20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×



ျမန္မာ့ရုပ္ရွင္ေလာကကို တဆစ္ခ်ိဳးေျပာင္းလဲမွုေတြေပးႏိုင္ခဲ့တဲ့ ဥပါယ္တံမ်ဥ္ကို ပံုေဖာ္ဖန္တီးေပးခဲ့သူကေတာ့ဒါရိုက္တာခရစၥတီးနားခီျဖစ္ျပီး သက္မြန္ျမင့္ကလည္း အဓိက ဇာတ္ေဆာင္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့တာပါ။

ဥပါယ္တံမ်ဥ္အဖြဲ႕သားတစ္ခုလံုးဟာ ပရိသတ္ေတြရဲ႕ အၾကိဳက္ နဲ႔ထပ္တူ ပံုေဖာ္ဖန္တီးႏိုင္ခဲ့တာကို ေတြ႔ရျပီးေတာ့ ပရိသတ္အားေပးမွု အျမင့္ဆံုးရရွိခဲ့တာပါ … ။ ဥပါယ္တံမ်ဥ္ဇာတ္ကား ရံုတင္ျပသျပီးေနာက္မွာေတာ့ အကယ္ဒမီဆုတစ္ဆုဆု ရရွိလိမ့္မယ္လို႔ ပရိသတ္ 90% က မွတ္ခ်က္ေပးခဲ့ၾကေပမယ့္ ၂၀၁၈ ခုႏွစ္ အကယ္ဒမီဆုခ်ီးျမင့္ပြဲမွာေတာ့ တစ္ဆုမွ မရရွိခဲ့ပါဘူးေနာ္ ….. ။

ဒီလို ဂယက္ေပါင္းမ်ားစြာနဲ႔ ျပီးဆံုးသြားတဲ့ေနာက္မွာ ခီေမာင္ႏွံကို ဝန္းရံအားေပးသူ ပရိသတ္ေတြအျပင္ အႏုပညာရွင္ေတြပါ ေပၚထြက္လာခဲ့ၾကတာေတြ႔ရပါတယ္ ပရိတ္ႀကီးတို႔ ေရ ….. ။

ဥပါယ္တံမ်ဥ္ဇာတ္ကားထဲမွာ ဇာတ္ေဆာင္အျဖစ္ ပါဝင္ခဲ့တဲ့ သက္မြန္ျမင့္ကလည္း ႏိုင္ငံရပ္ျခားမွာပညာသြားသင္ျပီး ကိုယ့္ႏိုင္ငံကိုျပန္လာၾကိဳးစားေနၾကတဲ့ သူေတြကို အားေပးအားေျမွာက္မလုပ္ဘဲ အညႊန္႔ခ်ိဳးလိုက္သလို ခံစားရတယ္လို႔ ဆိုလာခဲ့ပါတယ္ …. ။

 “ႏိုင္ငံျခားမွာထိကို ပညာေတြသင္ၾကတယ္ ဒီရုပ္ရွင္ လုပ္ငန္းအေၾကာင္းကို ေသေသခ်ာခ်ာ စနစ္တက် သင္ယူတတ္ေျမာက္ျပီးေတာ့မွ ကိုယ့္ႏိုင္ငံမွာျပန္လာျပီးေတာ့ ၾကိဳးစားျပတယ္ …. ။ လက္စြမ္းျပတယ္ တကယ္လည္း ပရိသတ္က လက္ခံတယ္ …. ။

ဆုိေတာ့ အဲ့ဒါေတြကို အားေပးအားေျမာက္မလုပ္ဘဲနဲ႔ အညႊန္႔ခ်ိဳးလိုက္တယ္ဆုိတာမ်ိဳးေတာ့ခံစားရတယ္ …. ။ အဲလိုမ်ိဳးေတာ့မျဖစ္ေစခ်င္ဘူး … ။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္လည္း ရုပ္ရွင္ေလာကသားတစ္ေယာက္အေနနဲ႔ ျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ကိုယ့္ရဲ႕ ျမန္မာ့ရုပ္ရွင္ေလာကကို ဒီလိုမ်ိဳးပရိသတ္ေတြက ဆဲဆုိေနတာမ်ိဳး အထင္ ေသးတာမ်ိဳး၊ ေစာ္ကားေနတာမ်ိဳးမျဖစ္ေစခ်င္ဘူး …. ။



