iMyanmarHouse.com - Best Property Website for Myanmar
×


 (တိုက္​ဆိုင္​စြာ ​ျဖင္​့) copy.ႀကိဳတင္ဝန္ခံပါရေစ။ က်ဳပ္က ဆရာဝန္မဟုတ္ဘူး။ေဝတနာရွင္ဗ်။

ကုိယ့္ေရာဂါ ကုိယ့္ေဝတနာကုိ ကုိယ့္ဖာသာ မွန္းကု ရမ္းကု ေဒါက္တာရမ္းကုလုပ္ရင္းရရွိလာတဲ့အက်ဳိးကုိ မ်ွေဝလုိက္တာ။

ဒီလုိဗ်••၂၀၁၇ ခုနွစ္မွာ က်ဳပ္အံသြားတစ္ေခ်ာင္းလွဳတ္ျပီး မခံမရပ္ကုိက္လြန္းလုိ႔ ဆရာဝန္သြားျပတယ္ ။

ဆရာဝန္ကသြားရဲ႕တန္ဖုိးကုိသိေတာ့ မနုတ္ေစခ်င္ဘူး စားေဆးေပးျပီးထိန္းလုိက္တယ္။သက္သာသြားတယ္။

ဒါေပမယ့္ သြားရဲ႕ေဘးမွာဖုကေလးလုိျဖစ္ျပီးၿပီတည္လာတယ္။ဆရာဝန္ထပ္ျပ ေဆးထပ္ေပး ဒီလုိနဲ႔ပဲသံသရာလည္ေနတာေပါ့။

ၿပီတည္တဲ့အခါ သြားဖုံးတင္းျပီး ေနထုိင္ရခက္ေပမယ့္ညွစ္ထုတ္လုိက္လုိ႔ၿပီထြက္သြားရင္ တစ္ပါတ္ေလာက္ေနထုိင္လုိ႔ေကာင္းသြားျပန္ေရာ။

ျပီးရင္ျပန္ထြက္။ေဆးကေတာ့ မနက္တစ္ၾကိမ္ ညတစ္ၾကိမ္ေန႔တုိင္းေသာက္လာလုိက္တာ ၂၀၁၇မွ၂၀၁၉ခုနွစ္ခုခ်ိန္ထိပဲ။

နွစ္နွစ္ျပည့္ေတာ့မယ္။နွစ္ခ်ီၾကာလာေတာ့ ကင္ဆာဘာညာလန္႔လာျပၤီေလ။ရန္ကုန္ေရာက္ေတာ့ လွည္းတန္းသြားဘက္ဆုိင္ရာ ဆရာဝန္နဲ႔ဆက္ျပတယ္။

ဆရာဝန္က ဓါတ္မွန္ရုိက္စစ္ေဆး အေျဖက ကင္ဆာမျဖစ္ေသးဘူးဆုိေတာ့ စိတ္ေအးၿပီမုိ႔ဆက္ကုေပါ့။သက္သာသလုိရွိေပမယ့္ အနာျပီထြက္တာေတာ့ ထုံးစံအတုိင္းပဲ။

တင္းျပီေလ။ လူကခတ္ရြတ္ရြတ္ဆုိေတာ့ေတြ႔သမ်ွ လမ္းေဘးအရြက္ေတြခူး အရည္ထြက္ေအာင္ၾကိတ္ အနာထဲထည့္ေပါ့။

တမာရြက္ေတြဝါး။

တမာေခါက္ငုံ။

ဆားေရငုံ မရပါဘူး။

တစ္ေန႔ ဖုန္းပြတ္ရင္းေက်ာက္ခ်ဥ္အာနိသင္အေၾကာင္းပင္စိမ္းရြက္နဲ႔ သံပုရာသီးအေၾကာင္းေရးထားတာေလးေတြ႔လုိ႔ ဖတ္ၾကည့္ရင္းအၾကံေပၚလာတာနဲ႔ထုံးစံအတုိင္း စမ္းသတ္တာေပါ့။(သြားနဲ႔ပါတ္သက္တာေတာ့မပါပါဘူး)

