ဘုရားေပၚက ျမန္မာ့ယဥ္ေက်းမႈ အမည္ခံ မေလ်ာ္ကန္သည့္စည္းကမ္းခ်က္မ်ား

ဘုရားမွာ မသင့္ေတာ္ မေလွ်ာ္ကန္သည္မ်ားကို ျဖဳတ္ခ်ေပးပါရန္

ကြၽန္ေတာ္တို႔ ဘုရားေပၚတက္တယ္ဆိုတာ စိတ္ေအးခ်မ္းခ်င္လို႔ ျဖစ္ပါတယ္။

ျမတ္စြာဘုရားကလည္း အယုတ္အလတ္အျမတ္မေရြး အဖူးေမွ်ာ္ခံ အပူေဇာ္ခံတယ္လို႔ အမ်ားက လက္ခံယုံၾကည္ပါတယ္။

ဒါေပမယ့္ ျမန္မာ့ ယဉ္ေက်းမႈ ဘာညာ အမည္တပ္ၿပီး စည္းကမ္းခ်ဳပ္ခ်ယ္ၾကပါတယ္။ ဗုဒၶျမတ္စြာက ျမန္မာလား။ ျမန္မာေတြ အရင္တည္းက လံုခ်ည္ဝတ္သလား သို႔မဟုတ္ ျမန္မာ့ယဥ္ေက်းမႈငးက လုံခ်ည္လား။ ေသခ်ာပါသလား

ဘုရားေပၚ မေတာ္တေရာ္နဲ႔ မတက္သင့္တာ အကုန္ လက္ခံၾကပါတယ္။ ဒါေပမယ့္ မလိုလားအပ္တဲ့ အပိုျဖစ္ေနတဲ့ စည္းကမ္းေတြေတာ့ မသတ္မွတ္ေစခ်င္ပါဘူး။

ေယာက္က်ားေလးေတြကို ဒူးေပၚတာ မဝတ္ခိုင္းဘူး။ မိန္းကေလးေတြကို အၾကပ္ မဝတ္ခိုင္းဘူးတဲ့။ ဒီစည္းကမ္းအရ ဆိုတာ လက္မခံႏုိင္စရာ မရွိပါဘူး။ သင့္ေတာ္ ေလ်ာ္ကန္ပါတယ္။

ဒါေပမယ့္ တကယ့္ အျဖစ္အပ်က္ေလးေတြ ေျပာျပခ်င္ပါတယ္။

ရွမ္းေဘာင္းဘီ ကို အကုန္ျမင္ဖူးၾကမယ္ထင္ပါတယ္။ သရီးကြာတားနဲ႔ အရွည္ေတြရွိပါတယ္။ ဘယ္ရွမ္းေဘာင္းဘီမွ ဒူးမေပၚပါဘူး။

ကြၽန္ေတာ္ ဝတ္ေနက် ရွမ္းေဘာင္းဘီတိုင္းဟာလဲ ေျခသလုံးဖုံးပါတယ္။ ဒါေပမယ့္ လုံၿခံဳေရး တခ်ိဳ႕က တိုတယ္ဆိုၿပီး ဘုရားေပၚ ေပးမတက္ပါဘူး။

ဒါေပမယ့္ ႐ြဲ႕တတ္တဲ့ သူငယ္ခ်င္းတေယာက္ကေတာ့ ဒူးအတိ ေဘာင္းဘီကို တက္မရဘူးဆိုလို႔ ေဘာင္းဘီကို ဒူးဖုံးေအာင္ ဖင္တဝက္ေလာက္ထိ ဆြဲခ်ၿပီး ရၿပီေနာ္ ျမင္လား ဒူးဖုံးတယ္ ဆိုၿပီး တက္သြားတာ ရပါတယ္တဲ့။

တခ်ိဳ႕ကေလးမေတြက ေဘာင္းဘီနဲ႔ တက္ၾကပါတယ္။ ေဘာင္းဘီဆိုရာမွာ အိမ္ေနရင္းဝတ္ၾကတဲ့ စပန္႔သားအေပ်ာ့ေဘာင္းဘီနဲ႔ ဂ်င္းေဘာင္းဘီ ဘယ္ဟာက ပိုၿပီး အျမင္ရိုင္းလဲ ေျပာၾကည့္ၾကပါ။ ဒါေပမယ့္ လုံၿခံဳေရးတခ်ိဳ႕က အၾကပ္ေပးမဝတ္ဘူးဆိုၿပီး သာမာန္ ဂ်င္းေဘာင္းဘီဝတ္တဲ့သူေတြကို ေပးမတက္ပါဘူး။

ဒါေပမယ့္ အလြန္ပါးလြာတဲ့ ေဘာင္းဘီနဲ႔ ေနထိုးရင္ အထင္းသားျဖစ္ေနသူေတြ ပတ္ထမိန္မို႔ လမ္းေလွ်ာက္တိုင္း ေပါင္အထိေပၚေနသူေတြ က်ေတာ့ ေအးေဆး တက္လို႔ရပါတယ္။

