ထီဆုႀကီးေပါက္လွ်င္ အပိုဆုေပးမည္ဟုေၾကညာထားေသာ္လည္း အပိုဆုမေပးသည့္ကိစၥႏွင့္ပတ္သက္ၿပီး က်ပ္သိန္းတစ္ေသာင္းခြဲဆုရွင္ ဆရာေတာ္ဘဒၵႏၲစႏိၵမာသတင္းစာရွင္းလင္း

ေနျပည္ေတာ္၊ မတ္ ၃ဝ-ထီဆုႀကီးေပါက္ လွ်င္ အပိုဆုေပးမည္ဟု ေၾကညာထား ေသာ္လည္း ထီေပါက္ခဲ့ၿပီးေနာက္ အပုိဆု မေပးသည့္ကိစၥႏွင့္ပတ္သက္ၿပီး က်ပ္သိန္း တစ္ေသာင္းခြဲဆုရွင္ ဆရာေတာ္ဘဒၵႏၲ စႏိၵမာမွ အမ်ားသိရွိေစရန္ သတင္းစာရွင္း လင္းပြဲတစ္ခုကိုျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါသတင္းစာရွင္းလင္းပြဲကို မတ္ ၃ဝ ရက္တြင္ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕ နယ္ ေမတၱာစံ လူငယ္ဖြံ႕ၿဖိဳးေရးပရဟိတ ေက်ာင္း၌ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

”ဒီေန႔သတင္းစာရွင္းလင္းပြဲလုပ္ရတဲ့ ရည္ရြယ္ခ်က္က က်ပ္သိန္းတစ္ေသာင္းခြဲေပါက္ တဲ့ကိစၥနဲ႔ပတ္သက္လို႔ ဦးပၪၨင္းတုိ႔ကို သူတို႔ ေၾကညာထားတဲ့အတိုင္း အပိုဆုေပါ့ေလ။

ေရွ႕ဖံုးမွ-အဲဒီအပိုဆုကို ဦးပၪၨင္းတို႔ က ရလိုမႈနဲ႔ သတင္းစာရွင္းလင္း ပြဲ လုပ္ျခင္းမ်ိဳးေတာ့မဟုတ္ဘူး။ သိန္းတစ္ေသာင္းခြဲ ကံထူးရွင္ကို က်ပ္သိန္းတစ္ေထာင့္ငါးရာအပိုဆု၊ သူတို႔ေၾကညာတဲ့အထဲမွာ ေရႊတစ္ ဆယ္သား၊ ကားတစ္စီးေပးမယ္ ေပါ့။ အဲဒီေတာ့ ေရႊတစ္ဆယ္သား၊ ကားတစ္စီးကို ထည့္မေျပာဘူး။အပိုဆုေငြ က်ပ္သိန္းတစ္ေထာင့္ ငါးရာကို က်ဳပ္ကိုမလွဴပါနဲ႔ ေပး လည္း မေပးပါနဲ႔။ ဒါေပမဲ့ ဦးၪၨင္း ေက်ာင္းမွာ ကေလးေတြအတြက္ စာသင္ေက်ာင္း လုပ္ခ်င္တယ္။ေဆာက္ေပးပါ။ လံုၿခံဳမႈအုတ္တံတိုင္း မရွိဘူး။ လုပ္ေပးပါလို႔ ခင္ဗ်ားတို႔ ကုမၸဏီနာမည္ေလးနဲ႔ ကမၸည္းထိုး လည္း ရပါတယ္။ အ႐ိုးသားဆံုး ေျပာခဲ့တယ္။ ဒါေပမဲ့လည္း သူတို႔ က အဲဒါဆုိရင္ျဖစ္ႏုိင္ပါတယ္။ ဘာ ညာနဲ႔အေစာပိုင္းေျပာတယ္။ ေနာက္ တစ္ခါ မျဖစ္ႏုိင္ဘူးေျပာပါတယ္” ဟု က်ပ္သိန္းတစ္ေသာင္းခြဲဆုရွင္ ေတာင္နီကေလးဆရာေတာ္ ဘဒၵႏၲ စႏိၵမာက မိန္႔ၾကားသည္။

