စိတ္ထဲမွာ ခံစားခ်က္တစ္ခုခုျဖစ္လာတာနဲ႕ တစ္ေယာက္ေယာက္ကိုေျပးျပီး ရင္ဖြင့္တတ္တဲ့သူေလးေတြ၊ ဘာပဲလုပ္လုပ္ သူမ်ားကိုတိုင္ပင္ျပီး အၾကံဉာဏ္ေတာင္းတတ္တဲ့သူေလးေတြ ရွိလား။

တခ်ိဳ႕ေတြကေတာ့ တကယ္အခက္အခဲျဖစ္ေနလို႕၊ ကိုယ္တိုင္စဥ္းစားဆံုးျဖတ္ဖို႕ မတတ္နိုင္ေတာ့လို႕ တျခားသူေတြကို အကူအညီေတာင္းတတ္ၾကတာျဖစ္ျပီး၊ တခ်ိဳ႕က်ေတာ့ ကုိယ့္စိတ္ထဲျဖစ္လာသမွ် ခံစားခ်က္ေတြအားလံုးကို တစ္ေယာက္ေယာက္ကိုရင္မဖြင့္ရရင္ မေနနိုင္လို႕ ကိုယ့္အေၾကာင္းေတြအားလံုးကို အိတ္သြန္ဖာေမွာက္ေျပာတတ္ၾကတာပါ။

တကယ္ေတာ့ ဘယ္ေလာက္ပဲရင္းနွီးတဲ့သူျဖစ္ျဖစ္ လံုး၀ဖြင့္မေျပာဘဲ လွ်ိဳ႕၀ွက္ ထားသင့္တဲ့အေၾကာင္းအရာေလးတခ်ိဳ႕ရွိပါတယ္။ စိတ္ပညာရွင္ေတြေျပာၾကား ခ်က္အရ တျခားအေၾကာင္းအရာေတြကို ရင္ဖြင့္တိုင္ပင္လို႕ရေပမယ့္ ဒီအေၾကာင္းအရာေလးေတြကိုေတာ့ ဘယ္သူ႕ကိုမွဖြင့္မေျပာသင့္ဘူးလို႕ သိရပါတယ္။

(၁) ကိုယ့္ရဲ႕ခံယူခ်က္

လူတစ္ေယာက္နဲ႕တစ္ေယာက္က ခံယူခ်က္ခ်င္း၊ အယူအဆခ်င္းမတူၾကပါဘူး။ ကိုယ္ယံုၾကည္လို႕လက္ခံထားတဲ့အယူအဆေတြကို လူတိုင္းကိုလိုက္ေျပာျပေန ဖို႕မလိုပါဘူး။ အထူးသျဖင့္ တစ္ေယာက္ေယာက္နဲ႕အျမင္မတူကြဲလြဲမႈေတြျဖစ္လာ တဲ့အခါမ်ိဳးမွာေတာင္ နွစ္ဖက္မွ်ျမင္ေပးတတ္ဖို႕လိုျပီး ကိုယ့္ခံယူခ်က္၊ အယူအဆေတြကို ေျပာျပီး ဇြတ္မျငင္းသင့္ပါဘူး။

(၂) အကူအညီေပးခဲ့ဖူးတဲ့အေၾကာင္းအရာေတြ

ကိုယ္ကတစ္ေယာက္ေယာက္ကိုအကူအညီေပးခဲ့ဖူးတာေတြ၊ ကိုယ့္ေၾကာင့္ သူမ်ားအဆင္ေျပသြားတာေတြရွိခဲ့ဖူးရင္ အဲ့ဒီအျဖစ္အပ်က္ေတြကို တစ္ေယာက္တည္းသိျပီး ပီတိျဖစ္လိုက္ပါ။