တခါက ပိတ္ရက္တရက္ ဘုရားအတက္မွာ ေနာက္မွာ ကေလးတသိုက္ကပ္ပါလာပါတယ္။ ရယ္ၾကေမာက်မို႔ လွည့္ၾကည့္ေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ အလုပ္လုပ္ေနၾကတဲ့ ၿမိဳ႕စြန္ နယ္စြန္က ပုံစံေလးေတြထင္ရပါတယ္။ ေက်ာင္းသားအရြယ္ေလးေတြဆိုေပမယ့္ ဝတ္တာစားတာနဲ႔ ဆံပင္ပုံစံထားတာေတြေျကာင့္ပါ။

အတက္မွာ ထုံးစံအတိုင္း လုံၿခံဳေရးက ေပးမတက္ပါဘူး။ ဘာေၾကာင့္လဲလို႔ ေမးၾကည့္မိေတာ့ ေဘာင္းဘီေၾကာင့္ပါတဲ့။ ေဘာင္းဘီက အၿပဲမို႔လို႔တဲ့။ ေဘာင္းဘီကို ၾကည့္ေတာ့ အသားေပၚေအာင္ ၿဖဲထားတဲ့ ေဘာင္းဘီ မဟုတ္ပါဘူး။ အၿပဲပုံစံ ျဖစ္ေအာင္အေပၚက ဂ်င္းသားေတြနဲ႔ ထပ္ခ်ဳပ္ထားတာပါ။ တကယ့္အၿပဲ မဟုတ္ပါဘူး။ ဒါေပမယ့္ ပုဆိုးလဲသြားမွ တက္လို႔ရမယ္ ေျပာပါတယ္။ ငွားခ ၃၀၀၀ ပါတဲ့။

အကုန္လုံးက ဟိုအိတ္နိႈက္ ဒီအိတ္နိႈက္ လုပ္ၿပီး မ်က္နွာ ပ်က္ေနၾကပါတယ္။ ဒါေပမယ့္ အဲကေလးက ဘုရားမတက္ေတာ့ပါဘူး။ သူဝယ္လာတဲ့ ဘုရားပန္းစည္းေလးကို သူငယ္ခ်င္းကို လွမ္းေပးရင္ ငါ့အတြက္ လွဴေပးခဲ့ဆိုၿပီး အဲနားမွာ စုံရပ္ေနပါတယ္။ ကြၽန္ေတာ္လဲ ေဒါသသံပါမွာဆိုး ျပသနာတက္မွာဆိုးၿပီး ဝင္မေျပာမိခဲ့ပါဘူး။ ဘုရားေပၚေရာက္မွ ေအာ္ ၃၀၀၀ စိုက္ေပးလိုက္ရင္ ေကာင္းသားလို႔ ေတြးမိပါတယ္။

ဒီမနက္ေတြ႕ခဲ့ရတာကနယ္က လာတဲ့ မိသားစုပါ။ သူတို႔က အေရွ႕ဘက္မုဒ္က တက္ၿပီး အေနာက္ဘက္မုဒ္က ဆင္းမွာပါ။ ဘုရားဖူးကားကအေနာက္ဘက္က ေစာင့္ေနမွာပါ။ ကေလးမေလးက ၄ တန္း ၅ တန္း အရြယ္ပါ။ တကယ့္ကေလးအ႐ြယ္ပါ။ ဂ်င္းေဘာင္းဘီ ဝတ္ထားလို႔ ေပးမတက္ပါဘူး။ လုံခ်ည္ လဲဖို႔လုပ္ေတာ့ လုံခ်ည္က နံတယ္လို႔ ကေလးမက ေျပာၿပီး မဝတ္ခ်င္ပါဘူး။ မိဘေတြက အတင္းဝတ္ခိုင္းရပါတယ္။

ေနာက္ထပ္ျပသနာ တခုက အေရွ႕ဘက္မုဒ္က ျပန္မဆင္းရင္ လုံခ်ည္ကို ဆင္းတဲ့ဘက္က လုံၿခံဳေရးဆီ အပ္ထားလို႔ရပါတယ္တဲ့။ စေပၚေငြေတာ့ ျပန္မရပါဘူးတဲ့ ခင္ဗ်။ တကယ္တန္းေတာ့ ဘယ္ကတက္တက္ ဘယ္ဘက္ကငွားငွား ဒီလို ငွားထားတာကို ပိုက္ဆံေကာက္ၿပီး ျပန္အဆင္းက်မွ ဒီေနရာကမဟုတ္ရင္ ပစၥည္းပဲသိမ္းထားၿပီး ေငြျပန္မေပးဘူးဆိုတာ မဟုတ္ေသးဘူးထင္တယ္ခင္ဗ်။ အဲေလာက္တင္လားဆိုေတာ့ မၿပီးေသးဘူး။ ကြၽန္ေတာ္လဲ အာရုံမေနာက္ခ်င္တာနဲ႔ ဘုရားေပၚတက္လိုက္တယ္။ ဘုရားေပၚမွာ ေအာ္က်ယ္ေအာ္က်ယ္ အသံၾကားလို႔ အေတာ္ႀကီး စိတ္အေနွာက္အယွက္ျဖစ္တာနဲ႔ လွည့္ၾကည့္မိတယ္။

