ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×


သားအိမ္ျခစ္တယ္ဆိုတာ မေတာ္တဆ ကိုယ္ဝန္ပ်က္က်သြားတဲ့အခါ သားအိမ္ထဲ က်န္ေနခဲ့တဲ့ သေႏၶသား အၾကြင္းအက်န္ကို ဖယ္ထုတ္ေပးတဲ့ အေသးစားခြဲစိတ္မႈ တစ္ခုျဖစ္ပါတယ္။ ဒီလို သားအိမ္ျခစ္ျပီးတာနဲ႕ အားလံုးသိခ်င္ၾကတာက အခ်ိန္ဘယ္ေလာက္ေစာင့္ျပီးမွ အတူေနလို႕ရမလဲ၊ ကုိယ္ဝန္ျပန္ေဆာင္လို႕ ရမလဲဆုိတာပဲ ျဖစ္ပါတယ္။ ။

သားအိမ္ျခစ္တယ္ဆိုိတာဘာလဲ ။  ။

သားအိမ္ျခစ္တယ္ ဆိုတာ ကိုယ္ဝန္ပ်က္က်တဲ့သူ အမ်ားစု ခံယူဖူးတဲ့ကုသမႈတစ္မ်ိဳးပါ။ ေဆးပညာအရ သားအိမ္ျခစ္တာကို dilation and curettage D & C  လို႕ေခၚပါတယ္။ dilation ဆိုတာ ခ်ဲ႕ထြင္တာလို႕ အဓိပၸါယ္ရျပီး curettage ကေတာ့ ဇြန္းပံုသ႑ာန္ရွိတဲ့ ကိရိယာနဲ႕ျခစ္တယ္လို႕ အဓိပၸါယ္ရပါတယ္။

ဒီေတာ့ dilation and curettage ဆိုတာ သားအိမ္ေခါင္းကို က်ယ္သြားေအာင္ ခ်ဲ႕လိုက္တာျဖစ္ျပီး သားအိမ္ထဲမွာရွိေနတဲ့ တစ္ရွဴးအသားစ ေတြကို ျခစ္တာျဖစ္ပါတယ္။ သားအိမ္ျခစ္တာ ဟာ အေသးစားခြဲစိတ္မႈ တစ္ခုျဖစ္ျပီး ေဆးခန္း၊ ေဆးရံုေတြမွာ သြားျပီး လုပ္မွရတာပါ။

သားအိမ္ျခစ္ျပီးတာနဲ႔ ကိုယ္ဝန္ျပန္ေဆာင္ဖုိ႕ဘယ္ေလာက္အခ်ိန္ယူရမွာလဲ ။ ။

ကၽြမ္းက်င္တဲ့ ဆရာဝန္ေတြ အဆိုျပဳထားတာကေတာ့ သားအိမ္ျခစ္ျပီး ရာသီေသြး ၃ ခါေပၚေအာင္ေစာင့္ ( ဒါမွမဟုတ္ ) ၃ လေလာက္ေစာင့္ျပီးမွ ကိုယ္ ဝန္ျပန္ေဆာင္သင့္တယ္လို႕ဆိုပါတယ္။

အခ်ိန္ ၃ လေလာက္ဆို သားအိမ္ျခစ္တုနး္က က်န္ခဲ့တဲ့ ဒဏ္ေတြေရာ၊ ကေလးဆံုးရႈံးရလို႕ ပူေဆြးေနရတဲ့ မိခင္ရဲ႕ ေသာကေတြေရာ အားလံုး အနည္ထုိင္သြားျပီ ျဖစ္လို႔ အစကေန ျပန္စဖို႕အတြက္ အသင့္ျဖစ္ေနတဲ့အေနအထားပါ။

