20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ေက်ာက္ကပ္နဲ႕ပတ္သက္လာရင္ ေရာဂါေတြဟာ ဘာလကၡဏာမွမျပဘဲနဲ႕ ေနာက္က်ေတာ့မွ ခံစားလာရတာပါ။ ဒါေႀကာင့္ ေနာက္က်မွ အခ်ိန္မမွီတာမ်ိဳးေတြ မျဖစ္ရေလေအာင္ အေစာႀကီးကတည္းက ႀကိဳတင္သတိျပဳမိဖို႕ လိုအပ္ပါတယ္။

ဒါေႀကာင့္ စာဖတ္ပရိတ္သတ္မ်ားအတြက္ ေက်ာက္ကပ္ျပႆနာေတြကို ညြန္ျပေနတဲ့ လကၡဏာေတြကုိ ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ယားယံျခင္းႏွင့္ အသားအေရေျခာက္ေသြ႕ျခင္း

ေသြးထုတ္လုပ္မႈႏွင့္ ခႏၶာကိုယ္ရဲ႕ သတၱဳဓာတ္ဟန္ခ်က္ညီဖို႕အတြက္ ေထာက္ပံ့ေပးတဲ့အခါမွာ အေႏွာင့္အယွက္ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားပစ္ဖို႕အတြက္ ေက်ာက္ကပ္က ဆက္တိုက္အလုပ္လုပ္ေနဖို႕လိုပါတယ္။ ဒါေပမယ့္ ခႏၶာကိုယ္မွာ အသားအေရယားယံျခင္း သို႕မဟုတ္ ေျခာက္ေသြ႕ျခင္း၊ နီရဲျခင္းတို႕လို လကၡဏာေတြဟာ ေက်ာက္ကပ္ေသခ်ာအလုပ္မလုပ္ေတာ့ဘူးဆိုတာကို ညႊန္ျပေနတာျဖစ္ႏိုင္ပါတယ္။

၂။ ရာသီတိုင္းမွာ ခ်မ္းတုန္ေနျခင္း

ခ်မ္းတုန္ျခင္း၊ ပင္ပန္းျခင္း၊ အသက္ရွဴရခက္ခဲျခင္း၊ အိပ္မေပ်ာ္ျခင္းႏွင့္ အားနည္းျခင္းတို႕ဟာ လူအမ်ားနဲ႕ရင္းႏွီးေနတဲ့ ေသြးအားနည္းျခင္းရဲ႕ လကၡဏာေတြျဖစ္ပါတယ္။ ေက်ာက္ကပ္ျပႆနာေတြဟာ အရိုးျခင္ဆီထဲက ေသြးနီဥေတြကို ထုတ္လုပ္မႈကို အားျဖစ္ေစတဲ့ Erythropoietin ေဟာ္မုန္းထုတ္လုပ္မႈကို ေႏွးေကြးေစပါတယ္။ နာတာရွည္ေသြးအားနည္းေရာဂါဟာ ေက်ာက္ကပ္ေသခ်ာအလုပ္မလုပ္ေတာ့ဘူးဆိုတာကို ျပသေနတဲ့ လကၡဏာတစ္ခုျဖစ္ႏိုင္ပါတယ္။

၃။ ခံတြင္းနံ႕ဆိုးျခင္း

ခံတြင္းနံ႕ဆိုးတာက ေရာဂါေပါင္းစံုေႀကာင့္ ျဖစ္ပြားႏိုင္ေပမယ့္ ထိုအထဲမွ အဓိကအေႀကာင္းအရင္းကေတာ့ ဆီးလမ္းေႀကာင္းမွာ ပိုးဝင္ျခင္းေႀကာင့္ပါ။ လူတစ္ေယာက္မွာ ေက်ာက္ကပ္ျပႆနာေတြခံစားရတဲ့အခါ သူတို႕ရဲ႕ဇီဝျဖစ္စဥ္ပစၥည္းေတြဟာ ကိုယ္တြင္းကေန ျမန္ျမန္ဆန္ဆန္ မထြက္သြားတဲ့အတြက္ေႀကာင့္ ဆီးလမ္းေႀကာင္းထဲဝင္သြားရာမွတဆင့္ ခံတြင္းမွာ အနံ႕ဆိုးျဖစ္သြားေစပါတယ္။

