20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit: Kay Nyein

#Unicode Version# ဖြင့်ဖတ်ပါ ။

နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်တွင် ရဟတ်ယာဉ် ကူညီပေးပါသော HTOO ဥက္ကဋ္ဌ ဦးတေဇ ၏ Air Myanmar Aviation Services Co.Ltd ကိုလဲ ကျေးဇူးအထူး တင်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်များမှာ စီးနင်းနေတဲ့ ရဟတ်ယာဉ်အနီရောင်နဲ့ပတ်သက်ပြီး လုပ်ကြံသတင်းတွေ သတင်းတုတွေတက်နေကြသလို မသိပဲရှယ်နေကြတာကလည်းများနေလို့ သိသလောက်ရှင်းပြပါရစေ။

အဲဒီရဟတ်ယာဉ်အနီရောင် XY-AFK ဟာ Air Myanmar Aviation Services Col.td ကဖြစ်ပါတယ်။ ဒီကုမ္ပဏီက မြန်မာပြည်မှာ ဟယ်လီကော့ပတာငှားရမ်းသုံးစွဲခြင်းဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

သူတို့အကြောင်းသိချင်ရင် အောက်ကလင့်ခ်များမှာသွားကြည့်နိုင်ပါတယ်။ သူတို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များကို ကူညီဆောင်ရွက်ခွင့်ရရှိသည်ကို ဂုဏ်ယူဝမ်းမြောက် မိပါကြောင်းဆိုပြီး အဲဒီရဟတ်ယာဉ်နဲ့ဒေါ်အောင်ဆန်းစုကြည်ပုံကို တင်ထားပါသေးတယ်။

၂၀၂၀ နီးလာလေ ဒီလိုလုပ်ကြံသတင်းတွေပိုထွက်လာလေဖြစ်မှာပါ။ သတိနဲ့ပညာယှဉ်ပြီး ချင့်ချိန်သုံးသပ်ကြစေချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kay Nyein
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top