ကိုယ္အကူအညီေပးခဲ့ဖူးတာကို ျပန္ျပန္ေျပာေနတာက သင္ဟာ လူေတြရဲ႕အာရံု စိုက္မႈကိုလိုခ်င္ေနတဲ့သူတစ္ေယာက္လို႕ ထင္စရာျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ အဲ့ဒီအျဖစ္အပ်က္ေလးေတြကို တျခားသူေတြကို ေျပာျပစရာမလိုပါဘူး။

(၃) ကိုယ့္ရဲ႕ရည္မွန္းခ်က္

ကိုယ္လုပ္မယ္လိို႕ ရည္မွန္းထားတာေတြကို အေကာင္အထည္ေပၚလာေအာင္၊ ေအာင္ျမင္ေအာင္ ျဖည္းျဖည္းခ်င္းလုပ္သြားရမွာပါ။ ကိုယ္လုပ္မယ္လို႕ေတြးထား တာေတြြကို သူမ်ားေတြကုိိ တိုင္ပင္လိုက္ရင္ ကိုယ့္အိုင္ဒီယာေတြကို တျခားသူေတြယူျပီးလုပ္သြားနိုင္ပါတယ္။

 ျပီးေတာ့ ကိုယ္ကေျပာထားျပီး မလုပ္ျဖစ္တဲ့အခါ၊ လုပ္ေပမယ့္ မေအာင္ျမင္တဲ့အ ခါမ်ိဳးေတြမွာ လူရယ္စရာ၊ အထင္ေသးစရာျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ရည္ မွန္းခ်က္ေတြနဲ႕ပတ္သက္လို႕လည္း ဘယ္သူ႕ကိုမွ မဖြင့္ေျပာပါနဲ႕။ တကယ္လို႕ ကိုယ္လုပ္မယ့္အရာေတြနဲ႕ပတ္သက္လို႕မသိနားမလည္တာေတြရွိလာခဲ့ရင္လည္း လိမၼာပါးနပ္စြာ သင္ယူတတ္ရမွာပါ။

(၄) ကိုယ့္ရဲ႕ေန႕စဥ္ဘ၀ေနထိုင္မႈပံုစံ

ကိုယ့္ရဲ႕ေန႕စဥ္ဘ၀ေနထိုင္မႈပံုစံနဲ႕ပတ္သက္လို႕ အေသးစိတ္ေျပာျပတတ္တဲ့ အက်င့္မ်ိဳးရွိရင္လည္း ျပင္ဖုိ႕လိုပါတယ္။ ကိုယ့္ရဲ႕ အလုပ္အေၾကာင္း၊ ကိုယ့္ရဲ႕အ က်င့္ဆုိးေတြအေၾကာင္း၊ ကိုယ့္ရဲ႕အခ်စ္ေရးအေၾကာင္းေတြကို တတ္နိုင္သမွ် တျခားသူေတြကိိုမေျပာျပတာေကာင္းပါတယ္။

အဲ့ဒါေတြကို ေျပာျပလိုက္တာက ကိုယ့္ရဲ႕လြတ္လပ္ခြင့္ဆံုးရံႈးရံုတင္မကပါဘူး၊ အခန္႕မသင့္ရင္ တစ္ဖက္သားရဲ႕ အထင္အျမင္ေသးခံရတာမ်ိဳးျဖစ္တတ္ပါတယ္။

(၅) ကိုယ့္မိသားစုအတြင္းေရး

ကိုယ့္မိသားစုအတြင္းေရးေတြ၊ မိသားစု၀င္ေတြနဲ႕ပတ္သက္လို႕ သေဘာထားကြဲလြဲမႈေတြ၊ မိသားစုထဲက အဆင္မေျပမႈေတြဆိုတာက ကိုယ္နဲ႕ပဲသက္ဆုိင္တဲ့ကိစၥေတြမုိ႕ ဒါေတြကို သူစိမ္းေတြကို မေျပာျပသင့္ပါဘူး။