ဘာလို႔ထင္လဲ မိတ္ေဆြတို႔

ေစာေစာက လုံၿခံဳေရးဟာ ေလွကားက အျခားလုံၿခံဳေရးေတြထံ ဖုန္းဆက္ေနတာပါ။ ေတာက လာတဲ့မိသားစုဟာ ေဘာင္းဘီဝတ္ထားေသာ္လည္း လုံခ်ည္မငွားခ်င္လို႔ ဘုရားေပၚ မတက္ေတာ့ဘူး ေျပာသြားေၾကာင္း ဒါေပမယ့္ တျခားဘက္က ပတ္တက္မွာ စိုးရိမ္ေၾကာင္း အရပ္ဘယ္ေလာက္ ဘာအက်ႌအေရာင္ဝတ္ထားေၾကာင္း အေသးစိတ္ ေျပာၿပီး အဲကေလးမ ပါမပါ ေသခ်ာစစ္ဖို႔ ေျပာေနတာပါခင္ဗ်။

ဘုရားလာတာ ဒါေလးလဲသြားတာ ဘာျဖစ္မွာလဲ ႏုိင္ငံျခားသားေတြေတာင္ လဲသြားၾကတာ ဗမာေတြက်မွပဲ ေျပာေနရတာ က်က္သေရယုတ္တယ္ တခုခုဆို ငါတုိ႔က အေျပာခံရမွာ ဘာညာ။ သည္းညည္း မခံႏုိင္လို႔ ဘုရိႈးေနေတာ့မွ ဖုန္းခ်ၿပီး လစ္သြားပါတယ္။ ကေလးမတက္မယ္ထင္တဲ့ဘက္ကို လိုက္ဖမ္းခ်င္ပုံပါပဲ။ ဟုတ္ကဲ့ ျမင္ရေတြ႕ရ နားေထာင္ရတာ အေတာ္က်က္သေရယုတ္ပါတယ္။

ဘုရားဖူးတာကို ေႏွာင့္ယွက္တယ္ ဖ်က္ဆီးတယ္ဆိုတာ ဘယ္ဘာသာမွာမဆို နတ္ဆိုး ေတြကသာ လုပ္ၾကတယ္လို႔ ယူဆပါတယ္။ ဘုရားကို မဖူးရေအာင္ မတက္ရေအာင္လုပ္တဲ့ အကုသိုလ္ဟာအရမ္းႀကီးပါတယ္။ ေနာက္ဘဝအထိမေျပာပါဘူး ကုသိုလ္စိတ္နဲ႔ လာသူေတြကို စိတ္ညစ္ညဴးေစတာ လက္ရွိဘဝတင္ ျမင္ရတာ က်က္သေရအေတာ္တုန္းပါတယ္။

ထို႔အတူ ဘုရားလာသူေတြ စိတ္မခ်မ္းေျမ့ေအာင္ညစ္ညဴးေအာင္လုပ္သူေတြလဲ ထို႔နည္းတူ ကုသိုလ္စိတ္ ပ်က္ဆီးေစၿပီး အကုသိုလ္ ျဖစ္ပါတယ္။

ျဖစ္စဉ္ေတြ ေလ့လာမယ္ဆို ေသခ်ာ မေလ့လာ မစူးစမ္းပဲ ဘုရားထက္ႀကီးတဲ့ ဘုရားလူႀကီးက ဘုရားမထုတ္တဲ့ ဥပေဒကို သူ႔စိတ္နဲ႔သူ အလြယ္ထုတ္ပါတယ္။ ဗာတီကန္နန္းေတာ္လဲ သူ႔ဥပေဒနဲ႔ သူပါ။ ဒါေပမယ့္ ေဘာင္းဘီအက်ပ္ဆိုတာဘာလဲ ဒူးေပၚေပါင္ေပၚဆိုတာ ဘာလဲ မသိတဲ့အျပင္ ဘယ္ဟာဒူး ဘယ္ဟာ ေပါင္ ဘယ္ဟာ ေျခသလုံးဆိုတာ မသိတဲ့ လုံၿခံဳေရးေတြဆီမွာ ဥပေဒဟာ သားေရကြင္းျဖစ္ေနပါတယ္။ ဘာလို႔ အတင္းလဲခုိင္းလဲ ဘာလို႔ ပိုက္ဆံျပန္အမ္းဖို႔ ခက္ခဲေနလဲ ရွင္းပါတယ္ အဲေငြလက္ခံခ်ိန္ ျပန္အပ္ခ်ိန္ ေဘာင္ခ်ာမထြက္ပါဘူး