သားအိမ္ျခစ္ျပီး ဘယ္ေလာက္အၾကာမွ တူတူေနလို႕ရမွာလဲ ။ ။

သားအိမ္ျခစ္ထားတဲ့အတြက္ ပြန္းတာ ထိခုိ္က္တာေတြကေတာ့ ရွိႏုိင္ေသးတာမို႕ သားအိမ္ျခစ္ျပီးျပီးခ်င္း အတူူတူေနလို႕ေတာ့မရပါဘူး။ ၂ ပတ္ေလာက္ေတာ့ ေစာင့္ျပီးမွ အတူတူေနလို႕ရမွာပါ။  ျဖစ္ေနတဲ့အနာေတြ က်က္သြားဖုိ႕၊ ကိုယ္ခႏၶာက ပံုမွန္အတိုင္း ျပန္ျပီ နာလန္ထူႏုိင္ဖို႕အတြက္ အခ်ိန္ဆိုတာ လိုအပ္ေသးပါတယ္။ အနာမက်က္တဲ့အခါ၊ ေသခ်ာဂရုမစိုက္လုိ႕ ပိုးဝင္သြားတဲ့အခါမ်ိဳးမွာ ၂ ပတ္ထက္လည္း ၾကာသြားႏုိ္င္ပါတယ္။

သားအိမ္ျခစ္ျပီးရင္ ဘာေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္တတ္လဲ ။  ။

သားအိမ္ျခစ္ျပီး ရက္ပိုင္းေလာက္မွာ ဗိုက္ေအာင့္တာ ၊ ေသြးနည္းနည္းဆင္း တာေတြျဖစ္တတ္ပါတယ္။ သားအိမ္ျခစ္တယ္ဆုိတာ အျခား ၾကီးၾကီးမားမား ေဘး ထြက္ဆိုးက်ိဳးေတြ မရွိသေလာက္ရွားတဲ့ ခြဲစိတ္မႈတစ္ခုပါ။ ဒါေပမယ့္လည္း အခန္႕မသင့္ ရင္ေတာ့ ျဖစ္တတ္တဲ့ တစ္ခ်ိဳ႕ဆုိးက်ိဳးေလးေတြရွိပါတယ္။

ဒါေတြကေတာ့
သားအိမ္ေပါက္ျခင္း – လတ္တေလာကိုယ္ဝန္ပ်က္က်ျပီးသား မိခင္ေတြနဲ႕ေသြးဆံုးျပီးသားအမ်ိဳးသမီးေတြ မွာ သားအိမ္ျခစ္တဲ့အခါ ျဖစ္တတ္တဲ့ ျပႆနာတစ္ခုပါ။
   
သားအိမ္ေခါင္းကို ထိခိုက္မိျခင္း
   
Asherman’s syndrome လို႕ေခၚတဲ့ သားအိမ္ျခစ္ျခင္းေၾကာင့္ သားအိမ္မွာ အမာရြတ္တစ္ရွဴးက်န္ခဲ့ျခင္း – Asherman’s syndrome ဟာ ကိုယ္ဝန္ပ်က္က်ျပီးျပီးခ်င္း သို႕ ကေလးေမြးျပီးျပီးခ်င္း အမ်ိဳးသမီးေတြ မွာ သားအိမ္ျခစ္ရင္ ျဖစ္တတ္တဲ့ဆုိးက်ိဳးတစ္ခုပါ။

Asherman’s syndrome ေၾကာင့္ ရာသီလာခ်ိန္ ကုိက္ခဲတာေတြ ျဖစ္ႏုိင္တဲ့အျပင္ ေနာက္ပိုင္း ကိုယ္ဝန္ေဆာင္တုိင္း သေႏၶသားမခိုင္ေတာ့ဘဲ ကိုယ္ဝန္ပ်က္တာမ်ိဳးေတြ ျဖစ္ႏုိ္င္ပါတယ္။ ဝမ္းသာစရာတစ္ခုကေတာ့ Asherman’s syndrome ဟာ မျဖစ္ သေလာက္ကိုရွားတဲ့ ဆိုးက်ိဳးတစ္ခုပါ။ သားအိမ္ျခစ္ျပီး သားအိမ္တြင္း ပိုးဝင္တာကလည္း ျဖစ္တတ္ေပးမယ့္ ရွားတဲ့ အရာတစ္ခုပါ။

သားအိမ္ျခစ္ျပီးတာ ၾကာေနတာေတာင္ ကေလးျပန္မရေသးရင္ ဘယ္လိုလုပ္ရမလဲ ။ ။

သားအိမ္ျခစ္တာရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြထဲမွာ Asherman’s syndrome လည္း အပါအဝင္ျဖစ္ပါတယ္။ Asherman’s syndrome  ဆုိတာ သားအိမ္ျခစ္ျပီး က်န္ခဲ့တဲ့ အမာရြတ္ေလးေၾကာင့္ ကိုယ္ဝန္မခုိင္တာေတြ၊ ကိုယ္ဝန္မရတာေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ Asherman’s syndrome ဟာ မျဖစ္သေလာက္ရွားတဲ့ အရာတစ္ခုပါ။ ဒါ့ေၾကာင့္ သားအိမ္ျခစ္ျပီးတာနဲ႕ ငါကိုယ္ဝန္ရေတာ့မွာ မဟုတ္ဘူးဆိုတဲ့ အေတြးကို ေခါင္းထဲဖယ္ထားလုိက္ပါ။

