုိင္ရရွိတဲ့အသင္းေတြအေနနဲ႔ ေစ်းကြက္အတြင္းမွာ ယွဥ္ၿပိဳင္ႏုိ္င္ေအာင္ စြမ္းေဆာင္ႏုိ္င္စြမ္းရွိတဲ့လုပ္ငန္းရွင္ေတြျဖစ္လာဖို႔ ရည္ရြယ္တယ္လုိ႔ သိရပါတယ္။

အႏုိင္ရရွိတဲ့ အသင္းေတြအနက္ Team Idea Capsule က lottery palace အမည္ရွိေအာင္ဘာေလထီကုိ အြန္လုိင္းကေန အသုံးျပဳေရာင္းခ်တဲ့စနစ္ကုိ လုပ္ေဆာင္ခဲ့တဲ့လုပ္ငန္းက ဆုရရွိခဲ့တာျဖစ္ပါတယ္။

Waste managing machine project ကလည္း အမိႈက္စီမံခန္႕ခြဲမႈစက္ကိုတင္သြင္းခဲ႕တာၿဖစ္ျပီး အမိႈက္ပစ္သူေတြအေနနဲ႕ တယ္လီဖုန္းေငြၿဖည္႕ကဒ္မ်ားကို ဆုေျကးအၿဖစ္ ျပန္္လည္ ရရွိမွာၿဖစ္ပါတယ္။

သံုးခုေျမာက္အေနနဲ႕ ethnic learning language app ကတိုင္းရင္းသားဘာသာစကားသင္ျကားတဲ႕ စနစ္ျဖစ္ျပီး ကရင္ဘာသာစကားနဲ႕ စတင္ထားတာၿဖစ္ပါတယ္။

စီးပြားေရးလုပ္ငန္းရွင္ေတြၿဖစ္လာေစဖို႕ရည္ရြယ္တဲ႕ ျမန္မာလူငယ္နည္းပညာ စြန္႕ဦးတီထြင္ ဖြံၿဖိဳးေရး အစီအစဥ္ ၂၀၁၉ ကေန လုပ္ငန္းသံုးခုကို ေရြးခ်ယ္ျပီး သေဘာတူစာခ်ဴပ္ခ်ဴပ္ဆိုခဲ႕တာၿဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေး အစီအစဉ်ကနေ စွန့်ဦးတီထွင်အသင်း ၃ သင်းကို ရင်းနှီးမြှုပ်နှံဖို့ မတ်လ ၁ ရက်နေ့မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

သဘောတူစာချူပ်ချူပ်ဆိုနေစဉ်

မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၉ မှာ အနိုင်ရရှိတဲ့အသင်း ၃ သင်းကို ရင်းနှီးမြှုပ်နှံငွေ တစ်သင်းကို ကျပ်သိန်း ၈၀ ကို ကနဦးရင်းနှီးမြှုပ်နှံငွေအဖြစ်နဲ့ပေးအပ်ခဲ့တဲ့အပြင် Myanmar Computer Federation က နည်းပညာနဲ့ စီးပွားရေးဆိုင်ရာဌာနတစ်ခုဖြစ်တဲ့ Kanaung Hub မှာ ၆ လအခမဲ့ ရုံးခန်းဖွင့်လှစ်အသုံးပြုခွင့်ကိုပါ ရရှိမယ်လို့ သိရပါတယ်။

“ တစ်ဖွဲ့ကို သိန်းရှစ်ဆယ်ချီးမြှင့်ထားတယ်။ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း ဒီရက်ပိုင်းမှာလုပ်ပြီးသွားပြီ။သူတို့က တရားဝင်ဖြစ်သွားပြီ။သူတို့ရဲ့အိုင်ဒီယာကို ဆက်မွေးဖွားဖို့အတွက် Kanaung Hub မှာ နေရာခြောက်လစာပေးမယ်။ သူတိ့ုကိုလိုအပ်တဲ့နည်းပညာအထောက်အပံ့တွေလည်း ပေးသွားမှာဖြစ်ပါတယ်။” လို့ Myanmar Computer Federation က အထွေထွေအတွင်းရေးမှုးဖြစ်သူ ဦးသောင်းစုငြိမ်းက ပြောပါတယ်။

အနိုင်ရရှိတဲ့အသင်းတွေအနေနဲ့ ဈေးကွက်အတွင်းမှာ ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်နိုင်စွမ်းရှိတဲ့လုပ်ငန်းရှင်တွေဖြစ်လာဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

အနိုင်ရရှိတဲ့ အသင်းတွေအနက် Team Idea Capsule က lottery palace အမည်ရှိအောင်ဘာလေထီကို အွန်လိုင်းကနေ အသုံးပြုရောင်းချတဲ့စနစ်ကို လုပ်ဆောင်ခဲ့တဲ့လုပ်ငန်းက ဆုရရှိခဲ့တာဖြစ်ပါတယ်။

Waste managing machine project ကလည်း အမှိုက်စီမံခန့်ခွဲမှုစက်ကိုတင်သွင်းခဲ့တာဖြစ်ပြီး အမှိုက်ပစ်သူတွေအနေနဲ့ တယ်လီဖုန်းငွေဖြည့်ကဒ်များကို ဆုကြေးအဖြစ် ပြန်လည် ရရှိမှာဖြစ်ပါတယ်။

သုံးခုမြောက်အနေနဲ့ ethnic learning language app ကတိုင်းရင်းသားဘာသာစကားသင်ကြားတဲ့ စနစ်ဖြစ်ပြီး ကရင်ဘာသာစကားနဲ့ စတင်ထားတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာစေဖို့ရည်ရွယ်တဲ့ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံဖြိုးရေး အစီအစဉ် ၂၀၁၉ ကနေ လုပ်ငန်းသုံးခုကို ရွေးချယ်ပြီး သဘောတူစာချူပ်ချူပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top