iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ကိုယ္ကိုယ္ ဓာတ္ဆီေလာင္းမီးရွိဳ႕ေသေၾကာင္းၾကံသူအမ်ိဳးသမီး ကြယ္လြန္သြားျပီ

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ကိုရီးယားႏိုင္ငံ၌ အလုပ္ လုပ္ကိုင္ေနေသာ ခင္ပြန္းျဖစ္သူႏွင့္ဖုန္းေျပာရာမွ စကားမ်ားရန္ျဖစ္ခဲ့သည့္အမ်ဳိးသမီး မိမိကိုယ္ကိုယ္ ဓာတ္ဆီေလာင္းမီးရႈိ႕ၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ အေရွ႕ပိုင္းခရိုင္၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၀၇) ရပ္ကြက္ေန မမိုးခိုင္၊ (၃၄)ႏွစ္ သည္ ကိုရီးယားႏိုင္ငံ၌အလုပ္လုပ္ကိုင္ေနသည့္ ၎၏ခင္ပြန္းျဖစ္သူကိုမင္းႏိုင္ႏွင့္ ဖုန္းေျပာၿပီး အဆင္မေျပျဖစ္ရာမွ

မတ္လ ၁၆ ရက္၊ နံနက္ ၁၀ နာရီ ၂၀ မိနစ္ခန္႔က အဆိုပါရပ္ကြက္ရွိ ျမဝတီမင္းႀကီး လမ္းမ၌ ကိုယ့္ကိုယ္ကိုယ္ ဓာတ္ဆီေလာင္းမီးရႈိ႕ခဲ့ေၾကာင္း ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္းမွ သိရသည္။

“သူတို႔လင္မယားခ်င္း ဖုန္းနဲ႔စကားေျပာၿပီးရန္ျဖစ္တယ္ေပါ့။ သူ႔ရဲ႕ေယာက်္ားက ကိုရီးယားမွာ အလုပ္လုပ္တယ္။ အဲဒီလိုရန္ျဖစ္ၿပီးေတာ့ သူ႔ကိုယ္သူဓာတ္ဆီေလာင္းမီးရႈိ႕ခဲ့တယ္” ဟု ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

မမိုးခိုင္သည္ မိမိကိုယ္ကို ဓာတ္ဆီေလာင္းမီးရႈိ႕ခဲ့သျဖင့္ ခႏၶာကိုယ္မီးေလာင္ကြၽမ္း ဒဏ္ရာမ်ား(စိုးရိမ္ရ)ရရွိခဲ့ၿပီး သဃၤန္းကြၽန္း(စံျပ)ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနစဥ္ ည ၈ နာရီ ၄၀ မိနစ္ခန္႔၌ ေသဆုံးသြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မမိုးခိုင္၊ (၃၄)ႏွစ္ကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္း၌ (ပ)၁၂၆၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၉(မိမိကိုယ္ကိုယ္ေသေၾကာင္းႀကံစည္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏိုင္မင္းလြင္

#Unicode Version# ျဖင့္ဖတ္ပါ ။

ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့သေကြောင်းကြံသူအမျိုးသမီး ကွယ်လွန်သွားပြီ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုရီးယားနိုင်ငံ၌ အလုပ် လုပ်ကိုင်နေသော ခင်ပွန်းဖြစ်သူနှင့်ဖုန်းပြောရာမှ စကားများရန်ဖြစ်ခဲ့သည့်အမျိုးသမီး မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၇) ရပ်ကွက်နေ မမိုးခိုင်၊ (၃၄)နှစ် သည် ကိုရီးယားနိုင်ငံ၌အလုပ်လုပ်ကိုင်နေသည့် ၎င်း၏ခင်ပွန်းဖြစ်သူကိုမင်းနိုင်နှင့် ဖုန်းပြောပြီး အဆင်မပြေဖြစ်ရာမှ

မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က အဆိုပါရပ်ကွက်ရှိ မြဝတီမင်းကြီး လမ်းမ၌ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ သိရသည်။

“သူတို့လင်မယားချင်း ဖုန်းနဲ့စကားပြောပြီးရန်ဖြစ်တယ်ပေါ့။ သူ့ရဲ့ယောကျ်ားက ကိုရီးယားမှာ အလုပ်လုပ်တယ်။ အဲဒီလိုရန်ဖြစ်ပြီးတော့ သူ့ကိုယ်သူဓာတ်ဆီလောင်းမီးရှို့ခဲ့တယ်” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။

မမိုးခိုင်သည် မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သဖြင့် ခန္ဓာကိုယ်မီးလောင်ကျွမ်း ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး သင်္ဃန်းကျွန်း(စံပြ)ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ည ၈ နာရီ ၄၀ မိနစ်ခန့်၌ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မမိုးခိုင်၊ (၃၄)နှစ်ကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း၌ (ပ)၁၂၆၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၉(မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်မင်းလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top