ခင္ပြန္းျဖစ္သူဟာ အျခား အိမ္ေထာင္ရွိ အမ်ိဳးသမီးတစ္ဦးနဲ႔ လိင္ဆက္ဆံေနတာကို မရွူစိမ့္နိုင္တဲ့အဆုံးမွာ ဇနီးသည္က အိပ္ယာေပၚတက္ၿပီး ယင္းအမ်ိဳးသမီးရဲ့ မိန္းမအဂၤါကို ဓါးနဲ႔ထိုးခဲ့မွုျဖင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

ဓားနဲ႔ထိုးခဲ့သူ အမ်ိဳးသမီးမွာ အသက္ ၄၆ ႏွစ္အရြယ္ ေကာ္ဖီဆိုင္ဝန္ထမ္းကို အခင္းျဖစ္ပြားၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း ဆီဘူးခရိုင္ ဒုရဲအုပ္ Stanley Jonathan Ringgit က အတည္ျပဳေျပာဆိုခဲ့ပါတယ္။

ဓားထိုးခံခဲ့ရတဲ့ အသက္ ၃၄ ႏွစ္အရြယ္ ေစ်းသန႔္ရွင္းေရး အမ်ိဳးသမီးဟာ သူမရဲ့ မိန္းမအဂၤါကို ဓါးနဲ႔ ထိုးခံခဲ့ရတာေၾကာင့္ ေသြးထြက္လြန္ၿပီး စိုးရိမ္စရာအေျခအေနနဲ႔ ေဆး႐ုံတင္ပို႔ခဲ့ရပါတယ္။ ဒါေပမယ့္ ကုသမွုခံယူၿပီး အခုဆိုရင္ က်န္းမာေရးအေျခေန ပုံမွန္ျပန္ျဖစ္လာၿပီျဖစ္ပါတယ္။

ျဖစ္စဥ္က သူတို႔သုံးဦးဟာ တရားခံအမ်ိဳးသမီး လင္မယားေနထိုင္ရာ အိမ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေသာက္စားရင္း စကားေျပာေနခဲ့ၾကပါတယ္။ အမ်ိဳးသားက အရက္ေသာက္ၿပီး အမ်ိဳးသမီးေတြကေတာ့ အခ်ိဳရည္ပဲ ေသာက္ၾကပါတယ္။ အဲဒီေနာက္ သုံးဦးသား သေဘာတူညီခ်က္နဲ႔ ႏွစ္ေယာက္တစ္ေယာက္ ကာမစပ္ယွက္ရန္ သေဘာတူခဲ့ၾကပါတယ္။

အရင္ဦးဆုံး အမ်ိဳးသားက သူ႔ရဲ့ဇနီးနဲ႔ လိင္ဆက္ဆံခဲ့ပါတယ္တယ္၊ အဲဒီေနာက္ ဇနီးျဖစ္သူက အိပ္သာသြားတဲ့အခါ အမ်ိဳးသားက ေနာက္ထပ္ အမ်ိဳးသမီးနဲ႔ လိင္ဆက္ဆံေနစဥ္ ဇနီးျဖစ္သူက ဓါးကိုင္ကာ အခန္းထဲသို႔ ေျပးဝင္လာၿပီး အမ်ိဳးသမီးကို ဓါးနဲ႔ ထိုးခဲ့ရာမွ ငယ္သံပါေအာင္ ေအာ္ဟစ္ခဲ့တယ္လို႔ အမ်ိဳးသားက ေျဖာင့္ခ်က္ေပးခဲ့ပါတယ္။

အဲဒီေနာက္ အမ်ိဳးသားက တစ္ဖက္အခန္းမွာေနတဲ့ သူ႔ရဲ့အစ္ကိုကို အေၾကာင္းၾကားၿပီး ထြက္ေျပးသြားတဲ့ သူ႔ရဲ့ဇနီးကို လိုက္ဖမ္းခိုင္ခဲ့ပါတယ္။ သူတို႔လင္မယားဟာ အိမ္ေထာင္သက္ ၇ ႏွစ္ရွိၿပီျဖစ္ၿပီး ဓါးနဲ႔ထိုးခံခဲ့ရတဲ့ အမ်ိဳးသမီးဟာလည္း အိမ္ေထာင္ရွိသူျဖစ္ကာ ကေလး ၄ ေယာက္ရွိၿပီး ခင္ပြန္းျဖစ္သူက အျခားၿမိဳ႕က သစ္ထုတ္လုပ္ေရးစခန္းမွာ အလုပ္လုပ္ကိုင္ေနေၾကာင္း ရဲအရာရွိ Stanley က ေျပာၾကားခဲ့ပါတယ္။
 ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay

#Unicode Version#
 ခင်ပွန်းဖြစ်သူဟာ အခြား အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံနေတာကို မရှူစိမ့်နိုင်တဲ့အဆုံးမှာ ဇနီးသည်က အိပ်ယာပေါ်တက်ပြီး ယင်းအမျိုးသမီးရဲ့ မိန်းမအင်္ဂါကို ဓါးနဲ့ထိုးခဲ့မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဓားနဲ့ထိုးခဲ့သူ အမျိုးသမီးမှာ အသက် ၄၆ နှစ်အရွယ် ကော်ဖီဆိုင်ဝန်ထမ်းကို အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆီဘူးခရိုင် ဒုရဲအုပ် Stanley Jonathan Ringgit က အတည်ပြုပြောဆိုခဲ့ပါတယ်။

ဓားထိုးခံခဲ့ရတဲ့ အသက် ၃၄ နှစ်အရွယ် ဈေးသန့်ရှင်းရေး အမျိုးသမီးဟာ သူမရဲ့ မိန်းမအင်္ဂါကို ဓါးနဲ့ ထိုးခံခဲ့ရတာကြောင့် သွေးထွက်လွန်ပြီး စိုးရိမ်စရာအခြေအနေနဲ့ ဆေးရုံတင်ပို့ခဲ့ရပါတယ်။ ဒါပေမယ့် ကုသမှုခံယူပြီး အခုဆိုရင် ကျန်းမာရေးအခြေနေ ပုံမှန်ပြန်ဖြစ်လာပြီဖြစ်ပါတယ်။

ဖြစ်စဉ်က သူတို့သုံးဦးဟာ တရားခံအမျိုးသမီး လင်မယားနေထိုင်ရာ အိမ်မှာ ပျော်ပျော်ရွှင်ရွှင် သောက်စားရင်း စကားပြောနေခဲ့ကြပါတယ်။ အမျိုးသားက အရက်သောက်ပြီး အမျိုးသမီးတွေကတော့ အချိုရည်ပဲ သောက်ကြပါတယ်။ အဲဒီနောက် သုံးဦးသား သဘောတူညီချက်နဲ့ နှစ်ယောက်တစ်ယောက် ကာမစပ်ယှက်ရန် သဘောတူခဲ့ကြပါတယ်။

အရင်ဦးဆုံး အမျိုးသားက သူ့ရဲ့ဇနီးနဲ့ လိင်ဆက်ဆံခဲ့ပါတယ်တယ်၊ အဲဒီနောက် ဇနီးဖြစ်သူက အိပ်သာသွားတဲ့အခါ အမျိုးသားက နောက်ထပ် အမျိုးသမီးနဲ့ လိင်ဆက်ဆံနေစဉ် ဇနီးဖြစ်သူက ဓါးကိုင်ကာ အခန်းထဲသို့ ပြေးဝင်လာပြီး အမျိုးသမီးကို ဓါးနဲ့ ထိုးခဲ့ရာမှ ငယ်သံပါအောင် အော်ဟစ်ခဲ့တယ်လို့ အမျိုးသားက ဖြောင့်ချက်ပေးခဲ့ပါတယ်။

အဲဒီနောက် အမျိုးသားက တစ်ဖက်အခန်းမှာနေတဲ့ သူ့ရဲ့အစ်ကိုကို အကြောင်းကြားပြီး ထွက်ပြေးသွားတဲ့ သူ့ရဲ့ဇနီးကို လိုက်ဖမ်းခိုင်ခဲ့ပါတယ်။ သူတို့လင်မယားဟာ အိမ်ထောင်သက် ၇ နှစ်ရှိပြီဖြစ်ပြီး ဓါးနဲ့ထိုးခံခဲ့ရတဲ့ အမျိုးသမီးဟာလည်း အိမ်ထောင်ရှိသူဖြစ်ကာ ကလေး ၄ ယောက်ရှိပြီး ခင်ပွန်းဖြစ်သူက အခြားမြို့က သစ်ထုတ်လုပ်ရေးစခန်းမှာ အလုပ်လုပ်ကိုင်နေကြောင်း ရဲအရာရှိ Stanley က ပြောကြားခဲ့ပါတယ်။
 ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top