တကယ္တိုးတက္ေစခ်င္တယ္ သူတုိ႔ေျပာတဲ့ အဆင့္အတန္းျမင့္ဖုိ႔နဲ႔ အင္တာေနရွင္နယ္မီဖို႔တုိ႔ ကမာၻေက်ာ္ဖုိ႔တို႔ အမ်ားၾကီးသူတုိ႔ေျပာတယ္ ဒါေပမယ့္ လက္ေတြ႔လုပ္ဖို႔လိုတယ္ …။ ဒီလိုေျပာေနလို႔မရဘူးေပါ့ သူတို႔ လုပ္ေပးႏိုင္ဖို႔လိုတယ္ … ။ အဲလိုသက္မြန္ျမင္တယ္ … ဒါရုပ္ရွင္ေလာကသားတစ္ေယာက္အေနနဲ႔ ရုပ္ရွင္ကိုတကယ္ခ်စ္လို႔ ကိုယ္ဥာဏ္မွီသေလာက္လည္း ေျပာၾကည့္တာပါ … ။

လူၾကီးေတြကို ေစာ္ကားတာေတြ ဘာေတြမရွိပါဘူး။” လို႔ သူမရဲ႕အျမင္ကို MC အင္တာဗ်ဴးမွာ ေျဖၾကားသြားခဲ့တာျဖစ္ပါတယ္ ပရိတ္သတ္တို႔ ေရ…. ။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ ဇဏ္ခီနဲ႔ ဒါရိုက္တာ ခရစၥတီးနားခီတို႔ရဲ႕ အႏုပညာဖန္တီးဖို႔အတြက္ သတၱိရွိရွိနဲ႔ အႏုပညာေလာကမွာ ရပ္တည္ေနပံုကိုလည္း ခ်ီးက်ဴးလိုက္ပါေသးတယ္ … ။ သားေလးႏိုဝါန႔ဲ မိသားစု (၃) ေယာက္တည္း အတူေနထိုင္ေနၾကေပမယ့္ အလုပ္လုပ္ကိုင္တဲ့ေနရာမွာ ဒရာမာ မခ်ိဳးဘူးလို႔ဆိုပါတယ္ …. ။

အလုပ္တစ္ခုကို ျပတ္ျပတ္သားသားလုပ္တတ္လြန္းတဲ့ သူတို႔ရဲ႕ ခံယူခ်က္အေပၚမွာလည္း ဂုဏ္ယူေျပာဆိုခဲ့တာျဖစ္ပါတယ္ေနာ္ …. ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာ့ရုပ်ရှင်လောကကို တဆစ်ချိုးပြောင်းလဲမှုတွေပေးနိုင်ခဲ့တဲ့ ဥပါယ်တံမျဉ်ကို ပုံဖော်ဖန်တီးပေးခဲ့သူကတော့ဒါရိုက်တာခရစ္စတီးနားခီဖြစ်ပြီး သက်မွန်မြင့်ကလည်း အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

ဥပါယ်တံမျဉ်အဖွဲ့သားတစ်ခုလုံးဟာ ပရိသတ်တွေရဲ့ အကြိုက် နဲ့ထပ်တူ ပုံဖော်ဖန်တီးနိုင်ခဲ့တာကို တွေ့ရပြီးတော့ ပရိသတ်အားပေးမှု အမြင့်ဆုံးရရှိခဲ့တာပါ … ။ ဥပါယ်တံမျဉ်ဇာတ်ကား ရုံတင်ပြသပြီးနောက်မှာတော့ အကယ်ဒမီဆုတစ်ဆုဆု ရရှိလိမ့်မယ်လို့ ပရိသတ် 90% က မှတ်ချက်ပေးခဲ့ကြပေမယ့် ၂၀၁၈ ခုနှစ် အကယ်ဒမီဆုချီးမြင့်ပွဲမှာတော့ တစ်ဆုမှ မရရှိခဲ့ပါဘူးနော် ….. ။

