20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

တစ္ခ်ိန္တုန္းက ေကာင္းမြန္ ပုိင္ႏုိင္လွတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈခ်စ္ခင္မႈတုိ႔ကုိ ရ႐ွိထားခဲ့သလုိ အခုလက္႐ွိအခ်ိန္မွာလည္း ပရဟိတလုပ္ငန္းေတြ ကုိယ္တုိင္ ဦးစီးဦးေဆာင္ၿပီး လုပ္ကုိင္ေနတဲ့ ပရဟိတ မင္းသမီးခုိင္ႏွင္းေဝကေတာ့ လမ္းျပင္တဲ့ အလုပ္သမား ၁၀၀ အတြက္ အေျခခံစားေသာက္ကုန္ေတြ လွဴဒါန္းျဖစ္တဲ့အေၾကာင္း အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ခုိင္ႏွင္းေဝက “ဒီေန႔ အစ္မေပါ့ေနာ္ တစ္လ လစဥ္ အိမ္ေထာင္စုအစား အစ္မ ဒီလုိမ်ိဳးေလးေတြ လႉမယ္လုိ႔ စဥ္းစားထားတယ္ေပါ့ေနာ္ ဒီေန႔ဆုိရင္ေတာ့ လမ္းလုပ္သားေတြေပါ့ ဟုိတစ္ေခါက္တုန္းကလည္း လမ္းလုပ္သားေတြနဲ႔ ဆုိကၠားသမားေတြနဲ႔ အလႉေပးျဖစ္တယ္ အခုက်ေတာ့ ဒီဘက္မွာ လမ္းျပင္တာေတြ အရမ္းမ်ားတယ္ဆုိေတာ့ ကုိယ္ႏုိင္သေလာက္ေပါ့ လူတစ္ရာစာပါ။ လူတစ္ရာစာကုိ အစ္မလာလႉေပးျဖစ္တာပါ။ အရမ္းဝမ္းသာတယ္ အစ္မတုိ႔က ဒီလုိမ်ိဳး လုပ္သားေတြကုိ ဘာေၾကာင့္လႉျဖစ္လဲဆုိရင္ ေအာက္ေျခလူတန္းစားေပါ့ေနာ္ အဓိကေတာ့ အလုပ္ကုိ တန္ဖုိးထားတဲ့လူေတြအခုက ေနအရမ္းပူတယ္ေလ အစ္မတုိ႔အခု လာလႉတာေလးကုိေတာင္ အရမ္းပင္ပန္းတယ္။ သူတုိ႔ဆုိ တစ္ေနကုန္လုပ္ေနရတာ ကတၱရာစီးေတြနဲ႔ ေက်ာက္မႈန္ေတြၾကားထဲမွာ လုပ္ေနရတဲ့ အခါက်ေတာ့ အစ္မ ကုိယ္ခ်င္းလည္းစာတယ္ ကုိယ္ကေတာ့ ဒီလမ္းေတြ ျဖတ္သြားတဲ့အခါမွာ အဲကြန္းနဲ႔ ၿငိမ့္ၿငိမ့္ေညာင္းေညာင္းျဖတ္တယ္။

သူတုိ႔လည္း သူတုိ႔အလုပ္ဆုိေပမယ့္ အလုပ္ကုိ တန္ဖုိးထားၿပီး လုပ္တဲ့သူေတြအတြက္ကုိ အစ္မ လႉေပးခ်င္တယ္ေပါ့ေနာ္။ ပထမက အစ္မ စတုဒီသာေကြၽးဖုိ႔စဥ္းစားထားတာ ဒံေပါက္က်ေတာ့ ေနပူတယ္ေပါ့ေနာ္ ၾကက္ဆီထမင္းလုိက္ေကြၽးမယ္ေပါ့ေနာ္ အေအးနဲ႔ အဲ့အခါက်ေတာ့လည္း သယ္ရျပဳရတာ အလုပ္႐ႈပ္တာခ်င္းအတူတူ သူတုိ႔စားႏုိင္တယ္ သူတုိ႔ဒီမွာ ထမင္းစားရမယ္ သူတုိ႔ စားႏုိင္လည္း တစ္နပ္ေပါ့ေနာ္ ဒါေလးနဲ႔ ဒီလုိမ်ိဳးအေျခာက္အျခမ္းေလးဆုိရင္ သူတုိ႔ႏွစ္ရက္သုံးရက္ေလာက္ေတာ့ ဖူလုံသြားမွာပဲ ဆုိၿပီးေတာ့ ဆန္တစ္ေယာက္ကုိ ေလးျပည္ ေနာက္ ဆီက ၁ပိႆ၂၀ ပုံးေပါ့ ကလားပဲက ၁ပိႆ ေနာက္ ေဆးျခင္းေတာင္းေလးေတြေပါ့ေနာ္ ေဆးဆုိရင္ ဗမာေဆးေလးေတြ အကုန္လုံးကုိ လာလႉေပးျဖစ္တာပါ။