ဆရာေတာ္အား ဂုဏ္ျပဳပြဲလုပ္ ေပးၿပီး ဂုဏ္ျပဳလက္မွတ္၊ သာသနာ့ အလံႏွင့္ ဗုဒၶဂယာသြားရန္ လက္ မွတ္ႏွစ္ေစာင္ေပးမည္ျဖစ္ၿပီး မိမိ စရိတ္ျဖင့္ လာရန္ေျပာေၾကာင္း ဆရာေတာ္က ေျပာသည္။

ဆက္လက္ၿပီး ဆရာေတာ္က ”အစကတည္းကိုက မလုပ္ေပးခ်င္ ဘူးဆုိရင္ ေၾကညာစရာမလိုဘူး။ တိုင္းသိျပည္သိ ကမၻာသိေအာင္ ေၾကညာစရာမလုိဘူး။ ဒီလိုေၾကညာ ထားပါလ်က္နဲ႔ အပိုဆုေဝါဟာရ ကိုေပးမယ္ဆိုၿပီး ေၾကညာတာလဲ။ ဘာျဖစ္လို႔ တစ္ႏုိင္ငံလံုးကရွိတဲ့ ကမၻာအရပ္ရပ္မွာရွိတဲ့ဟာေတြကို အားလံုးကို မက္လံုးေပးဆြဲေဆာင္ တာေတြကို တကယ္တမ္း ေပါက္ လာတဲ့အခါက်ေတာ့ မေပးခ်င္ဘဲ နဲ႔ ေဝ့လည္ေၾကာင္ပတ္လုပ္ေနတယ္။ အဲဒီေတာ့ ဦးဇင္းတို႔က ဒီအပိုဆု က်ပ္သိန္းတစ္ေထာင့္ငါးရာကို လို ခ်င္တဲ့စိတ္နဲ႔ ေျပာတာမဟုတ္ဘူး။ အစထဲကိုက မလုိခ်င္ဘူး။ ဒါေလး ေတြကေတာ့ ကေလးေတြအတြက္ လုပ္ေပးပါ။ ေအးေအးေဆးေဆး ေတာင္းဆုိတဲ့ဟာကို ပထမေတာ့ ေကာင္းတာေပါ့ ဘုရား။ လုပ္ေပး မွာေပါ့ဘုရားနဲ႔ ေနာက္က်ေတာ့ မလုပ္ေပးႏုိင္တဲ့ အေနအထားေရာက္ လာတယ္။ ဒါေၾကာင့္ ဒီေန႔သတင္း စာရွင္းလင္းပြဲလုပ္ၿပီး အမွန္တရား ကို ေဖာ္ထုတ္တာပါ”ဟု ဦးစႏၵိမာ က မိန္႔သည္။

ထီေပါက္လွ်င္ ေပါက္သည့္ ထီလက္မွတ္ကို မည္သူ႔ထံမွမအပ္ ေစလိုေၾကာင္း၊ ထီေပါက္သည့္လက္ မွတ္ကို သိန္းတစ္ေထာင္၊ သိန္း သံုးေထာင္ အပိုေပး၍ ဝယ္ယူလုိ သူမ်ားရွိေသာ္လည္း မေရာင္းခ်ခဲ့ ေၾကာင္းႏွင့္ ထီလက္မွတ္ကိုအစုိးရ ထံ ျပန္အပ္မည္ျဖစ္ေၾကာင္း၊ ယင္း ထီေပါက္ထားေသာ ထီလက္မွတ္ ေၾကာင့္ ေငြျဖဴမ်ားရရွိျခင္း၊ အခြန္ ကင္းလြတ္ခြင့္ရျခင္း အက်ိဳးမ်ား ရွိေသာ္လည္း ဆင္းရဲသားျပည္သူ မ်ား မသိရွိေသာေၾကာင့္ နစ္နာမႈ မ်ားမျဖစ္ေစလုိေၾကာင္း၊ ေငြျဖဴကို ေငြမည္းအေပးခံရၿပီး လိမ္လည္ လွည့္ထုတ္ေနသမွ် တိုင္းျပည္မတိုး တက္ေၾကာင္း ဆရာေတာ္ဘဒၵႏၲ စႏိၵမာက သတင္းစာရွင္းလင္းပြဲ တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ဆရာေတာ္ ဘဒၵႏၲစႏိၵမာသည္ မတ္ ၁ ရက္က ပထမအႀကိမ္ဖြင့္ လွစ္ခဲ့သည့္ က်ပ္သိန္းတစ္ေသာင္း ငါးေထာင္ဆုကုိ အ-၇၉၂၉၄၁ျဖင့္ ပထမဆံုးရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိ ရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Media Group

