iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးကင္းစ ၂၃ ရက္သားသာရွိေသးတဲ့ သမီးေလးဟာ မိခင္ႏို႔ရည္ မ်က္လုံးထဲဝင္ရာမွ မ်က္စိကန္းခဲ့ရတဲ့ အျဖစ္ကို ကံမေကာင္းစြာနဲ႔ က်ေရာက္ခဲ့ပါတယ္။ ကေလးဟာ လမေစ့ပဲ ကိုယ္ဝန္ ၃၇ ပတ္နဲ႔ ေမြးခဲ့တဲ့ သမီးေလးျဖစ္ပါတယ္။ ေမြးၿပီးကာစမွာ က်န္းမာေရးအေျခအေန အားလုံးေကာင္းမြန္ၿပီး ႏို႔တိုက္ရတာလည္း လြယ္ကာ မ်က္စိႏွစ္ဖက္လုံးလည္း ျမင္ပါတယ္..

ေမြးၿပီး ႏွစ္ရက္ေျမာက္ေန႔မွာ မ်က္လုံး စပြင့္ခဲ့ပါတယ္။ တတိယေျမာက္ေန႔မွာ သမီးေလးရဲ့ မ်က္စိကေန ျပည္လိုလို၊ မ်က္ေခ်းလိုလို ေစးျပစ္ျပစ္ေလးေတြ ထြက္လာတာေၾကာင့္ မိခင္ျဖစ္သူဟာ ဆားဓာတ္ပါဝင္ တိုင္းရင္းမ်က္စဥ္းေဆး တစ္မ်ိဳးကို ခပ္ေပးခဲ့ပါတယ္။
ဒီလိုနဲ႔ တစ္ပတ္ေလာက္အၾကာမွာ ကေလးရဲ့မ်က္လုံးေတြ ေယာင္ရမ္းလာၿပီး မ်က္လုံးမဖြင့္နိုင္ျဖစ္လာခဲ့ပါတယ္။ သူမက အိမ္နီးနားခ်င္းေတြကို အကူညီေတာင္းရာ အိမ္နီးခ်င္းေတြက ကေလးရဲ့ မ်က္လုံးထဲကို မိခင္ နို႔ရည္ ခပ္ေပးရင္ ေပ်ာက္သြားလိမ့္မယ္လို႔ အႀကံေပးၾကတာေၾကာင့္ ကေလး မ်က္လုံးထဲကို နို႔ရည္ ၃ စက္ ၄ စက္ေလာက္ ေန႔တိုင္း ခပ္ေပးခဲ့ပါတယ္။

ဒါေပမယ့္ လုံးဝ မသက္သာတဲ့အတြက္ မ်က္စိေဆး႐ုံ သြားျပခဲ့ပါတယ္။ ေဆးစစ္ၿပီးတဲ့အခါ ကေလးရဲ့ မ်က္ၾကည္လႊာ ထိခိုက္ပ်က္ဆီးနိုင္တဲ့ အႏၲရာယ္ေတြ႕ရေၾကာင္း ဆရာဝန္ေတြက စိတ္မေကာင္းစြာနဲ႔ ေျပာျပခဲ့ပါတယ္။
ဒီအခါက်မွ နားလည္တတ္ကၽြမ္းတဲ့ ဆရာဝန္ေတြနဲ႔ ျပရမယ့္အစား သူမ်ားေျပာတဲ့ ေဆးၿမီးတိုေတြနဲ႔ မဆင္မျခင္ လုပ္ခဲ့တာေတြအတြက္ အႀကီးအက်ယ္ေနာင္တရၿပီး မ်က္ရည္ၿဖိဳင္ၿဖိဳင္ က်ခဲ့ပါတယ္။

