ရန္ကင္းရွိ ဇူလိုင္လတြင္အခန္းအပ္မည့္ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ေခါင္းကုိက္ျခင္းဆုိတာ စိတ္ဖိစီးမူေၾကာင့္ျဖစ္ေစ၊ အာရုံစုိက္မူမ်ားလုိ႕ျဖစ္ေစ မၾကာမၾကာ ၾကဳံေတြ႕ရတတ္တဲ႕ စိတ္ကသိကေအာင့္ျဖစ္စရာ က်န္းမာေရးျပသာနာ တစ္ခုျဖစ္ပါတယ္။ တခ်ိဳ႕ေတြကေတာ့ ေခါင္းကုိက္ျခင္းအတြက္ အကုိက္ခဲေပ်ာက္ေဆးေတြ သုံးတတ္ၾကေပမယ့္ ၾကာရွည္မွာ ေဘးထြက္ဆုိးက်ဳိးရွိတတ္တာမုိ႕ ေခါင္းကုိက္ျခင္းကို ကုသနုိင္မည့္ သဘာဝ နည္းလမ္းတစ္ခု ကိုေဖာ္ျပေပးခ်င္ပါတယ္။

လူသားေတြရဲ႕ ကုိယ္ခႏၶာေပၚမွာ ကုိယ္တြင္းျဖစ္စဥ္ေတြကုိ ထိေရာက္ေစတဲ႕ ခလုတ္ေတြမ်ားစြာရွိပါတယ္။ ဒီခလုတ္ေလးေတြကုိ သိထားရင္ ေတာ္တန္ရုံေခါင္းကိုက္ျခင္းအတြက္ ေဆးေသာက္ေနစရာမလုိေတာ့ပါဘူး။

၁- Union valley

Union valley ဆုိတာကေတာ့ လက္မနဲ႕ လက္ညဳိးၾကားမွာရွိတဲ႕ခ်ဳိင့္ေနရာေလးျဖစ္ပါတယ္။ ေခါင္းျခင္းကုိသက္သာ ေစဖုိ႕ဆုိ လက္မနဲ႕ လက္ညဳိးၾကားကေနရာေလးကုိ လက္ဖမုိးေပၚေရာ၊ လက္ဖဝါးေပၚပါ မနာက်င္ေအာင္ ၁၀ စကၠန္႕ၾကာ နွိပ္ေပးနိုင္ပါတယ္။

၂- Drilling bamboo

Drilling bamboo ကေတာ့ မ်က္ခုံးနွစ္ခုဆုံေတာ့မည့္ ေအာက္ေနရာေလးျဖစ္ပါတယ္။ လက္ညဳိးနဲ႕ မ်က္ခုံးနွစ္ခုေအာက္ေနရာကုိ ၁၀ စကၠန္႕ၾကာနွိပ္ေပးျခင္းျဖင့္ ေခါင္းကုိက္ျခင္းကုိသက္သာေစနုိင္ပါတယ္။ အဲ႕ဒီေနရာေလးဟာ မ်က္လုံးအာရုံစုိက္မူနွင့္ နွာေခါင္းနွင့္ဆက္ေနသည့္ ဦးေခါင္း နာက်င္မူမွ ျဖစ္လာေသာ ေခါင္းကုိက္ျခင္း ေတြကုိသက္သာေစနုိင္တာပါ။

၃- Gates of consciousness

Gates of consciousness ဟာဦးေခါင္းခြံရဲ႕ေအာက္ေျခမွာ အျပဳိင္တည္ရွိေနတဲ႕ အလ်ားလုိက္ေက်ာရိုးၾကားက အေပါက္ေနရာျဖစ္ပါတယ္။ လက္ခလယ္နဲ႕ အဲ႕ဒီအေပါက္ေနရာေလးကုိ ၁၀ စကၠန္႕ၾကာ ဖိနွိပ္ေပးျခင္းက လည္ပင္းနွင့္ကုတ္္ေညာင္းညာျခင္းမွျဖစ္လာေသာ ေခါင္းကုိက္ျခင္းကို သက္သာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MM

#Unicode Version# ျဖင့္ဖတ္ပါ ။

ခေါင်းကိုက်ခြင်းဆိုတာ စိတ်ဖိစီးမူကြောင့်ဖြစ်စေ၊ အာရုံစိုက်မူများလို့ဖြစ်စေ မကြာမကြာ ကြုံတွေ့ရတတ်တဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ကျန်းမာရေးပြသာနာ တစ်ခုဖြစ်ပါတယ်။ တချို့တွေကတော့ ခေါင်းကိုက်ခြင်းအတွက် အကိုက်ခဲပျောက်ဆေးတွေ သုံးတတ်ကြပေမယ့် ကြာရှည်မှာ ဘေးထွက်ဆိုးကျိုးရှိတတ်တာမို့ ခေါင်းကိုက်ခြင်းကို ကုသနိုင်မည့် သဘာဝ နည်းလမ်းတစ်ခု ကိုဖော်ပြပေးချင်ပါတယ်။

လူသားတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ ကိုယ်တွင်းဖြစ်စဉ်တွေကို ထိရောက်စေတဲ့ ခလုတ်တွေများစွာရှိပါတယ်။ ဒီခလုတ်လေးတွေကို သိထားရင် တော်တန်ရုံခေါင်းကိုက်ခြင်းအတွက် ဆေးသောက်နေစရာမလိုတော့ပါဘူး။

၁- Union valley

Union valley ဆိုတာကတော့ လက်မနဲ့ လက်ညိုးကြားမှာရှိတဲ့ချိုင့်နေရာလေးဖြစ်ပါတယ်။ ခေါင်းခြင်းကိုသက်သာ စေဖို့ဆို လက်မနဲ့ လက်ညိုးကြားကနေရာလေးကို လက်ဖမိုးပေါ်ရော၊ လက်ဖဝါးပေါ်ပါ မနာကျင်အောင် ၁၀ စက္ကန့်ကြာ နှိပ်ပေးနိုင်ပါတယ်။

၂- Drilling bamboo

Drilling bamboo ကတော့ မျက်ခုံးနှစ်ခုဆုံတော့မည့် အောက်နေရာလေးဖြစ်ပါတယ်။ လက်ညိုးနဲ့ မျက်ခုံးနှစ်ခုအောက်နေရာကို ၁၀ စက္ကန့်ကြာနှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်။ အဲ့ဒီနေရာလေးဟာ မျက်လုံးအာရုံစိုက်မူနှင့် နှာခေါင်းနှင့်ဆက်နေသည့် ဦးခေါင်း နာကျင်မူမှ ဖြစ်လာသော ခေါင်းကိုက်ခြင်း တွေကိုသက်သာစေနိုင်တာပါ။

၃- Gates of consciousness

Gates of consciousness ဟာဦးခေါင်းခွံရဲ့အောက်ခြေမှာ အပြိုင်တည်ရှိနေတဲ့ အလျားလိုက်ကျောရိုးကြားက အပေါက်နေရာဖြစ်ပါတယ်။ လက်ခလယ်နဲ့ အဲ့ဒီအပေါက်နေရာလေးကို ၁၀ စက္ကန့်ကြာ ဖိနှိပ်ပေးခြင်းက လည်ပင်းနှင့်ကုတ်ညောင်းညာခြင်းမှဖြစ်လာသော ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top