20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


တခါမွာ ကမာၻေက်ာ္သိပၸံပညာရွင္ႀကီး အဲလ္ဘတ္အိုင္းစတိုင္းကို သတင္းေထာက္ေတြ က ေမးခြန္းတခု ေမးတယ္။

ေမးခြန္းက လြယ္လြယ္ေလးပါ။ တမိုင္မွာ ေပေပါင္း ဘယ္ေလာက္ရွိသလဲတဲ့။ အိုင္းစတိုင္း မေျဖႏိုင္ပါဘူး။ မူလတန္းေက်ာင္းသားတေယာက္ လြယ္လြယ္ကူကူ ေျဖႏိုင္တာေလးကိုေတာင္ ကမာၻေက်ာ္သိပၸံပညာရွင္ႀကီး မေျဖႏိုင္ဘူးဆိုၿပီး သတင္းေထာက္ေတြက သူ႔ကို ဟားတိုက္ေလွာင္ေျပာင္ၾကတယ္။ အိုင္းစတိုင္းက သူတို႔ကို ခုလို ျပန္ေျပာလိုက္ပါတယ္။

“ဒီေမးခြန္းရဲ႕ အေျဖကို ငါ မသိဘူး။ သိစရာလည္း မလိုဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ အဲဒီအေျဖကို သခ်ၤာစာအုပ္မွာ တမိနစ္အတြင္း ရွာလို႔ရတယ္။ ဒီလို လြယ္လြယ္ကူကူ ရွာလို႔ရတဲ့ အေၾကာင္းအရာကို ငါ့ေခါင္းထဲမွာ ဘယ္ေတာ့မွ ထည့္မထားဘူး”တဲ့။

ကမာၻေပၚမွာ ေမာ္ေတာ္ကားကို ပထမဆံုး တီထြင္ထုတ္လုပ္ခဲ့တဲ့ မီလ်ံနာ သူေဌးႀကီး ဟင္နရီဖို႔ဒ္ကို ခ်ီကာဂိုထရီဘြန္းသတင္းစာႀကီးက “နလပိန္းတံုး” လို႔ ေရးသားေဖၚျပခဲ့လို႔ သူေဌးႀကီးဖို႔ဒ္က သတင္းစာတိုက္ကို တရားစြဲပါတယ္။

တရားရံုးေတာ္ရဲ႕ တရားခြင္မွာ သူေဌးႀကီးက သတင္းစာတိုက္က သတင္းေထာက္ေတြကို သူ႔ကို ‘နလပိန္းတံုး’ ‘ဘာမွ မသိသူ’ လို႔ ေရးသားေဖၚျပ ခဲ့တာ မွန္ကန္ေၾကာင္းကို သက္ေသျပခိုင္းပါတယ္။ သတင္းေထာက္ေတြက သူေဌးႀကီးကို လူတိုင္းနီးပါး ေျဖႏိုင္တဲ့ ခုလို ေမးခြန္းေလးေတြ ေမးၾကတယ္။

“အေမရိကန္ႏိုင္ငံရဲ႕ ပထမဆံုးဗိုလ္ခ်ဳပ္ႀကီးဟာ ဘယ္သူလဲ”
“အေမရိကန္ ျပည္တြင္းစစ္ ဘယ္ႏွခုႏွစ္မွာ စတင္ျဖစ္ပြားခဲ့သလဲ” စတာေတြပါ။

သူေဌးႀကီးဟာ ငယ္စဥ္က ေက်ာင္းမေနခဲ့ဖူးလို႔ အဲဒီေမးခြန္းေတြကို မေျဖႏိုင္ပါဘူး။ သတင္းေထာက္ေတြကလည္း ေမးခြန္းေတြ ထပ္ေမးၾကတယ္။ သူတို႔ေမးခြန္းေတြ ကို မေျဖႏိုင္တဲ့ သူေဌးႀကီးဟာ စိတ္တိုလာၿပီး သူတို႔ကို ခုလို ေျပာလိုက္ပါတယ္။

“မင္းတို႔ ေမးတဲ့ ေမးခြန္းေတြကို ငါ မေျဖႏိုင္ပါဘူး။ ဒါေပမဲ့ အဲဒီေမးခြန္းေတြကို ၂ မိနစ္အတြင္း ေျဖႏိုင္ၾကတဲ့ လူေတြ ငါ့မွာ ရွိတယ္။ မင္းတို႔ အဲဒီအေျဖေတြကို သိခ်င္ရင္ ငါ အခု ေခၚေပးမယ္” တဲ့။

အိုင္းစတိုင္းနဲ႔ ဟင္နရီဖို႔ဒ္တို႔ဟာ အေထြေထြ ဗဟုသုတ သတင္းအခ်က္အ လက္ေတြကို ေခါင္းထဲထည့္ထားဖို႔ စိတ္မဝင္စားၾကဘူး။ သူတို႔ စိတ္ဝင္စားၾက တာက သတင္းအခ်က္အလက္ေတြကို ဘယ္လို အသံုးခ်မလဲဆိုတာပါ။

ဒီအျဖစ္အပ်က္ႏွစ္ခုဟာ ကၽြန္ေတာ္တို႔ကို မွတ္သားစရာ အသိႏွစ္ခု ေပးခဲ့ပါတယ္။ အဲဒါေတြက

(၁) ဦးေႏွာက္ဆိုတာ အခ်က္အလက္ေတြကို သိုမွီးသိမ္းဆည္းထားရမယ့္ေနရာ မဟုတ္ပါ။ စဥ္းစားေတြေတာအၾကံထုတ္ရမယ့္ ေနရာပါ