အဲ့ ဥပေဒထုတ္တဲ့ လူႀကီးဆိုသူေတြ အဲတာေတြသိလား။ သိမယ္မထင္သလို သိဖို႔လဲ အားထုတ္မယ္မထင္ပါဘူး။

ေရႊတိဂံုဘုရားဆိုတာ တဦးတေယာက္စာ ကိုယ္စားျပဳေနရာ မဟုတ္ပါဘူး။ လူတကာ လာေလ့လာတဲ့ လူမ်ိဳး ဘာသာနဲ႔ ႏုိင္ငံရဲ႕ မ်က္နွာစာပါ။ အိမ္သာ မဟုတ္ပါဘူး ေနာက္ေဖးေပါက္မဟုတ္ပါဘူး အဲေတာ့ ဘုရားမွာ ေနတဲ့ အလုပ္လုပ္တဲ့သူတေယာက္ရဲ႕ စိတ္ဓာတ္နဲ႔ အဆင့္အတန္း ရွိသင့္ပါတယ္။

အဲေနရာမွာ အလုပ္လုပ္သူေတြ ဦးေဆာင္သူေတြဟာ ပညာအရည္အခ်င္း မစစ္ရင္ေနပါ EQ ေတာ့ စစ္သင့္ပါတယ္။ တကယ္သင့္ေတာ္ ေလ်ာ္ညီတဲ့ လူေတြကိုပဲ ေနရာမွန္ လူမွန္ေရာက္ေစခ်င္ပါတယ္။ အမိႈက္ပုံေစာင့္ စိတ္ဓာတ္နဲ႔လူကိုေတာ့ ဘုရားေပၚတက္ၿပီး အလုပ္မခိုင္းေစခ်င္ပါဘူး။ ဒီအတိုင္း အျပစ္ေျပာမေနခ်င္ပါဘူး။ ဘယ္အေျခအေနမွာ တက္ေရာက္ခြင့္မျပဳဘူးဆိုတာ တိတိက်က် လုပ္ေပးသင့္ပါတယ္။

အဲလုံခ်ည္ေတြ ကို လဲခ စေပၚေကာက္ယူတာ ရပ္ပစ္သင့္ပါတယ္။ အေျခအေနမဆိုးလဲ ေတြ႕သမွ်နီးပါး အတင္းအက်ပ္လဲခိုင္းေနတာ ျပန္မေပးတဲ့ စေပၚကိစၥေၾကာင့္လို႔ ယူဆပါတယ္။

ဘုရားက လုံခ်ည္မွန္း သိေအာင္ တခုခုႀကိဳးစားပါ။ အေရာင္ တံဆိပ္ ဘလူးတု အာအဖ္အိုင္ဒီ ဘယ္အေပါက္မွာ မဆိုယူၿပီး အဆင္ေျပရာ အေပါက္မွာ ျပန္အပ္တာလက္ခံပါ။ တကယ္လို႔ အဲလိုေတြ မလုပ္ေပးႏုိင္ဘူး လက္မခံဘူးဆိုရင္ အျပင္ကအဖြဲ႕အစည္းေတြ အခမဲ့ လာလုပ္ေပးမယ္ဆို လက္ခံပါ။

ဒါမွ မဟုတ္ရင္ ဘုရားေပၚ အတြဲလဲ ေပးမတက္ပါနဲ႔။ က်ားမ ခြဲတက္ခိုင္းပါ လမ္းခြဲေလွ်ာက္ခိုင္းပါ။ သားဆုပန္အရုပ္ကို ဖ်က္ပစ္ပါ ဘုရားေပၚ သားဆုပန္တယ္ဆိုတာ အရမ္းရိုင္းပါတယ္။ ဘုရားေပၚက ဇာတ္ထုတ္ေတြထဲက ႏုိ႔ေပၚ ရင္ေပၚပံုေတြလဲ ဖဲ့ထုတ္ပါ။ ပဋာစာရီ ဇာတ္ထုတ္ ေဟာခြင့္ပိတ္ပစ္ပါ။ ဇာတကထဲက အဲလို ဇာတ္ေတာ္ေတြ ျဖတ္ထုတ္ပါ။ အေလာင္းေတာ္ သိဒတၱ ေတာမထြက္ခင္ အခန္းကိုျဖတ္ပါ။ မိဖရား ေမာင္းမေတြ အိပ္ေနတာ ပိုးလိုးပက္လက္ေတြေလ အဲပုံေတြ ပန္းခ်ီကားေတြ ဘုရားေပၚမရွိသင့္ ျဖစ္ႏုိင္ရင္ ဘုရားေပၚ မတက္ခင္ အကုန္သင္းပစ္လိုက္ပါ။ ဘုရားရင္ျပင္ေတာ္ေပၚ သန္႔သြားတာေပါ့။