သားအိမ္ျခစ္ျပီးေနာက္ပိုင္း ၾကိဳးစားတာေတာင္ ကိုယ္ဝန္မရေသးဘူးဆိုရင္

ဆရာဝန္ဆီ ေသခ်ာသြားျပီး ကိုယ့္ဆီမွာ ကိုယ္ဝန္မရႏုိင္တဲ့ ဘယ္လို ခ်ိိဳ႕ယြင္းခ်က္ေတြရွိလဲ ဆိုတာကို အေျဖရွာပါ။ ကိုယ္ဝန္မရႏုိင္ေသးတဲ့ အ ေၾကာင္းအရင္းဟာ Asherman’s syndrome  ေၾကာင့္ မဟုတ္ဘဲ အျခား အေၾကာင္းအရာေတြလည္း ရွိႏုိင္ေသးတာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


သားအိမ်ခြစ်တယ်ဆိုတာ မတော်တဆ ကိုယ်ဝန်ပျက်ကျသွားတဲ့အခါ သားအိမ်ထဲ ကျန်နေခဲ့တဲ့ သန္ဓေသား အကြွင်းအကျန်ကို ဖယ်ထုတ်ပေးတဲ့ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။ ဒီလို သားအိမ်ခြစ်ပြီးတာနဲ့ အားလုံးသိချင်ကြတာက အချိန်ဘယ်လောက်စောင့်ပြီးမှ အတူနေလို့ရမလဲ၊ ကိုယ်ဝန်ပြန်ဆောင်လို့ ရမလဲဆိုတာပဲ ဖြစ်ပါတယ်။ ။

သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။  ။

သားအိမ်ခြစ်တယ် ဆိုတာ ကိုယ်ဝန်ပျက်ကျတဲ့သူ အများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ သားအိမ်ခြစ်တာကို dilation and curettage D & C  လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့ အဓိပ္ပါယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီတော့ dilation and curettage ဆိုတာ သားအိမ်ခေါင်းကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ အသေးစားခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဆေးခန်း၊ ဆေးရုံတွေမှာ သွားပြီး လုပ်မှရတာပါ။

သားအိမ်ခြစ်ပြီးတာနဲ့ ကိုယ်ဝန်ပြန်ဆောင်ဖို့ဘယ်လောက်အချိန်ယူရမှာလဲ ။ ။

ကျွမ်းကျင်တဲ့ ဆရာဝန်တွေ အဆိုပြုထားတာကတော့ သားအိမ်ခြစ်ပြီး ရာသီသွေး ၃ ခါပေါ်အောင်စောင့် ( ဒါမှမဟုတ် ) ၃ လလောက်စောင့်ပြီးမှ ကိုယ် ဝန်ပြန်ဆောင်သင့်တယ်လို့ဆိုပါတယ်။

အချိန် ၃ လလောက်ဆို သားအိမ်ခြစ်တုန်းက ကျန်ခဲ့တဲ့ ဒဏ်တွေရော၊ ကလေးဆုံးရှုံးရလို့ ပူဆွေးနေရတဲ့ မိခင်ရဲ့ သောကတွေရော အားလုံး အနည်ထိုင်သွားပြီ ဖြစ်လို့ အစကနေ ပြန်စဖို့အတွက် အသင့်ဖြစ်နေတဲ့အနေအထားပါ။

သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှ တူတူနေလို့ရမှာလဲ ။ ။

သားအိမ်ခြစ်ထားတဲ့အတွက် ပွန်းတာ ထိခိုက်တာတွေကတော့ ရှိနိုင်သေးတာမို့ သားအိမ်ခြစ်ပြီးပြီးချင်း အတူူတူနေလို့တော့မရပါဘူး။ ၂ ပတ်လောက်တော့ စောင့်ပြီးမှ အတူတူနေလို့ရမှာပါ။  ဖြစ်နေတဲ့အနာတွေ ကျက်သွားဖို့၊ ကိုယ်ခန္ဓာက ပုံမှန်အတိုင်း ပြန်ပြီ နာလန်ထူနိုင်ဖို့အတွက် အချိန်ဆိုတာ လိုအပ်သေးပါတယ်။ အနာမကျက်တဲ့အခါ၊ သေချာဂရုမစိုက်လို့ ပိုးဝင်သွားတဲ့အခါမျိုးမှာ ၂ ပတ်ထက်လည်း ကြာသွားနိုင်ပါတယ်။

သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။  ။

သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာ ဗိုက်အောင့်တာ ၊ သွေးနည်းနည်းဆင်း တာတွေဖြစ်တတ်ပါတယ်။ သားအိမ်ခြစ်တယ်ဆိုတာ အခြား ကြီးကြီးမားမား ဘေး ထွက်ဆိုးကျိုးတွေ မရှိသလောက်ရှားတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့်လည်း အခန့်မသင့် ရင်တော့ ဖြစ်တတ်တဲ့ တစ်ချို့ဆိုးကျိုးလေးတွေရှိပါတယ်။

ဒါတွေကတော့
သားအိမ်ပေါက်ခြင်း – လတ်တလောကိုယ်ဝန်ပျက်ကျပြီးသား မိခင်တွေနဲ့သွေးဆုံးပြီးသားအမျိုးသမီးတွေ မှာ သားအိမ်ခြစ်တဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။
   
သားအိမ်ခေါင်းကို ထိခိုက်မိခြင်း
   
Asherman’s syndrome လို့ခေါ်တဲ့ သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာ အမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း – Asherman’s syndrome ဟာ ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း သို့ ကလေးမွေးပြီးပြီးချင်း အမျိုးသမီးတွေ မှာ သားအိမ်ခြစ်ရင် ဖြစ်တတ်တဲ့ဆိုးကျိုးတစ်ခုပါ။

Asherman’s syndrome ကြောင့် ရာသီလာချိန် ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဝမ်းသာစရာတစ်ခုကတော့ Asherman’s syndrome ဟာ မဖြစ် သလောက်ကိုရှားတဲ့ ဆိုးကျိုးတစ်ခုပါ။ သားအိမ်ခြစ်ပြီး သားအိမ်တွင်း ပိုးဝင်တာကလည်း ဖြစ်တတ်ပေးမယ့် ရှားတဲ့ အရာတစ်ခုပါ။

သားအိမ်ခြစ်ပြီးတာ ကြာနေတာတောင် ကလေးပြန်မရသေးရင် ဘယ်လိုလုပ်ရမလဲ ။ ။

သားအိမ်ခြစ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ Asherman’s syndrome လည်း အပါအဝင်ဖြစ်ပါတယ်။ Asherman’s syndrome  ဆိုတာ သားအိမ်ခြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်လေးကြောင့် ကိုယ်ဝန်မခိုင်တာတွေ၊ ကိုယ်ဝန်မရတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Asherman’s syndrome ဟာ မဖြစ်သလောက်ရှားတဲ့ အရာတစ်ခုပါ။ ဒါ့ကြောင့် သားအိမ်ခြစ်ပြီးတာနဲ့ ငါကိုယ်ဝန်ရတော့မှာ မဟုတ်ဘူးဆိုတဲ့ အတွေးကို ခေါင်းထဲဖယ်ထားလိုက်ပါ။

သားအိမ်ခြစ်ပြီးနောက်ပိုင်း ကြိုးစားတာတောင် ကိုယ်ဝန်မရသေးဘူးဆိုရင်

ဆရာဝန်ဆီ သေချာသွားပြီး ကိုယ့်ဆီမှာ ကိုယ်ဝန်မရနိုင်တဲ့ ဘယ်လို ချို့ယွင်းချက်တွေရှိလဲ ဆိုတာကို အဖြေရှာပါ။ ကိုယ်ဝန်မရနိုင်သေးတဲ့ အ ကြောင်းအရင်းဟာ Asherman’s syndrome  ကြောင့် မဟုတ်ဘဲ အခြား အကြောင်းအရာတွေလည်း ရှိနိုင်သေးတာကြောင့်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top