(၂) စာအုပ္ထဲမွာ လြယ္လြယ္ကူကူ ရွာလို႔ ရတာဲ့ အခ်က္အလက္ေတြကို ေခါင္း ထဲမွာ သိမ္းမထားပါနဲ႔။ မလိုတာေတြ မွတ္ထားတာမ်ားလာရင္ ဦးေႏွာက္ဟာ မေတြးတတ္ မစဥ္းစားတတ္ေတာ့ဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


တခါမှာ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်းကို သတင်းထောက်တွေ က မေးခွန်းတခု မေးတယ်။

မေးခွန်းက လွယ်လွယ်လေးပါ။ တမိုင်မှာ ပေပေါင်း ဘယ်လောက်ရှိသလဲတဲ့။ အိုင်းစတိုင်း မဖြေနိုင်ပါဘူး။ မူလတန်းကျောင်းသားတယောက် လွယ်လွယ်ကူကူ ဖြေနိုင်တာလေးကိုတောင် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး မဖြေနိုင်ဘူးဆိုပြီး သတင်းထောက်တွေက သူ့ကို ဟားတိုက်လှောင်ပြောင်ကြတယ်။ အိုင်းစတိုင်းက သူတို့ကို ခုလို ပြန်ပြောလိုက်ပါတယ်။

“ဒီမေးခွန်းရဲ့ အဖြေကို ငါ မသိဘူး။ သိစရာလည်း မလိုဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအဖြေကို သင်္ချာစာအုပ်မှာ တမိနစ်အတွင်း ရှာလို့ရတယ်။ ဒီလို လွယ်လွယ်ကူကူ ရှာလို့ရတဲ့ အကြောင်းအရာကို ငါ့ခေါင်းထဲမှာ ဘယ်တော့မှ ထည့်မထားဘူး”တဲ့။

ကမ္ဘာပေါ်မှာ မော်တော်ကားကို ပထမဆုံး တီထွင်ထုတ်လုပ်ခဲ့တဲ့ မီလျံနာ သူဌေးကြီး ဟင်နရီဖို့ဒ်ကို ချီကာဂိုထရီဘွန်းသတင်းစာကြီးက “နလပိန်းတုံး” လို့ ရေးသားဖေါ်ပြခဲ့လို့ သူဌေးကြီးဖို့ဒ်က သတင်းစာတိုက်ကို တရားစွဲပါတယ်။

တရားရုံးတော်ရဲ့ တရားခွင်မှာ သူဌေးကြီးက သတင်းစာတိုက်က သတင်းထောက်တွေကို သူ့ကို ‘နလပိန်းတုံး’ ‘ဘာမှ မသိသူ’ လို့ ရေးသားဖေါ်ပြ ခဲ့တာ မှန်ကန်ကြောင်းကို သက်သေပြခိုင်းပါတယ်။ သတင်းထောက်တွေက သူဌေးကြီးကို လူတိုင်းနီးပါး ဖြေနိုင်တဲ့ ခုလို မေးခွန်းလေးတွေ မေးကြတယ်။

“အမေရိကန်နိုင်ငံရဲ့ ပထမဆုံးဗိုလ်ချုပ်ကြီးဟာ ဘယ်သူလဲ”
“အမေရိကန် ပြည်တွင်းစစ် ဘယ်နှခုနှစ်မှာ စတင်ဖြစ်ပွားခဲ့သလဲ” စတာတွေပါ။

သူဌေးကြီးဟာ ငယ်စဉ်က ကျောင်းမနေခဲ့ဖူးလို့ အဲဒီမေးခွန်းတွေကို မဖြေနိုင်ပါဘူး။ သတင်းထောက်တွေကလည်း မေးခွန်းတွေ ထပ်မေးကြတယ်။ သူတို့မေးခွန်းတွေ ကို မဖြေနိုင်တဲ့ သူဌေးကြီးဟာ စိတ်တိုလာပြီး သူတို့ကို ခုလို ပြောလိုက်ပါတယ်။

“မင်းတို့ မေးတဲ့ မေးခွန်းတွေကို ငါ မဖြေနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမေးခွန်းတွေကို ၂ မိနစ်အတွင်း ဖြေနိုင်ကြတဲ့ လူတွေ ငါ့မှာ ရှိတယ်။ မင်းတို့ အဲဒီအဖြေတွေကို သိချင်ရင် ငါ အခု ခေါ်ပေးမယ်” တဲ့။

အိုင်းစတိုင်းနဲ့ ဟင်နရီဖို့ဒ်တို့ဟာ အထွေထွေ ဗဟုသုတ သတင်းအချက်အ လက်တွေကို ခေါင်းထဲထည့်ထားဖို့ စိတ်မဝင်စားကြဘူး။ သူတို့ စိတ်ဝင်စားကြ တာက သတင်းအချက်အလက်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါ။

ဒီအဖြစ်အပျက်နှစ်ခုဟာ ကျွန်တော်တို့ကို မှတ်သားစရာ အသိနှစ်ခု ပေးခဲ့ပါတယ်။ အဲဒါတွေက

(၁) ဦးနှောက်ဆိုတာ အချက်အလက်တွေကို သိုမှီးသိမ်းဆည်းထားရမယ့်နေရာ မဟုတ်ပါ။ စဉ်းစားတွေတောအကြံထုတ်ရမယ့် နေရာပါ

(၂) စာအုပ်ထဲမှာ လွယ်လွယ်ကူကူ ရှာလို့ ရတာဲ့ အချက်အလက်တွေကို ခေါင်း ထဲမှာ သိမ်းမထားပါနဲ့။ မလိုတာတွေ မှတ်ထားတာများလာရင် ဦးနှောက်ဟာ မတွေးတတ် မစဉ်းစားတတ်တော့ဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top