ေရွးေဟာင္းေကာ ဘာေကာ အသာထား မသင့္ေတာ္ဘူး ကိုလိုနီလက္ရာေတြ မကိုက္ညီဘူး ဆိုၿပီး အရင္က လက္ရာ ဘာဘူရုပ္ေတြ နတ္သူငယ္ရုပ္ေတြေတာင္ ဖယ္ပစ္ေသးတာပဲ။ ဒီေအာက္က ပံုကေတာ့ ဖယ္သင့္ေနတဲ့ ေကြးက်ိျပဴးေနတဲ့ အရုပ္ေတြ ေကြးက်ိျဖတ္ထုတ္ေပးပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Ko Ko Ye
#Unicode Version#
ဘုရားပေါ်က မြန်မာ့ယဉ်ကျေးမှု အမည်ခံ မလျော်ကန်သည့်စည်းကမ်းချက်များ

ဘုရားမှာ မသင့်တော် မလျှော်ကန်သည်များကို ဖြုတ်ချပေးပါရန်

ကျွန်တော်တို့ ဘုရားပေါ်တက်တယ်ဆိုတာ စိတ်အေးချမ်းချင်လို့ ဖြစ်ပါတယ်။

မြတ်စွာဘုရားကလည်း အယုတ်အလတ်အမြတ်မရွေး အဖူးမျှော်ခံ အပူဇော်ခံတယ်လို့ အများက လက်ခံယုံကြည်ပါတယ်။

ဒါပေမယ့် မြန်မာ့ ယဉ်ကျေးမှု ဘာညာ အမည်တပ်ပြီး စည်းကမ်းချုပ်ချယ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာက မြန်မာလား။ မြန်မာတွေ အရင်တည်းက လုံချည်ဝတ်သလား သို့မဟုတ် မြန်မာ့ယဉ်ကျေးမှုငးက လုံချည်လား။ သေချာပါသလား

ဘုရားပေါ် မတော်တရော်နဲ့ မတက်သင့်တာ အကုန် လက်ခံကြပါတယ်။ ဒါပေမယ့် မလိုလားအပ်တဲ့ အပိုဖြစ်နေတဲ့ စည်းကမ်းတွေတော့ မသတ်မှတ်စေချင်ပါဘူး။

ယောက်ကျားလေးတွေကို ဒူးပေါ်တာ မဝတ်ခိုင်းဘူး။ မိန်းကလေးတွေကို အကြပ် မဝတ်ခိုင်းဘူးတဲ့။ ဒီစည်းကမ်းအရ ဆိုတာ လက်မခံနိုင်စရာ မရှိပါဘူး။ သင့်တော် လျော်ကန်ပါတယ်။

ဒါပေမယ့် တကယ့် အဖြစ်အပျက်လေးတွေ ပြောပြချင်ပါတယ်။

ရှမ်းဘောင်းဘီ ကို အကုန်မြင်ဖူးကြမယ်ထင်ပါတယ်။ သရီးကွာတားနဲ့ အရှည်တွေရှိပါတယ်။ ဘယ်ရှမ်းဘောင်းဘီမှ ဒူးမပေါ်ပါဘူး။

ကျွန်တော် ဝတ်နေကျ ရှမ်းဘောင်းဘီတိုင်းဟာလဲ ခြေသလုံးဖုံးပါတယ်။ ဒါပေမယ့် လုံခြုံရေး တချို့က တိုတယ်ဆိုပြီး ဘုရားပေါ် ပေးမတက်ပါဘူး။

ဒါပေမယ့် ရွဲ့တတ်တဲ့ သူငယ်ချင်းတယောက်ကတော့ ဒူးအတိ ဘောင်းဘီကို တက်မရဘူးဆိုလို့ ဘောင်းဘီကို ဒူးဖုံးအောင် ဖင်တဝက်လောက်ထိ ဆွဲချပြီး ရပြီနော် မြင်လား ဒူးဖုံးတယ် ဆိုပြီး တက်သွားတာ ရပါတယ်တဲ့။

တချို့ကလေးမတွေက ဘောင်းဘီနဲ့ တက်ကြပါတယ်။ ဘောင်းဘီဆိုရာမှာ အိမ်နေရင်းဝတ်ကြတဲ့ စပန့်သားအပျော့ဘောင်းဘီနဲ့ ဂျင်းဘောင်းဘီ ဘယ်ဟာက ပိုပြီး အမြင်ရိုင်းလဲ ပြောကြည့်ကြပါ။ ဒါပေမယ့် လုံခြုံရေးတချို့က အကြပ်ပေးမဝတ်ဘူးဆိုပြီး သာမာန် ဂျင်းဘောင်းဘီဝတ်တဲ့သူတွေကို ပေးမတက်ပါဘူး။

