20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

သၾကၤန္နီးလာျပီေနာ္..MyStyle Myanmar ကိုအားေပးၾကတဲ့ပ်ိဳေမတို႔ေရ။ သၾကၤန္တြင္း ေလွ်ာက္လည္မယ့္သူေတြရွိသလို အိမ္တြင္းပုန္းမယ့္ ေကာင္မေလးေတြေကာရွိလား။ အျပင္ထြက္လည္တဲ့အခ်ိန္ ဗိုက္အဆီက ေရစိုတာနဲ႔ ျမင္လာရမွာေနာ္။ အဲ့လိုအခ်ိန္ဆုိ ကၽြန္မကေတာ့ ဗိုက္ၾကိဳးစားျပီး ခ်ပ္ထားရတာ အေမာပဲ။ ဒီတစ္ခါေတာ့ ေရစိုလည္း ဗိုက္ေလးခ်ပ္ရပ္ျပီး ယံုၾကည္မႈအျပည့္ရွိေစဖို႔ သၾကၤန္အမွီေလး ခါးအဆီေတြကို ဒီလိုနည္းေတြနဲ႔ အရည္ေဖ်ာ္ၾကည့္ရေအာင္ေနာ္။

လူတစ္ေယာက္မွာ ခါးအဆီက်ဖို႔ ေလ့က်င့္ခန္းလည္းလိုသလို စားေသာက္ပံုကလည္း အလြန္အေရးပါပါတယ္။ ဒီေတာ့ ဘယ္လုိစားရမလဲ။ ဘာေလ့က်င့္ခန္းေတြလုပ္ရမလဲ ေျပာျပသြားပါမယ္။

ဘာေတြစားပါ။ ဘယ္အသီးအရြက္ေတြ ဘယ္ေန႔မွာ စားပါလို႔ အတင္းအက်ပ္မတိုက္တြန္းလိုပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္က အၾကိဳက္မတူဘူးေလ။ ဒီေတာ့ အစားအေသာက္ေရာ စိတ္ကိုေရာ ဘယ္လိုထားရမလဲဆိုတဲ့အေၾကာင္းပဲ တင္ျပသြားပါမယ္ေနာ္။

၁။ စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ပါ

၂။ အိပ္ခ်ိန္မွန္မွန္ရွိပါေစ။ ဘာလို႔လဲဆိုေတာ့ အိပ္ေရးပ်က္တာက ကိုယ္အေလးခ်ိန္တက္ေစတဲ့ Cortisol Level ကိုတက္ေစလို႔ပါ။

၃။ ေရမ်ားမ်ားေသာက္ပါ။ ကိုယ္တစ္ေန႔ေရသံုးလီတာေသာက္မယ္ဆိုရင္ တစ္ဝက္စီခြဲျပီး ေသာက္ပါ။ ဥပမာ- မနက္ (၁)လီတာ ေန႔လည္ (၁)လီတာ ည (၁) လီတာေပါ့။

၄။ က်န္းမာတဲ့အဆီေတြျဖစ္တဲ့ ေထာပတ္သီး၊ အေစ့အဆံ၊ အုန္းဆီနဲ႔ သံလြင္ဆီတို႔ကို သံုးေပးပါ။

၅။ အျဖဴေရာင္သၾကားနဲ႔ ဂ်ံဳကို ေရွာင္ပါ။ (ဥပမာ- ေပါင္မုန္႔ျဖဴ)

၆။ အေစ့အဆံေတြ ပဲေတြ ဟင္းသီးဟင္းရြက္ေတြကို အရင္ကထက္ပိုစားေပးပါ။

၇။ ပရိုတိန္းဓာတ္မ်ားမ်ားမွီဝဲပါ။ သူက ဝိတ္က်ေစျပီး က်န္းမာတဲ့ကိုယ္အေလးခ်ိန္ရေအာင္ ထိန္းညွိေပးပါတယ္။

ဥပမာ- ပဲႏို႔၊ ဥအမ်ိဳးမ်ိဳး၊ ပဲအမ်ိဳးမ်ိဳး၊ အဆီထုတ္ထားတဲ့ႏြားႏို႔

၈။ လမ္းမ်ားမ်ားေလ််ာက္ေပးပါ

ေလ့က်င့္ခန္းေတြေျပာျပမယ္ေနာ္။

ေအာက္မွာျပထားတဲ့ ေလ့က်င့္ခန္းေတြကို တစ္ခါလုပ္ရင္ သံုးၾကိမ္ျပဳလုပ္ေပးပါ။ ေလ့က်င့္ခန္းတစ္ခုနဲ႔ တစ္ခုၾကား စကၠန္႔ ၆၀ နားႏိုင္ပါတယ္။ တစ္ပတ္မွာ ဒီေလ့က်င့္ခန္းေတြကို သံုးရက္ေတာ့ျပဳလုပ္ေပးပါ။ အဓိကေျပာလိုတာက ေလ့က်င့္ခန္းတစ္ခုတည္းနဲ႔ ဗိုက္အဆီမက်ပါဘူးေနာ္။ အစားအေသာက္က ၈၀ % ထိအေရးပါပါတယ္။