၄။ ေရာင္ရမ္းျခင္း

ေရာင္ရမ္းျခင္းဟာ ေျခေထာက္၊ မ်က္ႏွာႏွင့္ မ်က္ခြံေတြမွာ ျဖစ္ပြားတတ္ၿပီး ေနာက္ပိုင္းမွာေတာ့ တစ္ကိုယ္လံုးမွာ ျပန္႕ၿပီးျဖစ္ပြားတတ္ပါတယ္။ အခ်ိန္တိုအတြင္းမွာ ျမန္ျမန္ဆန္ဆန္ျဖစ္ပြားတတ္ၿပီး တစ္ခါတေလမွာ မ်က္ႏွာေသြးေဖ်ာ့ေတာ့ျခင္း၊ အသားအေရေျခာက္ေသြ႕ျခင္းေတြပါ အတူျဖစ္လာတတ္ပါတယ္။

၅။ ႀကြက္တက္ျခင္း

တခါတေလမွျဖစ္တတ္တာမဟုတ္ဘဲ နာတာရွည္ျဖစ္တတ္တဲ့ ႀကြက္တက္ျခင္းက ခႏၶာကိုယ္အတြင္းမွာ လွ်ပ္လိုက္ရည္ဟန္ခ်က္မညီျခင္းကို ညႊန္ျပေနတာျဖစ္ႏိုင္ပါတယ္။ ႀကြက္သားေတြ တည္ေဆာက္ရာမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ေနတဲ့ မဂၢနီဆီယမ္ႏွင့္ ပိုတက္ဆီယမ္ ေလ်ာ့က်လာသည့္အခါ ႀကြက္တက္ျခင္းကို ျဖစ္ေပၚေစပါတယ္။

၆။ ေသြးေပါင္တက္ျခင္း

ေသြးေပါင္တက္ျခင္းကလည္း ေက်ာက္ကပ္ေတြအေပၚမွာ မေကာင္းတဲ့သက္ေရာက္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ေသြးေႀကာေတြကို ပ်က္စီးေစၿပီး ေက်ာက္ကပ္အလုပ္မလုပ္မႈကို ေပၚေပါက္ေစႏိုင္ပါတယ္။ ေသြးစီးဆင္းမႈအလြန္ျပင္းထန္သည့္အခါ ေသြးေႀကာေတြက ဆန္႕ထြက္လာၿပီး တျဖည္းျဖည္းအားေလ်ာ့ေစတာေႀကာင့္ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားဖို႕အတြက္ ေက်ာက္ကပ္မွေသခ်ာအလုပ္မလုပ္ႏိုင္ေတာ့ပါဘူး။
ဖိုးသူေတာ္(www.phothutaw.com)
Credit:: BrightSide
MyHealth Myanmar
#Unicode Version#
 ကျောက်ကပ်နဲ့ပတ်သက်လာရင် ရောဂါတွေဟာ ဘာလက္ခဏာမှမပြဘဲနဲ့ နောက်ကျတော့မှ ခံစားလာရတာပါ။ ဒါကြောင့် နောက်ကျမှ အချိန်မမှီတာမျိုးတွေ မဖြစ်ရလေအောင် အစောကြီးကတည်းက ကြိုတင်သတိပြုမိဖို့ လိုအပ်ပါတယ်။

ဒါကြောင့် စာဖတ်ပရိတ်သတ်များအတွက် ကျောက်ကပ်ပြဿနာတွေကို ညွန်ပြနေတဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ယားယံခြင်းနှင့် အသားအရေခြောက်သွေ့ခြင်း