ဒါပေမယ့် အလွန်ပါးလွာတဲ့ ဘောင်းဘီနဲ့ နေထိုးရင် အထင်းသားဖြစ်နေသူတွေ ပတ်ထမိန်မို့ လမ်းလျှောက်တိုင်း ပေါင်အထိပေါ်နေသူတွေ ကျတော့ အေးဆေး တက်လို့ရပါတယ်။

တခါက ပိတ်ရက်တရက် ဘုရားအတက်မှာ နောက်မှာ ကလေးတသိုက်ကပ်ပါလာပါတယ်။ ရယ်ကြမောကျမို့ လှည့်ကြည့်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်နေကြတဲ့ မြို့စွန် နယ်စွန်က ပုံစံလေးတွေထင်ရပါတယ်။ ကျောင်းသားအရွယ်လေးတွေဆိုပေမယ့် ဝတ်တာစားတာနဲ့ ဆံပင်ပုံစံထားတာတွေကြောင့်ပါ။

အတက်မှာ ထုံးစံအတိုင်း လုံခြုံရေးက ပေးမတက်ပါဘူး။ ဘာကြောင့်လဲလို့ မေးကြည့်မိတော့ ဘောင်းဘီကြောင့်ပါတဲ့။ ဘောင်းဘီက အပြဲမို့လို့တဲ့။ ဘောင်းဘီကို ကြည့်တော့ အသားပေါ်အောင် ဖြဲထားတဲ့ ဘောင်းဘီ မဟုတ်ပါဘူး။ အပြဲပုံစံ ဖြစ်အောင်အပေါ်က ဂျင်းသားတွေနဲ့ ထပ်ချုပ်ထားတာပါ။ တကယ့်အပြဲ မဟုတ်ပါဘူး။ ဒါပေမယ့် ပုဆိုးလဲသွားမှ တက်လို့ရမယ် ပြောပါတယ်။ ငှားခ ၃၀၀၀ ပါတဲ့။

အကုန်လုံးက ဟိုအိတ်နှိုက် ဒီအိတ်နှိုက် လုပ်ပြီး မျက်နှာ ပျက်နေကြပါတယ်။ ဒါပေမယ့် အဲကလေးက ဘုရားမတက်တော့ပါဘူး။ သူဝယ်လာတဲ့ ဘုရားပန်းစည်းလေးကို သူငယ်ချင်းကို လှမ်းပေးရင် ငါ့အတွက် လှူပေးခဲ့ဆိုပြီး အဲနားမှာ စုံရပ်နေပါတယ်။ ကျွန်တော်လဲ ဒေါသသံပါမှာဆိုး ပြသနာတက်မှာဆိုးပြီး ဝင်မပြောမိခဲ့ပါဘူး။ ဘုရားပေါ်ရောက်မှ အော် ၃၀၀၀ စိုက်ပေးလိုက်ရင် ကောင်းသားလို့ တွေးမိပါတယ်။

ဒီမနက်တွေ့ခဲ့ရတာကနယ်က လာတဲ့ မိသားစုပါ။ သူတို့က အရှေ့ဘက်မုဒ်က တက်ပြီး အနောက်ဘက်မုဒ်က ဆင်းမှာပါ။ ဘုရားဖူးကားကအနောက်ဘက်က စောင့်နေမှာပါ။ ကလေးမလေးက ၄ တန်း ၅ တန်း အရွယ်ပါ။ တကယ့်ကလေးအရွယ်ပါ။ ဂျင်းဘောင်းဘီ ဝတ်ထားလို့ ပေးမတက်ပါဘူး။ လုံချည် လဲဖို့လုပ်တော့ လုံချည်က နံတယ်လို့ ကလေးမက ပြောပြီး မဝတ်ချင်ပါဘူး။ မိဘတွေက အတင်းဝတ်ခိုင်းရပါတယ်။

နောက်ထပ်ပြသနာ တခုက အရှေ့ဘက်မုဒ်က ပြန်မဆင်းရင် လုံချည်ကို ဆင်းတဲ့ဘက်က လုံခြုံရေးဆီ အပ်ထားလို့ရပါတယ်တဲ့။ စပေါ်ငွေတော့ ပြန်မရပါဘူးတဲ့ ခင်ဗျ။ တကယ်တန်းတော့ ဘယ်ကတက်တက် ဘယ်ဘက်ကငှားငှား ဒီလို ငှားထားတာကို ပိုက်ဆံကောက်ပြီး ပြန်အဆင်းကျမှ ဒီနေရာကမဟုတ်ရင် ပစ္စည်းပဲသိမ်းထားပြီး ငွေပြန်မပေးဘူးဆိုတာ မဟုတ်သေးဘူးထင်တယ်ခင်ဗျ။ အဲလောက်တင်လားဆိုတော့ မပြီးသေးဘူး။ ကျွန်တော်လဲ အာရုံမနောက်ချင်တာနဲ့ ဘုရားပေါ်တက်လိုက်တယ်။ ဘုရားပေါ်မှာ အော်ကျယ်အော်ကျယ် အသံကြားလို့ အတော်ကြီး စိတ်အနှောက်အယှက်ဖြစ်တာနဲ့ လှည့်ကြည့်မိတယ်။