ကိိုယ္ခ်စ္တဲ့သူေတြကိုစိတ္ဆိုးေနတုန္းမွာ သူတို႕မေကာင္းေၾကာင္းေတြကို သူစိမ္းကိုသြားေျပာလိုက္တာက လူအထင္ေသးစရာျဖစ္သြားျပီး သင္ဟာ ကိုယ့္မိသားစုအတြင္းေရးေတြကိုေတာင္မထိန္းသိမ္းပဲေျပာတတ္တဲ့သူလို႕ယူဆသြားျပီး သင့္အေပၚယံုၾကည္မႈေတြဆံုးရံႈးရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်ထဲမှာ ခံစားချက်တစ်ခုခုဖြစ်လာတာနဲ့ တစ်ယောက်ယောက်ကိုပြေးပြီး ရင်ဖွင့်တတ်တဲ့သူလေးတွေ၊ ဘာပဲလုပ်လုပ် သူများကိုတိုင်ပင်ပြီး အကြံဉာဏ်တောင်းတတ်တဲ့သူလေးတွေ ရှိလား။

တချို့တွေကတော့ တကယ်အခက်အခဲဖြစ်နေလို့၊ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ဖို့ မတတ်နိုင်တော့လို့ တခြားသူတွေကို အကူအညီတောင်းတတ်ကြတာဖြစ်ပြီး၊ တချို့ကျတော့ ကိုယ့်စိတ်ထဲဖြစ်လာသမျှ ခံစားချက်တွေအားလုံးကို တစ်ယောက်ယောက်ကိုရင်မဖွင့်ရရင် မနေနိုင်လို့ ကိုယ့်အကြောင်းတွေအားလုံးကို အိတ်သွန်ဖာမှောက်ပြောတတ်ကြတာပါ။

တကယ်တော့ ဘယ်လောက်ပဲရင်းနှီးတဲ့သူဖြစ်ဖြစ် လုံးဝဖွင့်မပြောဘဲ လျှို့ဝှက် ထားသင့်တဲ့အကြောင်းအရာလေးတချို့ရှိပါတယ်။ စိတ်ပညာရှင်တွေပြောကြား ချက်အရ တခြားအကြောင်းအရာတွေကို ရင်ဖွင့်တိုင်ပင်လို့ရပေမယ့် ဒီအကြောင်းအရာလေးတွေကိုတော့ ဘယ်သူ့ကိုမှဖွင့်မပြောသင့်ဘူးလို့ သိရပါတယ်။

(၁) ကိုယ့်ရဲ့ခံယူချက်

လူတစ်ယောက်နဲ့တစ်ယောက်က ခံယူချက်ချင်း၊ အယူအဆချင်းမတူကြပါဘူး။ ကိုယ်ယုံကြည်လို့လက်ခံထားတဲ့အယူအဆတွေကို လူတိုင်းကိုလိုက်ပြောပြနေ ဖို့မလိုပါဘူး။ အထူးသဖြင့် တစ်ယောက်ယောက်နဲ့အမြင်မတူကွဲလွဲမှုတွေဖြစ်လာ တဲ့အခါမျိုးမှာတောင် နှစ်ဖက်မျှမြင်ပေးတတ်ဖို့လိုပြီး ကိုယ့်ခံယူချက်၊ အယူအဆတွေကို ပြောပြီး ဇွတ်မငြင်းသင့်ပါဘူး။

(၂) အကူအညီပေးခဲ့ဖူးတဲ့အကြောင်းအရာတွေ

ကိုယ်ကတစ်ယောက်ယောက်ကိုအကူအညီပေးခဲ့ဖူးတာတွေ၊ ကိုယ့်ကြောင့် သူများအဆင်ပြေသွားတာတွေရှိခဲ့ဖူးရင် အဲ့ဒီအဖြစ်အပျက်တွေကို တစ်ယောက်တည်းသိပြီး ပီတိဖြစ်လိုက်ပါ။