အဲဒီမွာ ၾကက္ကန္းဆန္အုိးတုိးေတာ့တာပဲဗ်ဳိ႕”တစ္ကယ္အံ့ၾသစရာပါ”နွစ္နဲ႔ခ်ီခံစားေနရတဲ့ေရာဂါ နွစ္ရက္သုံးရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္။

ဆုိရင္ ခင္ဗ်ားတုိ႔ယုံမလား•••အံ့ၾသမလား။က်ဳပ္ ဘယ္လုိခံစားရမလဲ စဥ္းစားသာၾကည့္ေတာ့။ယုိင္နဲ႔ေနတဲ့သြားလည္း ျပန္ခုိင္သြားျပီေလ။

ဒါေၾကာင့္••အရမ္းဝမ္းသာလြန္းလုိ႕အသက္ ၆၀ ေက်ာ္ ၇၀ ကုိယ့္လုိသဂ်ၤဳိင္းေျခတစ္လွန္းေရာက္ေနတဲ့ ဘဝတူေတြအတြက္စိတ္ဒါဏ္ရာတစ္ခ်ဳိ႕သက္သာေစရန္ ေစတနာနဲ႔ေဝမ်ွလုိက္တယ္။

ကုနည္း………

၁။ေက်ာက္ခ်ဥ္ နွစ္ရာတန္တစ္ထုပ္ဝယ္ျပီး အမွဳန္႔ၾကိတ္ အဲ့ဒီအမွဳန္႔ကုိ အနာရွိတဲ့ဒါဏ္ရာထဲထည့္။ တစ္ေန႔ႏွစ္ၾကိမ္။

၂။ပင္စိမ္းပင္တစ္ရာဖုိးဝယ္ ငျငဳပ္ဆုံသန္႔သန္႔နဲ႔ေထာင္း။ သံပုရာသီးတစ္လုံးမွညွစ္လုိ႔ရတဲ့အရည္နဲ႔ပင္စိမ္းေရာသမ ျပီးလ်ွင္တစ္ေန႔သုံးႀကိမ္ထည့္ ဒါပဲ။

ဘဝတူမ်ားေဝတနာေပ်ာက္၍လုိရာခရီးေရာက္ၾကပါေစ။(အမ်ားသိေအာင္ရွယ္ေပးၾကပါ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ညီညီ(လိႈင္သာယာ)

#Unicode Version# ျဖင့္ဖတ္ပါ ။

(တိုက်ဆိုင်စွာ ဖြင့်) copy.ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။

ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။

ဒီလိုဗျ••၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ် ။

ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။

ဒါပေမယ့် သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။

ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။

ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။

နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာြင်္ပီလေ။ရန်ကုန်ရောက်တော့ လှည်းတန်းသွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။

ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့် အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။

တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။

တမာရွက်တွေဝါး။

တမာခေါက်ငုံ။

ဆားရေငုံ မရပါဘူး။

တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)

အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

ဆိုရင် ခင်ဗျားတို့ယုံမလား•••အံ့သြမလား။ကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။

ဒါကြောင့်••အရမ်းဝမ်းသာလွန်းလို့အသက် ၆၀ ကျော် ၇၀ ကိုယ့်လိုသင်္ဂျိုင်းခြေတစ်လှန်းရောက်နေတဲ့ ဘဝတူတွေအတွက်စိတ်ဒါဏ်ရာတစ်ချို့သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။

ကုနည်း………

၁။ကျောက်ချဉ် နှစ်ရာတန်တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ် အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံသန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးမှညှစ်လို့ရတဲ့အရည်နဲ့ပင်စိမ်းရောသမ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့် ဒါပဲ။

ဘဝတူများဝေတနာပျောက်၍လိုရာခရီးရောက်ကြပါစေ။(အများသိအောင်ရှယ်ပေးကြပါ)

ဖိုးသူတော် (www.phothutaw.com)
Credit: ညီညီ(လှိုင်သာယာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top