ဘာလို့ထင်လဲ မိတ်ဆွေတို့

စောစောက လုံခြုံရေးဟာ လှေကားက အခြားလုံခြုံရေးတွေထံ ဖုန်းဆက်နေတာပါ။ တောက လာတဲ့မိသားစုဟာ ဘောင်းဘီဝတ်ထားသော်လည်း လုံချည်မငှားချင်လို့ ဘုရားပေါ် မတက်တော့ဘူး ပြောသွားကြောင်း ဒါပေမယ့် တခြားဘက်က ပတ်တက်မှာ စိုးရိမ်ကြောင်း အရပ်ဘယ်လောက် ဘာအင်္ကျီအရောင်ဝတ်ထားကြောင်း အသေးစိတ် ပြောပြီး အဲကလေးမ ပါမပါ သေချာစစ်ဖို့ ပြောနေတာပါခင်ဗျ။

ဘုရားလာတာ ဒါလေးလဲသွားတာ ဘာဖြစ်မှာလဲ နိုင်ငံခြားသားတွေတောင် လဲသွားကြတာ ဗမာတွေကျမှပဲ ပြောနေရတာ ကျက်သရေယုတ်တယ် တခုခုဆို ငါတို့က အပြောခံရမှာ ဘာညာ။ သည်းညည်း မခံနိုင်လို့ ဘုရှိုးနေတော့မှ ဖုန်းချပြီး လစ်သွားပါတယ်။ ကလေးမတက်မယ်ထင်တဲ့ဘက်ကို လိုက်ဖမ်းချင်ပုံပါပဲ။ ဟုတ်ကဲ့ မြင်ရတွေ့ရ နားထောင်ရတာ အတော်ကျက်သရေယုတ်ပါတယ်။

ဘုရားဖူးတာကို နှောင့်ယှက်တယ် ဖျက်ဆီးတယ်ဆိုတာ ဘယ်ဘာသာမှာမဆို နတ်ဆိုး တွေကသာ လုပ်ကြတယ်လို့ ယူဆပါတယ်။ ဘုရားကို မဖူးရအောင် မတက်ရအောင်လုပ်တဲ့ အကုသိုလ်ဟာအရမ်းကြီးပါတယ်။ နောက်ဘဝအထိမပြောပါဘူး ကုသိုလ်စိတ်နဲ့ လာသူတွေကို စိတ်ညစ်ညူးစေတာ လက်ရှိဘဝတင် မြင်ရတာ ကျက်သရေအတော်တုန်းပါတယ်။

ထို့အတူ ဘုရားလာသူတွေ စိတ်မချမ်းမြေ့အောင်ညစ်ညူးအောင်လုပ်သူတွေလဲ ထို့နည်းတူ ကုသိုလ်စိတ် ပျက်ဆီးစေပြီး အကုသိုလ် ဖြစ်ပါတယ်။

ဖြစ်စဉ်တွေ လေ့လာမယ်ဆို သေချာ မလေ့လာ မစူးစမ်းပဲ ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးက ဘုရားမထုတ်တဲ့ ဥပဒေကို သူ့စိတ်နဲ့သူ အလွယ်ထုတ်ပါတယ်။ ဗာတီကန်နန်းတော်လဲ သူ့ဥပဒေနဲ့ သူပါ။ ဒါပေမယ့် ဘောင်းဘီအကျပ်ဆိုတာဘာလဲ ဒူးပေါ်ပေါင်ပေါ်ဆိုတာ ဘာလဲ မသိတဲ့အပြင် ဘယ်ဟာဒူး ဘယ်ဟာ ပေါင် ဘယ်ဟာ ခြေသလုံးဆိုတာ မသိတဲ့ လုံခြုံရေးတွေဆီမှာ ဥပဒေဟာ သားရေကွင်းဖြစ်နေပါတယ်။ ဘာလို့ အတင်းလဲခိုင်းလဲ ဘာလို့ ပိုက်ဆံပြန်အမ်းဖို့ ခက်ခဲနေလဲ ရှင်းပါတယ် အဲငွေလက်ခံချိန် ပြန်အပ်ချိန် ဘောင်ချာမထွက်ပါဘူး

အဲ့ ဥပဒေထုတ်တဲ့ လူကြီးဆိုသူတွေ အဲတာတွေသိလား။ သိမယ်မထင်သလို သိဖို့လဲ အားထုတ်မယ်မထင်ပါဘူး။