ဒီလို ဂယက်ပေါင်းများစွာနဲ့ ပြီးဆုံးသွားတဲ့နောက်မှာ ခီမောင်နှံကို ဝန်းရံအားပေးသူ ပရိသတ်တွေအပြင် အနုပညာရှင်တွေပါ ပေါ်ထွက်လာခဲ့ကြတာတွေ့ရပါတယ် ပရိတ်ကြီးတို့ ရေ ….. ။

ဥပါယ်တံမျဉ်ဇာတ်ကားထဲမှာ ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ သက်မွန်မြင့်ကလည်း နိုင်ငံရပ်ခြားမှာပညာသွားသင်ပြီး ကိုယ့်နိုင်ငံကိုပြန်လာကြိုးစားနေကြတဲ့ သူတွေကို အားပေးအားမြှောက်မလုပ်ဘဲ အညွှန့်ချိုးလိုက်သလို ခံစားရတယ်လို့ ဆိုလာခဲ့ပါတယ် …. ။

 “နိုင်ငံခြားမှာထိကို ပညာတွေသင်ကြတယ် ဒီရုပ်ရှင် လုပ်ငန်းအကြောင်းကို သေသေချာချာ စနစ်တကျ သင်ယူတတ်မြောက်ပြီးတော့မှ ကိုယ့်နိုင်ငံမှာပြန်လာပြီးတော့ ကြိုးစားပြတယ် …. ။ လက်စွမ်းပြတယ် တကယ်လည်း ပရိသတ်က လက်ခံတယ် …. ။

ဆိုတော့ အဲ့ဒါတွေကို အားပေးအားမြောက်မလုပ်ဘဲနဲ့ အညွှန့်ချိုးလိုက်တယ်ဆိုတာမျိုးတော့ခံစားရတယ် …. ။ အဲလိုမျိုးတော့မဖြစ်စေချင်ဘူး … ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်း ရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ မြန်မာ့ရုပ်ရှင်လောကကို ဒီလိုမျိုးပရိသတ်တွေက ဆဲဆိုနေတာမျိုး အထင် သေးတာမျိုး၊ စော်ကားနေတာမျိုးမဖြစ်စေချင်ဘူး …. ။

တကယ်တိုးတက်စေချင်တယ် သူတို့ပြောတဲ့ အဆင့်အတန်းမြင့်ဖို့နဲ့ အင်တာနေရှင်နယ်မီဖို့တို့ ကမ္ဘာကျော်ဖို့တို့ အများကြီးသူတို့ပြောတယ် ဒါပေမယ့် လက်တွေ့လုပ်ဖို့လိုတယ် …။ ဒီလိုပြောနေလို့မရဘူးပေါ့ သူတို့ လုပ်ပေးနိုင်ဖို့လိုတယ် … ။ အဲလိုသက်မွန်မြင်တယ် … ဒါရုပ်ရှင်လောကသားတစ်ယောက်အနေနဲ့ ရုပ်ရှင်ကိုတကယ်ချစ်လို့ ကိုယ်ဉာဏ်မှီသလောက်လည်း ပြောကြည့်တာပါ … ။

လူကြီးတွေကို စော်ကားတာတွေ ဘာတွေမရှိပါဘူး။” လို့ သူမရဲ့အမြင်ကို MC အင်တာဗျူးမှာ ဖြေကြားသွားခဲ့တာဖြစ်ပါတယ် ပရိတ်သတ်တို့ ရေ…. ။

သက်မွန်မြင့်ကတော့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အနုပညာဖန်တီးဖို့အတွက် သတ္တိရှိရှိနဲ့ အနုပညာလောကမှာ ရပ်တည်နေပုံကိုလည်း ချီးကျူးလိုက်ပါသေးတယ် … ။ သားလေးနိုဝါနဲ့ မိသားစု (၃) ယောက်တည်း အတူနေထိုင်နေကြပေမယ့် အလုပ်လုပ်ကိုင်တဲ့နေရာမှာ ဒရာမာ မချိုးဘူးလို့ဆိုပါတယ် …. ။

အလုပ်တစ်ခုကို ပြတ်ပြတ်သားသားလုပ်တတ်လွန်းတဲ့ သူတို့ရဲ့ ခံယူချက်အပေါ်မှာလည်း ဂုဏ်ယူပြောဆိုခဲ့တာဖြစ်ပါတယ်နော် …. ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top