


Credit:SAW

#Unicode Version# ဖြင့်ဖတ်ပါ ။

ဒီကနေ့နံနက်ပိုင်းက ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မဲဆိုင်မြို့ နယ် ဝင်ဖန်ခန် က ထိုင်းတဆိပ်နဲ့ ထုတ်နေတဲ့ ကြက်သွန်ကြော်လုပ်ငန်းကို နယ်မြေရဲ နဲ့ လဝက အဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြတာပါ။

Garlic Gold ရွှေကြက်သွန်ဖြူ (သုံးလုံး) အမှတ် တဆိပ်နဲ့ ထိုင်းနိုင်ငံ ချင်ရိုင် ချင်းမိုင်ခရိုင်တွေနဲ့ အိမ်နီးချင်း တာချီလိတ် မြို့တွေကို ဖြန့်နေတဲ့ ကြက်သွန်ဖြူ ေ ကြာ် စက်ရုံ အတွင်းမှာ ပိလောပီနံ ဥတွေကို စက်နဲ့ ကြိတ်ပြီးကြက်သွန်ဖြူ ပုံစံနဲ့ ကြော်ရောင်းနေတာလို့ သိရပါတယ်။

ယခုပြုလုပ်နေတဲ့ ကြက်သွန်ကြော်အတု စက်ရုံကို တရုတ်နိုင်ငံဖက်ကနေ နည်းလမ်းယူလာပြီး ထိုင်းမှာ အတုလုပ်ရောင်းနေတာဖြစ်ကြောင်း ၊ စက်ရုံတွင်းမှာ အလုပ်ခန့်ထားနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:SAW
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top