အစ္မတုိ႔က အိမ္ေထာင္စုကုိ လႉသလုိေပါ့ စီးပြားေရးတစ္ခုထူေထာင္မယ္ ဟုိတစ္ေခါက္ကဆုိ အစ္မ ေမွာ္ဘီကုိသြားတယ္ ကေလးေမြးသြားၿပီးေတာ့ ကေလးကေတာ့ အသက္မ႐ွင္ဘူးေပါ့ေနာ္ သူ႔မိခင္လက္ထဲကုိ ျပန္အပ္တဲ့ အခါက်ေတာ့ အိမ္ေထာင္စုတစ္ခုအေနနဲ႔ ထူေထာင္ေပးလုိက္တယ္။ အဲ့လိုမ်ိဳးေလးေတြ အစ္မတုိ႔က လုပ္ေနတယ္။ အခုဆုိရင္ ခ်င္းမေလးတစ္ေယာက္က ေလးလပုိင္းဆုိရင္ ေမြးေတာ့မယ္ အဲ့ေတာ့ အဲ့ကေလးေတြ အစ္မတုိ႔မွာ ႐ွိတယ္။ သူတုိ႔ရဲ႕ စားဝတ္ေနေရး သူတုိ႔ရဲ႕ ေဆးကုသ စားရိတ္ေတြက အစ္မတုိ႔က ပုံမွန္ Run ေနတာ အဲ့တာက်ေတာ့ အေသးစိတ္က်ေတာ့ Facebook ေပၚမတင္ျဖစ္ဘူး။

Page မွာေတာ့ တင္ျဖစ္တာေပါ့ေနာ္။ ေနာက္ ကေလးေတြ ေဆးဝါးမကုသႏုိင္တဲ့ ကေလးေတြ အစ္မတုိ႔ ေဆးဝါးကုသေပးတယ္။ နယ္ကေန လာတယ္လာတဲ့ ကေလးေတြကုိ အစ္မတုိ႔ သြားေခၚေပးတယ္ ေဆး႐ုံတင္ေပးတယ္။ ၿပီးေတာ့ ေဆးဝါးကုသုတဲ့ စားရိတ္ေတြ အစ္မတုိ႔ ေထာက္ပံ့ေပးတယ္။ ဒါေတြက်ေတာ့လည္း အစ္မ အျမဲတမ္းလုိလုိေတာ့ မတင္ျဖစ္ဘူးေပါ့ေနာ္။ အဲ့ေတာ့ လူေတြက အစ္မရဲ႕ ပုံမွန္လုပ္ငန္းစဥ္မ႐ွိဘူးလုိ႔ ထင္ေနမွာဆုိးလုိ႔။”လုိ႔ ေျပာသြားခဲ့ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
 တစ်ချိန်တုန်းက ကောင်းမွန် ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုချစ်ခင်မှုတို့ကို ရရှိထားခဲ့သလို အခုလက်ရှိအချိန်မှာလည်း ပရဟိတလုပ်ငန်းတွေ ကိုယ်တိုင် ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ လမ်းပြင်တဲ့ အလုပ်သမား ၁၀၀ အတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းဖြစ်တဲ့အကြောင်း အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ခိုင်နှင်းဝေက “ဒီနေ့ အစ်မပေါ့နော် တစ်လ လစဉ် အိမ်ထောင်စုအစား အစ်မ ဒီလိုမျိုးလေးတွေ လှူမယ်လို့ စဉ်းစားထားတယ်ပေါ့နော် ဒီနေ့ဆိုရင်တော့ လမ်းလုပ်သားတွေပေါ့ ဟိုတစ်ခေါက်တုန်းကလည်း လမ်းလုပ်သားတွေနဲ့ ဆိုက္ကားသမားတွေနဲ့ အလှူပေးဖြစ်တယ် အခုကျတော့ ဒီဘက်မှာ လမ်းပြင်တာတွေ အရမ်းများတယ်ဆိုတော့ ကိုယ်နိုင်သလောက်ပေါ့ လူတစ်ရာစာပါ။ လူတစ်ရာစာကို အစ်မလာလှူပေးဖြစ်တာပါ။ အရမ်းဝမ်းသာတယ် အစ်မတို့က ဒီလိုမျိုး လုပ်သားတွေကို ဘာကြောင့်လှူဖြစ်လဲဆိုရင် အောက်ခြေလူတန်းစားပေါ့နော် အဓိကတော့ အလုပ်ကို တန်ဖိုးထားတဲ့လူတွေအခုက နေအရမ်းပူတယ်လေ အစ်မတို့အခု လာလှူတာလေးကိုတောင် အရမ်းပင်ပန်းတယ်။ သူတို့ဆို တစ်နေကုန်လုပ်နေရတာ ကတ္တရာစီးတွေနဲ့ ကျောက်မှုန်တွေကြားထဲမှာ လုပ်နေရတဲ့ အခါကျတော့ အစ်မ ကိုယ်ချင်းလည်းစာတယ် ကိုယ်ကတော့ ဒီလမ်းတွေ ဖြတ်သွားတဲ့အခါမှာ အဲကွန်းနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းဖြတ်တယ်။

