20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ရဲ႕ လက္ရွိအင္အားဟာ ရွိရမယ့္ ဖြဲ႔စည္းပုံရဲ႕ ထက္၀က္နီးပါးပဲရွိေနတယ္လုိ႔ ျပည္ထဲေရး၀န္ၾကီးဌာနရဲ႕ ဒုတိယ၀န္ၾကီးကေျပာဆုိလုိက္ပါတယ္။

လက္ရွိျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ရဲ႕အင္အားဟာ ၈၃၀၀၀ေက်ာ္သာရွိျပီးေတာ့ရွိရမယ့္ ဖြဲ႔စည္းပုံရဲ႕ ၄၈.၀၃ ရာခုိင္ႏႈန္းသာရွိတယ္လုိ႔ မတ္လ ၁၃ ရက္ေန႔မွာ ျပဳလုပ္တဲ့ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀းမွာ ျပည္ထဲေရး၀န္ၾကီးဌာန ဒုတိယ၀န္ၾကီး ဗုိလ္ခ်ဳပ္ ေအာင္သူက ေျပာဆုိထားပါတယ္။

ဒါေၾကာင့္ ရဲတပ္ဖြဲ႔နဲ႔ ျပည္သူအခ်ိဳးဟာ ၁ အခ်ိဳး ၆၅၀ ဦးျဖစ္ေနတယ္လုိ႔ဆုိပါတယ္။ တကယ့္ဖြဲ႔စည္းပုံမွာ အရာရွိ ၃၀၀၀၀ ေက်ာ္ နဲ႔ အျခားအဆင့္ ၁၄၀၀၀၀ ေက်ာ္ေလာက္ ရွိရမွာ ျဖစ္ေပမယ့္ လက္ရွိမွာ ရဲအရာရွိ ၁၅၀၀၀ ေက်ာ္နဲ႔ အျခားအဆင့္ ၇၀၀၀၀ ေက်ာ္ပဲရွိေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔အေနနဲ႔ လစဥ္ ရဲတပ္ဖြဲ႔အင္အား ၆၅၀ ေလာက္ ခန္႔ထားဖုိ႔ လုိအပ္ေနျပီး တစ္ႏွစ္လုံးဆုိရင္ ရဲအင္အား ၈၄၀၀ ေလာက္ခန္႔ထားဖုိ႔လုိအပ္ေနတာျဖစ္တယ္လုိ႔ သူကေျပာပါတယ္။

ျပီးခဲ့တဲ့ ၃ ႏွစ္အတြင္းမွာ မႈခင္းျဖစ္ပြားမႈဟာ ျမင့္တက္လာခဲ့ျပီး အထူးအျဖင့္ ျမိဳ႕ၾကီးေတြမွာ အမ်ားဆုံးျဖစ္လာတာကုိေတြ႔ရတယ္လုိ႔ဆုိပါတယ္။ သမၼတရုံးအေနနဲ႕လည္း ရဲတပ္ဖြဲ႔အင္အားကုိျဖည့္ဆည္းဖုိ႔ အတြက္ခြင့္ျပဳထားျပီးျဖစ္တယ္လုိ႔သိရပါတယ္။

ျပီးခဲ့တဲ့ ရက္ေတြအတြင္း ႏုိင္ငံေတာ္အတုိင္ပင္ခံ ပုဂၢိဳလ္ဟာလည္း ေဒသခံေတြဆီကုိသြားေရာက္ေတြ႔ဆုံရင္းနဲ႔ ရဲတပ္ဖြဲ႔ကုိ ၀င္ၾကဖုိ႔ တုိက္တြန္းေျပာဆုိထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Duwun
#Unicode Version#
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လက်ရှိအင်အားဟာ ရှိရမယ့် ဖွဲ့စည်းပုံရဲ့ ထက်ဝက်နီးပါးပဲရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးကပြောဆိုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အင်အားဟာ ၈၃၀၀၀ကျော်သာရှိပြီးတော့ရှိရမယ့် ဖွဲ့စည်းပုံရဲ့ ၄၈.၀၃ ရာခိုင်နှုန်းသာရှိတယ်လို့ မတ်လ ၁၃ ရက်နေ့မှာ ပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောဆိုထားပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့နဲ့ ပြည်သူအချိုးဟာ ၁ အချိုး ၆၅၀ ဦးဖြစ်နေတယ်လို့ဆိုပါတယ်။ တကယ့်ဖွဲ့စည်းပုံမှာ အရာရှိ ၃၀၀၀၀ ကျော် နဲ့ အခြားအဆင့် ၁၄၀၀၀၀ ကျော်လောက် ရှိရမှာ ဖြစ်ပေမယ့် လက်ရှိမှာ ရဲအရာရှိ ၁၅၀၀၀ ကျော်နဲ့ အခြားအဆင့် ၇၀၀၀၀ ကျော်ပဲရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လစဉ် ရဲတပ်ဖွဲ့အင်အား ၆၅၀ လောက် ခန့်ထားဖို့ လိုအပ်နေပြီး တစ်နှစ်လုံးဆိုရင် ရဲအင်အား ၈၄၀၀ လောက်ခန့်ထားဖို့လိုအပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ မှုခင်းဖြစ်ပွားမှုဟာ မြင့်တက်လာခဲ့ပြီး အထူးအဖြင့် မြို့ကြီးတွေမှာ အများဆုံးဖြစ်လာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ သမ္မတရုံးအနေနဲ့လည်း ရဲတပ်ဖွဲ့အင်အားကိုဖြည့်ဆည်းဖို့ အတွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာလည်း ဒေသခံတွေဆီကိုသွားရောက်တွေ့ဆုံရင်းနဲ့ ရဲတပ်ဖွဲ့ကို ဝင်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top