ေဒါင္းဟာဆိုရင္ စျပီးသရုပ္ေဆာင္လုပ္ကတည္းက တဟုန္ထုိးတက္လာတဲ့ မင္းသားတစ္လက္ျဖစ္ျပီး ပရိသတ္ေတြသည္းသည္းလႈပ္အားေပးၾကတဲ့မင္းသားလည္းျဖစ္သလုိ ပရိသတ္ေကာင္မေလးေတြရဲ႕ရင္ထဲမွာ ျပည္သူ႔သမၼတ ေဒါင္းနုိင္ငံေတာ္ၾကီးျဖစ္တည္ေနေလာက္ေအာင္ကို လႊမ္းမိုးမႈၾကီးမားခဲ့တဲ့ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ ေဒါင္းက မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာလက္ရွိရံုတင္ေနျပီျဖစ္တဲ့ အခ်စ္ျဖင့္လြမ္းေစ ဇာတ္ကားၾကီးရိုက္ရတဲ့ ခံစားခ်က္နဲ႔အေတြ႕အၾကံဳေတြအေၾကာင္းနဲ႔ မၾကာခင္က်ေရာက္ေတာ့မယ့္ေမြးေန႔အတြက္ဘာလုပ္မယ္ဆုိတာေတြကုိ ေျပာျပသြားပါတယ္။

ေဒါင္းက အခ်စ္ျဖင့္လြမ္းေစ ဇာတ္ကားၾကီးရံုတင္လို႔ ဂုဏ္ယူစိတ္လႈပ္ရွားေၾကာင္း “စိတ္လႈပ္ရွားတယ္ဆိုတာထက္ ဂုဏ္ယူတယ္လုိ႔ ေျပာရမွာပဲ။ ကြ်န္ေတာ္ တကၠသိုလ္ဇာတ္ကားေတြ ရိုက္ခ်င္တယ္။ ရိုက္ခ်င္တဲ့ဇာတ္လမ္းက ဒီကားပဲလို႔ေျပာခ်င္ပါတယ္”လို႔ ေျပာျပထားျပီး အျပင္မွာလည္း ေဘာလံုးကစားရတာဝါသနာပါတဲ့ ေဒါင္းက ဇာတ္လမ္းထဲမွာ ေဘာလံုးသမားအျဖစ္သရုပ္ေဆာင္ခဲ့ပံုကုိ “အျပင္မွာေတာ့ ကြ်န္ေတာ္ က ေရွ႕တန္းတုိက္စစ္မွဴး၊ ဒီထဲမွာက ဂိုးဖမ္းသမား။ အဲဒီနွစ္ခုကေတာ့ မတူတာပဲရွိပါတယ္။ က်န္တာက အတူတူပါပဲ။ ေဘာလံုးသမားတစ္ေယာက္ရဲ႕စိတ္ပုိင္းဆုိင္ရာ အသြင္အျပင္ လမ္းေလွ်ာက္တဲ့ဟန္။အကုန္လံုးကုိေတာ့ ကုိယ္တကယ္ေဘာလံုးကန္ခဲ့တဲ့အတိုင္းပဲ ခံစားျပီးလုပ္ထားတာပါပဲ”လို႔ ရင္ဖြင့္ထားပါတယ္။

ေဒါင္းက တကၠသိုလ္ထဲမွာရို္က္ရတဲ့ အမွတ္တရအေၾကာင္းကို “အမွတ္တရကေတာ့ တကၠသို္လ္ထဲမွာေနေနရတယ္ တကၠသုိလ္ထဲမွာရိုက္ေနရတယ္ဆိုတာကုိက တကယ့္အမွတ္တရပါပဲ။ တကယ့္အမွတ္တရအစစ္တစ္ခုေပါ့။ ကြ်န္ေတာ္တို႔ဘယ္ေတာ့မွ အဲဒီဝင္းထဲမွာ ေက်ာင္းျပန္တက္စရာအေၾကာင္းမရွိေတာ့ဘူးေလ။ ဒီဘဝအတြက္ေပါ့။ အဲေတာ့ အခုလိုအမွတ္တရျဖစ္ေနတဲ့ေက်ာင္းသားတစ္ေယာက္အေနနဲ႔သရုပ္ေဆာင္ခြင့္ရတာ တကယ္ကုိ ကုသုိလ္ထူးပါတယ္”လို႔ ေျဖၾကားထားပါတယ္။