ရွှေတိဂုံဘုရားဆိုတာ တဦးတယောက်စာ ကိုယ်စားပြုနေရာ မဟုတ်ပါဘူး။ လူတကာ လာလေ့လာတဲ့ လူမျိုး ဘာသာနဲ့ နိုင်ငံရဲ့ မျက်နှာစာပါ။ အိမ်သာ မဟုတ်ပါဘူး နောက်ဖေးပေါက်မဟုတ်ပါဘူး အဲတော့ ဘုရားမှာ နေတဲ့ အလုပ်လုပ်တဲ့သူတယောက်ရဲ့ စိတ်ဓာတ်နဲ့ အဆင့်အတန်း ရှိသင့်ပါတယ်။

အဲနေရာမှာ အလုပ်လုပ်သူတွေ ဦးဆောင်သူတွေဟာ ပညာအရည်အချင်း မစစ်ရင်နေပါ EQ တော့ စစ်သင့်ပါတယ်။ တကယ်သင့်တော် လျော်ညီတဲ့ လူတွေကိုပဲ နေရာမှန် လူမှန်ရောက်စေချင်ပါတယ်။ အမှိုက်ပုံစောင့် စိတ်ဓာတ်နဲ့လူကိုတော့ ဘုရားပေါ်တက်ပြီး အလုပ်မခိုင်းစေချင်ပါဘူး။ ဒီအတိုင်း အပြစ်ပြောမနေချင်ပါဘူး။ ဘယ်အခြေအနေမှာ တက်ရောက်ခွင့်မပြုဘူးဆိုတာ တိတိကျကျ လုပ်ပေးသင့်ပါတယ်။

အဲလုံချည်တွေ ကို လဲခ စပေါ်ကောက်ယူတာ ရပ်ပစ်သင့်ပါတယ်။ အခြေအနေမဆိုးလဲ တွေ့သမျှနီးပါး အတင်းအကျပ်လဲခိုင်းနေတာ ပြန်မပေးတဲ့ စပေါ်ကိစ္စကြောင့်လို့ ယူဆပါတယ်။

ဘုရားက လုံချည်မှန်း သိအောင် တခုခုကြိုးစားပါ။ အရောင် တံဆိပ် ဘလူးတု အာအဖ်အိုင်ဒီ ဘယ်အပေါက်မှာ မဆိုယူပြီး အဆင်ပြေရာ အပေါက်မှာ ပြန်အပ်တာလက်ခံပါ။ တကယ်လို့ အဲလိုတွေ မလုပ်ပေးနိုင်ဘူး လက်မခံဘူးဆိုရင် အပြင်ကအဖွဲ့အစည်းတွေ အခမဲ့ လာလုပ်ပေးမယ်ဆို လက်ခံပါ။

ဒါမှ မဟုတ်ရင် ဘုရားပေါ် အတွဲလဲ ပေးမတက်ပါနဲ့။ ကျားမ ခွဲတက်ခိုင်းပါ လမ်းခွဲလျှောက်ခိုင်းပါ။ သားဆုပန်အရုပ်ကို ဖျက်ပစ်ပါ ဘုရားပေါ် သားဆုပန်တယ်ဆိုတာ အရမ်းရိုင်းပါတယ်။ ဘုရားပေါ်က ဇာတ်ထုတ်တွေထဲက နို့ပေါ် ရင်ပေါ်ပုံတွေလဲ ဖဲ့ထုတ်ပါ။ ပဋာစာရီ ဇာတ်ထုတ် ဟောခွင့်ပိတ်ပစ်ပါ။ ဇာတကထဲက အဲလို ဇာတ်တော်တွေ ဖြတ်ထုတ်ပါ။ အလောင်းတော် သိဒတ္တ တောမထွက်ခင် အခန်းကိုဖြတ်ပါ။ မိဖရား မောင်းမတွေ အိပ်နေတာ ပိုးလိုးပက်လက်တွေလေ အဲပုံတွေ ပန်းချီကားတွေ ဘုရားပေါ်မရှိသင့် ဖြစ်နိုင်ရင် ဘုရားပေါ် မတက်ခင် အကုန်သင်းပစ်လိုက်ပါ။ ဘုရားရင်ပြင်တော်ပေါ် သန့်သွားတာပေါ့။

ရှေးဟောင်းကော ဘာကော အသာထား မသင့်တော်ဘူး ကိုလိုနီလက်ရာတွေ မကိုက်ညီဘူး ဆိုပြီး အရင်က လက်ရာ ဘာဘူရုပ်တွေ နတ်သူငယ်ရုပ်တွေတောင် ဖယ်ပစ်သေးတာပဲ။ ဒီအောက်က ပုံကတော့ ဖယ်သင့်နေတဲ့ ကွေးကျိပြူးနေတဲ့ အရုပ်တွေ ကွေးကျိဖြတ်ထုတ်ပေးပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:Ko Ko Ye
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top