ကိုယ်အကူအညီပေးခဲ့ဖူးတာကို ပြန်ပြန်ပြောနေတာက သင်ဟာ လူတွေရဲ့အာရုံ စိုက်မှုကိုလိုချင်နေတဲ့သူတစ်ယောက်လို့ ထင်စရာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဲ့ဒီအဖြစ်အပျက်လေးတွေကို တခြားသူတွေကို ပြောပြစရာမလိုပါဘူး။

(၃) ကိုယ့်ရဲ့ရည်မှန်းချက်

ကိုယ်လုပ်မယ်လို့ ရည်မှန်းထားတာတွေကို အကောင်အထည်ပေါ်လာအောင်၊ အောင်မြင်အောင် ဖြည်းဖြည်းချင်းလုပ်သွားရမှာပါ။ ကိုယ်လုပ်မယ်လို့တွေးထား တာတွေကို သူများတွေကို တိုင်ပင်လိုက်ရင် ကိုယ့်အိုင်ဒီယာတွေကို တခြားသူတွေယူပြီးလုပ်သွားနိုင်ပါတယ်။

 ပြီးတော့ ကိုယ်ကပြောထားပြီး မလုပ်ဖြစ်တဲ့အခါ၊ လုပ်ပေမယ့် မအောင်မြင်တဲ့အ ခါမျိုးတွေမှာ လူရယ်စရာ၊ အထင်သေးစရာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရည် မှန်းချက်တွေနဲ့ပတ်သက်လို့လည်း ဘယ်သူ့ကိုမှ မဖွင့်ပြောပါနဲ့။ တကယ်လို့ ကိုယ်လုပ်မယ့်အရာတွေနဲ့ပတ်သက်လို့မသိနားမလည်တာတွေရှိလာခဲ့ရင်လည်း လိမ္မာပါးနပ်စွာ သင်ယူတတ်ရမှာပါ။

(၄) ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံ

ကိုယ့်ရဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံနဲ့ပတ်သက်လို့ အသေးစိတ်ပြောပြတတ်တဲ့ အကျင့်မျိုးရှိရင်လည်း ပြင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ အလုပ်အကြောင်း၊ ကိုယ့်ရဲ့အ ကျင့်ဆိုးတွေအကြောင်း၊ ကိုယ့်ရဲ့အချစ်ရေးအကြောင်းတွေကို တတ်နိုင်သမျှ တခြားသူတွေကိုမပြောပြတာကောင်းပါတယ်။

အဲ့ဒါတွေကို ပြောပြလိုက်တာက ကိုယ့်ရဲ့လွတ်လပ်ခွင့်ဆုံးရှုံးရုံတင်မကပါဘူး၊ အခန့်မသင့်ရင် တစ်ဖက်သားရဲ့ အထင်အမြင်သေးခံရတာမျိုးဖြစ်တတ်ပါတယ်။

(၅) ကိုယ့်မိသားစုအတွင်းရေး

ကိုယ့်မိသားစုအတွင်းရေးတွေ၊ မိသားစုဝင်တွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ၊ မိသားစုထဲက အဆင်မပြေမှုတွေဆိုတာက ကိုယ်နဲ့ပဲသက်ဆိုင်တဲ့ကိစ္စတွေမို့ ဒါတွေကို သူစိမ်းတွေကို မပြောပြသင့်ပါဘူး။

ကိုယ်ချစ်တဲ့သူတွေကိုစိတ်ဆိုးနေတုန်းမှာ သူတို့မကောင်းကြောင်းတွေကို သူစိမ်းကိုသွားပြောလိုက်တာက လူအထင်သေးစရာဖြစ်သွားပြီး သင်ဟာ ကိုယ့်မိသားစုအတွင်းရေးတွေကိုတောင်မထိန်းသိမ်းပဲပြောတတ်တဲ့သူလို့ယူဆသွားပြီး သင့်အပေါ်ယုံကြည်မှုတွေဆုံးရှုံးရပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top