








Credit:Su Myat
# Unicode Version # ဖြင့် ဖတ်ပါ #

အမြန်လမ်းမှာ ခုန်ဆွခုန်ဆွနဲ့ ကားရှေ့ဝင်လာခဲ့ရင်

နေပြည်တော် အမြန်လမ်းမှာ ညဘက်ကားမောင်းတဲ့ ကားဆရာများ မျက်စိရှေ့ကို ဘာဝင်လာလာ စီယာတိုင်မဆွဲပါနဲ့ ဘရိတ်မတော့ပါနဲ့ ကိုယ့်အရှိန် အတိုင်း ဆက်မောင်းပါ

မနေ့ညက နေပြည်တော်က ည ၇ နာရီ လောက်မှာ စထွက်ပါတယ် တောင်ငူ နားမှာတစ်ခါ ၇၅ မိုင်လောက်မှာတစ်ခါ

ကားမီးထိုးထားတဲ့အလင်းထဲကားရှေ့ကို မျောက်ပုံစံ ခုန်ဆွ ခုန်ဆွ နဲ့ လမ်းအလယ် တည့်တည့်က ပြေးဝင်လာပါတယ်

အကောင် အတော်ကြီးပါတယ် ကားပေါ်ပါတဲ့ လူတွေလဲ အကုန်အိပ်ပျော်နေ ကြတယ် ကိုယ်က ဒီအကြောင်းတွေ သိထားသူမို့အရှိန်မလျော့ဘဲ တိုက်ချပစ်ပါတယ်

တကယ်တော့ ဘာမှမရှိပါဘူး သူ့ကို တိုက်ပစ်တော့ မြူမှုန်ပုံစံ ပျောက်သွားပါတယ်

မျောက်ပုံပဲ ဖြစ်ဖြစ် လူပုံပဲ ဖြစ်ဖြစ် တိုက်သာ သွားပါ

ဆိုင်ကယ်တော့ မတိုက်နဲ့ပေါ့ လေ အမြင် မှောက်မှားအောင် လုပ်ကြတယ် ရုတ်တရက် မြင်လို့ စီယာတိုင်ဆွဲချရင် ကျိန်းသေ မှောက်မှာပါ ဒီအချိန် ဘယ်လူမှလဲ လမ်းပေါ်မလျောက်ပါ

ဘယ်မျောက်မှ လဲမရှိပါ အဓိက စီယာတိုင်ဆွဲမချ ပါနဲ့ကားဆရာအပေါင်းတို့ အန္တရာယ် ကင်းဝေးကြပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit:Su Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top