(၁) Burpees

(၂) အေလးနဲ႔ ခါးေစာင္းေလ့က်င့္ခန္း

(၃) Side Plank

(၄)Russian Twist

(၅) Bicycle Crunch

(၆) Hip Bridges

ျပဳလုပ္ရတာပိုလြယ္ေအာင္ ဗီဒီယိုနဲ႔ တြဲေပးလုိက္ပါတယ္။ ပ်ိဳေမတို႔ သၾကၤန္မွာ ယံုၾကည္မႈရွိရွိနဲ႔ ကဲလိုက္ေတာ့ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mystylemyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

သြင်္ကန်နီးလာပြီနော်..MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ သြင်္ကန်တွင်း လျှောက်လည်မယ့်သူတွေရှိသလို အိမ်တွင်းပုန်းမယ့် ကောင်မလေးတွေကောရှိလား။ အပြင်ထွက်လည်တဲ့အချိန် ဗိုက်အဆီက ရေစိုတာနဲ့ မြင်လာရမှာနော်။ အဲ့လိုအချိန်ဆို ကျွန်မကတော့ ဗိုက်ကြိုးစားပြီး ချပ်ထားရတာ အမောပဲ။ ဒီတစ်ခါတော့ ရေစိုလည်း ဗိုက်လေးချပ်ရပ်ပြီး ယုံကြည်မှုအပြည့်ရှိစေဖို့ သြင်္ကန်အမှီလေး ခါးအဆီတွေကို ဒီလိုနည်းတွေနဲ့ အရည်ဖျော်ကြည့်ရအောင်နော်။

လူတစ်ယောက်မှာ ခါးအဆီကျဖို့ လေ့ကျင့်ခန်းလည်းလိုသလို စားသောက်ပုံကလည်း အလွန်အရေးပါပါတယ်။ ဒီတော့ ဘယ်လိုစားရမလဲ။ ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲ ပြောပြသွားပါမယ်။

ဘာတွေစားပါ။ ဘယ်အသီးအရွက်တွေ ဘယ်နေ့မှာ စားပါလို့ အတင်းအကျပ်မတိုက်တွန်းလိုပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က အကြိုက်မတူဘူးလေ။ ဒီတော့ အစားအသောက်ရော စိတ်ကိုရော ဘယ်လိုထားရမလဲဆိုတဲ့အကြောင်းပဲ တင်ပြသွားပါမယ်နော်။

၁။ စိတ်ဖိစီးမှုကိုလျှော့ချပါ

၂။ အိပ်ချိန်မှန်မှန်ရှိပါစေ။ ဘာလို့လဲဆိုတော့ အိပ်ရေးပျက်တာက ကိုယ်အလေးချိန်တက်စေတဲ့ Cortisol Level ကိုတက်စေလို့ပါ။

၃။ ရေများများသောက်ပါ။ ကိုယ်တစ်နေ့ရေသုံးလီတာသောက်မယ်ဆိုရင် တစ်ဝက်စီခွဲပြီး သောက်ပါ။ ဥပမာ- မနက် (၁)လီတာ နေ့လည် (၁)လီတာ ည (၁) လီတာပေါ့။

၄။ ကျန်းမာတဲ့အဆီတွေဖြစ်တဲ့ ထောပတ်သီး၊ အစေ့အဆံ၊ အုန်းဆီနဲ့ သံလွင်ဆီတို့ကို သုံးပေးပါ။

၅။ အဖြူရောင်သကြားနဲ့ ဂျုံကို ရှောင်ပါ။ (ဥပမာ- ပေါင်မုန့်ဖြူ)

၆။ အစေ့အဆံတွေ ပဲတွေ ဟင်းသီးဟင်းရွက်တွေကို အရင်ကထက်ပိုစားပေးပါ။

၇။ ပရိုတိန်းဓာတ်များများမှီဝဲပါ။ သူက ဝိတ်ကျစေပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ရအောင် ထိန်းညှိပေးပါတယ်။

ဥပမာ- ပဲနို့၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အဆီထုတ်ထားတဲ့နွားနို့

၈။ လမ်းများများလျေျာက်ပေးပါ

လေ့ကျင့်ခန်းတွေပြောပြမယ်နော်။

အောက်မှာပြထားတဲ့ လေ့ကျင့်ခန်းတွေကို တစ်ခါလုပ်ရင် သုံးကြိမ်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား စက္ကန့် ၆၀ နားနိုင်ပါတယ်။ တစ်ပတ်မှာ ဒီလေ့ကျင့်ခန်းတွေကို သုံးရက်တော့ပြုလုပ်ပေးပါ။ အဓိကပြောလိုတာက လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ဗိုက်အဆီမကျပါဘူးနော်။ အစားအသောက်က ၈၀ % ထိအရေးပါပါတယ်။

(၁) Burpees

(၂) အလေးနဲ့ ခါးစောင်းလေ့ကျင့်ခန်း

(၃) Side Plank

(၄)Russian Twist

(၅) Bicycle Crunch

(၆) Hip Bridges

ပြုလုပ်ရတာပိုလွယ်အောင် ဗီဒီယိုနဲ့ တွဲပေးလိုက်ပါတယ်။ ပျိုမေတို့ သြင်္ကန်မှာ ယုံကြည်မှုရှိရှိနဲ့ ကဲလိုက်တော့နော်။

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top