နယ္စပ္မွတဆင့္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသူ ျမန္မာႏိုင္ငံသား ၁၇ ဦးအား တာ့(ခ္)ခ႐ိုင္ ဝမ္ေက်ာက္ၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီလ ၂၈ ရက္၊ မြန္းလြဲ ၃ နာရီခန႔္က ဖမ္းဆီးခဲ့သည္။

ထိုင္းလဝက ႏွင့္ နယ္ျခားေစာင့္တပ္မွ တရားမဝင္အလုပ္သမားမ်ား သယ္ေဆာင္လာေသာ ကားအား ရပ္တန႔္စစ္ေဆးစဥ္ ႏိုင္ငံကူးလက္မွတ္မ်ား မပါေသာ ျမန္မာအလုပ္သမား အမ်ိဳးသား ၁၂ ဦးႏွင့္ အမ်ိဳးသမီး ၅ ဦး စုစုေပါင္း ၁၇ ဦးတို႔အား ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

၄င္းတို႔အား ဝမ္ေက်ာက္ရဲစခန္းတြင္ ထိန္းသိမ္းစစ္ေဆးခံရျခင္းျဖစ္ေၾကာင္း ထိုင္းေရာက္ျမန္မာအလုပ္သမား အေရး အကူအညီေပးေနေသာ ကိုေစာေမာင္က မဇၩိမသို႔ ေျပာသည္။

တရားမဝင္ ဝင္ေရာက္လာသူမ်ားကို စစ္ေဆးရာ ကားေမာင္းသမား ထိုင္းလူမ်ိဳး က်က္တူ႐ုန္(အသက္ ၃ဝႏွစ္) ဆိုသူက ဖုဖရဲၿမိဳ႕နယ္ကေန ပန္စန္ကစီေက်း႐ြာႏွင့္ဖမ္ဖူးင္ဆိုတဲ့ ေက်း႐ြာမ်ားမွ တဆင့္ၿပီးတဆင့္ ပစ္ကပ္ကားအမဲေရာင္ႏွင့္သယ္ေဆာင္လာျခင္းျဖစ္ၿပီး ဘန္ေကာက္သို႔ ပို႔ေဆာင္ရန္ သယ္ေဆာင္လာစဥ္ ဖမ္းမိခဲ့ျခင္း ျဖစ္သည္။

ဖမ္းဆီးခံခဲ့ရေသာ ျမန္မာမ်ား၏ေျပာဆိုခ်က္အရ “ ပတ္စပို႔ မလိုဘူး။ ဟိုေရာက္မွ လိုအပ္တဲ့စာ႐ြက္စာတမ္းေတြ လုပ္ေပးမယ္” ဆိုၿပီး ပြဲစားအဆင့္ဆင့္ျဖင့္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဆိုသည္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ဘန္ေကာက္ ရွိ ပန္းရံဆိုက္ ၊ ေဆးသုတ္လုပ္ငန္းႏွင့္ စက္ခ်ဳပ္႐ုံမ်ား တြင္ အလုပ္အကိုင္ရမည္ဆိုကာ သြားေရာက္ရန္အတြက္ ပြဲစားမ်ားကို ဘတ္ေငြ ၁ ေသာင္းမွ ၁ ေသာင္းခြဲအထိ ေပးခဲ့ရေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzimaburmese

# Unicode Version # ျဖင့္ ဖတ္ပါ #

 ဘန်ကောက် မတ်လ ၁ ။          ။     နယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၇ ဦးအား တာ့(ခ်)ခရိုင် ဝမ်ကျောက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခဲ့သည်။

ထိုင်းလဝက နှင့် နယ်ခြားစောင့်တပ်မှ တရားမဝင်အလုပ်သမားများ သယ်ဆောင်လာသော ကားအား ရပ်တန့်စစ်ဆေးစဉ် နိုင်ငံကူးလက်မှတ်များ မပါသော မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၇ ဦးတို့အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ဝမ်ကျောက်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခံရခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမား အရေး အကူအညီပေးနေသော ကိုစောမောင်က မဇ္ဈိမသို့ ပြောသည်။

တရားမဝင် ဝင်ရောက်လာသူများကို စစ်ဆေးရာ ကားမောင်းသမား ထိုင်းလူမျိုး ကျက်တူရုန်(အသက် ၃ဝနှစ်) ဆိုသူက ဖုဖရဲမြို့နယ်ကနေ ပန်စန်ကစီကျေးရွာနှင့်ဖမ်ဖူးင်ဆိုတဲ့ ကျေးရွာများမှ တဆင့်ပြီးတဆင့် ပစ်ကပ်ကားအမဲရောင်နှင့်သယ်ဆောင်လာခြင်းဖြစ်ပြီး ဘန်ကောက်သို့ ပို့ဆောင်ရန် သယ်ဆောင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသော မြန်မာများ၏ပြောဆိုချက်အရ “ ပတ်စပို့ မလိုဘူး။ ဟိုရောက်မှ လိုအပ်တဲ့စာရွက်စာတမ်းတွေ လုပ်ပေးမယ်” ဆိုပြီး ပွဲစားအဆင့်ဆင့်ဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဘန်ကောက် ရှိ ပန်းရံဆိုက် ၊ ဆေးသုတ်လုပ်ငန်းနှင့် စက်ချုပ်ရုံများ တွင် အလုပ်အကိုင်ရမည်ဆိုကာ သွားရောက်ရန်အတွက် ပွဲစားများကို ဘတ်ငွေ ၁ သောင်းမှ ၁ သောင်းခွဲအထိ ပေးခဲ့ရကြောင်း သိရသည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top