ေဒါင္းက မတ္လထဲမွာ က်ေရာက္မယ့္ေမြးေန႔အတြက္ အစီအစဥ္ေတြကုိေမးျမန္းခံရရာမွာေတာ့ “ဘာမွမရွိဘူး တကယ္ကုိဘာမွမရွိတာပါ”လို႔ လ်ိဳ႕ဝွက္ခ်က္တစ္ခုခုကုိ သိမ္းဝွက္ထားတဲ့ ကေလးေလးတစ္ေယာက္ရဲ႕ အျပစ္ကင္းစင္တဲ့ရယ္ေမာျခင္းမ်ိဳးနဲ႔ ရယ္ရင္း ေျဖၾကားထားသလုိ အကယ္ဒမီပြဲတက္ျဖစ္မတက္ျဖစ္ကုိေတာ့ “အဲဒါလည္း မေသခ်ာေသးဘူး။ တက္ျဖစ္မလားမတက္ျဖစ္မလား။ တက္ျဖစ္မယ္လုိ႔ထင္ပါတယ္”လို႔ ရိုးသားတဲ့မ်က္လံုးၾကည္ၾကည္ေလးေတြနဲ႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေဒါင္းကုိခ်စ္ၾကလား။ ေဒါင္းရဲ႕ အခ်စ္ျဖင့္လြမ္းေစ ဇာတ္ကားၾကီးကုိ သြားေရာက္ၾကည့္ရႈ႕အားေပးၾကမွာလား။ ေဒါင္းကို ကစ္နဲ႔ ေနာက္ထပ္ဇာတ္ကားေတြရိုက္ေစခ်င္ၾကလား။ ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒေါင်းဟာဆိုရင် စပြီးသရုပ်ဆောင်လုပ်ကတည်းက တဟုန်ထိုးတက်လာတဲ့ မင်းသားတစ်လက်ဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်အားပေးကြတဲ့မင်းသားလည်းဖြစ်သလို ပရိသတ်ကောင်မလေးတွေရဲ့ရင်ထဲမှာ ပြည်သူ့သမ္မတ ဒေါင်းနိုင်ငံတော်ကြီးဖြစ်တည်နေလောက်အောင်ကို လွှမ်းမိုးမှုကြီးမားခဲ့တဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ ဒေါင်းက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာလက်ရှိရုံတင်နေပြီဖြစ်တဲ့ အချစ်ဖြင့်လွမ်းစေ ဇာတ်ကားကြီးရိုက်ရတဲ့ ခံစားချက်နဲ့အတွေ့အကြုံတွေအကြောင်းနဲ့ မကြာခင်ကျရောက်တော့မယ့်မွေးနေ့အတွက်ဘာလုပ်မယ်ဆိုတာတွေကို ပြောပြသွားပါတယ်။

ဒေါင်းက အချစ်ဖြင့်လွမ်းစေ ဇာတ်ကားကြီးရုံတင်လို့ ဂုဏ်ယူစိတ်လှုပ်ရှားကြောင်း “စိတ်လှုပ်ရှားတယ်ဆိုတာထက် ဂုဏ်ယူတယ်လို့ ပြောရမှာပဲ။ ကျွန်တော် တက္ကသိုလ်ဇာတ်ကားတွေ ရိုက်ချင်တယ်။ ရိုက်ချင်တဲ့ဇာတ်လမ်းက ဒီကားပဲလို့ပြောချင်ပါတယ်”လို့ ပြောပြထားပြီး အပြင်မှာလည်း ဘောလုံးကစားရတာဝါသနာပါတဲ့ ဒေါင်းက ဇာတ်လမ်းထဲမှာ ဘောလုံးသမားအဖြစ်သရုပ်ဆောင်ခဲ့ပုံကို “အပြင်မှာတော့ ကျွန်တော် က ရှေ့တန်းတိုက်စစ်မှူး၊ ဒီထဲမှာက ဂိုးဖမ်းသမား။ အဲဒီနှစ်ခုကတော့ မတူတာပဲရှိပါတယ်။ ကျန်တာက အတူတူပါပဲ။ ဘောလုံးသမားတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ အသွင်အပြင် လမ်းလျှောက်တဲ့ဟန်။အကုန်လုံးကိုတော့ ကိုယ်တကယ်ဘောလုံးကန်ခဲ့တဲ့အတိုင်းပဲ ခံစားပြီးလုပ်ထားတာပါပဲ”လို့ ရင်ဖွင့်ထားပါတယ်။

ဒေါင်းက တက္ကသိုလ်ထဲမှာရိုက်ရတဲ့ အမှတ်တရအကြောင်းကို “အမှတ်တရကတော့ တက္ကသိုလ်ထဲမှာနေနေရတယ် တက္ကသိုလ်ထဲမှာရိုက်နေရတယ်ဆိုတာကိုက တကယ့်အမှတ်တရပါပဲ။ တကယ့်အမှတ်တရအစစ်တစ်ခုပေါ့။ ကျွန်တော်တို့ဘယ်တော့မှ အဲဒီဝင်းထဲမှာ ကျောင်းပြန်တက်စရာအကြောင်းမရှိတော့ဘူးလေ။ ဒီဘဝအတွက်ပေါ့။ အဲတော့ အခုလိုအမှတ်တရဖြစ်နေတဲ့ကျောင်းသားတစ်ယောက်အနေနဲ့သရုပ်ဆောင်ခွင့်ရတာ တကယ်ကို ကုသိုလ်ထူးပါတယ်”လို့ ဖြေကြားထားပါတယ်။

ဒေါင်းက မတ်လထဲမှာ ကျရောက်မယ့်မွေးနေ့အတွက် အစီအစဉ်တွေကိုမေးမြန်းခံရရာမှာတော့ “ဘာမှမရှိဘူး တကယ်ကိုဘာမှမရှိတာပါ”လို့ လျို့ဝှက်ချက်တစ်ခုခုကို သိမ်းဝှက်ထားတဲ့ ကလေးလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်တဲ့ရယ်မောခြင်းမျိုးနဲ့ ရယ်ရင်း ဖြေကြားထားသလို အကယ်ဒမီပွဲတက်ဖြစ်မတက်ဖြစ်ကိုတော့ “အဲဒါလည်း မသေချာသေးဘူး။ တက်ဖြစ်မလားမတက်ဖြစ်မလား။ တက်ဖြစ်မယ်လို့ထင်ပါတယ်”လို့ ရိုးသားတဲ့မျက်လုံးကြည်ကြည်လေးတွေနဲ့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒေါင်းကိုချစ်ကြလား။ ဒေါင်းရဲ့ အချစ်ဖြင့်လွမ်းစေ ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ ဒေါင်းကို ကစ်နဲ့ နောက်ထပ်ဇာတ်ကားတွေရိုက်စေချင်ကြလား။ ပြောခဲ့ကြပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top