သွေးထုတ်လုပ်မှုနှင့် ခန္ဓာကိုယ်ရဲ့ သတ္တုဓာတ်ဟန်ချက်ညီဖို့အတွက် ထောက်ပံ့ပေးတဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့အတွက် ကျောက်ကပ်က ဆက်တိုက်အလုပ်လုပ်နေဖို့လိုပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ အသားအရေယားယံခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း၊ နီရဲခြင်းတို့လို လက္ခဏာတွေဟာ ကျောက်ကပ်သေချာအလုပ်မလုပ်တော့ဘူးဆိုတာကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။

၂။ ရာသီတိုင်းမှာ ချမ်းတုန်နေခြင်း

ချမ်းတုန်ခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အိပ်မပျော်ခြင်းနှင့် အားနည်းခြင်းတို့ဟာ လူအများနဲ့ရင်းနှီးနေတဲ့ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာတွေဟာ အရိုးခြင်ဆီထဲက သွေးနီဥတွေကို ထုတ်လုပ်မှုကို အားဖြစ်စေတဲ့ Erythropoietin ဟော်မုန်းထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။ နာတာရှည်သွေးအားနည်းရောဂါဟာ ကျောက်ကပ်သေချာအလုပ်မလုပ်တော့ဘူးဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

၃။ ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးတာက ရောဂါပေါင်းစုံကြောင့် ဖြစ်ပွားနိုင်ပေမယ့် ထိုအထဲမှ အဓိကအကြောင်းအရင်းကတော့ ဆီးလမ်းကြောင်းမှာ ပိုးဝင်ခြင်းကြောင့်ပါ။ လူတစ်ယောက်မှာ ကျောက်ကပ်ပြဿနာတွေခံစားရတဲ့အခါ သူတို့ရဲ့ဇီဝဖြစ်စဉ်ပစ္စည်းတွေဟာ ကိုယ်တွင်းကနေ မြန်မြန်ဆန်ဆန် မထွက်သွားတဲ့အတွက်ကြောင့် ဆီးလမ်းကြောင်းထဲဝင်သွားရာမှတဆင့် ခံတွင်းမှာ အနံ့ဆိုးဖြစ်သွားစေပါတယ်။

၄။ ရောင်ရမ်းခြင်း

ရောင်ရမ်းခြင်းဟာ ခြေထောက်၊ မျက်နှာနှင့် မျက်ခွံတွေမှာ ဖြစ်ပွားတတ်ပြီး နောက်ပိုင်းမှာတော့ တစ်ကိုယ်လုံးမှာ ပြန့်ပြီးဖြစ်ပွားတတ်ပါတယ်။ အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန်ဖြစ်ပွားတတ်ပြီး တစ်ခါတလေမှာ မျက်နှာသွေးဖျော့တော့ခြင်း၊ အသားအရေခြောက်သွေ့ခြင်းတွေပါ အတူဖြစ်လာတတ်ပါတယ်။

၅။ ကြွက်တက်ခြင်း

တခါတလေမှဖြစ်တတ်တာမဟုတ်ဘဲ နာတာရှည်ဖြစ်တတ်တဲ့ ကြွက်တက်ခြင်းက ခန္ဓာကိုယ်အတွင်းမှာ လျှပ်လိုက်ရည်ဟန်ချက်မညီခြင်းကို ညွှန်ပြနေတာဖြစ်နိုင်ပါတယ်။ ကြွက်သားတွေ တည်ဆောက်ရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် လျော့ကျလာသည့်အခါ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

၆။ သွေးပေါင်တက်ခြင်း

သွေးပေါင်တက်ခြင်းကလည်း ကျောက်ကပ်တွေအပေါ်မှာ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေကို ပျက်စီးစေပြီး ကျောက်ကပ်အလုပ်မလုပ်မှုကို ပေါ်ပေါက်စေနိုင်ပါတယ်။ သွေးစီးဆင်းမှုအလွန်ပြင်းထန်သည့်အခါ သွေးကြောတွေက ဆန့်ထွက်လာပြီး တဖြည်းဖြည်းအားလျော့စေတာကြောင့် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့အတွက် ကျောက်ကပ်မှသေချာအလုပ်မလုပ်နိုင်တော့ပါဘူး။
ဖိုးသူတော်(www.phothutaw.com)
Credit:: BrightSide

MyHealth Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top