#Unicode Version# ျဖင့္ဖတ္ပါ ။

ထီဆုကြီးပေါက်လျှင် အပိုဆုပေးမည်ဟုကြေညာထားသော်လည်း အပိုဆုမပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်းတစ်သောင်းခွဲဆုရှင် ဆရာတော်ဘဒ္ဒန္တစန္ဒိမာသတင်းစာရှင်းလင်း

နေပြည်တော်၊ မတ် ၃ဝ-ထီဆုကြီးပေါက် လျှင် အပိုဆုပေးမည်ဟု ကြေညာထား သော်လည်း ထီပေါက်ခဲ့ပြီးနောက် အပိုဆု မပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျပ်သိန်း တစ်သောင်းခွဲဆုရှင် ဆရာတော်ဘဒ္ဒန္တ စန္ဒိမာမှ အများသိရှိစေရန် သတင်းစာရှင်း လင်းပွဲတစ်ခုကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို မတ် ၃ဝ ရက်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့ နယ် မေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

”ဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ကျပ်သိန်းတစ်သောင်းခွဲပေါက် တဲ့ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္ဇင်းတို့ကို သူတို့ ကြေညာထားတဲ့အတိုင်း အပိုဆုပေါ့လေ။

ရှေ့ဖုံးမှ-အဲဒီအပိုဆုကို ဦးပဉ္ဇင်းတို့ က ရလိုမှုနဲ့ သတင်းစာရှင်းလင်း ပွဲ လုပ်ခြင်းမျိုးတော့မဟုတ်ဘူး။ သိန်းတစ်သောင်းခွဲ ကံထူးရှင်ကို ကျပ်သိန်းတစ်ထောင့်ငါးရာအပိုဆု၊ သူတို့ကြေညာတဲ့အထဲမှာ ရွှေတစ် ဆယ်သား၊ ကားတစ်စီးပေးမယ် ပေါ့။ အဲဒီတော့ ရွှေတစ်ဆယ်သား၊ ကားတစ်စီးကို ထည့်မပြောဘူး။အပိုဆုငွေ ကျပ်သိန်းတစ်ထောင့် ငါးရာကို ကျုပ်ကိုမလှူပါနဲ့ ပေး လည်း မပေးပါနဲ့။ ဒါပေမဲ့ ဦးဉ္ဇင်း ကျောင်းမှာ ကလေးတွေအတွက် စာသင်ကျောင်း လုပ်ချင်တယ်။ဆောက်ပေးပါ။ လုံခြုံမှုအုတ်တံတိုင်း မရှိဘူး။ လုပ်ပေးပါလို့ ခင်ဗျားတို့ ကုမ္ပဏီနာမည်လေးနဲ့ ကမ္ပည်းထိုး လည်း ရပါတယ်။ အရိုးသားဆုံး ပြောခဲ့တယ်။ ဒါပေမဲ့လည်း သူတို့ က အဲဒါဆိုရင်ဖြစ်နိုင်ပါတယ်။ ဘာ ညာနဲ့အစောပိုင်းပြောတယ်။ နောက် တစ်ခါ မဖြစ်နိုင်ဘူးပြောပါတယ်” ဟု ကျပ်သိန်းတစ်သောင်းခွဲဆုရှင် တောင်နီကလေးဆရာတော် ဘဒ္ဒန္တ စန္ဒိမာက မိန့်ကြားသည်။

