




Credit: Dr Myint Nyein

#Unicode Version# ဖြင့်ဖတ်ပါ ။

သကြားကြိုက်သူများသတိ။

တရက်လျှင် သကြား တစ်ဇွန်းကို လိုအပ်သည်ထက်  ပို၍စားလျှင် တစ်နှစ်ပြည့်သောအခါ သင်၏ ခန္ဓာကိုယ် ထဲတွင် ၃၆၅ ဇွန်းစာမျှသော သကြားများစုမိသွားပါ မည်။

ဒီသကြားတွေက အခြားအစားအစာတွေလို ကိုယ်ထဲက ပြန်ထွက်မသွားပါ။ ထရိုင်ဂလစ်စရိုက် ဆိုသော အဆီတစ်မျိုး အဖြစ် ကိုယ်ခန္ဓာ ထဲတွင် ကိန်းအောင်းနေပါတယ်။ ကိုယ်ခန္ဓာ နေရာတကာတွင် စုနေပါတယ်။ သွေးကြော နှလုံး စတဲ့ နေရာတွေရဲ့ နံယံတွေမှာလဲ  တဖြည်းဖြည်း စုပုံလာပါတော့တယ်။

အဲဒီအခါ သွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ သွေးကြောမှ သွေးခဲများ ဖြစ်စေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲဟာ သွေးစီးကြောင်းမှာ ပါသွားပြီး ဦးနှောက်တွင်းသို့ ရောက်လျှင် သွေးကြောပိတ်တတ်ပါတယ်။ လေဖြတ် တယ်လို့ ခေါ်ကြပါတယ်။ သွေးကြောဆိုတာ ကိုယ်ခန္ဓာ နေရာတကာမှာ ရှိလို့ ခန္ဓကိုယ် နေရာတကာမှာ ဖြစ်နိုင်ပါတယ်။ . သွေးကြောကိုလဲ ကျဉ်းစေပါတယ်။

ခြေထောက်မှာ သွေးကြောပိတ်ရင် ခြေထောက် ပုတ်ပါ တယ်။ နှလုံးမှာ ပိတ်ရင် နှလုံး ရောဂါရပါတယ်။ အဲဒီ အဆီတွေကို ခန္ဓာကိုယ်ထဲက ထုတ်ချင်ရင် လမ်းလျှောက်ခြင်း ရေကူးခြင်း စက်ဘီးစီးခြင်း စတဲ့ ချွေးထွက်စေမဲ့ ကိုယ်ကာယ လေ့ကျင့်ခန်း တခုခု သော်၎င်း ကာယခွန်အားစိုက်ထုတ်ရတဲ့ အလုပ်ကြမ်းကို သော်၎င်း လုပ်ရပါတယ်။ အချိုရည်သံဘူး (330ml) တစ်ဘူးလျှင် သကြား ၁၀ ဇွန်း စာမျှ ပါဝင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr Myint Nyein
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top