iMyanmarHouse.com - Best Property Website for Myanmar
×
စွန့်​လွှတ်​ဖို့ မဖြစ်​နိုင်​​သေးရင်​​တော့ အတတ်​နိုင်​ဆုံး တန်​ဖိုးထားပြီး ခရီးဆက်​ရမှာပါပဲ။
Credit:tameelay
# Unicode Version # ဖြင့် ဖတ်ပါ #
လူတစ်ယောက်နဲ့တစ်ယောက်ပေါင်းစည်းရခြင်းဆိုတာကတွေ့ဆုံခြင်းထက် ပိုခက်ခဲပါတယ်။ တွေ့ဆုံတိုင်းလည်း ပေါင်းစည်းခွင့်ရဖို့မလွယ်သလို ပေါင်းစည်းနေ တိုင်းလည်း သက်ဆုံးတိုင် တည်မြဲဖို့ အရမ်းခက်ခဲနေတတ်တယ်။
ချစ်သည်ဖြစ်စေ မုန်းနေသည်ဖြစ်စေ၊ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ
စွန့်လွှတ်ဖို့ မဖြစ်နိုင်သေးရင်တော့ အတတ်နိူင်ဆုံး တန်ဖိုးထားပြီး ခရီးဆက်ရမှာပါပဲ။
တစ်ချို့အရာတွေကရုန်းထွက်ဖို့ခက်ခဲတဲ့ အကြွေးဆပ်ဖို့ ဖြစ်နေတတ်သလို တစ်ချို့အရာတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ရေစက်မကုန်တာလည်း
ဖြစ်နေတတ်တယ်။ ကိုယ့်စိတ်သဘောကျ လက်ခံလိုက်မိတဲ့ ဘဝလက်တွဲဖော်ပဲ ဖြစ်ဖြစ် ဖိအားအမျိုးမျိုးကြောင့် မဖြစ်မနေ လက်ခံလိုက်ရတဲ့ လက်တွဲဖော်ပဲဖြစ်ဖြစ် တကယ်တမ်းတွေးကြည့်ရင် လူတွေအများကြီးထဲကမှ ကိုယ့်အတွက် ဖူးစာဖက်ဖြစ်ခဲ့တာလည်း အမှန်ပါပဲ။
ရှိနေတဲ့အရာကိုတောင် တန်ဖိုးမထားတတ်ရင်တော့ နောက် ဖြစ်လာမယ့် ကိုယ်ပိုင်ဆိုင်ရမယ့်အရာတွေကို တန်ဖိုးထားတတ်ဖို့ဆိုတာ ခက်ခဲသွားတတ်ပါတယ်
တကယ်လို့ ကိုယ့်ဘက်က တန်ဖိုးထား ဂရုစိုက်နွေးထွေးနေပါလျက်နဲ့ သူ့ဘက်က တန်ဖိုးမသိဘဲ သစ္စာပျက်ယွင်းခဲ့ရင်တော့ အကြွေးကျေပြီလို့ မှတ်ယူပြီး
ဘဝကို အဓိပ္ပာယ် ရှိရှိ ဖြတ်သန်းပါနော်။
ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top