ဒါေၾကာင့္မို႔ ႏုနယ္လြန္းတဲ့ ကေလးေတြနဲ႔ ပက္သက္လာရင္ ေရွးထုံးလည္း မပယ္နဲ႔ ေစ်းသုံးလည္ မလြယ္နဲ႔ ဆိုစကားရွိသည့္တိုင္ နားလည္တတ္ကၽြမ္းတဲ့ ဆရာဝန္ေတြရဲ့ အႀကံဉာဏ္နဲ႔ ကုသမွုကိုသာ ခံယူသင့္ပါေၾကာင္း  မိခင္မ်ားသတိခ်ပ္နိုင္ေအာင္ ေဖာ္ျပလိုက္ရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
မွေးကင်းစ ၂၃ ရက်သားသာရှိသေးတဲ့ သမီးလေးဟာ မိခင်နို့ရည် မျက်လုံးထဲဝင်ရာမှ မျက်စိကန်းခဲ့ရတဲ့ အဖြစ်ကို ကံမကောင်းစွာနဲ့ ကျရောက်ခဲ့ပါတယ်။ ကလေးဟာ လမစေ့ပဲ ကိုယ်ဝန် ၃၇ ပတ်နဲ့ မွေးခဲ့တဲ့ သမီးလေးဖြစ်ပါတယ်။ မွေးပြီးကာစမှာ ကျန်းမာရေးအခြေအနေ အားလုံးကောင်းမွန်ပြီး နို့တိုက်ရတာလည်း လွယ်ကာ မျက်စိနှစ်ဖက်လုံးလည်း မြင်ပါတယ်..

မွေးပြီး နှစ်ရက်မြောက်နေ့မှာ မျက်လုံး စပွင့်ခဲ့ပါတယ်။ တတိယမြောက်နေ့မှာ သမီးလေးရဲ့ မျက်စိကနေ ပြည်လိုလို၊ မျက်ချေးလိုလို စေးပြစ်ပြစ်လေးတွေ ထွက်လာတာကြောင့် မိခင်ဖြစ်သူဟာ ဆားဓာတ်ပါဝင် တိုင်းရင်းမျက်စဉ်းဆေး တစ်မျိုးကို ခပ်ပေးခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ပတ်လောက်အကြာမှာ ကလေးရဲ့မျက်လုံးတွေ ယောင်ရမ်းလာပြီး မျက်လုံးမဖွင့်နိုင်ဖြစ်လာခဲ့ပါတယ်။ သူမက အိမ်နီးနားချင်းတွေကို အကူညီတောင်းရာ အိမ်နီးချင်းတွေက ကလေးရဲ့ မျက်လုံးထဲကို မိခင် နို့ရည် ခပ်ပေးရင် ပျောက်သွားလိမ့်မယ်လို့ အကြံပေးကြတာကြောင့် ကလေး မျက်လုံးထဲကို နို့ရည် ၃ စက် ၄ စက်လောက် နေ့တိုင်း ခပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် လုံးဝ မသက်သာတဲ့အတွက် မျက်စိဆေးရုံ သွားပြခဲ့ပါတယ်။ ဆေးစစ်ပြီးတဲ့အခါ ကလေးရဲ့ မျက်ကြည်လွှာ ထိခိုက်ပျက်ဆီးနိုင်တဲ့ အန္တရာယ်တွေ့ရကြောင်း ဆရာဝန်တွေက စိတ်မကောင်းစွာနဲ့ ပြောပြခဲ့ပါတယ်။
ဒီအခါကျမှ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြရမယ့်အစား သူများပြောတဲ့ ဆေးမြီးတိုတွေနဲ့ မဆင်မခြင် လုပ်ခဲ့တာတွေအတွက် အကြီးအကျယ်နောင်တရပြီး မျက်ရည်ဖြိုင်ဖြိုင် ကျခဲ့ပါတယ်။

ဒါကြောင့်မို့ နုနယ်လွန်းတဲ့ ကလေးတွေနဲ့ ပက်သက်လာရင် ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည် မလွယ်နဲ့ ဆိုစကားရှိသည့်တိုင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ အကြံဉာဏ်နဲ့ ကုသမှုကိုသာ ခံယူသင့်ပါကြောင်း  မိခင်များသတိချပ်နိုင်အောင် ဖော်ပြလိုက်ရပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top