သူတို့လည်း သူတို့အလုပ်ဆိုပေမယ့် အလုပ်ကို တန်ဖိုးထားပြီး လုပ်တဲ့သူတွေအတွက်ကို အစ်မ လှူပေးချင်တယ်ပေါ့နော်။ ပထမက အစ်မ စတုဒီသာကျွေးဖို့စဉ်းစားထားတာ ဒံပေါက်ကျတော့ နေပူတယ်ပေါ့နော် ကြက်ဆီထမင်းလိုက်ကျွေးမယ်ပေါ့နော် အအေးနဲ့ အဲ့အခါကျတော့လည်း သယ်ရပြုရတာ အလုပ်ရှုပ်တာချင်းအတူတူ သူတို့စားနိုင်တယ် သူတို့ဒီမှာ ထမင်းစားရမယ် သူတို့ စားနိုင်လည်း တစ်နပ်ပေါ့နော် ဒါလေးနဲ့ ဒီလိုမျိုးအခြောက်အခြမ်းလေးဆိုရင် သူတို့နှစ်ရက်သုံးရက်လောက်တော့ ဖူလုံသွားမှာပဲ ဆိုပြီးတော့ ဆန်တစ်ယောက်ကို လေးပြည် နောက် ဆီက ၁ပိဿ၂၀ ပုံးပေါ့ ကလားပဲက ၁ပိဿ နောက် ဆေးခြင်းတောင်းလေးတွေပေါ့နော် ဆေးဆိုရင် ဗမာဆေးလေးတွေ အကုန်လုံးကို လာလှူပေးဖြစ်တာပါ။

အစ်မတို့က အိမ်ထောင်စုကို လှူသလိုပေါ့ စီးပွားရေးတစ်ခုထူထောင်မယ် ဟိုတစ်ခေါက်ကဆို အစ်မ မှော်ဘီကိုသွားတယ် ကလေးမွေးသွားပြီးတော့ ကလေးကတော့ အသက်မရှင်ဘူးပေါ့နော် သူ့မိခင်လက်ထဲကို ပြန်အပ်တဲ့ အခါကျတော့ အိမ်ထောင်စုတစ်ခုအနေနဲ့ ထူထောင်ပေးလိုက်တယ်။ အဲ့လိုမျိုးလေးတွေ အစ်မတို့က လုပ်နေတယ်။ အခုဆိုရင် ချင်းမလေးတစ်ယောက်က လေးလပိုင်းဆိုရင် မွေးတော့မယ် အဲ့တော့ အဲ့ကလေးတွေ အစ်မတို့မှာ ရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေး သူတို့ရဲ့ ဆေးကုသ စားရိတ်တွေက အစ်မတို့က ပုံမှန် Run နေတာ အဲ့တာကျတော့ အသေးစိတ်ကျတော့ Facebook ပေါ်မတင်ဖြစ်ဘူး။

Page မှာတော့ တင်ဖြစ်တာပေါ့နော်။ နောက် ကလေးတွေ ဆေးဝါးမကုသနိုင်တဲ့ ကလေးတွေ အစ်မတို့ ဆေးဝါးကုသပေးတယ်။ နယ်ကနေ လာတယ်လာတဲ့ ကလေးတွေကို အစ်မတို့ သွားခေါ်ပေးတယ် ဆေးရုံတင်ပေးတယ်။ ပြီးတော့ ဆေးဝါးကုသုတဲ့ စားရိတ်တွေ အစ်မတို့ ထောက်ပံ့ပေးတယ်။ ဒါတွေကျတော့လည်း အစ်မ အမြဲတမ်းလိုလိုတော့ မတင်ဖြစ်ဘူးပေါ့နော်။ အဲ့တော့ လူတွေက အစ်မရဲ့ ပုံမှန်လုပ်ငန်းစဉ်မရှိဘူးလို့ ထင်နေမှာဆိုးလို့။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top