20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit:ခိုင်နှင်းဝေ

#Unicode Version# ဖြင့်ဖတ်ပါ ။

ယနေ့အတွက် တတိယအကြိမ်မြောက် မွေးနေ့အလှူအဖြစ်မိသားစုတွက် ရုန်းကန်နေကြရတဲ့ လက်လုပ်လက်စား မသန်စွမ်းများကို ခြေထောက်အတုများ တပ်ဆင်လှူဒါန်းပေးပြီး လှူဒါန်းခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

ကားတိုက်ခံရ ရထားကြိတ်ခံရ မိုင်းနင်းပြီး ခြေထောက်ပြတ်သွားတဲ့ မသန်စွမ်းတွေ လူကောင်းတယောက်လို သွားလာလှုပ်ရှားနိုင်ရန် ရည်ရွယ်ပြီး ခြေထောက်အတုများလှူဒါန်းပေးခဲ့ခြင်းဖြစ်ပါတယ် 🙏🏻🙏🏻🙏🏻

ကျွန်မတို့ လှူဒါန်းရာတွင် ခြေထောက် နှစ်ချောင်းပြတ် လူနာအား လှူဒါန်းရန် ဆက်သွယ်ခဲ့သော်လည်း ခရီးလွန်ပြီး အဆက်သွယ်မရသဖြင့် ခြေထောက်တချောင်းပြတ်မသန်စွမ်းများကိုသာ ဒီနေ့လှူဒါန်းဖြစ်ခဲ့ပါတယ် 🙏🏻🙏🏻🙏🏻

ထို့အပြင် ဈေးဗန်းခေါင်းရွက်အသည်များအား အရိပ်ရစေရန် ထီးနှင့် အမောပြေ အအေးများ လည်း ဈေးထဲသို့လိုက်လံလှူဒါန်းခဲ့ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

ကျွန်မ မွေးနေ့အလှူသည် ခုနှစ်ရက်သားသမီးများ အားလုံး၏အလှူဖြစ်သဖြင့် ဝမ်းမြောက်စွာ သာဓုခေါ်ဆိုနိုင်ရန် ရည်ရွယ်၍ အလှူပုံရိပ်များ Post တင်ပေးလိုက်ရပါတယ်ရှင်……။

ဖိုးသူတော် (www.phothutaw.com)
Credit:ခိုင်နှင်းဝေ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top