ဆရာတော်အား ဂုဏ်ပြုပွဲလုပ် ပေးပြီး ဂုဏ်ပြုလက်မှတ်၊ သာသနာ့ အလံနှင့် ဗုဒ္ဓဂယာသွားရန် လက် မှတ်နှစ်စောင်ပေးမည်ဖြစ်ပြီး မိမိ စရိတ်ဖြင့် လာရန်ပြောကြောင်း ဆရာတော်က ပြောသည်။

ဆက်လက်ပြီး ဆရာတော်က ”အစကတည်းကိုက မလုပ်ပေးချင် ဘူးဆိုရင် ကြေညာစရာမလိုဘူး။ တိုင်းသိပြည်သိ ကမ္ဘာသိအောင် ကြေညာစရာမလိုဘူး။ ဒီလိုကြေညာ ထားပါလျက်နဲ့ အပိုဆုဝေါဟာရ ကိုပေးမယ်ဆိုပြီး ကြေညာတာလဲ။ ဘာဖြစ်လို့ တစ်နိုင်ငံလုံးကရှိတဲ့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ဟာတွေကို အားလုံးကို မက်လုံးပေးဆွဲဆောင် တာတွေကို တကယ်တမ်း ပေါက် လာတဲ့အခါကျတော့ မပေးချင်ဘဲ နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။ အဲဒီတော့ ဦးဇင်းတို့က ဒီအပိုဆု ကျပ်သိန်းတစ်ထောင့်ငါးရာကို လို ချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ဘူး။ အစထဲကိုက မလိုချင်ဘူး။ ဒါလေး တွေကတော့ ကလေးတွေအတွက် လုပ်ပေးပါ။ အေးအေးဆေးဆေး တောင်းဆိုတဲ့ဟာကို ပထမတော့ ကောင်းတာပေါ့ ဘုရား။ လုပ်ပေး မှာပေါ့ဘုရားနဲ့ နောက်ကျတော့ မလုပ်ပေးနိုင်တဲ့ အနေအထားရောက် လာတယ်။ ဒါကြောင့် ဒီနေ့သတင်း စာရှင်းလင်းပွဲလုပ်ပြီး အမှန်တရား ကို ဖော်ထုတ်တာပါ”ဟု ဦးစန္ဒိမာ က မိန့်သည်။

ထီပေါက်လျှင် ပေါက်သည့် ထီလက်မှတ်ကို မည်သူ့ထံမှမအပ် စေလိုကြောင်း၊ ထီပေါက်သည့်လက် မှတ်ကို သိန်းတစ်ထောင်၊ သိန်း သုံးထောင် အပိုပေး၍ ဝယ်ယူလို သူများရှိသော်လည်း မရောင်းချခဲ့ ကြောင်းနှင့် ထီလက်မှတ်ကိုအစိုးရ ထံ ပြန်အပ်မည်ဖြစ်ကြောင်း၊ ယင်း ထီပေါက်ထားသော ထီလက်မှတ် ကြောင့် ငွေဖြူများရရှိခြင်း၊ အခွန် ကင်းလွတ်ခွင့်ရခြင်း အကျိုးများ ရှိသော်လည်း ဆင်းရဲသားပြည်သူ များ မသိရှိသောကြောင့် နစ်နာမှု များမဖြစ်စေလိုကြောင်း၊ ငွေဖြူကို ငွေမည်းအပေးခံရပြီး လိမ်လည် လှည့်ထုတ်နေသမျှ တိုင်းပြည်မတိုး တက်ကြောင်း ဆရာတော်ဘဒ္ဒန္တ စန္ဒိမာက သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆရာတော် ဘဒ္ဒန္တစန္ဒိမာသည် မတ် ၁ ရက်က ပထမအကြိမ်ဖွင့် လှစ်ခဲ့သည့် ကျပ်သိန်းတစ်သောင်း ငါးထောင်ဆုကို အ-၇၉၂၉၄၁ဖြင့် ပထမဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top