20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ခန္႔စည္သူက ျပဳခဲ့တဲ့ ကုသုိလ္ေကာင္းမွဴေတြအတြက္ ပရိသတ္ေတြကုိ အမွ်ေပးေဝ ခဲ့ပါတယ္။ သူဟာ အႏုပညာအလုပ္ေတြ မွာလည္း ထူးခၽြန္သလုိ ပရဟိတအလုပ္ေတြမွာလည္း လက္မေႏွးသူပါ။

သရုပ္ေဆာင္ ခန္႔စည္သူဟာ မတ္လ ၃၀ ရက္ေန႔ ’အဘိဓဇ အဂၢမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ျခင္းခံရေသာ စစ္ကိုင္းစာသင္တိုက္ဆရာေတာ္၊ ေရႊသုဝဏ္ေက်ာင္းတိုက္ဆရာေတာ္ ႏွင့္ အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ျခင္းခံရေသာ ရတနာသိဂႌ ခရမ္းစာသင္တိုက္ဆရာေတာ္ မ်ားကုိ ဆြမ္းဆန္စိမ္းအလွဴျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။

‘’အဘိဓဇ အဂၢမဟာရ႒ဂု႐ု ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ျခင္းခံရေသာ စစ္ကိုင္းစာသင္တိုက္ဆရာေတာ္၊ ေရႊသုဝဏ္ေက်ာင္းတိုက္ဆရာေတာ္ ႏွင့္ အဂၢမဟာပ႑ိတ ဘြဲ႕တံဆိပ္ေတာ္ ဆက္ကပ္ျခင္းခံရေသာ ရတနာသိဂႌ ခရမ္းစာသင္တိုက္ဆရာေတာ္ တို႔အား အဘိဓဇ အဂၢမဟာဂုဏပူဇာႏွင့္ ဆြမ္းဆန္စိမ္း ေလာင္းလႉပြဲမဟာမဂၤလာကို ေအာင္ျမင္စြာ က်င္းပ၊လႉဒါန္းကုသိုလ္ယူ ႏိုင္ခဲ့ပါတယ္။ လႉဒါန္းမႉ အစုစုတို႔အတြက္ (၇) ရက္သား၊သမီး အေပါင္းတို႔ကို ေမတၱာပို႔ အမွ်ေပးေဝပါတယ္။သာဓု ေခၚဆိုႏိုင္ၾကပါေစခင္ဗ်ာ’’ ဆုိၿပီးေတာ့ မတ္လ ၃၀ ရက္ေန႔ ညေန ၆ နာရီခြဲ က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



ခန္႔စည္သူဦးေဆာင္တဲ့ ေမတၱာသဂၤဟပရဟိတအဖြဲ႔ဟာဆုိရင္ ၂၀၁၉ခုႏွစ္ ေမလအတြင္းမွာ ၈ ႏွစ္ျပည့္ေတာ့မွာ ျဖစ္ပါတယ္။ ၇ ႏွစ္ျပည့္အတြင္းမွာေတာ့ အလွဴေပါင္း ၆၄ ႀကိမ္ရွိၿပီး လွဴဒါန္းခဲ့တဲ့ အလွဴေငြေပါင္း ၂၇၃၇ သိန္းနဲ႔ ၅ ေသာင္းရွိၿပီလုိ႔ မီဒီယာအင္တာဗ်ဴးေတြမွာ ခန္႔စည္သူက ေျဖဆုိခဲ့ဖူးပါတယ္။

ပရဟိတအပုိင္းေတြမွာလည္း လွဴဒါန္းမႈေတြ လက္မေႏွးသလုိ သရုပ္ေဆာင္အပုိင္းမွာလည္း က်ရာဇာတ္ရုပ္တုိင္းကုိ ပီျပင္ေအာင္ သရုပ္ေဆာင္ ႏုိင္တဲ့ ခန္႔စည္သူကုိေတာ့ ပရိသတ္ေတြက အျမဲတမ္း ခ်စ္ခင္ေလးစားလွ်က္ရွိၾကပါတယ္။ တစ္ကုိယ္တည္း လူပ်ဳိႀကီးဘဝနဲ႔ အလုပ္ေတြမ်ားေနတဲ့ သူ႕အေနနဲ႔ အလွဴအတန္းလုပ္တာနဲ႔တင္ပဲ အခ်ိန္ကုန္ေနတာကုိ ေတြ႔ရပါတယ္။\

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ခန့်စည်သူက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှူတွေအတွက် ပရိသတ်တွေကို အမျှပေးဝေ ခဲ့ပါတယ်။ သူဟာ အနုပညာအလုပ်တွေ မှာလည်း ထူးချွန်သလို ပရဟိတအလုပ်တွေမှာလည်း လက်မနှေးသူပါ။

သရုပ်ဆောင် ခန့်စည်သူဟာ မတ်လ ၃၀ ရက်နေ့ ’အဘိဓဇ အဂ္ဂမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော စစ်ကိုင်းစာသင်တိုက်ဆရာတော်၊ ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ရတနာသိင်္ဂီ ခရမ်းစာသင်တိုက်ဆရာတော် များကို ဆွမ်းဆန်စိမ်းအလှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’အဘိဓဇ အဂ္ဂမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော စစ်ကိုင်းစာသင်တိုက်ဆရာတော်၊ ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် နှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ရတနာသိင်္ဂီ ခရမ်းစာသင်တိုက်ဆရာတော် တို့အား အဘိဓဇ အဂ္ဂမဟာဂုဏပူဇာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲမဟာမင်္ဂလာကို အောင်မြင်စွာ ကျင်းပ၊လှူဒါန်းကုသိုလ်ယူ နိုင်ခဲ့ပါတယ်။ လှူဒါန်းမှူ အစုစုတို့အတွက် (၇) ရက်သား၊သမီး အပေါင်းတို့ကို မေတ္တာပို့ အမျှပေးဝေပါတယ်။သာဓု ခေါ်ဆိုနိုင်ကြပါစေခင်ဗျာ’’ ဆိုပြီးတော့ မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲ က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ခန့်စည်သူဦးဆောင်တဲ့ မေတ္တာသင်္ဂဟပရဟိတအဖွဲ့ဟာဆိုရင် ၂၀၁၉ခုနှစ် မေလအတွင်းမှာ ၈ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၇ နှစ်ပြည့်အတွင်းမှာတော့ အလှူပေါင်း ၆၄ ကြိမ်ရှိပြီး လှူဒါန်းခဲ့တဲ့ အလှူငွေပေါင်း ၂၇၃၇ သိန်းနဲ့ ၅ သောင်းရှိပြီလို့ မီဒီယာအင်တာဗျူးတွေမှာ ခန့်စည်သူက ဖြေဆိုခဲ့ဖူးပါတယ်။

ပရဟိတအပိုင်းတွေမှာလည်း လှူဒါန်းမှုတွေ လက်မနှေးသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ ခန့်စည်သူကိုတော့ ပရိသတ်တွေက အမြဲတမ်း ချစ်ခင်လေးစားလျှက်ရှိကြပါတယ်။ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ အလုပ်တွေများနေတဲ့ သူ့အနေနဲ့ အလှူအတန်းလုပ်တာနဲ့တင်ပဲ အချိန်ကုန်နေတာကို တွေ့ရပါတယ်။\

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top